Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 28, 2015

ဆံြ႕အနားမၾကားသူ မိန္းကေလးကို အဓမၼက်င့္မႈ ေထာင္ဒဏ္ တစ္ႏွစ္သာခ်၍ ဆႏၵျပ

                                             ဓာတ္ပံု- ေအာင္ကိုဦး၊မဇၩိမ

စစ္ကိုင္း၊ ဒီဇင္ဘာ ၂၈ ။ ။ စစ္ကိုင္းတိုင္းေဒသၾကီး၊ ေရႊဘိုခရုိင္၊ ခင္ဦးၿမိဳ႕နယ္၊ မုံေတာမအုပ္စု၊ မုံေတာေျမာက္ရြာမွ ေဒသခံ ၁၀၀ ဦးခန္႔တို႔သည္ ဆြံ႕အနားမၾကားသူ မိန္းကေလးတစ္ဦးအား တစ္ရြာတည္းေနသူမွ အဓမၼျပဳက်င့္ခဲ႔ေပၚတြင္ ခင္ဦးၿမိဳ႕နယ္တရားရုံးမွ တရားခံအားအမိန္႔ခ်မႈကို မေက်နပ္ေသာေၾကာင့္ ဒီဇင္ဘာလ ၂၈ ရက္ နံနက္ ၁၁နာရီ ၃၀မိနစ္တြင္ ခင္ဦးၿမိဳ႕တြင္းသို႔ လွည့္လည္ၿပီး ၿမိဳ႕နယ္တရား႐ုံးအထိ ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး တရား႐ုံးေရွ႕တြင္ ေဟာေျပာခဲ့ၾကသည္။

“ဆြ႔ံအနားမၾကားတဲ့သူကို အဓမၼျပဳက်င့္ခဲ့တာ ေပၚလြင္ေနတာကို တရား႐ုံးက တရားခံကို ေထာင္ဒဏ္ တစ္ႏွစ္ပဲခ်တယ္။ဒါကိုမေက်နပ္ဘူး။ တရားခြင္မွာ ဘက္လိုက္ဆုံးျဖတ္တာေတြရွိတယ္။ ကြ်န္မတို႔ပတ္၀န္းက်င္မွာ နစ္နာမႈေတြရွိတယ္။ဒါေတြကို သိသိၾကီးနဲ႔ထည့္ မစဥ္းစားဘဲ အမိန္႔ခ်မႈကို မေက်နပ္တာ။ ျပန္ျပီးျပင္းျပင္းထန္ထန္ အေရးယူေပးဖို႔ ဌာနဆိုင္ရာေတြကို စာတင္တယ္။ ဘာမွမထူးလို႔ ဒီေန႔ဆႏၵျပေတာင္းဆိုလိုက္တာပဲ။” ဟု အဓမၼျပဳက်င့္ခံရသူ၏ ညီမ မဆုမြန္သိန္းက ေျပာသည္။

အဆိုပါအဓမၼျပဳက်င့္မႈသည္ ၂၀၁၁ခုႏွစ္ ၾသဂုတ္လကျဖစ္ပြားခဲ႔ျပီး ၂၀၁၃ခုႏွစ္ ၾသဂုတ္လတြင္ ခင္ဦးျမိဳ႔နယ္ တရားရုံးမွ ပုဒ္မ ၄၁၇ျဖင့္ ေထာင္ဒဏ္ တစ္ႏွစ္ခ်မွတ္ခဲ႔ျပီး နစ္နာေၾကးအျဖစ္ သိန္း (၃၀)တန္ ေျမကြက္တစ္ကြက္ေပးရန္ အမိန္႔ခ်ေပးခဲ့သည္။

ထိုစဥ္က ေျမကြက္ကို အမွန္တကယ္ေပးခဲ႔ေသာ္လည္း ျပစ္မႈက်ဴးလြန္သူက အဆိုပါေျမကြက္ကို ၂၀၁၅ခုႏွစ္ ႏွစ္ဦးပိုင္းတြင္ ဝင္းျခံမ်ားျပန္လည္ခတ္ျပီး အိမ္မ်ား ဝင္ေရာက္တည္ေဆာက္ေနျခင္းေၾကာင့္ ျမိဳ႕နယ္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမ်ားကို တားဆီးေပးရန္အၾကိမ္ၾကိမ္ တိုင္ၾကားခဲ႔ေသာ္လည္း ေဆာင္ရြက္ေပးျခင္း မရွိေသာေၾကာင့္ တရားရုံးကို ဦးတိုက္ေလွ်ာက္ထပ္မံတိုင္ၾကားခဲ့သည္။ သို႔ေသာ္ ယေန႔အခ်ိန္ထိ အေရးယူေဆာင္ရြက္ေပးျခင္း မရွိေသးေသာေၾကာင့္ ဆႏၵေဖာ္ထုတ္ေတာင္းဆိုျခင္းျဖစ္သည္ဟု အဓမၼျပဳက်င့္ခံရသူ၏ မိခင္ ေဒၚတင္ေဌး က ဆိုသည္။

