Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 24, 2015

Victoria’s Secret Bombshell ရေမွှေးက ခြင်နိုင်ဆေးအများစုထက် ခြင်တွေကို ပိုပြေးစေနိုင်


အင်းဆက်လောကထဲမှာ သွေးစုပ်တတ်ပြီး၊ ရောဂါပိုးမွှားတွေကိုလည်း သယ်ဆောင်လာတတ်တဲ့ ခြင်ဟာ မုန်းစရာ၊ကြောက်စရာ အကောင်းဆုံးတစ်ကောင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ ဒီအကောင် သေးသေးလေးတွေရဲ့ ရန်က လွတ်အောင် ရှောင်ဖို့ နည်းလမ်းတွေအမြဲရှာနေရပါတယ်။ ခြင်မကိုက်အောင် ကိုယ်မှာခြင်မကိုက်တဲ့ဆေးတွေ ဖျန်းမယ့်အစား ပိုထိရောက်မယ့်နည်းလမ်းတစ်ခုကို သိပါသလား။ Victoria’s Secret Bombshell ရေမွှေးကို သုံးကြည့်လိုက်ပါ။
အလှကုန်ပစ္စည်းတစ်ခုက ခြင်တွေကို ပြေးနိုင်ပါ့မလားလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် Journal of Insect Science မှာ ဖော်ပြထားတဲ့ ယခုလေ့လာမှုကို ဖတ်ကြည့်လိုက်ပါ။ New Mexico တက္ကသိုလ်က သုတေသနအဖွဲ့ တစ်ဖွဲ့ ရဲ့ လေ့လာမှုအရ မွှေးကြိုင်ပြီး ပန်းရနံ့ လေး သင်းနေတဲ့ Victoria’s Secret Bombshell ရေမွှေးက ခြင်နိုင်ဆေးတွေမှာအသုံးပြုထားတဲ့ ဓာတုပစ္စည်း N-Diethyl-meta-toluamide လောက် ထိရောက်မှု ရှိနေတာကို တွေ့ ရှိခဲ့ရပါတယ်။ DEET လို့ ခေါ်တဲ့ အဆိုပါဓာတုပစ္စည်းဟာ ကျွန်တော်တို့  ကျန်းမာရေးကို ထိခိုက်စေနိုင်ပေမယ့် ရေမွှေးကတော့ ထိခိုက်မှုမရှိပါဘူး။
သုတေသနလက်ထောက်အဖြစ် တာဝန်ယူခဲ့သူ Stacy Rodriguez က  သူတို့ ဟာ ပထမတော့ ခြင်တွေကို ရေမွှေးက ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာ ဆန့် ကျင်ဘက်ဖြစ်သွားခဲ့ တာကို တွေ့ မြင်ခဲ့ရတယ် လို့ ပြောပါတယ်။ “ Victoria’s Secret ရေမွှေးဆွတ်ထားတဲ့လူတစ်ယောက်ဆီကို ခြင်တွေမကပ်နိုင်ဘူးဆိုတာ တွေ့ ခဲ့ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခြင်တွေဟာ ဒီအနံ့ ကိုမခံနိုင်ပါဘူး။” လို့ Stacy က ရှင်းပြပါတယ်။
သင် အခုချက်ချင်း Victoria’s Secret ရေမွှေးတွေသွားမ၀ယ်ခင် တစ်ခု သတိပြုရမှာကတော့ ယခု စမ်းသပ်မှု မှာ အသုံးပြုခဲ့တဲ့ Victoria’s Secret ရေမွှေးဟာ တခြား ရနံ့ တူရေမွှေးတွေထက် ပါဝင်ပစ္စည်း ပိုများတာကြောင့် ပါဝင်ဒြပ်ပစ္စည်းနည်းတဲ့ရေမွှေးတွေမှာတော့ အကျိုးသက်ရောက်မှုမတူညီတာ ရှိကောင်းရှိနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနသမားတွေ ဟာ Victoria’s Secret ရေမွှေးတစ်ခုတည်းတင်မဟုတ်ဘဲ တခြားအလှကုန် ပစ္စည်းအများအပြားနဲ့ ခြင်နိုင်ဆေးတွေကို လက်မှာစွတ်ပြီး ခြင်တွေရဲ့ တုံ့ ပြန်ပုံကို စမ်းသပ်လေ့လာခဲ့ရာမှာ  Victoria’s Secret Bombshell ရေမွှေးက အထိရောက်ဆုံးဖြစ်ပြီး တစ်ခါ စွတ်ထားရင် ခြင်တွေကို နာရီပေါင်းများစွာ ပြေးစေနိုင်တယ်လို့ ဆိုပါတယ်။
Ref: yourtango 
http://www.trend.com.mm/2015/11/24/news-8168
..............................................................

Victoria’s Secret Bombshell ရေမွှးကျခင်နိုင်ဆေးအမ်ားစုထက်ျခင်တြေကို ပိျုေပးစေနိုင်
ye wint
အင်းဆက်လောကထဲမွာ သြေးစုပ္တတ်ျပီး၊ ရောဂါပိုးမွှားတြေကိုလည်း သယ်ဆောင္လာတတ္တျဲ့ခင်ဟာ မုန်းစရာ၊ကြောက္စရာ အေကာင်းဆုံးတစ်ကောင်ျဖစ္ပါတယ်။ ကျန်ြတ္တောို့ ဟာ ဒီအေကာင် သေးသေးလေးတြေရဲ့ ရန္က လြတ်အောင် ရွောင္ဖို့ နည်းလမ်းတြေအျမဲရွာနေရပါတယ်။ျခင္မကိုက်အောင် ကိုယ္မျွာခင္မကိုက္တဲ့ဆေးတြေ ဖ်န်းမယ့်အစား ပိုထိရောက္မယ့်နည်းလမ်းတစ္ခုကို သိပါသလား။ Victoria’s Secret Bombshell ရေမွှးကို သုံးကြည့်လိုက္ပါ။
အလွကုန္ပစ္စည်းတစ္ခုကျခင်တြေကိုျေပးနိုင္ပါ့မလားလို့ သင် ထင်ကောင်းထင္ပါလိမ့်မယ်။ ဒါပေမယ့် Journal of Insect Science မွာ ဖော်ျပထားတဲ့ ယခုလေ့လာမွုကို ဖတ်ကြည့်လိုက္ပါ။ New Mexico တက္ကသိုလ္က သုတေသနအဖြဲ့ တစ္ဖြဲ့ ရဲ့ လေ့လာမွုအရ မွှေးကြိုင်ျပီး ပန်းရနံ့ လေး သင်းနေတဲ့ Victoria’s Secret Bombshell ရေမွှးကျခင်နိုင်ဆေးတြေမွာအသုံျးပုထားတဲ့ ဓာတုပစ္စည်း N-Diethyl-meta-toluamide လောက် ထိရောက္မွု ရွိနေတာကို တြေ့ ရွိခဲ့ရပါတယ်။ DEET လို့ ခေါ်တဲ့ အဆိုပါဓာတုပစ္စည်းဟာ ကျန်ြတ္တောို့  က်န်းမာရေးကို ထိခိုက်စေနိုင်ပေမယ့် ရေမွှးကေတာ့ ထိခိုက္မွုမရွိပါဘူး။
သုတေသနလက်ထောက်အျဖစ် တာဝန်ယူခဲ့သူ Stacy Rodriguez က  သူတို့ ဟာ ပထမေတျာ့ခင်တြေကို ရေမွှးက ဆြဲဆောင်နိုင္လိမ့်မယ္လို့ ထင္ခဲ့ကြေပမယ့် တကယ္တမ်းမွာ ဆန့် က်င္ဘက်ျဖစ်ြသားခဲ့ တာကို တြေ့ျမင္ခဲ့ရတယ် လို့ျေပာပါတယ်။ “ Victoria’s Secret ရေမွှးဆြတ္ထားတဲ့လူတစ်ယောက္ဆီကျိုခင်တြေမကပ်နိုင္ဘူးဆိုတာ တြေ့ ခဲ့ရတာ တော်တ္စောိတ်ဝင္စားဖို့ ကောင်းပါတယ်။ျခင်တြေဟာ ဒီအနံ့ ကိုမခံနိုင္ပါဘူး။” လို့ Stacy က ရွင်ျးပပါတယ်။
သင် အခုခ်က္ခ်င်း Victoria’s Secret ရေမွှးတြေသြားမ၀ယ္ခင် တစ္ခု သတျိပုရမွာကေတာ့ ယခု စမ်းသပ္မွု မွာ အသုံျးပုခဲ့တဲ့ Victoria’s Secret ရေမွှးဟာ တျခား ရနံ့ တူရေမွှးတြေထက် ပါဝင္ပစ္စည်း ပိုမ်ားတာကြောင့် ပါဝင်ျဒပ္ပစ္စည်းနည်းတဲ့ရေမွှးတြေမွာတော့ အကိုးသက်ရောက္မွုမတူညီတာ ရွိကောင်းရွိနိုင္တယ္လို့ ဆိုပါတယ်။ သုတေသနသမားတြေ ဟာ Victoria’s Secret ရေမွှးတစ္ခုတည်းတင္မဟုတ္ဘဲ တျခားအလွကုန် ပစ္စည်းအမ်ားအျပားနဲ့ျခင်နိုင်ဆေးတြေကို လက္မွာစြတ်ျပီျးခင်တြေရဲ့ တုံ့ျပန္ပုံကို စမ်းသပ်လေ့လာခဲ့ရာမွာ  Victoria’s Secret Bombshell ရေမွှးက အထိရောက္ဆုံျးဖစ်ျပီး တစ္ခါ စြတ္ထားရင်ျခင်တြေကို နာရီပေါင်းမ်ားစြာျေပးစေနိုင္တယ္လို့ ဆိုပါတယ်။
Ref: yourtango 
http://www.trend.com.mm/2015/11/24/news-8168

No comments:

Post a Comment