Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

ဆီးရီးယားဒုကၡသည္ေတြ လက္ခံဖို႔ ကန္႔ကြက္မႈ Obama ေ၀ဖန္


 ဆီးရီးယားကဒုကၡသည္ေတြကို အေမရိကန္မွာ အေျခခ်ေနထိုင္ခြင့္ေပးမယ့္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ဆန္႔က်င္ၾကတဲ့ အေမရိကန္ ႏိုင္ငံေရးသမားေတြကို သမၼတ Barack Obama က ေ၀ဖန္လိုက္ၿပီးေတာ့ သူတို႔ရဲ႕ ေျပာဆိုမႈေတြဟာ အေမရိကန္ရဲ႕ စံတန္ဖိုးနဲ႔ ဆန္႔က်င္ေနသလို IS အၾကမ္းဖက္သမားအဖြဲ႔ရဲ႕ လူသစ္စုေစာင္းဖို႔ အခ်က္ျဖစ္လာႏိုင္တယ္လို႔လည္း ဆိုပါတယ္။ ဗီြအိုေအ အိမ္ျဖဴေတာ္ သတင္းေထာက္ Mary Alice Salinas ရဲ႕ မနီလာၿမိဳ႕ကေန သတင္းေပးပို႔ထားတာကို ရွားေဖာင္က တင္ျပထားပါတယ္။

ပဲရစ္ၿမိဳ႕ တိုက္ခိုက္ခံရၿပီးေနာက္ပိုင္းမွာပဲ ဆီးရီးယားဒုကၡသည္ေတြ  အေမရိကန္မွာ အေျခခ် ေနထိုင္ခြင့္ျပဳမယ့္ အစီအစဥ္ကို လံုး၀ ရပ္တန္႔ဖို႔ ဒါမွမဟုတ္ ခရစ္ယာန္ ဒုကၡသည္ေတြကိုပဲ အေျခခ် ေနထိုင္ခြင့္ျပဳဖို႔ အေမရိကန္ ရီပတ္ဘလစ္ကန္ ႏုိင္ငံေရးသမားတခ်ိဳ႕က ေျပာဆုိလာေနၾကပါတယ္။

ဒီလိုလုပ္ေဆာင္ျခင္းေၾကာင့္ အၾကမ္းဖက္သမားေတြ အေမရိကန္ႏိုင္ငံထဲ မ၀င္ႏိုင္ေအာင္ ကာကြယ္ႏိုင္မွာ ျဖစ္တယ္လို႔ ရီပတ္ဘလစ္ကန္ ႏိုင္ငံေရးသမားေတြက ျငင္းခ်က္ထုတ္ေျပာပါတယ္။

သမၼတ အိုဘားမားကေတာ့ ဒီအယူအဆကို ႐ႈတ္ခ်လိုက္ပါတယ္။

“အၾကမ္းဖက္ တိုက္ခိုက္မႈတခုကို တံု႔ျပန္တဲ့အခါ က်ေနာ္တုိ႔ဟာ အေၾကာက္တရားေတြ၊ ထိတ္လန္႔မႈေတြနဲ႔ နည္းမွန္လမ္းမွန္ မတံု႔ျပန္ႏုိင္ၾကပါဘူး။”

ဒီတပတ္ မနီလာၿမိဳ႕မွာ က်င္းပေနတဲ့ APEC ေခၚ အာရွ-ပစိဖိတ္ စီးပြားေရး ပူးေပါင္းေဆာင္ရြက္ေရး ထိပ္သီးညီလာခံကို တက္ေရာက္ေနခ်ိန္အတြင္းမွာပဲ သမၼတ အုိဘားမားက အခု ေျပာသြားတာ ျဖစ္ပါတယ္။

ဥေရာပမွာ ဒုကၡသည္ေတြကို အေျခခ်ေနထိုင္ခြင့္ ေပးတာဟာ လံုၿခံဳေရးအတြက္ အႏၱရာယ္ ျဖစ္ေစမလားဆိုတဲ့ ေဆြးေႏြးမႈေတြေၾကာင့္ ဆီးရီးယား ဒုကၡသည္ ၁ ေသာင္းကို လက္ခံမယ့္ အေမရိကန္ရဲ႕ အစီအစဥ္ကို အေခ်အတင္ ေျပာဆိုေနၾကတာ ျဖစ္ပါတယ္။