“ကြ်န္မသမီး ဆြံ႔အနားမၾကားတဲ႔သမီးေလးကို ဖ်က္ဆီးတယ္။ တရားရုံးက ေထာင္တစ္ႏွစ္ခ်တယ္။ နစ္နာေၾကးအေနနဲ႔ ေျမတစ္ကြက္ေပးတယ္။ တရားရုံးက ေပးလိုက္တဲ႔ေျမကို အခုျပန္ျပီး အဲဒီလူက ဝင္ေနတယ္။ ဒါဟာ တရားရုံ၏ အမိန္႔ကိုဖိဆန္တာပဲ။ ဒီလိုလုပ္တဲ႔လူကို တရားဥပေဒအရ အေရးယူမေပးဘူးဆိုတာ ဘယ္လိုမွနားမလည္ပါဘူး။ကြ်န္မတို႔ကို ဥပေဒဘက္ကေန ကူညီေပးေစခ်င္တယ္။ ဘာမွလည္းမေျပာတတ္ပါဘူး။”ေဒၚတင္ေဌး က ေျပာသည္။

ဆႏၵျပသူမ်ားသည္ ခ်ီတက္ရာလမ္းတစ္ေလွ်ာက္တြင္ အမ်ိဳးသမီးမ်ားအေပၚ အၾကမ္းဖက္အဓမၼျပဳက်င့္သူမ်ားအား အလိုမရွိ၊ အမ်ိဳးသမီးမ်ားအေပၚအဓမၼျပဳက်င့္သူမ်ားအား ျပင္းျပင္းထန္ထန္အေရးယူေပးေရး ဒို႔အေရး၊ ခင္ဦးျမိဳ႕နယ္တရားရုံး၏ အမိန္႔ကို မထိေလးလုပ္ေနသူ ဦးေက်ာ္ႏုိင္အား ခ်က္ျခင္းအေရးယူေပး၊ အမ်ိဳးသမီးထု အခြင့္အေရး အျပည့္အဝ ရရွိေရး ဒို႔အေရး၊ တရားဥပေဒစိုးမိုးေရး ဒို႔အေရး ဟူ၍ ေၾကြးေၾကာ္ခဲ့ၾကသည္။

အဆိုပါကိစၥအား ကူညီေဆာင္ရြက္ေပးေနသူ ျမိဳ႔ခံတစ္ဦးျဖစ္သည့္ ဦးတင္အုန္းေက်ာ္က “ျပန္လည္ျပီး ထိေရာက္တဲ့ ျပစ္ဒဏ္ခ်ေပးဖို႔ သူတို႔မိသားစုေတြနဲ႔အတူ အခုလိုေတာင္းဆိုတယ္။ တရာရုံးအေနနဲ႔မွန္မွန္ကန္ကန္ ျပန္ျပီး သုံးသပ္အမိန္႔ခ်ေပးေစခ်င္တယ္။လူမဆန္တဲ႔ဘက္ကေန တရားဥပေဒက အကာအကြယ္ေပးေနတယ္။ ဒါကိုလက္မခံဘူး။ တရားဥပေဒက မ်က္ႏွာမလိုက္ဖို႔လိုတယ္။" ဟု ေျပာသည္။

ခင္ဦးၿမိဳ႕နယ္တရားရုံးမွ တရားသူၾကီး ေဒၚေမစိမ္႔စမ္းက “ဒီအမႈက ၄၁၇ နဲ႔ အျမင့္ဆုံးျပစ္ဒဏ္ေပးထားတာပါ။နစ္နာေၾကးအတြက္လည္း သိန္း ၃၀ တန္ေျမကြက္ကို ေလလံပစ္ျပီးေပးခဲ႔တယ္။ ကြ်န္မတို႔အေနနဲ႔ ဥပေဒေဘာင္ထဲကပဲ မွန္မွန္ကန္ကန္ ေဆာင္ရြက္ခဲ႔ပါတယ္။ အခုေျမကြက္ ျပန္မရတာနဲ႔ ပတ္သက္ျပီးေတာ႔ သူတို႔တိုင္ထားလို႔ အမႈဖြင့္လက္ခံထားပါတယ္။အခုလိုဆႏၵျပတာကေတာ႔ လြတ္လပ္စြာထုတ္ေဖာ္ခြင့္ရွိတဲ႔အတြက္ ဘာမွမေျပာလိုပါဘူး။" ဟုေျပာသည္။

ဆႏၵျပသည့္အထဲတြင္ ပါ၀င္သည္႔ ခင္ဦးၿမိဳ႕ခံ အမ်ိဳးသမီးငယ္မ်ားအေနျဖင့္ ဆြံအ နားမၾကားသူကို အဓမၼျပဳက်င့္ခဲ႔သူအား ျပင္ထန္စြာျပစ္ဒဏ္ခ်မွတ္ေပးရန္ေတာင္းဆိုမႈမ်ားျပဳလုပ္သြားမွာျဖစ္ျပီး လိုအပ္သည္မ်ားလည္း ကူညီေဆာင္ရြက္ႏိုင္ရန္  လူမႈအသင္းအဖြဲ႔မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ဟု မသႏၱာေက်ာ္ကဆိုသည္။

http://www.mizzimaburmese.com/article/9112

..................................................................................


ဆွံ့အနားမကြားသူ မိန်းကလေးကို အဓမ္မကျင့်မှု ထောင်ဒဏ် တစ်နှစ်သာချ၍ ဆန္ဒပြ                                 

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မုံတောမအုပ်စု၊ မုံတောမြောက်ရွာမှ ဒေသခံ ၁၀၀ ဦးခန့်တို့သည် ဆွံ့အနားမကြားသူ မိန်းကလေးတစ်ဦးအား တစ်ရွာတည်းနေသူမှ အဓမ္မပြုကျင့်ခဲ့ပေါ်တွင် ခင်ဦးမြို့နယ်တရားရုံးမှ တရားခံအားအမိန့်ချမှုကို မကျေနပ်သောကြောင့် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၁နာရီ ၃၀မိနစ်တွင် ခင်ဦးမြို့တွင်းသို့ လှည့်လည်ပြီး မြို့နယ်တရားရုံးအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး တရားရုံးရှေ့တွင် ဟောပြောခဲ့ကြသည်။

“ဆွ့ံအနားမကြားတဲ့သူကို အဓမ္မပြုကျင့်ခဲ့တာ ပေါ်လွင်နေတာကို တရားရုံးက တရားခံကို ထောင်ဒဏ် တစ်နှစ်ပဲချတယ်။ဒါကိုမကျေနပ်ဘူး။ တရားခွင်မှာ ဘက်လိုက်ဆုံးဖြတ်တာတွေရှိတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ နစ်နာမှုတွေရှိတယ်။ဒါတွေကို သိသိကြီးနဲ့ထည့် မစဉ်းစားဘဲ အမိန့်ချမှုကို မကျေနပ်တာ။ ပြန်ပြီးပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဌာနဆိုင်ရာတွေကို စာတင်တယ်။ ဘာမှမထူးလို့ ဒီနေ့ဆန္ဒပြတောင်းဆိုလိုက်တာပဲ။” ဟု အဓမ္မပြုကျင့်ခံရသူ၏ ညီမ မဆုမွန်သိန်းက ပြောသည်။

အဆိုပါအဓမ္မပြုကျင့်မှုသည် ၂၀၁၁ခုနှစ် သြဂုတ်လကဖြစ်ပွားခဲ့ပြီး ၂၀၁၃ခုနှစ် သြဂုတ်လတွင် ခင်ဦးမြို့နယ် တရားရုံးမှ ပုဒ်မ ၄၁၇ဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ပြီး နစ်နာကြေးအဖြစ် သိန်း (၃၀)တန် မြေကွက်တစ်ကွက်ပေးရန် အမိန့်ချပေးခဲ့သည်။

ထိုစဉ်က မြေကွက်ကို အမှန်တကယ်ပေးခဲ့သော်လည်း ပြစ်မှုကျူးလွန်သူက အဆိုပါမြေကွက်ကို ၂၀၁၅ခုနှစ် နှစ်ဦးပိုင်းတွင် ဝင်းခြံများပြန်လည်ခတ်ပြီး အိမ်များ ဝင်ရောက်တည်ဆောက်နေခြင်းကြောင့် မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေးများကို တားဆီးပေးရန်အကြိမ်ကြိမ် တိုင်ကြားခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် တရားရုံးကို ဦးတိုက်လျှောက်ထပ်မံတိုင်ကြားခဲ့သည်။ သို့သော် ယနေ့အချိန်ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးသောကြောင့် ဆန္ဒဖော်ထုတ်တောင်းဆိုခြင်းဖြစ်သည်ဟု အဓမ္မပြုကျင့်ခံရသူ၏ မိခင် ဒေါ်တင်ဌေး က ဆိုသည်။

“ကျွန်မသမီး ဆွံ့အနားမကြားတဲ့သမီးလေးကို ဖျက်ဆီးတယ်။ တရားရုံးက ထောင်တစ်နှစ်ချတယ်။ နစ်နာကြေးအနေနဲ့ မြေတစ်ကွက်ပေးတယ်။ တရားရုံးက ပေးလိုက်တဲ့မြေကို အခုပြန်ပြီး အဲဒီလူက ဝင်နေတယ်။ ဒါဟာ တရားရုံ၏ အမိန့်ကိုဖိဆန်တာပဲ။ ဒီလိုလုပ်တဲ့လူကို တရားဥပဒေအရ အရေးယူမပေးဘူးဆိုတာ ဘယ်လိုမှနားမလည်ပါဘူး။ကျွန်မတို့ကို ဥပဒေဘက်ကနေ ကူညီပေးစေချင်တယ်။ ဘာမှလည်းမပြောတတ်ပါဘူး။”ဒေါ်တင်ဌေး က ပြောသည်။

ဆန္ဒပြသူများသည် ချီတက်ရာလမ်းတစ်လျှောက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်အဓမ္မပြုကျင့်သူများအား အလိုမရှိ၊ အမျိုးသမီးများအပေါ်အဓမ္မပြုကျင့်သူများအား ပြင်းပြင်းထန်ထန်အရေးယူပေးရေး ဒို့အရေး၊ ခင်ဦးမြို့နယ်တရားရုံး၏ အမိန့်ကို မထိလေးလုပ်နေသူ ဦးကျော်နိုင်အား ချက်ခြင်းအရေးယူပေး၊ အမျိုးသမီးထု အခွင့်အရေး အပြည့်အဝ ရရှိရေး ဒို့အရေး၊ တရားဥပဒေစိုးမိုးရေး ဒို့အရေး ဟူ၍ ကြွေးကြော်ခဲ့ကြသည်။

အဆိုပါကိစ္စအား ကူညီဆောင်ရွက်ပေးနေသူ မြို့ခံတစ်ဦးဖြစ်သည့် ဦးတင်အုန်းကျော်က “ပြန်လည်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချပေးဖို့ သူတို့မိသားစုတွေနဲ့အတူ အခုလိုတောင်းဆိုတယ်။ တရာရုံးအနေနဲ့မှန်မှန်ကန်ကန် ပြန်ပြီး သုံးသပ်အမိန့်ချပေးစေချင်တယ်။လူမဆန်တဲ့ဘက်ကနေ တရားဥပဒေက အကာအကွယ်ပေးနေတယ်။ ဒါကိုလက်မခံဘူး။ တရားဥပဒေက မျက်နှာမလိုက်ဖို့လိုတယ်။" ဟု ပြောသည်။

ခင်ဦးမြို့နယ်တရားရုံးမှ တရားသူကြီး ဒေါ်မေစိမ့်စမ်းက “ဒီအမှုက ၄၁၇ နဲ့ အမြင့်ဆုံးပြစ်ဒဏ်ပေးထားတာပါ။နစ်နာကြေးအတွက်လည်း သိန်း ၃၀ တန်မြေကွက်ကို လေလံပစ်ပြီးပေးခဲ့တယ်။ ကျွန်မတို့အနေနဲ့ ဥပဒေဘောင်ထဲကပဲ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ပါတယ်။ အခုမြေကွက် ပြန်မရတာနဲ့ ပတ်သက်ပြီးတော့ သူတို့တိုင်ထားလို့ အမှုဖွင့်လက်ခံထားပါတယ်။အခုလိုဆန္ဒပြတာကတော့ လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိတဲ့အတွက် ဘာမှမပြောလိုပါဘူး။" ဟုပြောသည်။

ဆန္ဒပြသည့်အထဲတွင် ပါ၀င်သည့် ခင်ဦးမြို့ခံ အမျိုးသမီးငယ်များအနေဖြင့် ဆွံအ နားမကြားသူကို အဓမ္မပြုကျင့်ခဲ့သူအား ပြင်ထန်စွာပြစ်ဒဏ်ချမှတ်ပေးရန်တောင်းဆိုမှုများပြုလုပ်သွားမှာဖြစ်ပြီး လိုအပ်သည်များလည်း ကူညီဆောင်ရွက်နိုင်ရန်  လူမှုအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မသန္တာကျော်ကဆိုသည်။

http://www.mizzimaburmese.com/article/9112


No comments:

Post a Comment