Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

Mr.Bean (သို႔) မင္းသားႀကီး Rowan Atkinson ရဲ႕ လက္ရွိအခ်စ္ေရး


Mr.Bean လို႔ လူတိုင္းသိထားၾကတဲ့ ၿဗိတိန္ မင္းသားႀကီး Rowan Atkinson ဟာ သူ႔ထက္ အသက္ထက္၀က္ေလာက္ငယ္တဲ့ ခ်စ္သူ ေကာင္မေလး အသစ္ Louise Ford နဲ႔အတူ ေန႔လည္စာ အတူသြားစားခဲ့တယ္လို႔ သိရပါတယ္။

သူတို႔ စံုတြဲဟာ ၂၀၁၂ ခုႏွစ္တုန္းက West End ဆိုတဲ့ ျပဇာတ္မွာ အတူသရုပ္ေဆာင္ခဲ့ၾကၿပီးတဲ့ေနာက္ စတင္ေတြ႕ဆံုခဲ့ၾကတာပဲ ျဖစ္ပါတယ္။

အခုထြက္ေပၚလာတဲ့ ဓါတ္ပံုေတြထဲမွာလည္း အသက္ ၆၀ ႏွစ္အရြယ္ မင္းသားႀကီး Rowan Atkinson ဟာ သူ႔ရဲ႕ခ်စ္သူ အသက္ ၃၂ ႏွစ္အရြယ္ Louise Ford ရဲ႕ လက္ကိုကိုင္ဆြဲကာ ၂ ေယာက္လံုး ေပ်ာ္ရႊင္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားရပံုေပၚပါတယ္။

ပိုင္ဆိုင္မႈ ပမာဏ စတာလင္ေပါင္ သန္း ၇၀ ေလာက္ ၾကြယ္၀ခ်မ္းသာတဲ့ Rowan Atkinson ဟာ အိမ္ေထာင္သက္ ၂၃ ႏွစ္ေက်ာ္ရွိခဲ့တဲ့ ဇနီးသည္ Sunetra Sastry နဲ႔ ကြာရွင္း ျပတ္စဲ အၿပီး မႏွစ္က ဧၿပီလမွာမွ Louise Ford နဲ႔အတူ ပထမဆံုး ဓါတ္ပံုတြဲရိုက္ခဲ့တာ ျဖစ္ပါတယ္။ Rowan နဲ႔ Sunetra တို႔ဟာ သမီးေလး Lily နဲ႔ သားေလး Benjamin တို႔ရဲ႕ မိဘေတြပဲ ျဖစ္ၾကပါတယ္။

အႏုပညာ လႈပ္ရွားမႈေတြအေနနဲ႔ကေတာ့ Rowan Atkinson ဟာ ေနာက္ႏွစ္မွာ David Copperfield ဇာတ္လမ္းရဲ႕ Micawber ဆိုတဲ့ ဇာတ္ေကာင္အျဖစ္ Kevin McNally ၊ Phyllis Logan တို႔နဲ႔ အတူ သရုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ သူဟာ ေဆးတံ ေသာက္တဲ့ ျပင္သစ္ စံုေထာက္ Jules Maigret အျဖစ္လည္း ITV ရုပ္သံလိုင္းရဲ႕ ဇာတ္လမ္းတြဲမွာ ပါ၀င္ သရုပ္ေဆာင္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror

...................................

Mr.Bean (သို့) မင်းသားကြီး Rowan Atkinson ရဲ့ လက်ရှိအချစ်ရေး


Mr.Bean လို့ လူတိုင်းသိထားကြတဲ့ ဗြိတိန် မင်းသားကြီး Rowan Atkinson ဟာ သူ့ထက် အသက်ထက်ဝက်လောက်ငယ်တဲ့ ချစ်သူ ကောင်မလေး အသစ် Louise Ford နဲ့အတူ နေ့လည်စာ အတူသွားစားခဲ့တယ်လို့ သိရပါတယ်။

သူတို့ စုံတွဲဟာ ၂၀၁၂ ခုနှစ်တုန်းက West End ဆိုတဲ့ ပြဇာတ်မှာ အတူသရုပ်ဆောင်ခဲ့ကြပြီးတဲ့နောက် စတင်တွေ့ဆုံခဲ့ကြတာပဲ ဖြစ်ပါတယ်။

အခုထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေထဲမှာလည်း အသက် ၆၀ နှစ်အရွယ် မင်းသားကြီး Rowan Atkinson ဟာ သူ့ရဲ့ချစ်သူ အသက် ၃၂ နှစ်အရွယ် Louise Ford ရဲ့ လက်ကိုကိုင်ဆွဲကာ ၂ ယောက်လုံး ပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရပုံပေါ်ပါတယ်။

ပိုင်ဆိုင်မှု ပမာဏ စတာလင်ပေါင် သန်း ရ၀ လောက် ကြွယ်ဝချမ်းသာတဲ့ Rowan Atkinson ဟာ အိမ်ထောင်သက် ၂၃ နှစ်ကျော်ရှိခဲ့တဲ့ ဇနီးသည် Sunetra Sastry နဲ့ ကွာရှင်း ပြတ်စဲ အပြီး မနှစ်က ဧပြီလမှာမှ Louise Ford နဲ့အတူ ပထမဆုံး ဓါတ်ပုံတွဲရိုက်ခဲ့တာ ဖြစ်ပါတယ်။ Rowan နဲ့ Sunetra တို့ဟာ သမီးလေး Lily နဲ့ သားလေး Benjamin တို့ရဲ့ မိဘတွေပဲ ဖြစ်ကြပါတယ်။

အနုပညာ လှုပ်ရှားမှုတွေအနေနဲ့ကတော့ Rowan Atkinson ဟာ နောက်နှစ်မှာ David Copperfield ဇာတ်လမ်းရဲ့ Micawber ဆိုတဲ့ ဇာတ်ကောင်အဖြစ် Kevin McNally ၊ Phyllis Logan တို့နဲ့ အတူ သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူဟာ ဆေးတံ သောက်တဲ့ ပြင်သစ် စုံထောက် Jules Maigret အဖြစ်လည်း ITV ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲမှာ ပါ၀င် သရုပ်ဆောင်ဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment