Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, December 15, 2015

အမ်ဳိးသားလႊတ္ေတာ္ဥကၠ႒ ဦးခင္ေအာင္ျမင့္ေျပာၾကားခ်က္အေပၚ ABSDFဥကၠ႒ ရဲေဘာ္သံခဲ တံု႔ျပန္

“သူ စိတ္ထင္ရာေတြ ေျပာလိုက္တာလည္းျဖစ္ႏိုင္တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔မိသားစုနဲ႔ပတ္သက္ၿပီး သူမေမ့ေသးဘူးဆိုတာ ျပေနတယ္ လုိ႔ေတာ့ အေကာင္းဘက္ကေနယူဆတာပဲ။ ကၽြန္ေတာ္တို႔လည္း ဒီအျဖစ္အပ်က္ကို မေမ့ေသးပါဘူး . . . . . ”

သူကေနၿပီးေတာ့ပဲ ကၽြန္ေတာ္တုိ႔ကို ေတာထဲမေရာက္ေအာင္တားတာတို႔ စသည္ျဖင့္ ဒီလိုဟာမ်ဳိးေတြကို တစ္ဖက္သတ္ေျပာတာေတာ့ ကၽြန္ေတာ့္ မိသားစုကလည္း မႀကိဳက္ဘူးဗ်။

ဖမ္းတယ္ဆိုတာ ဦးခင္ေအာင္ျမင့္ လက္ထက္မွာ ျဖစ္တာ၊ ေသခ်ာတယ္၊ ဒါေပမဲ့အျပစ္ခ်လိုက္တဲ့ အခ်ိန္က်မွ ေက်ာက္ဆည္ကို ဗိုလ္မွဴးခ်ဳပ္လြန္းသီ ေရာက္ လာတာ၊ ျပစ္ဒဏ္ခ်လိုက္တာက ဗိုလ္မွဴးခ်ဳပ္လြန္းသီက သပိတ္ေကာ္မတီ ကို ေထာင္ခ်တဲ႕အျပင္ အၿငိဳးတႀကီးနဲ႔ သပိတ္ထဲမွာပါတဲ့ ၀န္ထမ္းေတြကို ပံုစံမ်ဳိးစံုနဲ႔ ႏွိပ္ကြပ္တာပဲ . . . . . . ရဲေဘာ္သံခဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန္ကုန္၊ ဒီဇင္ဘာ ၉

ျမန္မာသံေတာ္ဆင့္ အပတ္စဥ္သတင္းစာ အတြဲ(၄) အမွတ္ (၃၉)တြင္ ေဖာ္ျပခဲ့ေသာ အမ်ဳိးသား လႊတ္ေတာ္ ဥကၠ႒ ဦးခင္ေအာင္ျမင့္ႏွင့္ ႏိုင္ငံေရးေဆြးေႏြးျခင္းတြင္ ဦးခင္ေအာင္ျမင့္က ရွစ္ေလးလံုး ဒီမိုကေရစီအေရးေတာ္ပံုအတြင္း ေက်ာက္ဆည္၌ မယက ဥကၠ႒အျဖစ္တာ၀န္ထမ္းေဆာင္ခဲ့စဥ္ ကိစၥမ်ားႏွင့္ ဆက္စပ္ေျပာၾကား ခ်က္မ်ားတြင္ ယခုျမန္မာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမိုကရက္တစ္ တပ္ဦး (ABSDF) ဥကၠ႒ ရဲေဘာ္သံခဲတို႔၏ မိသားစုႏွင့္ ပတ္သက္၍ ေျပာၾကား ခ်က္မ်ားပါ၀င္သည္။

အဆိုပါ ေျပာၾကားခ်က္မ်ားတြင္ အခ်ဳိ႕ေသာအခ်က္အလက္မ်ားမွာ မွားယြင္းမႈမ်ားရွိေနေၾကာင္း ကာယကံရွင္မ်ားႏွင့္ သမိုင္းကိုသိမီခဲ့သူမ်ား က ေျပာဆိုမႈမ်ားရွိလာရာ ယင္းအတြက္ ABSDF ဥကၠ႒ ရဲေဘာ္သံခဲကို ဆက္သြယ္ေမးျမန္းထားသည္မ်ားအား ျမန္မာသံေတာ္ဆင့္ကေဖာ္ျပလိုက္ သည္။

ေအာင္မွဴး

ေမး- ဦးခင္ေအာင္ျမင့္ေျပာတဲ့အထဲမွာ မိသားစုနဲ႔ပတ္သက္ၿပီးေျပာတာေတြမွာ အခ်က္အလက္ေတြ ဘယ္လိုေနရာေတြမွာမွားတာလဲခင္ဗ်ာ။

