Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, December 25, 2015

လိပ္ကၽြန္း လူသတ္မႈ အေရး ထုိင္း-ျမန္မာ ေဆြးေႏြး

ထိုင္းႏုိင္ငံဆုိင္ရာ ျမန္မာသံအမတ္ႀကီး ဦး၀င္းေမာင္ဟာ ဒီကေန႔မနက္ပိုင္းက ထုိင္း၀န္ႀကီးခ်ဳပ္႐ံုးကို သြားၿပီး ၀န္ႀကီးခ်ဳပ္႐ံုး ၀န္ႀကီး Pannada Diskul နဲ႔ ေတြ႔ဆံုၿပီးေတာ့ ေသဒဏ္ခ်ခံထားရတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားႏွစ္ေယာက္ကိစၥ ေျပာဆုိခဲ့တယ္လုိ႔ ျမန္မာ သမၼတ႐ံုး ၫႊန္ၾကားေရးမွဴးတဦးျဖစ္သူ ဦးေဇာ္ေဌးရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
ထိုင္း၀န္ႀကီးခ်ဳပ္က ျပည္တြင္းခရီးစဥ္တခု သြားေနတဲ့အတြက္ ၀န္ႀကီးခ်ဳပ္႐ံုး ၀န္ႀကီးနဲ႔ပဲ ေတြ႔ခဲ့ရတာပါ။ ျမန္မာအလုပ္သမားႏွစ္ဦး ရဲ႕အမႈဟာ ထိုင္္းႏုိင္္ငံ တရားဥပေဒနဲ႔အညီ စစ္ေဆးစီရင္တာျဖစ္တဲ့အတြက္ ထိုင္္းဥပေဒ၊ ထိုင္းတရားစီရင္ေရးစနစ္ကို ေလးစားရ မွာျဖစ္တဲ့အတိုင္း ျမန္မာႏုိင္္ငံအေနနဲ႔ ထိုင္းႏုိင္ငံရဲ႕ တရားစီရင္ေရးစနစ္ကို ၀င္ေရာက္စြက္ဖက္လိုတာမ်ဳိး မရွိတဲ့အေၾကာင္း၊ ဒါေပမဲ့ လည္း အမႈစစ္ေဆးတာကို ေစာင့္ၾကည့္ေနၾက တဲ့ ျမန္မာတႏုိင္ငံလံုး က ျပည္သူေတြရဲ႕ခံစားခ်က္၊ ႏွစ္ႏုိင္ငံခ်စ္ၾကည္ရင္းႏွီးမႈ စတဲ့ အခ်က္ေတြကို ေထာက္ထားၿပီး ဒီအမႈနဲ႔ပတ္သက္လို႔ ထိုင္းအစိုးရအဖြဲ႔ရဲ႕ အခြင့္အာဏာ လုပ္ပိိုင္ခြင့္ အတြင္းကေန သံုးသပ္ ေဆာင္ရြက္ေပး ဖို႔၊ ျမန္မာႏုိင္ငံသားႏွစ္ေယာက္ျဖစ္တဲ့ ေမာင္၀င္းေဇာ္နဲ႔ ေမာင္ေဇာ္လင္းထြန္းတို႔ကို ကူညီေစာင့္ေရွာက္ေပးေရး ၀န္ႀကီးခ်ဳပ္ထံ တင္ျပေပးဖို႔ သံအမတ္ႀကီး က ေျပာခဲ့ပါတယ္္။
