Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ျမန္မာလူငယ္ႏွစ္ဦးအတြက္ ထိုင္းအေျခစိုက္ PTTEPI ကုမၸဏီေရွ႕တြင္ ဆႏၵထုတ္ေဖာ္


PTTEPI ကုမၸဏီေရွ႕တြင္ ေတာင္းဆိုဆႏၵျပေနေသာ တနသၤာရီတုိင္းမွ ကံေပါက္ ေဒသခံမ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − အီးပီေအ)
လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္အမိန္႔ခ်မွတ္ခံထားရ ေသာ ျမန္မာႏိုင္ငံသားႏွစ္ဦးျပန္ လည္လြတ္ေျမာက္ရန္ ကံေပါက္ ေဒသခံမ်ားသည္ ထိုင္းႏိုင္ငံအေျခစိုက္ PTTEPI ကုမၸဏီေရွ႕တြင္ ဆႏၵထုတ္ေဖာ္ေတာင္းဆိုခဲ့ၾကေၾကာင္း သတင္းရရွိသည္။
အဆိုပါအမိန္႔ခ်မွတ္မႈႏွင့္ ပတ္သက္၍ ေရျဖဴၿမိဳ႕နယ္၊ ကံ ေပါက္ေဒသခံ ၅၀ ခန္႔သည္ ဒီဇင္ဘာ ၂၇ ရက္ နံနက္က အုန္းပင္ကြင္းေက်းရြာရွိ ထိုင္းႏုိင္ငံအေျခစိုက္ PTTEPI ကုမၸဏီ (ေဇာတိကသဘာ၀ဓာတ္ေငြ႕စီမံကိန္း) ေရွ႕တြင္ ဆယ္မိနစ္ခန္႔ေတာင္းဆိုခဲ့ၿပီး ကံေပါက္ေက်းရြာရွိ ေရႊတိဂံုပံုတူေစတီေတာ္ႏွင့္ ၃၃ ေတာင္ရပ္ေတာ္မူဘုရားႀကီး၌လည္း ဆု ေတာင္းပြဲျပဳလုပ္ခဲ့သည္။
‘‘ဒီအမိန္႔ခ်မွတ္မႈဟာ လူႏွစ္ ဦးဆိုေပမယ့္ ျမန္မာတစ္မ်ဳိးသား လံုးနဲ႔ သက္ဆိုင္သြားတယ္။ အမႈ ကို စစ္ေဆးတုန္းက ဒီအင္န္ေအ ေတြမတူဘူး။ ဒါေၾကာင့္ ဒီအမႈကို ျပန္ၿပီး စစ္ေဆးေစခ်င္တယ္။ ၿပီး ေတာ့ မွ်တစြာျပန္စစ္ေဆးေစခ်င္ တယ္’’ဟု ကံေပါက္ေက်းရြာမွ ဦး ေမာင္ေမာင္က ေျပာၾကားသည္။
အဆိုပါအမႈအမိန္႔ခ်မွတ္မႈ ကို ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ တုံ႔ျပန္မႈမျပဳပါက တနသၤာရီတိုင္းေဒသႀကီးအပါအ၀င္ ထိုင္းႏိုင္ငံသို႔ သြားေရာက္လုပ္ကိုင္ေနေသာ အျခားေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ စိုးရိမ္ဖြယ္ရွိလာႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။
ျမန္မာႏိုင္ငံတစ္၀န္း ေတာင္းဆိုမႈျပဳလုပ္ေနေသာ ယင္းအမိန္႔ခ်မွတ္မႈႏွင့္ပတ္သက္၍ ႏိုင္ငံ့အႀကီးအကဲမ်ားက တရား၀င္ေတာင္းဆိုမႈျပဳလုပ္ေစခ်င္ေၾကာင္း ကံေပါက္ေဒသခံမ်ားက ေျပာၾကား သည္။
အုန္းပင္ကြင္းေက်းရြာတြင္ ေဇာတိက၊ ရတနာ၊ ရဲတံခြန္စသည့္သဘာ၀ဓာတ္ေငြ႕စီမံကိန္း သံုးခု ရွိသည့္အနက္ ျမန္မာႏိုင္ငံသား မ်ား၏ ဆႏၵကို ထိုင္းႏိုင္ငံသားမ်ား သိရွိႏုိင္ရန္ ထိုင္းႏုိင္ငံ၌ ထင္ရွားေသာ PTTEPI ကုမၸဏီေရွ႕တြင္ သြားေရာက္ ေတာင္းဆိုျခင္း ျဖစ္ေၾကာင္း ဆႏၵထုတ္ေဖာ္သူမ်ားက ဆိုသည္။
PTTEPI ကုမၸဏီသည္ ၿမိတ္ ကမ္းလြန္ျပင္တြင္ သဘာ၀ဓာတ္ ေငြ႕တူးေဖာ္ၿပီး ကံေပါက္ေဒသမွ တစ္ဆင့္ ထုိင္းႏိုင္ငံသို႔ ၂၀၁၄ ၌စတင္ပို႔လႊတ္ခဲ့သည္။ ဒီဇင္ဘာ ၂၄ ရက္တြင္ ျမန္မာႏိုင္ငံသားႏွစ္ဦးကို ေသဒဏ္ခ်မွတ္ခဲ့ျခင္း ေၾကာင့္ ဒီဇင္ဘာ ၂၅ ရက္မွစတင္ကာ ထား၀ယ္ခ႐ိုင္အတြင္း၌လည္း၎တို႔ကို ျပန္လည္လႊတ္ေပးရန္ ေတာင္းဆိုမႈမ်ားကို ေန႔စဥ္ျပဳလုပ္ လ်က္ရွိသည္။
http://7daydaily.com/story/54278

.....................................................

