Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 21, 2015

Cash Flow Quadrant မိတ်ဆွေသင်ဘယ်မှာနေသလည်း

မိတ်ဆွေသင်ဘယ်မှာနေသလည်း
ဒီလေးကွက်ကျားဇယားလေးကိုကမ္ဘာကျော်ခေတ်သစ်စီးပွားရေးပညာ ရှင်ကြီး
ရောဘတ်တီကီယိုစကီကရေးသားခဲ့တာပါ။
ရောဘတ်တီကီယိုစကီဆိုတာက ကမ္ဘာပေါ်မှာbest sellerစာရေးဆရာကြီးအမေရိကန်မှာno1
လူကြိုက်အများဆုံး Rich Dad Poor Dadကိုရေးသားခဲ့တဲ့သန်းကြွယ်သူဌေးကြီးပါ။
ဒီဇယားလေးကိုcash flow quadrantလို့ခေါ်ပါတယ်။
လူတစ်ယောက်ရဲ့အလုပ်အကိုင်နဲ့ဝင်ငွေဘ၀လွတ်မြောက်မှုတန်ဖိုး ကိုလမ်းညွှန်ပြပါတယ်။
မိတ်ဆွေဘယ်မှာနေသလည်းသိဖိုကူညီပါလိမ့်မယ်။
Eဆိုတာemployeeခေါ်တဲ့ဝန်ထမ်း/အလုပ်သမားပါ။
Sဆိုတာself-employedကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်သူ။
Bကတော့bussiness ownerတွေပေါ့။
ဝန်ထမ်းပေါင်းများစွာနဲ့passive incomeရနေသူ။
Iကတော့investor ငွေကိုမိမိအတွက်ခိုင်းစားနေသူတွေ။
အမျိုးမျိုးသောရင်းနှီးမြုပ်နှံနေသူတွေပေါ့။
Eအကန့်(နိုင်ငံ့/company၀န်ထမ်း)
များသောအားဖြင့်လူတွေကEထဲမှာနေကြပါတယ်။ပညာသင်အလုပ်ရှာ လစာယူအိမ်ထောင်ပြုပင်စင်စားသေဆုံးဆိုတဲ့ဘ၀ပေါ့။ ပညာရေးစနစ်ယဉ်ကျေးမှုအရလူတော်တော်များများEထဲအလိုလိုရောက်ကုန်ပါတယ်။ Eအကန့်ရဲ့ဘ၀တန်ဖိုးကလုံခြုံစိတ်ချမှုကိုရှာတာပါ။အလုပ်တစ်ခုလုပ်မယ်လစာရမယ်။ဒါကသူ့အတွက်ဘ၀အာမခံချက်ပါပဲ။ သင်ဟာရုံးတစ်ခုမှာအမြင့်ဆုံးရာထူးရချင်ရမယ်။ဒါပေမယ့်သင့်ဘ၀ခံယူချက်က ရုံးစောင့်တစ်ယောက်ရဲ့ခံယူချက်နဲ့တူတူပါပဲ။လစာသာမတူတာဘ၀အာမခံချက်ရှိတယ်ဆိုတဲ့ခံယူချက်ကတူတူပါပဲ။ဒါသင့်Comfortပါပဲ။ ကျေနပ်မှု။ သင့်ကိုတယောက်ယောက်ကS/Bဖြစ်ဖို့လာပြောမယ်ဆိုရင်။သင်ပြောမယ်ဒါဟာမသေချာတဲ့စွန့်စားမှုပါလို့။
Sအကန့်(ပညာရှင်။အသေးစားလုပ်ငန်းရှင်)
ဒီအကန့်ကတော့Eထက်မြင့်ပါတယ်။ငွေပိုရမယ်။အထိုက်အလျှောက်စိတ်လွတ်လပ်မယ်။ဒီထဲမှာကိုယ်ပိုင်ဆိုင်တည်သူ အလုပ်ရုံပိုင်သူ။ပွဲစားလုပ်သူ။အနုပညာသည်လုပ်သူကနေဆေးခန်းထိုင်တဲ့ဆရာဝန်အမှုလိုက်တဲ့ရှေ့နေကန်ထရိုက်ယူတဲ့အင်ဂျင်နီယာ စသဖြင့်ပါပါတယ်။သူတို့မှာအလုပ်ရှင်မရှိပါဘူးသူတို့ကိုယ်တိုင်ဘောစ့်သူတို့ကိုယ်တိုင်ဝန်ထမ်းပါ။ အလုပ်လုပ်ရင်ငွေရမယ်မလုပ်တဲ့နေ့မရဘူးနားချင်ရင်နားမယ်။မနားရင်အလုပ်လုပ်မယ်။Sမှာကိုယ်ပိုင်ဘ၀မရှိပါဘူးအလုပ်ကသူ့ဘ၀ကိုပိုင်ပါတယ်။ Sတန်ဖိုးကfreedomပါပဲ။အများစုကကိုယ့်လှေကိုယ်ထိုးပဲခူးရောက်ရောက်တွေပါ။သူ့နယ်ပယ်တခုစီမှာတော့သူအတော်ဆုံးဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ့ဘ၀သူပိုင်တယ်ထင်နေပါလိမ့်မယ်။ဒါသူ့Comfortပါပဲ။ Eနဲ့Sနှစ်မျိုးဟာငွေကြေးဆိုင်ရာလွတ်မြောက်မှုအချိန်လွတ်မြောက်မှုမရှိပါဘူး။
Bအကန့်(လုပ်ငန်းရှင်)
လုပ်ငန်းကြီးတွေပိုင်ဆိုင်သူပေါ့။အရင်းအနှီးအများကြီးထုတ်နိုင်သူ။ဝမ်ထမ်းအများကြီးရှိသူပြိုင်ဘက်အများကြီးရှိသူ အမြတ်အများကြီးရသူဆုံးရှုံးမှုရှိရင်လည်းအများကြီးဆုံးရှုံးသူ။Bအကန့်ကသူကဘယ်တော့မှအလုပ်မထုတ်ခံရပါဘူး။ Bရဲ့တန်ဖိုးကအကောင်းဆုံးတွေကိုပိုင်ဆိုင်တာပါပဲ။ချမ်းသာကြွယ်ဝမှုကိုအဓိကတည်ဆောက်တယ်။လူအများနဲ့လက်တွဲလုပ်နိုင်တယ်။ Sသမားကသူ့နယ်ပယ်မှာအတော်ဆုံးဖြစ်ပေမယ့်Bသမားကအတော်ဆုံးတွေကိုအသုံးချနိုင်ပါတယ်။ သင်ဟာBဆိုရင်တော့သင့်ထက်တော်သူတွေနဲ့လက်တွဲလုပ်ရမှာပါ။ Bအားသာချက်ကသူ့အလုပ်ကိုထားခဲ့လည်းဝင်ငွေရနေမှာပါပဲ။ Sကမလုပ်ရင်မရဘူးBကမလုပ်လည်းရတယ်။သင့်ကိုယ်သင်BလားSလားသေချာမဝေခွဲနိုင်ရင် အလုပ်မလုပ်ပဲ၆လလောက်နေကြည့်ပါကွဲပြားသွားပါလိမ့်မယ်။
Iအကန့်(ရင်းနှီးမြှုပ်နှံမှု)
ငွေကိုမိမိအတွက်အလုပ်လုပ်ခိုင်းသူတွေပါ။အရမ်းအဆင့်မြင့်ပါတယ်။ Iတန်ဖိုးကတော့ငွေကြေးအရလွတ်မြောက်မှုပါပဲ။ရင်းနှီးမြှုပ်နှံမှုကနေအမြတ်ဘယ်လောက်ပြန်ရသလည်းပဲသူတို့တွေးပါတယ်။ သူတို့ဟာဘယ်လိုစီးပွားရေးမဆိုအရင်းနှီးထည့်ကြပါတယ်။
Bနဲ့lကpassive incomeလှည့်ကြည့်စရာမလိုအောင်ရကြပါတယ်။ ငွေကြေးလွတ်မြောက်မှုအချိန်လွတ်မြောက်မှုရကြပါတယ်။ Bမှာလုပ်ငန်းဆုံးရှုံးမှုကြောင့်ဒေဝါလီခံရနိုင်ပေမယ့်Iမှာတော့မရှိပါဘူး ။
Bကချမ်းသာကြွယ်ဝမှုတည်ဆောက်ခြင်းပါ။ Iကတော့စီးပွားရေးလွတ်မြောက်ခြင်းပါ။
Sကလွတ်လပ်မှု ။
Eကတော့စိတ်ချလုံခြုံမှု။
မိတ်ဆွေသင်ဘယ်မှာနေသလည်း။
နေရာကောင်းရကြပါစေ။

ကိုယ်ပိုင် ကွန်ယက် စီးပွားရေး 
ဘယ်လို ချမ်းသာအောင်လုပ်ကြမလည်း?

သင်တစ်ယောက်တည်း အလုပ်ကပေးအပ်တဲ့တာဝန်ကို ကျားကုတ်ကျားခဲနေ့မအိပ်ညမအိပ်ကြိုးစားနေရုံနဲ့ လူချမ်းသာတစ်ယောက်မဖြစ်နိုင်ပါဘူး။
သင်က တစ်လကို ၀င်ငွေ ၁၀ သိန်းရှိတယ်ဆိုရင် တစ်လကို ၃ သိန်းလောက်တော့စုကောင်းစုမိပါလိမ့်မယ်။
တစ်လ ၃သိန်းနှုန်းနဲ့ အနှစ် ၄၀ လောက် အဘိုးကြီး၊ အဘွားကြီးဖြစ်တဲ့အချိန် အထိမှန်မှန်စုနိုင်တဲ့အခါမှ သိန်းပေါင်း ၁၄၄၀ လောက်စုမိပါလိမ့်မယ်။
ဒါပေမယ့်ကိုယ် အသက် ၆၀ ကျော်လောက်ရောက်တဲ့အချိန်မှာ ငွေကြေးဖောင်းပွတာနဲ့ ပါထည့်တွက်မယ်ဆိုရင် သိန်းပေါင်း ၁၄၀၀ ကျော်လောက်ဟာ သိန်း ၆၀၀ ၀န်းကျင်လောက်ပဲတန်ဖိုးရှိတော့မှာပါ။
နှစ်ပေါင်း ၄၀ လောက် သေကြေအောင်လုပ်ပြီး မှန်မှန်စုတာတောင် ဒီလောက်လေးပဲရမယ်ဆိုရင်တော့ သိပ်ဟန်မကျသေးဘူးလို့ပြောရမှာပဲ။
ထပ်ပြောပါရစေဦး။ သင်ကတစ်နေ့ကို ၈နာရီနှုန်းနဲ့ နှစ်ပေါင်း၄၀ အလုပ်လုပ်တာဟာနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီလောက်အလုပ်လုပ်ခဲ့တဲ့အဓိပါယ်ပါပဲ။

တစ်ကယ်လို့များလူပေါင်း ၄၀ လောက်ကတစ်နေ့ကို ၈ နာရီနှုန်းနဲ့ဝိုင်းပြီး ကိုယ့်အတွက်အလုပ်လုပ်ကြမယ်ဆိုရင်ကိုယ် နှစ်ပေါင်း ၄၀ လောက်ဖြတ်သန်းပြီး လုပ်ရမယ့်အချိန်တွေနဲ့ ရရှိမယ့် ချမ်းသာကြွယ်ဝမှုက ဘယ်လိုဖြစ်မယ်ထင်သလဲ????

ကျိန်းသေတာကတော့ အနှစ်၄၀လောက် ကိုယ်တစ်ယောက်တည်းလုပ်ရတဲ့ လုပ်အားနာရီပေါင်း ၃,၅၀၄,၀၀၀ နာရီဟာ လူ၄၀၀ိုင်းလုပ်တဲ့အခါ ၁နှစ်ပဲကြာပါလိမ့်မယ်။

နှစ်ပေါင်း၄၀ရှာရတဲ့ ငွေကြေးပမာဏကိုနှစ်အနည်းငယ်အတွင်းရှာနိုင်ပါလိမ့်မယ်။

ဥပမာတစ်ခုပေးပါရစေ… တန်ချိန်နဲ့ချီတဲ့ကျောက်တုံးကြီးတစ်တုံးကို လူတစ်ယောက်အနေနဲ့ ရွှေ့အောင်
တွန်းဖို့ဖြစ်နိုင်သလားဆိုရင် အဖြေကတော့…ဘယ်လိုမှမဖြစ်နိုင်ပါဘူး.. ခက်ခဲပါလိမ့်မယ်…
ဒါပေမယ့်ကျောက်တုံးကြီးနဲ့ လူနဲ့အကြားမှာ သစ်သားတုံးတစ်တုံးခံလိုက်ပါ။
ပြီးတော့တုတ်တစ်ချောင်းနဲ့ကလန့်ပြီး အားစိုက်ဖိချလိုက်တဲ့အခါ အောက်ကထောက်ပံ့ပေးတဲ့သစ်သားတုံးကို ခုတုံးလုပ်ပြီး ဖိချလိုက်တဲ့တုတ်တံရဲ့ ကုတ်အားကြောင့်လေးလံလှတဲ့ ကျောက်တုံးကြီးကို အလွယ်တကူရွှေ့နိုင်ပါတယ်… သည်နေရာမှာ အောက်ကသစ်သားတုံးကို အလုပ်တစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ စနစ်တစ်ခုလို့သတ်မှတ်ပါ။ ကလန့် လိုက်တဲ့တုတ်တံကို ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ အရည်အချင်းကောင်းတွေလို့သတ်မှတ်ပါ။
အဓိပ္ပာယ်က ဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ။ Leverage Power လို့ခေါ်တဲ့ကုတ်အားကို အသုံးပြုမယ်ဆိုရင် သင်မရွှေ့နိုင်တဲ့အရာဆိုတာမရှိနိုင်တော့ပါဘူး။
တစ်ယောက်တည်းရဲ့ လုပ်အားဟာ အလွန်အင်အားနည်းပါးပါတယ်။
သင့်အတွက်လူအများရဲ့ လုပ်အားကိုတစ်ပြိုင်တည်း အသုံးချနိုင်အောင်ကြိုးစားပါ။
သင့်မှာလိုအပ်တာ လုပ်ငန်းတစ်ခုထူထောင်ဖို့ အမှားနည်းတဲ့ စနစ်(System)တစ်ခုနဲ့ ကိုယ်ရည်ကိုယ်သွေးပြည့်မီအောင် တည်ဆောက်ထားနိုင်ဖို့ပါပဲ။
အကြမ်းဖျင်းအားဖြင့်(ကုတ်အား) Leverage Form ခုနှစ်မျိုးရှိပါတယ်။
Leverage Point လို့လည်းပြောကြပါတယ်။

1.OPM – Other People’s Money (သူများရဲ့ပိုက်ဆံ)
2.OPT – Other People’s Time (သူများရဲ့အချိန် )
3.OPW – Other People’s Work (သူများရဲ့လုပ်အား)
4.OPE – Other People’s Experience (သူများရဲ့အတွေ့အကြုံ)
5.OPI – Other People's Ideas (သူများရဲ့အကြံဥာဏ်)
6.SPD – Scalable Production and Distribution (နေရာတိုင်းရောက်နိုင်တဲ့ထုတ်ကုန်)
7.SCB – Scalable Customer Base (လူတိုင်းဆီရောက်နိုင်ဖို့ ပြုလုပ်ခြင်း)

ဒါတွေကခုနကပြောတဲ့ ကုတ်အားတွေကို အသုံးပြုရမယ့် Leverage Point ပါပဲ။

ဒါတွေကို သင်ကောင်းကောင်းအသုံးချနိုင်ရင်သင် လူချမ်းသာတစ်ယောက်လုပ်လို့ရပါပြီ။
အခုပတ်ဝန်းကျင်မှာ ချမ်းသာနေတဲ့သူဌေးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်တွေကိုကြည့်ပါ။ သူတို့က စဉ်းစားတွေးခေါ်တဲ့အလုပ်လုပ်ပါတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အလုပ်လုပ်ပါတယ်။
တစ်ချို့ဆိုရင် အဲ့ဒါတွေတောင်မလုပ်ပါဘူး။ သူများ ပိုက်ဆံတွေနဲ့ အလုပ်လုပ်တယ်။ ၀န်ထမ်းတွေရဲ့ အချိန်တွေကိုဝယ်တယ်။ ၀န်ထမ်းတွေရဲ့ အတွေ့အကြုံကောင်းတွေကို အသုံးပြုပြီးသူတို့ကိုယ်တိုင်က သူဌေးလုပ်ပါတယ်။ သင်ရောသူတို့လိုမဖြစ်နိုင်ဘူးလားဆိုရင် အဖြေက အရမ်းကြီးကိုဖြစ်နိုင်ပါတယ်။
ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပြည့်ဝဖို့ထိုက်သင့်တဲ့ သင်ယူလေ့လာဖို့အချိန်တော့ လိုအပ်တာပေါ့။ မိတ်ဆွေတို့အတွက် အတွေးအမြင်သစ်တွေရစေချင်လို့ ကျွန်တော် ဖတ်ဖူးတာလေး Sharing ပြန်လုပ်ပေးတာပါ။ မိတ်ဆွေတို့အနေနဲ့ စိတ်ဝင်စားမယ်ဆိုရင်လဲ ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ — feeling hopeful.

No comments:

Post a Comment