Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ဆႏၵျပမႈျဖစ္ေသာ္လည္း မဲေဆာက္နယ္စပ္ကုန္သြယ္ေရး မထိခုိက္



လိပ္ကြ်န္းစီရင္ခ်က္ႏွင့္ ပတ္သက္ျပီး နယ္စပ္တြင္ ျမန္မာျပည္သူမ်ား၏ ဆႏၵျပသမႈမ်ား ရွိေနေသာ္လည္း ထုိင္းႏိုင္ငံ တက္ျပည္နယ္ မဲေဆာက္ခ႐ုိင္နယ္စပ္ရွိ ထိုင္းႏွင့္ ျမန္မာ စီးပြားေရးႏွင့္ ကုန္သြယ္မႈလုပ္ငန္းမ်ားက ဒီဇင္ဘာ ၂၇ ရက္တြင္ ပုံမွန္အတိုင္းပင္ လည္ပတ္ေနခဲ့သည္။

လိပ္ကြ်န္းလူသတ္မႈႏွင့္ ပတ္သက္၍ ျမန္မာအလုပ္သမားႏွစ္ဦးအား ေသဒဏ္ေပးျခင္းအေပၚ ဒီဇင္ဘာ ၂၇ ရက္ ေန႔လည္ပိုင္းက ျမဝတီနယ္စပ္တြင္ လူအင္အား ၂၀ ခန္႔က ျငိမ္းခ်မ္းစြာ ဆႏၵျပသခဲ့ၾကသည္။

ထိုင္းႏွင့္ ျမန္မာ အဓိက နယ္စပ္ကုန္သြယ္ေရး ဂိတ္အနီးတြင္ စု႐ုံးဆႏၵျပကာ ၿမိဳ႕တြင္း ခ်ီတက္လွည့္လည္ျပီးေနာက္ ေဒသရွိ ဗုဒၶဘာသာဘုန္းၾကီးေက်ာင္းသုိ႔ သြားေရာက္ကာ ဆုေတာင္းပြဲျပဳလုပ္ခဲ့သည္။

ႏိုင္ငံသားခ်င္း ႐ုိင္းပင္းျခင္းႏွင့္ ကူညီျခင္း မ်ိဳးခ်စ္စိတ္ဓာတ္အရ ယခုကဲ့သို႔ ဆႏၵျပဟန္ရွိေၾကာင္း ေစာင့္ၾကည့္ေလ့လာသူမ်ားက ေျပာသည္။

တက္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဆြမ္ခ်ိဳင္းဟာသာယာတန္တီႏွင့္အတူ ေဒသစီမံခန္႔ခြဲေရး႐ုံး အရာရွိမ်ားႏွင့္ လုံျခံဳေရးတာဝန္ရွိသူမ်ားက ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတားရွိ မဲေဆာက္ ကုန္သြယ္မႈ စစ္ေဆးေရးဂိတ္တြင္ အေျခအေနမ်ားကို ေစာင့္ၾကည့္စစ္ေဆးခဲ့ၾကသည္။

ျမဝတီတြင္ အေျခအေနမ်ား ေအးေအးေဆးေဆးပင္ ရွိေနျပီး ကပ္လ်က္မဲေဆာက္ခ႐ုိင္၌ ကုန္သြယ္အေရာင္းအဝယ္မ်ားႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ကုန္ကားမ်ား သြားလာမႈမွာ ပုံမွန္အတိုင္းပဲ ရွိေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ဆြမ္ခ်ိဳင္းက ေျပာခဲ့သည္။

Ref: Bangkok

http://www.mizzimaburmese.com/article/9083

..............................................................................

ဆန္ဒပြမှုဖြစ်သော်လည်း မဲဆောက်နယ်စပ်ကုန်သွယ်ရေး မထိခိုက်


လိပ်ကျွန်းစီရင်ချက်နှင့် ပတ်သက်ပြီး နယ်စပ်တွင် မြန်မာပြည်သူများ၏ ဆန္ဒပြသမှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံ တက်ပြည်နယ် မဲဆောက်ခရိုင်နယ်စပ်ရှိ ထိုင်းနှင့် မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများက ဒီဇင်ဘာ ၂၇ ရက်တွင် ပုံမှန်အတိုင်းပင် လည်ပတ်နေခဲ့သည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမားနှစ်ဦးအား သေဒဏ်ပေးခြင်းအပေါ် ဒီဇင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက မြဝတီနယ်စပ်တွင် လူအင်အား ၂၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြသခဲ့ကြသည်။

ထိုင်းနှင့် မြန်မာ အဓိက နယ်စပ်ကုန်သွယ်ရေး ဂိတ်အနီးတွင် စုရုံးဆန္ဒပြကာ မြို့တွင်း ချီတက်လှည့်လည်ပြီးနောက် ဒေသရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆုတောင်းပွဲပြုလုပ်ခဲ့သည်။

နိုင်ငံသားချင်း ရိုင်းပင်းခြင်းနှင့် ကူညီခြင်း မျိုးချစ်စိတ်ဓာတ်အရ ယခုကဲ့သို့ ဆန္ဒပြဟန်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

တက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်းဟာသာယာတန်တီနှင့်အတူ ဒေသစီမံခန့်ခွဲရေးရုံး အရာရှိများနှင့် လုံခြုံရေးတာဝန်ရှိသူများက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရှိ မဲဆောက် ကုန်သွယ်မှု စစ်ဆေးရေးဂိတ်တွင် အခြေအနေများကို စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

မြဝတီတွင် အခြေအနေများ အေးအေးဆေးဆေးပင် ရှိနေပြီး ကပ်လျက်မဲဆောက်ခရိုင်၌ ကုန်သွယ်အရောင်းအဝယ်များနှင့် နယ်စပ်ဖြတ်ကျော် ကုန်ကားများ သွားလာမှုမှာ ပုံမှန်အတိုင်းပဲ ရှိကြောင်း အုပ်ချုပ်ရေးမှူး ဆွမ်ချိုင်းက ပြောခဲ့သည်။

Ref: Bangkok

http://www.mizzimaburmese.com/article/9083

No comments:

Post a Comment