မြန်မာလူငယ်နှစ်ဦးအတွက် ထိုင်းအခြေစိုက် PTTEPI ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်

Byစိုးမိုးအောင်

PTTEPI ကုမ္ပဏီရှေ့တွင် တောင်းဆိုဆန္ဒပြနေသော တနင်္သာရီတိုင်းမှ ကံပေါက် ဒေသခံများကို တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အမိန့်ချမှတ်ခံထားရ သော မြန်မာနိုင်ငံသားနှစ်ဦးပြန် လည်လွတ်မြောက်ရန် ကံပေါက် ဒေသခံများသည် ထိုင်းနိုင်ငံအခြေစိုက် PTTEPI ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
အဆိုပါအမိန့်ချမှတ်မှုနှင့် ပတ်သက်၍ ရေဖြူမြို့နယ်၊ ကံ ပေါက်ဒေသခံ ၅၀ ခန့်သည် ဒီဇင်ဘာ ၂၇ ရက် နံနက်က အုန်းပင်ကွင်းကျေးရွာရှိ ထိုင်းနိုင်ငံအခြေစိုက် PTTEPI ကုမ္ပဏီ (ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်း) ရှေ့တွင် ဆယ်မိနစ်ခန့်တောင်းဆိုခဲ့ပြီး ကံပေါက်ကျေးရွာရှိ ရွှေတိဂုံပုံတူစေတီတော်နှင့် ၃၃ တောင်ရပ်တော်မူဘုရားကြီး၌လည်း ဆု တောင်းပွဲပြုလုပ်ခဲ့သည်။
‘‘ဒီအမိန့်ချမှတ်မှုဟာ လူနှစ် ဦးဆိုပေမယ့် မြန်မာတစ်မျိုးသား လုံးနဲ့ သက်ဆိုင်သွားတယ်။ အမှု ကို စစ်ဆေးတုန်းက ဒီအင်န်အေ တွေမတူဘူး။ ဒါကြောင့် ဒီအမှုကို ပြန်ပြီး စစ်ဆေးစေချင်တယ်။ ပြီး တော့ မျှတစွာပြန်စစ်ဆေးစေချင် တယ်’’ဟု ကံပေါက်ကျေးရွာမှ ဦး မောင်မောင်က ပြောကြားသည်။
အဆိုပါအမှုအမိန့်ချမှတ်မှု ကို မြန်မာနိုင်ငံသားများအနေဖြင့် တုံ့ပြန်မှုမပြုပါက တနင်္သာရီတိုင်းဒေသကြီးအပါအဝင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော အခြားရွှေ့ပြောင်းအလုပ်သမားများအတွက် စိုးရိမ်ဖွယ်ရှိလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း တောင်းဆိုမှုပြုလုပ်နေသော ယင်းအမိန့်ချမှတ်မှုနှင့်ပတ်သက်၍ နိုင်ငံ့အကြီးအကဲများက တရားဝင်တောင်းဆိုမှုပြုလုပ်စေချင်ကြောင်း ကံပေါက်ဒေသခံများက ပြောကြား သည်။
အုန်းပင်ကွင်းကျေးရွာတွင် ဇောတိက၊ ရတနာ၊ ရဲတံခွန်စသည့်သဘာဝဓာတ်ငွေ့စီမံကိန်း သုံးခု ရှိသည့်အနက် မြန်မာနိုင်ငံသား များ၏ ဆန္ဒကို ထိုင်းနိုင်ငံသားများ သိရှိနိုင်ရန် ထိုင်းနိုင်ငံ၌ ထင်ရှားသော PTTEPI ကုမ္ပဏီရှေ့တွင် သွားရောက် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။
PTTEPI ကုမ္ပဏီသည် မြိတ် ကမ်းလွန်ပြင်တွင် သဘာဝဓာတ် ငွေ့တူးဖော်ပြီး ကံပေါက်ဒေသမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ၂၀၁၄ ၌စတင်ပို့လွှတ်ခဲ့သည်။ ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်း ကြောင့် ဒီဇင်ဘာ ၂၅ ရက်မှစတင်ကာ ထားဝယ်ခရိုင်အတွင်း၌လည်း၎င်းတို့ကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများကို နေ့စဉ်ပြုလုပ် လျက်ရှိသည်။

http://7daydaily.com/story/54278

No comments:

Post a Comment