ျမန္မာႏုိင္ငံက ထုိင္းသံ႐ံုးေရွ႕မွာ ဆႏၵျပတာေတြနဲ႔ပတ္သက္ၿပီး ျမန္မာေရာက္ ထုိင္းႏုိင္ငံသားေတြအတြက္ စိုးရိမ္ပူပန္ေၾကာင္း ထိုင္း၀န္ႀကီးကေျပာတဲ့ အေပၚမွာေတာ့ ျမန္မာျပည္သူေတြဟာ အလုပ္သမားႏွစ္ဦးအတြက္ တရားမွ်တမႈကို ေတာင္းဆိုေနတာ သာျဖစ္ၿပီး ျမန္မာေရာက္ ထိုင္းႏုိင္ငံသားေတြကို ဒုကၡေပးတာမ်ဳိး၊ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးနဲ႔ ဆက္ဆံေရးကို ထိခိုက္ေစမယ့္ လုပ္ ေဆာင္ခ်က္မ်ဳိးေတြ လုပ္မွာ မဟုတ္ဘူးဆိုတာ ျမန္မာ သံအမတ္ႀကီးက ျပန္ေျပာခဲ့ပါတယ္။
ျမန္မာႏုိင္ငံသားေတြအတြက္ ဥပေဒရဲ႕ မွ်တတဲ့ ဆင္ျခင္သံုးသပ္ႏုိင္မႈကို ရဖို႔အတြက္ ျမန္မာ အစိုးရအေနနဲ႔ လုပ္လို႔ရတာမွန္သမွ်၊ လုပ္ႏုိင္စြမ္းရွိတာ မွန္သမွ် ေဆာင္ရြက္သြားမယ္လုိ႔လည္း ဦးေဇာ္ေဌးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ ေရးထားပါတယ္။
ထိုင္းႏုိင္ငံ၊ ေကာ့ေတာင္ကၽြန္း ေခၚ လိပ္ကၽြန္းမွာ ၿဗိတိန္ကမာၻလွည့္ခရီးသည္ႏွစ္ဦးကို သတ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္း အလုပ္သမားႏွစ္ေယာက္ ကို ေကာ့စေမြခ႐ိုင္ ထိုင္းတရား႐ံုးက ေသဒဏ္ခ် ထားတဲ့အေပၚ ကန္႔ကြက္တဲ့အေနနဲ႔ လူ ၅၀၀ နီးပါးဟာ ရန္ကုန္ၿမိဳ႕က ထုိင္းသံ႐ံုးေရွ႕မွာ ဒီကေန႔ စုေ၀းဆႏၵျပၾကပါတယ္။
ဒီအမႈကိစၥကို ထိုင္းဘုရင္ႀကီးကိုယ္တိုင္ ၀င္ေရာက္ ေဆာင္ရြက္ေပးဖို႔ ဆႏၵျပသူတခ်ဳိ႕ က ေတာင္းဆိုၿပီး ေသဒဏ္ခ်ခံရသူႏွစ္ဦးမွာ အျပစ္မရွိဘူးလို႔ အခုိင္အမာ ေျပာၾကပါတယ္။
ထိုင္းႏုိင္ငံ အပန္းေျဖေနရာတခုျဖစ္တဲ့ လိပ္ကၽြန္းမွာ ၿဗိတိန္ႏိုင္္ငံသား ကမာၻလွည့္ ခရီးသည္ႏွစ္ဦးကို ၿပီးခဲ့တဲ့ႏွစ္က သတ္ခဲ့တယ္ ဆိုၿပီး အသက္ ၂၂ အရြယ္ေတြျဖစ္ၾက တဲ့ ေမာင္၀င္းေဇာ္နဲ႔ ေမာင္ေဇာ္လင္းထြန္းတို႔ကို မေန႔ကပဲ ေသဒဏ္ခ်လိုက္တာပါ။
အသက္ ၂၄ ႏွစ္အရြယ္ David Miller နဲ႔ အသက္ ၂၃ ႏွစ္အရြယ္ Hannah Witheridge တို႔ကို သူတို႔မသတ္ဘူးလို႔ ျမန္မာအလုပ္ သမားႏွစ္ေယာက္လံုး က ျငင္းခဲ့ပါတယ္။ ေသဒဏ္ ခ်မွတ္ခံံရတဲ့အေပၚ အယူခံ၀င္သြားမယ္လုိ႔ သူတို႔ရဲ႕ေရွ႕ေနက ေျပာထားပါတယ္။

