Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 28, 2015









( Mario )

#သစ်ထူးလွင်(နည်းပညာ)

Ref : Gadgets 360

............................................................

အမေရိက မှာ ဆော့ဖ်ဝဲ ပြဿနာကြောင့် အကျဉ်းသား ၃၀၀၀ ကျော် စောပြီး လွှတ်ပေးမိခဲ့
 

အတိတ်ကာလမှာတုန်းကတော့ ဆော့ဖ်ဝဲ ပြဿနာ ကြောင့် ဒုံးကျည် တည်ဆောက်မှု ပျက်စီးခြင်း ၊ အပြစ်မဲ့သူတို့ သေဆုံးခြင်း ၊ စီးပွားရေး ဆုံးရှုံးမှုခြင်း ၊ စတဲ့ ဖြစ်ရပ်တွေ ကြုံခဲ့ရဖူးပါတယ်။ အခု ထွက်ပေါ်လာတဲ့ သတင်းအရလည်း ဆော့ဖ်ဝဲ ပြဿနာ တစ်ခုကြောင့် အမေရိကန် မှာရှိတဲ့ အကျဉ်းသား ၃၀၀၀ ကျော်ကို လွှတ်ပေးလိုက်မိတယ်လို့ ၀ါရှင်တန် ပြည်နယ် အမှားပြင်ဆင်ရေး ဌာန ရဲ ့ထုတ်ပြန်ချက်အရ သိရပါတယ်။

၀ါရှင်တန် အမှားပြင်ဆင်ရေး ဌာန က တင်ပြလာတာကတော့ လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က အကျဉ်းသားတွေကို လွှတ်ပေးခဲ့မိတာဖြစ်ပါတယ်တဲ့။ ၂၀၀၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆော့ဖ်ဝဲ ပြဿနာဟာ ၂၀၁၂ မှာမှ သတိထားမိခဲ့တာဖြစ်ပါတယ်။

ဒီလို ဆော့ဖ်ဝဲ ပြဿနာရှိခဲ့တာကို သိတဲ့အချိန်မှာ အဖြေရှာဖို့အတွက်လည်း ၃ နှစ်ခန့်ထပ်မံ ကြာမြင့်ခဲ့ပါတယ်တဲ့။ တွက်ချက်မှုတွေအရတော့ စုစုပေါင်း အကျဉ်းသား ၃၂၀၀ ခန့်ကို သတ်မှတ်ချိန်ထက် စောစီးစွာလွှတ်ပေးခဲ့လိုက်မိတာဖြစ်ပါတယ်။

"အကြောင်းပြချက်အနေနဲ့ကတော့ ကျွန်တော်တို့ အခုထိ ပြည့်စုံစွာ နားမလည်သေးပါဘူး။ ဒီလို ပြဿနာမျိုးလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး" လို့ အမှားပြင်ဆင်ရေးဌာနဲ့ အထွေထွေ အတွင်းရေးမှုး Nicholas Brown က Fox News သတင်းဌာနကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

No comments:

Post a Comment