ေျဖ- ဘယ္လိုမွားလဲဆိုေတာ့ နံပါတ္(၁)က ကၽြန္ေတာ့္ မိဘကစၿပီး ေျပာရမွာေပါ့။ ကၽြန္ေတာ့္အေဖ ဦးစိုး၀င္းေမာင္ဆိုတာ ေက်ာင္းဆရာဗ်၊ သူ႕ဘ၀တစ္ေလွ်ာက္လံုးမွာ စာသင္တဲ့အလုပ္ရယ္၊ ႏိုင္ငံေရးနဲ႔ ပတ္သက္ဆက္ႏႊယ္တဲ့ လႈပ္ရွားမႈေတြမွာပါခဲ့တာဗ်၊ ကၽြန္ေတာ့္အေဖက ၆၂ ေက်ာင္းသားသမဂၢ မႏၲေလး တကၠသိုလ္ဥကၠ႒ကိုး။ တစ္ေလွ်ာက္လံုး ႏိုင္ငံေရးမွာပါတယ္။ သူယံုၾကည္တဲ့ ႏိုင္ငံေရးကို လုပ္ခဲ့ေပမယ့္ ဦးခင္ေအာင္ျမင့္ ေျပာသလို အလံနီလည္း မဟုတ္ဘူးဗ်၊ သူက အသက္ႀကီးလုိ႔မ်ား ေမ့ၿပီးေျပာလိုက္သလား၊ ဒါမွ မဟုတ္ဘဲ တမင္ပဲ ေျပာတာလားမသိဘူးဗ်။ ကၽြန္ေတာ့္အေဖက ဘယ္တုန္းကမွ အလံနီမဟုတ္ခဲ့ဘူး။ ေနာက္တစ္ခ်က္က ဘာလဲဆိုေတာ့ ကၽြန္ေတာ္တို႔ ညီအစ္ကို ၂ ေယာက္ နာမည္မွာကၽြန္ေတာ့္အစ္ကိုနာမည္က မွားတယ္၊ ကၽြန္ေတာ္တို႔ ညီအစ္ကိုေမာင္ႏွမ နာမည္ေတြက သံဒုတ္တို႔၊ သံခဲတို႔၊ သံမဏိတုိ႔၊ သံတိုင္တို႔ဆိုတာ သံေခ်ာင္းမပါဘူးဗ်၊ သူက သံေခ်ာင္းနဲ႔ သံခဲလုိ႔ေျပာတယ္ဗ်၊ ကၽြန္ေတာ္တို႔ထဲမွာ သံေခ်ာင္းမရွိဘူး။ ေနာက္တစ္ခုက အဲဒီတုန္းက သူကေက်ာက္ဆည္မွာ မ.ယ.က ဥကၠ႒၊ အဲဒီတုန္းက သပိတ္စခန္းမွာရွိတဲ့ ဆိုင္းဘုတ္ေတြကို ဆြဲၿဖဲတာတို႔၊ ပိုစတာေတြ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုေတြ ျဖဳတ္ခ်တာ ဘာညာကေတာ့ စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္း အခုေျပာေနတဲ့ တာ၀န္က်တဲ့လူေတြက လုပ္ၾကတာ၊ အဲဒါေတြက်သူက ထည့္မေျပာဘူး။ ေျပာခ်င္တာက ကၽြန္ေတာ့္အေဖက ေက်ာင္းဆရာ၊ ကၽြန္ေတာ့္အေမက ဆက္သြယ္ေရးမွာ တယ္လီဖုန္းတာ၀န္ခံ၊ အဲေတာ့ ေက်ာက္ဆည္မွာရွိတဲ့ ဌာန ဆိုင္ရာေတြက တစ္ေယာက္နဲ႔ တစ္ေယာက္က သိကၽြမ္းေနၾကတာပါ။ မိသားစုခ်င္း ဆက္စပ္မႈကေတာ့ မရွိဘူးဗ်၊ ေျပာခ်င္တာက သူကေနၿပီးေတာ့ပဲ ကၽြန္ေတာ္တုိ႔ကို ေတာထဲမေရာက္ေအာင္တားတာတို႔ စသည္ျဖင့္ ဒီလိုဟာမ်ဳိးေတြကို တစ္ဖက္သတ္ေျပာတာေတာ့ ကၽြန္ေတာ့္မိသားစုကလည္း မႀကိဳက္ဘူးဗ်။

ေမး-အဲဒါဆို ကိုသံခဲတို႔တစ္မိသားစုလံုးက ဒီအေရးေတာ္ပံုမွာ ပါခဲ့တယ္လုိ႔ ဆိုလိုတာလားခင္ဗ်။

ေျဖ- ဟုတ္တာေပါ့၊ ကၽြန္ေတာ္တို႔ တစ္အိမ္လံုးကကိုယ္ယံုၾကည္တဲ့ ဒီမိုကေရစီတိုက္ပြဲမွာ ပါ၀င္ခဲ့တယ္။ ေျပာရရင္ေတာ့ အေဖကလည္း ေထာင္က်ေပါ့ဗ်ာ ႏွစ္ရွည္လမ်ား၊ အေမဆိုလည္း မိသားစုနဲ႔ေ၀းတဲ့ ဒီဘူးသီးေတာင္၊ ေမာင္ေတာ အထိေတာင္မွ မိသားစုနဲ႔ေ၀းေအာင္ ပို႔ပစ္လိုက္တယ္။ ကၽြန္ေတာ္တို႔ ညီအစ္ကို ၃ ေယာက္စလံုးကလည္း စက္မႈတကၠသိုလ္၊ မန္းတကၠသိုလ္ေတြကို တစ္သက္လံုးတက္ခြင့္မရဘူး ထုတ္ခံရတယ္ဗ်ာ၊ ဟုတ္လား၊ အဲဒါေတြက်ထည့္မေျပာဘူးဗ်ာ၊ ကၽြန္ေတာ့္အေဖကို အလံနီလုိ႔ ေျပာတယ္ဗ်ာ၊ အဲဒါမဟုတ္ဘူး။ ေနာက္တစ္ခု ကၽြန္ေတာ့္မွာသံေခ်ာင္းဆိုတဲ့ အစ္ကိုမရွိဘူး ကိုသံဒုတ္ပဲရွိတယ္၊ ဒါပါပဲ။

ေမး-အစ္ကိုတို႔ ေတာခိုမယ္ဆိုေတာ့ သူက ေခၚေတြ႕လို႔ေျပာထားတဲ့ အေပၚမွာ အစ္ကိုဘယ္လိုျပန္ေျပာစရာရွိသလဲခင္ဗ်။

ေျဖ-ဟုတ္တယ္ဗ်၊ အဓိက ကၽြန္ေတာ္ရယ္၊ ကၽြန္ေတာ့္အေဖရယ္ဗ်၊ ေနာက္ၿပီးေတာ့ ကၽြန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္ရယ္၊ ၃ ေယာက္ကေတာ့ ဟုတ္တယ္။ ဒါေပမဲ့ ဒန္းတိုင္အလက္ပံဆိုတဲ့ ရြာမွာ မနက္ေစာႀကီးမွာ ဖမ္းတာဗ်၊ အဲဒါ သားအဖ ၃ ေယာက္ မဟုတ္ဘူး။ ဖမ္းၿပီးတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔ကို ႀကိဳးေတြနဲ႔ တုပ္တယ္ဗ်ာ။ ႐ိုက္တယ္ဗ်ာ၊ ကၽြန္ေတာ့္အေဖလည္း ႐ိုက္ခံရတယ္၊ ေနာက္ၿပီးေတာ့ ေခၚသြားတယ္၊ ဦးခင္ေအာင္ျမင့္ ႐ုံးခန္းမွာ စကားေျပာရတယ္၊ ေျပာၿပီးေတာ့ ေနအိမ္အက်ယ္ခ်ဳပ္ပံုစံမ်ဳိး အာမခံေပးတယ္ဗ်၊ ကၽြန္ေတာ္တို႔သား အဖ ၂ေယာက္ရယ္၊ ရဲႏိုင္ဦးဆိုတဲ့ စက္မႈတကၠသိုလ္က ကၽြန္ေတာ့္ ငယ္သူငယ္ခ်င္းရယ္ဗ်၊ အာမခံေပးတာလည္း ၿမိဳ႕လူထုကေနၿပီးေတာ့ ကၽြန္ေတာ္တို႔ေတြကိုအာမခံ ေပးလုိ႔ဗ်၊ ၿမိဳ႕နယ္မွာရွိတဲ့ ဂုဏ္သေရရွိ လူႀကီးေတြက အာမခံလုပ္ေပးလို႔ ေနအိမ္အက်ယ္ခ်ဳပ္ျဖစ္ခဲ့တာ၊ ကၽြန္ေတာ့္အစ္ကိုက အေစာႀကီးကတည္းက ဘုန္းႀကီး၀တ္နဲ႔ အဖမ္းခံခဲ့ရတာ ၈၈ မျဖစ္ခင္မွ ျပန္လြတ္တာဗ်။

ေမး-သူေက်ာက္ဆည္မွာ ရွိတုန္းက ဘယ္သူ႕ကိုမွ မဖမ္းခဲ့ဘူး ဆိုတာကိုလည္း ျပန္ေျပာေပးပါဦးခင္ဗ်။

ေျဖ-သူရခိုင္ကို မေျပာင္းခင္မွာကို သပိတ္ေကာ္မတီ တစ္ခုလံုး ျပန္ဖမ္းတာပါဗ်၊ ဒါကို ကၽြန္ေတာ္ေကာင္းေကာင္း မွတ္မိတယ္။ ဘာလို႔ဖမ္းတာလဲဆိုတာ ေျပာျပမယ္။ စားစရာမရွိတဲ့ ေက်းရြာေတြကို ကၽြန္ေတာ္တုိ႔ သမ၀ါယမမွာရွိတဲ့ဆန္ေတြကို စနစ္တက် ေငြနဲ႔ စာရင္းဇယားနဲ႔ ျဖန္႔ျဖဴးေရာင္းခ် ေပးတဲ့ကိစၥ၊ အစိုးရ ယႏၲရားပ်က္ေနေတာ့သပိတ္ေကာ္မတီ တာ၀န္ယူတာ၊ အဲဒါကို သူတို႔က ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈဆိုတာမ်ဳိးနဲ႔ တရားစြဲၿပီး စစ္ခံု႐ုံးတင္တာဗ်၊ သပိတ္ေကာ္မတီတစ္ခုလံုး အခ်ဳပ္ထဲေရာက္သြားတယ္။ တစ္ရက္က် သူတို႔ကို အာမခံနဲ႔ ျပန္ထုတ္ျပန္တယ္၊ ခဏလႊတ္ေပးလိုက္တယ္ေပါ့ဗ်ာ၊ အဲဒီအခ်ိန္က်မွ ကၽြန္ေတာ္နဲ႔ကၽြန္ေတာ့္အစ္ကိုက ေတာခိုတာပဲ။ ကၽြန္ေတာ္တို႔ ထြက္သြားၿပီးေတာ့ က်န္တဲ့သူေတြကို ခ်က္ခ်င္း ျပန္ဖမ္းတယ္၊ ကၽြန္ေတာ့္အေဖ သပိတ္ေကာ္မတီဥကၠ႒ ဆရာႀကီး ဦး၀င္းလြင္တုိ႔ကို ေထာင္ ၁၃ ႏွစ္စီခ်လိုက္တယ္။ အဲဒီတုန္းက သပိတ္ေကာ္မတီ တရားစြဲခံရတာကို ထုေခ်လႊာတင္ဖို႔ ေရွ႕ေနလိုက္ ေပးခဲ့တဲ့ဦးသိန္းသန္းဦးတို႔၊ ဦးတင္ေအးၾကဴတို႔ ဒီေန႔ရွိေသးတယ္၊ သူတို႔ဒါကို ေကာင္းေကာင္းသိတာေပါ့၊ အမႈမၿပီးခင္မွာပဲ တျခားစြပ္စြဲမႈေတြနဲ႔ သူတို႔က မႏၲေလးေထာင္ထဲ အရင္ေရာက္သြားတာကိုးဗ်၊ေတာ္ေတာ္ရယ္စရာေကာင္းတာေပါ့ဗ်ာ၊ အမႈဖြင့္တယ္ ဖမ္းတယ္ဆိုတာ ဦးခင္ေအာင္ျမင့္ လက္ထက္မွာျဖစ္တာ၊ ေသခ်ာတယ္၊ ဒါေပမဲ့အျပစ္ခ်လိုက္တဲ့ အခ်ိန္က်မွေက်ာက္ဆည္ကို ဗိုလ္မွဴးခ်ဳပ္လြန္းသီေရာက္လာတာ၊ ျပစ္ဒဏ္ခ် လိုက္တာက ဗိုလ္မွဴးခ်ဳပ္လြန္းသီ လက္ထက္က်မွ ျဖစ္တာဗ်၊ ဗိုလ္မွဴးခ်ဳပ္လြန္းသီက သပိတ္ေကာ္မတီကို ေထာင္ခ်တဲ့အျပင္ အၿငိဳးတႀကီးနဲ႔ သပိတ္ထဲမွာပါတဲ့ ၀န္ထမ္းေတြကို ပံုစံမ်ဳိးစံုနဲ႔ ႏွိပ္ကြပ္တာပဲ။

ေမး-အေရးအခင္းကာလ ဒီေက်ာက္ဆည္ၿမိဳ႕နယ္မွာ သူက ေသနတ္တစ္ခ်က္ မပစ္ခဲ့ဘူး။ ဘယ္သူမွ ဘာမွမျဖစ္ခဲ့ဘူးဆိုတာကေရာခင္ဗ်၊

ေျဖ-ၿမိဳ႕နယ္မွာ ေသြးထြက္သံယို မျဖစ္ခဲ့ဘူးဆိုတာမွန္ပါတယ္။ ဒါေပမဲ့ ၿမိဳ႕နယ္က အားလံုးရဲ႕ ထိန္းသိမ္းမႈ၊ သပိတ္ေကာ္မတီေတြ၊ ေက်ာင္းသားေခါင္းေဆာင္ေတြရဲ႕ ပူူးေပါင္းပါ၀င္ထိန္းသိမ္းမႈ၊ ႏွစ္ဖက္ေပါ့ဗ်ာ၊ ဒီေက်ာက္ဆည္မွာ တာ၀န္က်တဲ့ စစ္တပ္ရဲ႕ ထိန္းသိမ္းမႈေတြေၾကာင့္ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္မွာမရွိခဲ့ဘူး၊ အဲဒါေတြေတာ့ ေျပာသင့္တယ္လုိ႔ ယူဆတယ္။

ေမး-ေနာက္ဆံုးအေနနဲ႔ ဒီ ဦးခင္ေအာင္ျမင့္ ေျပာခဲ့တာနဲ႔ ပတ္သက္ၿပီး ဘာထပ္ေျပာစရာရွိပါေသးလဲခင္ဗ်။

ေျဖ-ကၽြန္ေတာ္တို႔ မိသားစုအေၾကာင္းေျပာမယ္ဆိုရင္ မွန္မွန္ကန္ကန္ေျပာသင့္တယ္လို႔ ယူဆတယ္။ ေနာက္တစ္ခု ကၽြန္ေတာ့္ အေမက ၀န္ထမ္းခ်င္းဗ်ာ၊ အခု ခ်ိန္ထိ အသက္ရွင္ေသးတာပဲ၊ သူလွမ္းေမးလုိ႔လည္း ရတာပဲဗ်ာ၊ ေနာက္ၿပီး သပိတ္ေကာ္မတီ၀င္ေတြလည္း အမ်ားႀကီး က်န္ေသးတယ္၊ ေက်ာင္းဆရာေတြပါတယ္ ဗ်ာ၊ ေရွ႕ေနေတြ ပါတယ္ဗ်ာ၊ ဒီလူႀကီးလူေကာင္းေတြ အားလံုးခုခ်ိန္ထိအသက္ရွင္ေသးတယ္ဗ်၊ သူတို႔ကလည္း ဒီေျပာတာေတြက မွားတယ္ဆိုတာ အားလံုးသိတယ္ဗ်၊ အဲဒီေတာ့ သူက ႏွစ္ေတြလည္း ၾကာတဲ့အခါက်ေတာ့ မမွတ္မိတာေတြရွိ မယ္၊ ေနာက္တစ္ခုကေတာ့ သူစိတ္ထင္ရာေတြ ေျပာလိုက္တာ လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ တယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ မိသားစုနဲ႔ ပတ္သက္ၿပီး သူ(ဦးခင္ေအာင္ျမင့္)မေမ့ေသးဘူးဆိုတာ ျပေနတယ္လုိ႔ေတာ့ အေကာင္းဘက္ကေန ယူဆတာပဲ။ ကၽြန္ေတာ္တို႔လည္း ဒီအျဖစ္အပ်က္ကို မေမ့ေသးပါဘူးဗ်။

ေက်းဇူးတင္ပါတယ္။

ျမန္မာသံေတာ္ဆင့္သတင္းဌာန - https://www.facebook.com/myanmarherald
.............................
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ပြောကြားချက်အပေါ် ABSDFဥက္ကဋ္ဌ ရဲဘော်သံခဲ တုံ့ပြန်

“သူ စိတ်ထင်ရာတွေ ပြောလိုက်တာလည်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့မိသားစုနဲ့ပတ်သက်ပြီး သူမမေ့သေးဘူးဆိုတာ ပြနေတယ် လို့တော့ အကောင်းဘက်ကနေယူဆတာပဲ။ ကျွန်တော်တို့လည်း ဒီအဖြစ်အပျက်ကို မမေ့သေးပါဘူး . . . . . ”

သူကနေပြီးတော့ပဲ ကျွန်တော်တို့ကို တောထဲမရောက်အောင်တားတာတို့ စသည်ဖြင့် ဒီလိုဟာမျိုးတွေကို တစ်ဖက်သတ်ပြောတာတော့ ကျွန်တော့် မိသားစုကလည်း မကြိုက်ဘူးဗျ။

ဖမ်းတယ်ဆိုတာ ဦးခင်အောင်မြင့် လက်ထက်မှာ ဖြစ်တာ၊ သေချာတယ်၊ ဒါပေမဲ့အပြစ်ချလိုက်တဲ့ အချိန်ကျမှ ကျောက်ဆည်ကို ဗိုလ်မှူးချုပ်လွန်းသီ ရောက် လာတာ၊ ပြစ်ဒဏ်ချလိုက်တာက ဗိုလ်မှူးချုပ်လွန်းသီက သပိတ်ကော်မတီ ကို ထောင်ချတဲ့အပြင် အငြိုးတကြီးနဲ့ သပိတ်ထဲမှာပါတဲ့ ၀န်ထမ်းတွေကို ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်တာပဲ . . . . . . ရဲဘော်သံခဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်၊ ဒီဇင်ဘာ ၉

မြန်မာသံတော်ဆင့် အပတ်စဉ်သတင်းစာ အတွဲ(၄) အမှတ် (၃၉)တွင် ဖော်ပြခဲ့သော အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် နိုင်ငံရေးဆွေးနွေးခြင်းတွင် ဦးခင်အောင်မြင့်က ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျောက်ဆည်၌ မယက ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ် ကိစ္စများနှင့် ဆက်စပ်ပြောကြား ချက်များတွင် ယခုမြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲတို့၏ မိသားစုနှင့် ပတ်သက်၍ ပြောကြား ချက်များပါ၀င်သည်။

အဆိုပါ ပြောကြားချက်များတွင် အချို့သောအချက်အလက်များမှာ မှားယွင်းမှုများရှိနေကြောင်း ကာယကံရှင်များနှင့် သမိုင်းကိုသိမီခဲ့သူများ က ပြောဆိုမှုများရှိလာရာ ယင်းအတွက် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကို ဆက်သွယ်မေးမြန်းထားသည်များအား မြန်မာသံတော်ဆင့်ကဖော်ပြလိုက် သည်။

အောင်မှူး

မေး- ဦးခင်အောင်မြင့်ပြောတဲ့အထဲမှာ မိသားစုနဲ့ပတ်သက်ပြီးပြောတာတွေမှာ အချက်အလက်တွေ ဘယ်လိုနေရာတွေမှာမှားတာလဲခင်ဗျာ။

ဖြေ- ဘယ်လိုမှားလဲဆိုတော့ နံပါတ်(၁)က ကျွန်တော့် မိဘကစပြီး ပြောရမှာပေါ့။ ကျွန်တော့်အဖေ ဦးစိုးဝင်းမောင်ဆိုတာ ကျောင်းဆရာဗျ၊ သူ့ဘဝတစ်လျှောက်လုံးမှာ စာသင်တဲ့အလုပ်ရယ်၊ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွှယ်တဲ့ လှုပ်ရှားမှုတွေမှာပါခဲ့တာဗျ၊ ကျွန်တော့်အဖေက ၆၂ ကျောင်းသားသမဂ္ဂ မန္တလေး တက္ကသိုလ်ဥက္ကဋ္ဌကိုး။ တစ်လျှောက်လုံး နိုင်ငံရေးမှာပါတယ်။ သူယုံကြည်တဲ့ နိုင်ငံရေးကို လုပ်ခဲ့ပေမယ့် ဦးခင်အောင်မြင့် ပြောသလို အလံနီလည်း မဟုတ်ဘူးဗျ၊ သူက အသက်ကြီးလို့များ မေ့ပြီးပြောလိုက်သလား၊ ဒါမှ မဟုတ်ဘဲ တမင်ပဲ ပြောတာလားမသိဘူးဗျ။ ကျွန်တော့်အဖေက ဘယ်တုန်းကမှ အလံနီမဟုတ်ခဲ့ဘူး။ နောက်တစ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ ညီအစ်ကို ၂ ယောက် နာမည်မှာကျွန်တော့်အစ်ကိုနာမည်က မှားတယ်၊ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ နာမည်တွေက သံဒုတ်တို့၊ သံခဲတို့၊ သံမဏိတို့၊ သံတိုင်တို့ဆိုတာ သံချောင်းမပါဘူးဗျ၊ သူက သံချောင်းနဲ့ သံခဲလို့ပြောတယ်ဗျ၊ ကျွန်တော်တို့ထဲမှာ သံချောင်းမရှိဘူး။ နောက်တစ်ခုက အဲဒီတုန်းက သူကကျောက်ဆည်မှာ မ.ယ.က ဥက္ကဋ္ဌ၊ အဲဒီတုန်းက သပိတ်စခန်းမှာရှိတဲ့ ဆိုင်းဘုတ်တွေကို ဆွဲဖြဲတာတို့၊ ပိုစတာတွေ ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ဖြုတ်ချတာ ဘာညာကတော့ စစ်တပ်က အာဏာသိမ်းပြီးပြီးချင်း အခုပြောနေတဲ့ တာဝန်ကျတဲ့လူတွေက လုပ်ကြတာ၊ အဲဒါတွေကျသူက ထည့်မပြောဘူး။ ပြောချင်တာက ကျွန်တော့်အဖေက ကျောင်းဆရာ၊ ကျွန်တော့်အမေက ဆက်သွယ်ရေးမှာ တယ်လီဖုန်းတာဝန်ခံ၊ အဲတော့ ကျောက်ဆည်မှာရှိတဲ့ ဌာန ဆိုင်ရာတွေက တစ်ယောက်နဲ့ တစ်ယောက်က သိကျွမ်းနေကြတာပါ။ မိသားစုချင်း ဆက်စပ်မှုကတော့ မရှိဘူးဗျ၊ ပြောချင်တာက သူကနေပြီးတော့ပဲ ကျွန်တော်တို့ကို တောထဲမရောက်အောင်တားတာတို့ စသည်ဖြင့် ဒီလိုဟာမျိုးတွေကို တစ်ဖက်သတ်ပြောတာတော့ ကျွန်တော့်မိသားစုကလည်း မကြိုက်ဘူးဗျ။

မေး-အဲဒါဆို ကိုသံခဲတို့တစ်မိသားစုလုံးက ဒီအရေးတော်ပုံမှာ ပါခဲ့တယ်လို့ ဆိုလိုတာလားခင်ဗျ။

ဖြေ- ဟုတ်တာပေါ့၊ ကျွန်တော်တို့ တစ်အိမ်လုံးကကိုယ်ယုံကြည်တဲ့ ဒီမိုကရေစီတိုက်ပွဲမှာ ပါ၀င်ခဲ့တယ်။ ပြောရရင်တော့ အဖေကလည်း ထောင်ကျပေါ့ဗျာ နှစ်ရှည်လများ၊ အမေဆိုလည်း မိသားစုနဲ့ဝေးတဲ့ ဒီဘူးသီးတောင်၊ မောင်တော အထိတောင်မှ မိသားစုနဲ့ဝေးအောင် ပို့ပစ်လိုက်တယ်။ ကျွန်တော်တို့ ညီအစ်ကို ၃ ယောက်စလုံးကလည်း စက်မှုတက္ကသိုလ်၊ မန်းတက္ကသိုလ်တွေကို တစ်သက်လုံးတက်ခွင့်မရဘူး ထုတ်ခံရတယ်ဗျာ၊ ဟုတ်လား၊ အဲဒါတွေကျထည့်မပြောဘူးဗျာ၊ ကျွန်တော့်အဖေကို အလံနီလို့ ပြောတယ်ဗျာ၊ အဲဒါမဟုတ်ဘူး။ နောက်တစ်ခု ကျွန်တော့်မှာသံချောင်းဆိုတဲ့ အစ်ကိုမရှိဘူး ကိုသံဒုတ်ပဲရှိတယ်၊ ဒါပါပဲ။

မေး-အစ်ကိုတို့ တောခိုမယ်ဆိုတော့ သူက ခေါ်တွေ့လို့ပြောထားတဲ့ အပေါ်မှာ အစ်ကိုဘယ်လိုပြန်ပြောစရာရှိသလဲခင်ဗျ။

ဖြေ-ဟုတ်တယ်ဗျ၊ အဓိက ကျွန်တော်ရယ်၊ ကျွန်တော့်အဖေရယ်ဗျ၊ နောက်ပြီးတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ရယ်၊ ၃ ယောက်ကတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒန်းတိုင်အလက်ပံဆိုတဲ့ ရွာမှာ မနက်စောကြီးမှာ ဖမ်းတာဗျ၊ အဲဒါ သားအဖ ၃ ယောက် မဟုတ်ဘူး။ ဖမ်းပြီးတဲ့အခါကျတော့ ကျွန်တော်တို့ကို ကြိုးတွေနဲ့ တုပ်တယ်ဗျာ။ ရိုက်တယ်ဗျာ၊ ကျွန်တော့်အဖေလည်း ရိုက်ခံရတယ်၊ နောက်ပြီးတော့ ခေါ်သွားတယ်၊ ဦးခင်အောင်မြင့် ရုံးခန်းမှာ စကားပြောရတယ်၊ ပြောပြီးတော့ နေအိမ်အကျယ်ချုပ်ပုံစံမျိုး အာမခံပေးတယ်ဗျ၊ ကျွန်တော်တို့သား အဖ ၂ယောက်ရယ်၊ ရဲနိုင်ဦးဆိုတဲ့ စက်မှုတက္ကသိုလ်က ကျွန်တော့် ငယ်သူငယ်ချင်းရယ်ဗျ၊ အာမခံပေးတာလည်း မြို့လူထုကနေပြီးတော့ ကျွန်တော်တို့တွေကိုအာမခံ ပေးလို့ဗျ၊ မြို့နယ်မှာရှိတဲ့ ဂုဏ်သရေရှိ လူကြီးတွေက အာမခံလုပ်ပေးလို့ နေအိမ်အကျယ်ချုပ်ဖြစ်ခဲ့တာ၊ ကျွန်တော့်အစ်ကိုက အစောကြီးကတည်းက ဘုန်းကြီးဝတ်နဲ့ အဖမ်းခံခဲ့ရတာ ၈၈ မဖြစ်ခင်မှ ပြန်လွတ်တာဗျ။

မေး-သူကျောက်ဆည်မှာ ရှိတုန်းက ဘယ်သူ့ကိုမှ မဖမ်းခဲ့ဘူး ဆိုတာကိုလည်း ပြန်ပြောပေးပါဦးခင်ဗျ။

ဖြေ-သူရခိုင်ကို မပြောင်းခင်မှာကို သပိတ်ကော်မတီ တစ်ခုလုံး ပြန်ဖမ်းတာပါဗျ၊ ဒါကို ကျွန်တော်ကောင်းကောင်း မှတ်မိတယ်။ ဘာလို့ဖမ်းတာလဲဆိုတာ ပြောပြမယ်။ စားစရာမရှိတဲ့ ကျေးရွာတွေကို ကျွန်တော်တို့ သမဝါယမမှာရှိတဲ့ဆန်တွေကို စနစ်တကျ ငွေနဲ့ စာရင်းဇယားနဲ့ ဖြန့်ဖြူးရောင်းချ ပေးတဲ့ကိစ္စ၊ အစိုးရ ယန္တရားပျက်နေတော့သပိတ်ကော်မတီ တာဝန်ယူတာ၊ အဲဒါကို သူတို့က ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဆိုတာမျိုးနဲ့ တရားစွဲပြီး စစ်ခုံရုံးတင်တာဗျ၊ သပိတ်ကော်မတီတစ်ခုလုံး အချုပ်ထဲရောက်သွားတယ်။ တစ်ရက်ကျ သူတို့ကို အာမခံနဲ့ ပြန်ထုတ်ပြန်တယ်၊ ခဏလွှတ်ပေးလိုက်တယ်ပေါ့ဗျာ၊ အဲဒီအချိန်ကျမှ ကျွန်တော်နဲ့ကျွန်တော့်အစ်ကိုက တောခိုတာပဲ။ ကျွန်တော်တို့ ထွက်သွားပြီးတော့ ကျန်တဲ့သူတွေကို ချက်ချင်း ပြန်ဖမ်းတယ်၊ ကျွန်တော့်အဖေ သပိတ်ကော်မတီဥက္ကဋ္ဌ ဆရာကြီး ဦးဝင်းလွင်တို့ကို ထောင် ၁၃ နှစ်စီချလိုက်တယ်။ အဲဒီတုန်းက သပိတ်ကော်မတီ တရားစွဲခံရတာကို ထုချေလွှာတင်ဖို့ ရှေ့နေလိုက် ပေးခဲ့တဲ့ဦးသိန်းသန်းဦးတို့၊ ဦးတင်အေးကြူတို့ ဒီနေ့ရှိသေးတယ်၊ သူတို့ဒါကို ကောင်းကောင်းသိတာပေါ့၊ အမှုမပြီးခင်မှာပဲ တခြားစွပ်စွဲမှုတွေနဲ့ သူတို့က မန္တလေးထောင်ထဲ အရင်ရောက်သွားတာကိုးဗျ၊တော်တော်ရယ်စရာကောင်းတာပေါ့ဗျာ၊ အမှုဖွင့်တယ် ဖမ်းတယ်ဆိုတာ ဦးခင်အောင်မြင့် လက်ထက်မှာဖြစ်တာ၊ သေချာတယ်၊ ဒါပေမဲ့အပြစ်ချလိုက်တဲ့ အချိန်ကျမှကျောက်ဆည်ကို ဗိုလ်မှူးချုပ်လွန်းသီရောက်လာတာ၊ ပြစ်ဒဏ်ချ လိုက်တာက ဗိုလ်မှူးချုပ်လွန်းသီ လက်ထက်ကျမှ ဖြစ်တာဗျ၊ ဗိုလ်မှူးချုပ်လွန်းသီက သပိတ်ကော်မတီကို ထောင်ချတဲ့အပြင် အငြိုးတကြီးနဲ့ သပိတ်ထဲမှာပါတဲ့ ၀န်ထမ်းတွေကို ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်တာပဲ။

မေး-အရေးအခင်းကာလ ဒီကျောက်ဆည်မြို့နယ်မှာ သူက သေနတ်တစ်ချက် မပစ်ခဲ့ဘူး။ ဘယ်သူမှ ဘာမှမဖြစ်ခဲ့ဘူးဆိုတာကရောခင်ဗျ၊

ဖြေ-မြို့နယ်မှာ သွေးထွက်သံယို မဖြစ်ခဲ့ဘူးဆိုတာမှန်ပါတယ်။ ဒါပေမဲ့ မြို့နယ်က အားလုံးရဲ့ ထိန်းသိမ်းမှု၊ သပိတ်ကော်မတီတွေ၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ ပူူးပေါင်းပါ၀င်ထိန်းသိမ်းမှု၊ နှစ်ဖက်ပေါ့ဗျာ၊ ဒီကျောက်ဆည်မှာ တာဝန်ကျတဲ့ စစ်တပ်ရဲ့ ထိန်းသိမ်းမှုတွေကြောင့်ကျွန်တော်တို့ မြို့နယ်မှာမရှိခဲ့ဘူး၊ အဲဒါတွေတော့ ပြောသင့်တယ်လို့ ယူဆတယ်။

မေး-နောက်ဆုံးအနေနဲ့ ဒီ ဦးခင်အောင်မြင့် ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘာထပ်ပြောစရာရှိပါသေးလဲခင်ဗျ။

ဖြေ-ကျွန်တော်တို့ မိသားစုအကြောင်းပြောမယ်ဆိုရင် မှန်မှန်ကန်ကန်ပြောသင့်တယ်လို့ ယူဆတယ်။ နောက်တစ်ခု ကျွန်တော့် အမေက ၀န်ထမ်းချင်းဗျာ၊ အခု ချိန်ထိ အသက်ရှင်သေးတာပဲ၊ သူလှမ်းမေးလို့လည်း ရတာပဲဗျာ၊ နောက်ပြီး သပိတ်ကော်မတီဝင်တွေလည်း အများကြီး ကျန်သေးတယ်၊ ကျောင်းဆရာတွေပါတယ် ဗျာ၊ ရှေ့နေတွေ ပါတယ်ဗျာ၊ ဒီလူကြီးလူကောင်းတွေ အားလုံးခုချိန်ထိအသက်ရှင်သေးတယ်ဗျ၊ သူတို့ကလည်း ဒီပြောတာတွေက မှားတယ်ဆိုတာ အားလုံးသိတယ်ဗျ၊ အဲဒီတော့ သူက နှစ်တွေလည်း ကြာတဲ့အခါကျတော့ မမှတ်မိတာတွေရှိ မယ်၊ နောက်တစ်ခုကတော့ သူစိတ်ထင်ရာတွေ ပြောလိုက်တာ လည်း ဖြစ်ကောင်းဖြစ်နိုင် တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုနဲ့ ပတ်သက်ပြီး သူ(ဦးခင်အောင်မြင့်)မမေ့သေးဘူးဆိုတာ ပြနေတယ်လို့တော့ အကောင်းဘက်ကနေ ယူဆတာပဲ။ ကျွန်တော်တို့လည်း ဒီအဖြစ်အပျက်ကို မမေ့သေးပါဘူးဗျ။

ကျေးဇူးတင်ပါတယ်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

No comments:

Post a Comment