အေမရိကန္ အုပ္ခ်ဳပ္ေရးမွဴး ၂ ဒါဇင္ေက်ာ္ကလည္း ဆီးရီးယားက ဒုကၡသည္ေတြကို သူတို႔ရဲ႕ ျပည္နယ္ေတြမွာ အေျခခ်ေနထိုင္ခြင့္ တားျမစ္ဖို႔ စီစဥ္ေနတယ္လို႔ အရိပ္အေယာင္ ျပေနပါတယ္။ အေမရိကန္ ျပည္ေထာင္စုထဲကို ၀င္လာမယ့္ ဆီးရီးယား မူဆလင္ဒုကၡသည္ေတြကို တားျဖစ္မယ့္ ဥပေဒတရပ္ကို အဆိုျပဳဖို႔ စီစဥ္ေနတယ္လို႔ Texas ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Ted Cruz ကေတာ့ ေျပာပါတယ္။

“ဒုကၡသည္ေတြကို လက္ခံဖို႔ လံုၿခံဳေရး စိုးရိမ္ပူပန္မႈေတြရွိေနတာေၾကာင့္ အေမရိကန္ျပည္ေထာင္စုကုိ လာေရာက္ၾကမယ့္ ဒုကၡသည္အားလုံးတုိ႔ကုိ အမ်ဳိးသား အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဌာန၊ FBI အၾကမ္းဖက္သမား စိစစ္ေရးဌာ၊ အမိေျမ လုံၿခံဳေရးဌာနနဲ႔ အေမရိကန္ ကာကြယ္ေရးဌာနတုိ႔က အဆင့္အျမင့္ဆုံး လုံၿခံဳေရး စစ္ေဆးမႈေတြကုိ ျပဳလုပ္ေနပါတယ္။”

အခုလုိ စိစစ္မႈေတြ ျပဳလုပ္ၿပီးမွာ ျမန္မာႏိုင္ငံက ႐ုိဟင္ဂ်ာေတြ အပါအ၀င္ ဒုကၡသည္ေတြအျဖစ္ လက္ခံႏုိင္မယ့္သူေတြကုိ ႏုိင္ငံတြင္း ၀င္ေရာက္ခြင့္ျပဳခဲ့တာ ျဖစ္တယ္လုိ႔ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

အေမရိကန္ႏိုင္ငံဟာ ျမန္မာႏိုင္ငံကလာတဲ့ ဒုကၡသည္ေတြကို ၂၀၀၁ ခုႏွစ္ကတည္းက အလံုးအရင္းနဲ႔ စတင္လက္ခံခဲ့တာျဖစ္ၿပီးေတာ့ အခုဆိုရင္ ႐ိုဟင္ဂ်ာ ဒုကၡသည္ အပါအ၀င္ အေမရိကန္ကို ေရာက္ေနတဲ့ ျမန္မာဒုကၡသည္ ၁ သိန္းေက်ာ္ ရွိသြားၿပီ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံက ႐ုိဟင္ဂ်ာေတြကုိ လက္ခံခဲ့ရာမွာေတာ့ ၂၀၁၅ ခုႏွစ္အတြက္ ႐ုိဟင္ဂ်ာဒုကၡသည္ေပါင္း ၂,၅၇၃ ဦးကုိ လက္ခံခ့ဲတယ္လုိ႔ အေမရိကန္ ႏုိင္ငံျခားေရးဌာနရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရွားေဖာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

........................................................

ဆီးရီးယားဒုက္ခသည်တွေ လက်ခံဖို့ ကန့်ကွက်မှု Obama ဝေဖန်


 ဆီးရီးယားကဒုက္ခသည်တွေကို အမေရိကန်မှာ အခြေချနေထိုင်ခွင့်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန့်ကျင်ကြတဲ့ အမေရိကန် နိုင်ငံရေးသမားတွေကို သမ္မတ Barack Obama က ဝေဖန်လိုက်ပြီးတော့ သူတို့ရဲ့ ပြောဆိုမှုတွေဟာ အမေရိကန်ရဲ့ စံတန်ဖိုးနဲ့ ဆန့်ကျင်နေသလို IS အကြမ်းဖက်သမားအဖွဲ့ရဲ့ လူသစ်စုစောင်းဖို့ အချက်ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် Mary Alice Salinas ရဲ့ မနီလာမြို့ကနေ သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာပဲ ဆီးရီးယားဒုက္ခသည်တွေ  အမေရိကန်မှာ အခြေချ နေထိုင်ခွင့်ပြုမယ့် အစီအစဉ်ကို လုံးဝ ရပ်တန့်ဖို့ ဒါမှမဟုတ် ခရစ်ယာန် ဒုက္ခသည်တွေကိုပဲ အခြေချ နေထိုင်ခွင့်ပြုဖို့ အမေရိကန် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတချို့က ပြောဆိုလာနေကြပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းကြောင့် အကြမ်းဖက်သမားတွေ အမေရိကန်နိုင်ငံထဲ မဝင်နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတွေက ငြင်းချက်ထုတ်ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ ဒီအယူအဆကို ရှုတ်ချလိုက်ပါတယ်။

“အကြမ်းဖက် တိုက်ခိုက်မှုတခုကို တုံ့ပြန်တဲ့အခါ ကျနော်တို့ဟာ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေနဲ့ နည်းမှန်လမ်းမှန် မတုံ့ပြန်နိုင်ကြပါဘူး။”

ဒီတပတ် မနီလာမြို့မှာ ကျင်းပနေတဲ့ APEC ခေါ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံကို တက်ရောက်နေချိန်အတွင်းမှာပဲ သမ္မတ အိုဘားမားက အခု ပြောသွားတာ ဖြစ်ပါတယ်။

ဥရောပမှာ ဒုက္ခသည်တွေကို အခြေချနေထိုင်ခွင့် ပေးတာဟာ လုံခြုံရေးအတွက် အန္တရာယ် ဖြစ်စေမလားဆိုတဲ့ ဆွေးနွေးမှုတွေကြောင့် ဆီးရီးယား ဒုက္ခသည် ၁ သောင်းကို လက်ခံမယ့် အမေရိကန်ရဲ့ အစီအစဉ်ကို အချေအတင် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

အမေရိကန် အုပ်ချုပ်ရေးမှူး ၂ ဒါဇင်ကျော်ကလည်း ဆီးရီးယားက ဒုက္ခသည်တွေကို သူတို့ရဲ့ ပြည်နယ်တွေမှာ အခြေချနေထိုင်ခွင့် တားမြစ်ဖို့ စီစဉ်နေတယ်လို့ အရိပ်အယောင် ပြနေပါတယ်။ အမေရိကန် ပြည်ထောင်စုထဲကို ၀င်လာမယ့် ဆီးရီးယား မူဆလင်ဒုက္ခသည်တွေကို တားဖြစ်မယ့် ဥပဒေတရပ်ကို အဆိုပြုဖို့ စီစဉ်နေတယ်လို့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကတော့ ပြောပါတယ်။

“ဒုက္ခသည်တွေကို လက်ခံဖို့ လုံခြံုရေး စိုးရိမ်ပူပန်မှုတွေရှိနေတာကြောင့် အမေရိကန်ပြည်ထောင်စုကို လာရောက်ကြမယ့် ဒုက္ခသည်အားလုံးတို့ကို အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန၊ FBI အကြမ်းဖက်သမား စိစစ်ရေးဌာ၊ အမိမြေ လုံခြံုရေးဌာနနဲ့ အမေရိကန် ကာကွယ်ရေးဌာနတို့က အဆင့်အမြင့်ဆုံး လုံခြံုရေး စစ်ဆေးမှုတွေကို ပြုလုပ်နေပါတယ်။”

အခုလို စိစစ်မှုတွေ ပြုလုပ်ပြီးမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပါအဝင် ဒုက္ခသည်တွေအဖြစ် လက်ခံနိုင်မယ့်သူတွေကို နိုင်ငံတွင်း ၀င်ရောက်ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေကို ၂၀၀၁ ခုနှစ်ကတည်းက အလုံးအရင်းနဲ့ စတင်လက်ခံခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် ရိုဟင်ဂျာ ဒုက္ခသည် အပါအဝင် အမေရိကန်ကို ရောက်နေတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို လက်ခံခဲ့ရာမှာတော့ ၂၀၁၅ ခုနှစ်အတွက် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၂,၅၇၃ ဦးကို လက်ခံခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှားဖောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment