Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, November 18, 2015

ISIS အဖြဲ႔အတြက္ အင္တာနက္ေပၚတြင္ ဝါဒျဖန္႔ခဲ့သည့္ အမ်ဳိးသမီး ခုနစ္ဦးအား ဖမ္းဆီး

တူးနစ္ ၊ ၁၈-၁၁-၂ဝ၁၅

တူနီးရွားႏုိင္ငံ၌ ISIS စစ္ေသြးၾကြ အဖြဲ႕ခြဲ၏ ကိုယ္စား အင္တာနက္ ေပၚ၌ စည္း႐ုံး လႈံ႕ေဆာ္ေရး ဆိုင္ရာ စာသားမ်ား တင္ကာ ဝါဒျဖန္႔ခဲ့သည့္ အမ်ဳိးသမီး ခုနစ္ဦးကို တာဝန္ရိွ သူမ်ားက ဖမ္းဆီး ခဲ့ေၾကာင္း ႏုိဝင္ဘာ ၁၆ ရက္တြင္ တူနီးရွား ျပည္ထဲေရး ဝန္ႀကီးဌာန ၏ ထုတ္ေဖာ္ ေျပာၾကားခ်က္ အရ သိရသည္။

အဆိုပါ အမ်ဳိးသမီး မ်ားသည္ တူနီးရွားႏုိင္ငံ၌ ယခုႏွစ္ အတြင္း ျပဳလုပ္ခဲ့သည့္ ISIS စစ္ေသြးၾကြ အဖြဲ႕၏ တိုက္ခိုက္မႈ ႏွစ္ခုႏွင့္ လူ ၆ဝ ဦး ေသဆုံးခဲ့သည့္ ေဆာ္ဆီ ကမ္းေျခ အပန္းေျဖစခန္း တိုက္ခိုက္မႈ တို႔တြင္ ပါဝင္ခဲ့သည္ဟု ဝန္ခံခဲ့ေၾကာင္း တူနီးရွား ျပည္ထဲေရး ဝန္ႀကီးဌာန က ေျပာၾကားသည္။

ထို႔အျပင္ အင္တာနက္ ေပၚတြင္ အၾကမ္းဖက္ အဖြဲ႕အတြက္ စည္း႐ုံး လႈ႔ံေဆာ္ေရး ဆုိင္ရာ စာသားမ်ား ေဖာ္ျပ ခဲ့ေၾကာင္းကိုလည္း အဆိုပါ အမ်ဳိးသမီး မ်ားက ဝန္ခံ ေျပာၾကား ခဲ့သည္ဟု သိရသည္။

Tunisia: 7 female cyber terrorists arrested, admitting to be connected to #JundAlKhilafah

#PyiChitThar

...................................................

ISIS အဖွဲ့အတွက် အင်တာနက်ပေါ်တွင် ဝါဒဖြန့်ခဲ့သည့် အမျိုးသမီး ခုနစ်ဦးအား ဖမ်းဆီး



တူးနစ် ၊ ၁၈-၁၁-၂ဝ၁၅

တူနီးရှားနိုင်ငံ၌ ISIS စစ်သွေးကြွ အဖွဲ့ခွဲ၏ ကိုယ်စား အင်တာနက် ပေါ်၌ စည်းရုံး လှုံ့ဆော်ရေး ဆိုင်ရာ စာသားများ တင်ကာ ဝါဒဖြန့်ခဲ့သည့် အမျိုးသမီး ခုနစ်ဦးကို တာဝန်ရှိ သူများက ဖမ်းဆီး ခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် တူနီးရှား ပြည်ထဲရေး ဝန်ကြီးဌာန ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

အဆိုပါ အမျိုးသမီး များသည် တူနီးရှားနိုင်ငံ၌ ယခုနှစ် အတွင်း ပြုလုပ်ခဲ့သည့် ISIS စစ်သွေးကြွ အဖွဲ့၏ တိုက်ခိုက်မှု နှစ်ခုနှင့် လူ ၆ဝ ဦး သေဆုံးခဲ့သည့် ဆော်ဆီ ကမ်းခြေ အပန်းဖြေစခန်း တိုက်ခိုက်မှု တို့တွင် ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း တူနီးရှား ပြည်ထဲရေး ဝန်ကြီးဌာန က ပြောကြားသည်။

ထို့အပြင် အင်တာနက် ပေါ်တွင် အကြမ်းဖက် အဖွဲ့အတွက် စည်းရုံး လှု့ံဆော်ရေး ဆိုင်ရာ စာသားများ ဖော်ပြ ခဲ့ကြောင်းကိုလည်း အဆိုပါ အမျိုးသမီး များက ဝန်ခံ ပြောကြား ခဲ့သည်ဟု သိရသည်။

Tunisia: 7 female cyber terrorists arrested, admitting to be connected to #JundAlKhilafah

#PyiChitThar

No comments:

Post a Comment