Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ပရိတ္သတ္ေတြေရွ႕ ပြဲတက္လာရင္း ဒုတိယ အႀကိမ္ ေခ်ာ္လဲခဲ့ျပန္တဲ့ Jennifer Lawrence



ေဟာလီး၀ုဒ္ မင္းသမီး ေခ်ာေလး Jennifer Lawrence တစ္ေယာက္ သူမပါ၀င္သရုပ္ေဆာင္ထားတဲ့ Mockingjay: Part 2 ဇာတ္လမ္း ရဲ႕ ပြဲဦးထြက္ မိတ္ဆက္ျပသပြဲမွာ  ေနာက္တစ္ႀကိမ္ သတိမမူမိပဲ ေခ်ာ္လဲခဲ့ျပန္ပါၿပီ။

အသက္ ၂၅ ႏွစ္သာ ရွိေသးတဲ့ J.Lawrence ဟာ စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ရုပ္ရွင္ မိတ္ဆက္ ျပသပြဲ မွာ ထပ္မံ ေခ်ာ္လဲခဲ့ၿပီး ေလွကားေပၚကေနာက္ျပန္လဲၾကလု နီးပါးျဖစ္ခဲ့တာကို ပရိတ္သတ္ေတြက မွတ္တမ္းတင္ ဗီဒီယို ရိုက္ကူးထားခဲ့တဲ့အတြက္ ပရိတ္သတ္ေတြၾကားမွာ ေနာက္တစ္ႀကိမ္ အရွက္ကြဲ သိကၡာက်ခဲ့ရပါတယ္။

အဂၤါေန႔ညက ျပဳလုပ္ခဲ့တဲ့ Mockingjay: Part 2 ရဲ႕ ပြဲဦးထြက္ မိတ္ဆက္ပြဲ ျပဇာတ္ရံုအတြင္း မ၀င္ေရာက္မီမွာ အခုလို ေခ်ာ္လဲခဲ့တာျဖစ္ၿပီး သူမ နဲ႔အတူပါလာတဲ့ အဖြဲ႕ေတြက သူမကို ဟန္ခ်က္မပ်က္ အခ်ိန္မီ ကူညီေပးခဲ့ၾကပါတယ္။

အဲဒီလို ေခ်ာ္လဲခဲ့မႈဟာ ပရိတ္သတ္ေတြကို လူမႈ ကြန္ရက္မွာ J.Lawrence ရဲ႕ ေဘးကင္းမႈ အတြက္ စိုးရိမ္ေစခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ Hunger Games ဇာတ္လမ္းရဲ႕ ပရိုဂ်ဴဆာ Nina Jacobson က ပရိတ္သတ္ေတြကို Twitter မွာ အခုလိုေျပာျပၿပီး စိတ္ပူျခင္းေတြ ကင္းေ၀းေစခဲ့ပါတယ္။

"ဟုတ္ပါတယ္။ သူမ အဆင္ေျပပါတယ္။ သူမ ဒါကို က်င့္သား ရေနပါၿပီ" ။

Lawrence ဟာ ၂၀၁၄ ခုႏွစ္တုန္းကလည္း အကယ္ဒမီေပးပြဲ တက္ေရာက္လာရင္း ေကာ္ေဇာ္နီ ေပၚမွာ ပထမအႀကိမ္ အျဖစ္ ေခ်ာ္လဲခဲ့ဖူးပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Upi

.............................................

ပရိတ်သတ်တွေရှေ့ ပွဲတက်လာရင်း ဒုတိယ အကြိမ် ချော်လဲခဲ့ပြန်တဲ့ Jennifer Lawrence



ဟောလီးဝုဒ် မင်းသမီး ချောလေး Jennifer Lawrence တစ်ယောက် သူမပါ၀င်သရုပ်ဆောင်ထားတဲ့ Mockingjay: Part 2 ဇာတ်လမ်း ရဲ့ ပွဲဦးထွက် မိတ်ဆက်ပြသပွဲမှာ  နောက်တစ်ကြိမ် သတိမမူမိပဲ ချော်လဲခဲ့ပြန်ပါပြီ။

အသက် ၂၅ နှစ်သာ ရှိသေးတဲ့ J.Lawrence ဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရုပ်ရှင် မိတ်ဆက် ပြသပွဲ မှာ ထပ်မံ ချော်လဲခဲ့ပြီး လှေကားပေါ်ကနောက်ပြန်လဲကြလု နီးပါးဖြစ်ခဲ့တာကို ပရိတ်သတ်တွေက မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားခဲ့တဲ့အတွက် ပရိတ်သတ်တွေကြားမှာ နောက်တစ်ကြိမ် အရှက်ကွဲ သိက္ခာကျခဲ့ရပါတယ်။

အင်္ဂါနေ့ညက ပြုလုပ်ခဲ့တဲ့ Mockingjay: Part 2 ရဲ့ ပွဲဦးထွက် မိတ်ဆက်ပွဲ ပြဇာတ်ရုံအတွင်း မဝင်ရောက်မီမှာ အခုလို ချော်လဲခဲ့တာဖြစ်ပြီး သူမ နဲ့အတူပါလာတဲ့ အဖွဲ့တွေက သူမကို ဟန်ချက်မပျက် အချိန်မီ ကူညီပေးခဲ့ကြပါတယ်။

အဲဒီလို ချော်လဲခဲ့မှုဟာ ပရိတ်သတ်တွေကို လူမှု ကွန်ရက်မှာ J.Lawrence ရဲ့ ဘေးကင်းမှု အတွက် စိုးရိမ်စေခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Hunger Games ဇာတ်လမ်းရဲ့ ပရိုဂျူဆာ Nina Jacobson က ပရိတ်သတ်တွေကို Twitter မှာ အခုလိုပြောပြပြီး စိတ်ပူခြင်းတွေ ကင်းဝေးစေခဲ့ပါတယ်။

"ဟုတ်ပါတယ်။ သူမ အဆင်ပြေပါတယ်။ သူမ ဒါကို ကျင့်သား ရနေပါပြီ" ။

Lawrence ဟာ ၂၀၁၄ ခုနှစ်တုန်းကလည်း အကယ်ဒမီပေးပွဲ တက်ရောက်လာရင်း ကော်ဇော်နီ ပေါ်မှာ ပထမအကြိမ် အဖြစ် ချော်လဲခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment