Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

Sexy အျဖစ္ဆံုး ပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံခဲ့ရတာနဲ႔ ပတ္သက္ၿပီး နည္းနည္းရွက္တယ္ဆိုတဲ့ David Beckham

Saturday, November 21, 2015
ေဘာလံုးသမား ဘ၀ က အနားယူၿပီး သရုပ္ေဆာင္ တစ္ေယာက္ အျဖစ္ ေျပာင္းလဲ ရပ္တည္လာသူ David Beckham ဟာ သက္ရွိထင္ရွား Sexy အျဖစ္ဆံုး ပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ သူ႔အေနနဲ႔ ရွက္တယ္လို႔ ဆိုလာပါတယ္။
ဂႏၱ၀င္ ေဘာလံုးသမား ေဟာင္း David Beckham ဟာ People မဂၢဇင္း က သတ္မွတ္တဲ့ Sexy အျဖစ္ဆံုး ေယာက်ာၤးတစ္ေယာက္ ျဖစ္လာခဲ့ၿပီး တဲ့ေနာက္ ထို ဂုဏ္ပုဒ္နဲ႔ ပတ္သက္ၿပီး "သူဟာ ေဟာင္းႏြမ္းၿပီး သံုးမရသူတစ္ေယာက္" သာ ျဖစ္တယ္လို႔ ဟာသ ျပဳလုပ္ေျပာျပခဲ့ပါတယ္။
Instagram မွာ ေရးသားခဲ့ရာမွာေတာ့ David Beckham က "ကၽြန္ေတာ္ထင္တာေတာ့ ကၽြန္ေတာ္ဟာ ေဟာင္းႏြမ္းၿပီး သံုးမရေတာ့ပါဘူး ၊ ဒါေပမယ့္ People မဂၢဇင္း ကို အခုလို သတ္မွတ္မႈနဲ႔ ခ်ီးေျမွာက္မႈ အတြက္ ေက်းဇူးတင္ပါတယ္" လို႔ ေရးသားထားတာေတြ႕ရပါတယ္။ "ဒီလိုဆုေတြ ကို ရတဲ့အခ်ိန္မွာ ကၽြန္ေတာ္ နည္းနည္းရွက္ေနတယ္လို႔ အၿမဲတမ္းခံစားရပါတယ္။ ဒါေပမယ့္လည္း ဒါဟာ ကၽြန္ေတာ့္အေမ့ ကိုေတာ့ ေပ်ာ္ရႊင္ေစမွာပါ" လို႔လည္း David Beckham က ေျပာျပပါတယ္။
အသက္ ၁၆ ႏွစ္အရြယ္ Brooklyn Beckham ၊ အသက္ ၁၂ ႏွစ္အရြယ္ Romeo Beckham ၊ အသက္ ၁၀ ႏွစ္အရြယ္ Cruz Beckham နဲ႔ အသက္ ၄ ႏွစ္အရြယ္ Harper Beckham တို႔ရဲ႕ ဖခင္ျဖစ္သူ David Beckham ကေတာ့ သူ႔ရဲ႕ ကေလးေတြဟာ Sexy အျဖစ္ဆံုး အမ်ိဳးသား အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ သူ႕ကို ေနာက္ေျပာင္ၾကလိမ့္မယ္လို႔လည္း ဆိုပါတယ္။ "မနက္မိုးလင္းေတာ့ သူတို႔အေဖ ဘယ္လိုလူျဖစ္သြားလဲဆိုတာကို သိတဲ့အခါမွာ ကေလးေတြကေတာ့ ရယ္ၾကပါလိမ့္မယ္" လို႔ ဆိုပါတယ္။
People မဂၢဇင္းက သတ္မွတ္တဲ့ Sexy အျဖစ္ဆံုး ေယာက်ာၤးအျဖစ္ ၂၀၁၄ ခုႏွစ္မွာ Chris Hemsworth က ရရွိခဲ့ၿပီး ဒီႏွစ္မွာေတာ့ David Beckham က ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ ဒီဆုကိုေတာ့ အေမရိကန္ ရုပ္သံ အစီအစဥ္ေၾကညာသူ Jimmy Kimmel က ေၾကညာေပးခဲ့တာပဲ ျဖစ္ပါတယ္။
Ref:mirror.co.uk
Trend Myanmar
...............
Sexy အဖြစ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး နည်းနည်းရှက်တယ်ဆိုတဲ့ David Beckham
Saturday, November 21, 2015
ဘောလုံးသမား ဘဝ က အနားယူပြီး သရုပ်ဆောင် တစ်ယောက် အဖြစ် ပြောင်းလဲ ရပ်တည်လာသူ David Beckham ဟာ သက်ရှိထင်ရှား Sexy အဖြစ်ဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် သူ့အနေနဲ့ ရှက်တယ်လို့ ဆိုလာပါတယ်။
ဂန္တဝင် ဘောလုံးသမား ဟောင်း David Beckham ဟာ People မဂ္ဂဇင်း က သတ်မှတ်တဲ့ Sexy အဖြစ်ဆုံး ယောကျာင်္းတစ်ယောက် ဖြစ်လာခဲ့ပြီး တဲ့နောက် ထို ဂုဏ်ပုဒ်နဲ့ ပတ်သက်ပြီး "သူဟာ ဟောင်းနွမ်းပြီး သုံးမရသူတစ်ယောက်" သာ ဖြစ်တယ်လို့ ဟာသ ပြုလုပ်ပြောပြခဲ့ပါတယ်။
Instagram မှာ ရေးသားခဲ့ရာမှာတော့ David Beckham က "ကျွန်တော်ထင်တာတော့ ကျွန်တော်ဟာ ဟောင်းနွမ်းပြီး သုံးမရတော့ပါဘူး ၊ ဒါပေမယ့် People မဂ္ဂဇင်း ကို အခုလို သတ်မှတ်မှုနဲ့ ချီးမြှောက်မှု အတွက် ကျေးဇူးတင်ပါတယ်" လို့ ရေးသားထားတာတွေ့ရပါတယ်။ "ဒီလိုဆုတွေ ကို ရတဲ့အချိန်မှာ ကျွန်တော် နည်းနည်းရှက်နေတယ်လို့ အမြဲတမ်းခံစားရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကျွန်တော့်အမေ့ ကိုတော့ ပျော်ရွှင်စေမှာပါ" လို့လည်း David Beckham က ပြောပြပါတယ်။
အသက် ၁၆ နှစ်အရွယ် Brooklyn Beckham ၊ အသက် ၁၂ နှစ်အရွယ် Romeo Beckham ၊ အသက် ၁၀ နှစ်အရွယ် Cruz Beckham နဲ့ အသက် ၄ နှစ်အရွယ် Harper Beckham တို့ရဲ့ ဖခင်ဖြစ်သူ David Beckham ကတော့ သူ့ရဲ့ ကလေးတွေဟာ Sexy အဖြစ်ဆုံး အမျိုးသား အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ သူ့ကို နောက်ပြောင်ကြလိမ့်မယ်လို့လည်း ဆိုပါတယ်။ "မနက်မိုးလင်းတော့ သူတို့အဖေ ဘယ်လိုလူဖြစ်သွားလဲဆိုတာကို သိတဲ့အခါမှာ ကလေးတွေကတော့ ရယ်ကြပါလိမ့်မယ်" လို့ ဆိုပါတယ်။
People မဂ္ဂဇင်းက သတ်မှတ်တဲ့ Sexy အဖြစ်ဆုံး ယောကျာင်္းအဖြစ် ၂၀၁၄ ခုနှစ်မှာ Chris Hemsworth က ရရှိခဲ့ပြီး ဒီနှစ်မှာတော့ David Beckham က ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဆုကိုတော့ အမေရိကန် ရုပ်သံ အစီအစဉ်ကြေညာသူ Jimmy Kimmel က ကြေညာပေးခဲ့တာပဲ ဖြစ်ပါတယ်။
Ref:mirror.co.uk
Trend Myanmar

No comments:

Post a Comment