Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 29, 2015

အာဖဂန္ျပည္သူ႕စစ္အဖြဲ႔က လက္တုံ႕ျပန္သည့္အေနျဖင့္ ISIS စစ္ေသြးၾကြ ေလးဦးကုိ ေခါင္းျဖတ္ကြပ္မ်က္


ကဘူးလ္ ၊ ၂၉-၁၂-၂ဝ၁၅

အာဖဂန္ျပည္သူ႔စစ္ အဖြဲ႕သည္ ISIS စစ္ေသြးၾကြ အဖြဲ႕ကုိ လက္တုံ႔ျပန္သည့္ ၄င္းတုိ႔ ဖမ္းဆီးရမိခဲ့သည့္ စစ္ေသြးၾကြ ေလးဦးကုိ နန္ဂါဟာျပည္နယ္ ၌ ေခါင္းျဖတ္ကြပ္မ်က္ ခဲ့ေၾကာင္း သိရသည္။

အာဖဂန္ဥပေဒျပဳ အမတ္မ်ားႏွင့္ လႊတ္ေတာ္ဒ ုတိယဥကၠ႒ ဟာဂ်ီဇာဟာ ကုိ သစၥာခံသည့္ ျပည္သူ႔စစ္ အဖြဲ႕သည္ ၄င္းတုိ႔ ေခါင္းျဖတ္ကြပ္မ်က္ ထားေသာ ISIS စစ္ေသြးၾကြ မ်ား၏ ဦးေခါင္းမ်ားကုိ နန္ဂါဟာ ျပည္နယ္ အေရွ႕ပုိင္း ေအခ်င္ခ႐ိုင္ရွိ အဓိက လမ္းမႀကီး၏ ေဘးတြင္ လူအမ်ား ျမင္သာေအာင္ ခ်ိတ္ဆြဲျပသ ထားသည္။

ယင္း ျပည္သူ႔စစ္အဖြဲ႕သည္ ၄င္းတုိ႔၏ အဖြဲ႕ဝင္ေလးဦးကုိ ISIS စစ္ေသြးၾကြ အဖြဲ႕က ဖမ္းဆီး၍ ေခါင္းျဖတ္ကြပ္မ်က္ ခဲ့ေသာေၾကာင့္ အလားတူပံုစံ မ်ဳိးျဖင့္ ျပန္လည္ လက္တုံ႔ျပန္ရန္ ဆံုးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ဇာဟာ က သတင္းေထာက္ မ်ားကုိ ေျပာၾကားခ့ဲသည္။

လက္တံု႔ျပန္ျခင္းသည္ ခ်ဳိၿမိန္ေသာ ေအာင္ျမင္မႈတစ္ခု မဟုတ္ေၾကာင္း၊ အျပန္အလွန္ သတ္ျဖတ္ ေနျခင္းျဖင့္ အျပစ္မဲ့ေသာ လူသားမ်ားေသဆံုး ေနရေၾကာင္း ၄င္းက ထပ္ေလာင္း ေျပာၾကားခဲ့သည္။ အဆုိပါ ျဖစ္ရပ္ႏွင့္ စပ္လ်ဥ္း၍ အစုိးရဘက္မွ တာဝန္ရွိ သူမ်ားကလည္း ျပင္းျပင္းထန္ထန္ ေဝဖန္ ထားသည္ဟု သိရသည္။

ဟာဂ်ီဇာဟာ၏ ျပည္သူ႔စစ္ အဖြဲ႕သည္ ၿပီးခဲ့သည့္ ရက္သတၱပတ္ အနည္းငယ္ ကတည္းက အာဖဂန္နစၥတန္ ႏုိင္ငံကုိ လႊမ္းမုိးရန္ ႀကိဳးပမ္းေနသည့္ ISIS စစ္ေသြးၾကြ အဖြဲ႕အား စတင္၍ တုိက္ခိုက္ ေခ်မႈန္းလ်က္ ရွိသည္။ ISIS စစ္ေသြးၾကြ အဖြဲ႕ႏွင့္ ျပည္သူ႔စစ္အဖြဲ႕၏ အျပန္အလွန္ တုိက္ခိုက္မႈ မ်ားသည္ ယခုအခါ ပုိမုိျပင္းထန္လ်က္ ရွိေၾကာင္း သိရသည္။



(Pyi Chit Thar)

http://www.pyichitthar.com
..........


ကဘူးလ် ၊ ၂၉-၁၂-၂ဝ၁၅

အာဖဂန်ပြည်သူ့စစ် အဖွဲ့သည် ISIS စစ်သွေးကြွ အဖွဲ့ကို လက်တုံ့ပြန်သည့် ၄င်းတို့ ဖမ်းဆီးရမိခဲ့သည့် စစ်သွေးကြွ လေးဦးကို နန်ဂါဟာပြည်နယ် ၌ ခေါင်းဖြတ်ကွပ်မျက် ခဲ့ကြောင်း သိရသည်။

အာဖဂန်ဥပဒေပြု အမတ်များနှင့် လွှတ်တော်ဒ ုတိယဥက္ကဋ္ဌ ဟာဂျီဇာဟာ ကို သစ္စာခံသည့် ပြည်သူ့စစ် အဖွဲ့သည် ၄င်းတို့ ခေါင်းဖြတ်ကွပ်မျက် ထားသော ISIS စစ်သွေးကြွ များ၏ ဦးခေါင်းများကို နန်ဂါဟာ ပြည်နယ် အရှေ့ပိုင်း အေချင်ခရိုင်ရှိ အဓိက လမ်းမကြီး၏ ဘေးတွင် လူအများ မြင်သာအောင် ချိတ်ဆွဲပြသ ထားသည်။

ယင်း ပြည်သူ့စစ်အဖွဲ့သည် ၄င်းတို့၏ အဖွဲ့ဝင်လေးဦးကို ISIS စစ်သွေးကြွ အဖွဲ့က ဖမ်းဆီး၍ ခေါင်းဖြတ်ကွပ်မျက် ခဲ့သောကြောင့် အလားတူပုံစံ မျိုးဖြင့် ပြန်လည် လက်တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဇာဟာ က သတင်းထောက် များကို ပြောကြားခဲ့သည်။

လက်တုံ့ပြန်ခြင်းသည် ချိုမြိန်သော အောင်မြင်မှုတစ်ခု မဟုတ်ကြောင်း၊ အပြန်အလှန် သတ်ဖြတ် နေခြင်းဖြင့် အပြစ်မဲ့သော လူသားများသေဆုံး နေရကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍ အစိုးရဘက်မှ တာဝန်ရှိ သူများကလည်း ပြင်းပြင်းထန်ထန် ဝေဖန် ထားသည်ဟု သိရသည်။

ဟာဂျီဇာဟာ၏ ပြည်သူ့စစ် အဖွဲ့သည် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ် ကတည်းက အာဖဂန်နစ္စတန် နိုင်ငံကို လွှမ်းမိုးရန် ကြိုးပမ်းနေသည့် ISIS စစ်သွေးကြွ အဖွဲ့အား စတင်၍ တိုက်ခိုက် ချေမှုန်းလျက် ရှိသည်။ ISIS စစ်သွေးကြွ အဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့၏ အပြန်အလှန် တိုက်ခိုက်မှု များသည် ယခုအခါ ပိုမိုပြင်းထန်လျက် ရှိကြောင်း သိရသည်။



(Pyi Chit Thar)

http://www.pyichitthar.com

No comments:

Post a Comment