VOA Burmese Fan Page
ဗြီအိုေအ (ျမန္မာပုိင္း)
...............
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းဝန်ကြီးချုပ်ရုံးကို သွားပြီး ၀န်ကြီးချုပ်ရုံး ၀န်ကြီး Pannada Diskul နဲ့ တွေ့ဆုံပြီးတော့ သေဒဏ်ချခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ယောက်ကိစ္စ ပြောဆိုခဲ့တယ်လို့ မြန်မာ သမ္မတရုံး ညွှန်ကြားရေးမှူးတဦးဖြစ်သူ ဦးဇော်ဌေးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်က ပြည်တွင်းခရီးစဉ်တခု သွားနေတဲ့အတွက် ၀န်ကြီးချုပ်ရုံး ၀န်ကြီးနဲ့ပဲ တွေ့ခဲ့ရတာပါ။ မြန်မာအလုပ်သမားနှစ်ဦး ရဲ့အမှုဟာ ထိုင််းနိုင််ငံ တရားဥပဒေနဲ့အညီ စစ်ဆေးစီရင်တာဖြစ်တဲ့အတွက် ထိုင််းဥပဒေ၊ ထိုင်းတရားစီရင်ရေးစနစ်ကို လေးစားရ မှာဖြစ်တဲ့အတိုင်း မြန်မာနိုင််ငံအနေနဲ့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို ၀င်ရောက်စွက်ဖက်လိုတာမျိုး မရှိတဲ့အကြောင်း၊ ဒါပေမဲ့ လည်း အမှုစစ်ဆေးတာကို စောင့်ကြည့်နေကြ တဲ့ မြန်မာတနိုင်ငံလုံး က ပြည်သူတွေရဲ့ခံစားချက်၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု စတဲ့ အချက်တွေကို ထောက်ထားပြီး ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းအစိုးရအဖွဲ့ရဲ့ အခွင့်အာဏာ လုပ်ပိိုင်ခွင့် အတွင်းကနေ သုံးသပ် ဆောင်ရွက်ပေး ဖို့၊ မြန်မာနိုင်ငံသားနှစ်ယောက်ဖြစ်တဲ့ မောင်ဝင်းဇော်နဲ့ မောင်ဇော်လင်းထွန်းတို့ကို ကူညီစောင့်ရှောက်ပေးရေး ၀န်ကြီးချုပ်ထံ တင်ပြပေးဖို့ သံအမတ်ကြီး က ပြောခဲ့ပါတယ််။
မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြတာတွေနဲ့ပတ်သက်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေအတွက် စိုးရိမ်ပူပန်ကြောင်း ထိုင်းဝန်ကြီးကပြောတဲ့ အပေါ်မှာတော့ မြန်မာပြည်သူတွေဟာ အလုပ်သမားနှစ်ဦးအတွက် တရားမျှတမှုကို တောင်းဆိုနေတာ သာဖြစ်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေကို ဒုက္ခပေးတာမျိုး၊ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ် ဆောင်ချက်မျိုးတွေ လုပ်မှာ မဟုတ်ဘူးဆိုတာ မြန်မာ သံအမတ်ကြီးက ပြန်ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေအတွက် ဥပဒေရဲ့ မျှတတဲ့ ဆင်ခြင်သုံးသပ်နိုင်မှုကို ရဖို့အတွက် မြန်မာ အစိုးရအနေနဲ့ လုပ်လို့ရတာမှန်သမျှ၊ လုပ်နိုင်စွမ်းရှိတာ မှန်သမျှ ဆောင်ရွက်သွားမယ်လို့လည်း ဦးဇော်ဌေးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
ထိုင်းနိုင်ငံ၊ ကော့တောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားနှစ်ယောက် ကို ကော့စမွေခရိုင် ထိုင်းတရားရုံးက သေဒဏ်ချ ထားတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ လူ ၅၀၀ နီးပါးဟာ ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ စုဝေးဆန္ဒပြကြပါတယ်။
ဒီအမှုကိစ္စကို ထိုင်းဘုရင်ကြီးကိုယ်တိုင် ၀င်ရောက် ဆောင်ရွက်ပေးဖို့ ဆန္ဒပြသူတချို့ က တောင်းဆိုပြီး သေဒဏ်ချခံရသူနှစ်ဦးမှာ အပြစ်မရှိဘူးလို့ အခိုင်အမာ ပြောကြပါတယ်။
ထိုင်းနိုင်ငံ အပန်းဖြေနေရာတခုဖြစ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင််ငံသား ကမ္ဘာလှည့် ခရီးသည်နှစ်ဦးကို ပြီးခဲ့တဲ့နှစ်က သတ်ခဲ့တယ် ဆိုပြီး အသက် ၂၂ အရွယ်တွေဖြစ်ကြ တဲ့ မောင်ဝင်းဇော်နဲ့ မောင်ဇော်လင်းထွန်းတို့ကို မနေ့ကပဲ သေဒဏ်ချလိုက်တာပါ။
အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ကို သူတို့မသတ်ဘူးလို့ မြန်မာအလုပ် သမားနှစ်ယောက်လုံး က ငြင်းခဲ့ပါတယ်။ သေဒဏ် ချမှတ်ခံံရတဲ့အပေါ် အယူခံဝင်သွားမယ်လို့ သူတို့ရဲ့ရှေ့နေက ပြောထားပါတယ်။

VOA Burmese Fan Page
ဗွီအိုအေ (မြန်မာပိုင်း)


No comments:

Post a Comment