Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

ဇနီးျဖစ္သူ မီးဖြားမွာျဖစ္လုိ႕ ေဖ႕ဘြတ္ခ္ကေနႏွစ္လခြင့္ယူမယ့္ဇူကာဘက္


ေဖ႕ဘြတ္ခ္၏ အမႈေဆာင္ခ်ဳပ္ မာ့ခ္ဇူကာဘက္သည္ ၎၏ဇနီး မီးဖြား မည္ ျဖစ္ေသာေၾကာင့္ ကုမၸဏီမွ ႏွစ္လၾကာ ခြင့္ယူမည္ဟု ေၾကညာခဲ့သည္။
၎၏ ကိုယ္ပိုင္ ေဖ႕ဘြတ္ခ္စာမ်က္ႏွာတြင္ မိမိအေနျဖင့္ ေဖ႕ဘြတ္ခ္ မွ ႏွစ္လတာခြင့္ယူမည္ျဖစ္ေၾကာင္း ဇူကာဘက္က ေရးသားခဲ့သည္။
“ဒါက အရမ္းကို ပုဂၢိဳလ္ေရးဆန္တဲ့ ဆံုးျဖတ္ခ်က္ပါ။ သမီးေလး ေမြးလာတဲ့အခါ ကၽြန္ေတာ္ မီးဖြားခြင့္ ႏွစ္လယူပါမယ္”ဟု ဇူကာဘက္က ဆိုသည္။ ေဖ႕ဘြတ္ခ္သည္ ကုမၸဏီ မူဝါဒအရ ဖခင္အမ်ိဳးသားမ်ားကို မီးဖြားခြင့္ စုစုေပါင္း ေလးလထိ ရက္ရက္ေရာေရာ သတ္မွတ္ေပးထားသည္။ ကေလး၏အသက္ တစ္ႏွစ္မျပည့္မီ အေတာအတြင္း အဆိုပါ ေလးလစာခြင့္ကို မည္သည့္အခ်ိန္တြင္မဆို ယူခြင့္ရွိသည္။
“ေလ့လာဆန္းစစ္မႈေတြအရ အလုပ္လုပ္ေနတဲ့ မိဘေတြဟာ သူတို႔ရဲ႕ ေမြးကင္းစ ကေလးေတြနဲ႔ အခ်ိန္ေပး ေနခြင့္ရတဲ့အခါ ကေလးအတြက္ေရာ၊ မိသားစုအတြက္ပါ ရလဒ္ေတြက ပိုေကာင္းေနတတ္တာကို ေတြ႕ရပါတယ္။ ေန႔စဉ္ဘဝ ျဖစ္ပ်က္မႈေတြဟာ အခုဆိုရင္ ကၽြန္ေတာ္တုိ႔အတြက္ နည္းနည္းပိုၿပီး လက္ေတြ႕က်လာတယ္။ ကၽြန္ေတာ္တို႔ဟာ ဘဝရဲ႕ ေနာက္ထပ္ မ်က္ႏွာစာသစ္ တစ္ခုထဲ ဝင္ေရာက္ပါေတာ့မယ္”ဟုလည္း ဇူကာဘက္က ၎ႏွင့္ ဇနီးသည္ ပရင္ဆီလာခ်န္တို႔ကို ရည္ညႊန္းၿပီး ေရးသားထားသည္။
ဇူလုိင္လ အတြင္းက ဇူကာဘက္တို႔ ဇနီးေမာင္ႏွံသည္ ပထမဆံုး ရင္ေသြးေလးကို ကုိယ္ဝန္လြယ္ထားေၾကာင္း သတင္းကို ထုတ္ျပန္ ေၾကညာခဲ့သည္။
ဇူကာဘက္ ခြင့္စယူမည့္ အခ်ိန္ႏွင့္ ပတ္သက္၍မူ အတိအက် မွတ္ခ်က္ေပးရန္ ကုမၸဏီ ေျပာေရးဆိုခြင့္ရ အရာရွိက ျငင္းဆိုထားသည္။
Ref: USA Today
7Day News Journal
..................
ဇနီးဖြစ်သူ မီးဖွားမှာဖြစ်လို့ ဖေ့ဘွတ်ခ်ကနေနှစ်လခွင့်ယူမယ့်ဇူကာဘက်
ဖေ့ဘွတ်ခ်၏ အမှုဆောင်ချုပ် မာ့ခ်ဇူကာဘက်သည် ၎င်း၏ဇနီး မီးဖွား မည် ဖြစ်သောကြောင့် ကုမ္ပဏီမှ နှစ်လကြာ ခွင့်ယူမည်ဟု ကြေညာခဲ့သည်။
၎င်း၏ ကိုယ်ပိုင် ဖေ့ဘွတ်ခ်စာမျက်နှာတွင် မိမိအနေဖြင့် ဖေ့ဘွတ်ခ် မှ နှစ်လတာခွင့်ယူမည်ဖြစ်ကြောင်း ဇူကာဘက်က ရေးသားခဲ့သည်။
“ဒါက အရမ်းကို ပုဂ္ဂိုလ်ရေးဆန်တဲ့ ဆုံးဖြတ်ချက်ပါ။ သမီးလေး မွေးလာတဲ့အခါ ကျွန်တော် မီးဖွားခွင့် နှစ်လယူပါမယ်”ဟု ဇူကာဘက်က ဆိုသည်။ ဖေ့ဘွတ်ခ်သည် ကုမ္ပဏီ မူဝါဒအရ ဖခင်အမျိုးသားများကို မီးဖွားခွင့် စုစုပေါင်း လေးလထိ ရက်ရက်ရောရော သတ်မှတ်ပေးထားသည်။ ကလေး၏အသက် တစ်နှစ်မပြည့်မီ အတောအတွင်း အဆိုပါ လေးလစာခွင့်ကို မည်သည့်အချိန်တွင်မဆို ယူခွင့်ရှိသည်။
“လေ့လာဆန်းစစ်မှုတွေအရ အလုပ်လုပ်နေတဲ့ မိဘတွေဟာ သူတို့ရဲ့ မွေးကင်းစ ကလေးတွေနဲ့ အချိန်ပေး နေခွင့်ရတဲ့အခါ ကလေးအတွက်ရော၊ မိသားစုအတွက်ပါ ရလဒ်တွေက ပိုကောင်းနေတတ်တာကို တွေ့ရပါတယ်။ နေ့စဉ်ဘဝ ဖြစ်ပျက်မှုတွေဟာ အခုဆိုရင် ကျွန်တော်တို့အတွက် နည်းနည်းပိုပြီး လက်တွေ့ကျလာတယ်။ ကျွန်တော်တို့ဟာ ဘဝရဲ့ နောက်ထပ် မျက်နှာစာသစ် တစ်ခုထဲ ဝင်ရောက်ပါတော့မယ်”ဟုလည်း ဇူကာဘက်က ၎င်းနှင့် ဇနီးသည် ပရင်ဆီလာချန်တို့ကို ရည်ညွှန်းပြီး ရေးသားထားသည်။
ဇူလိုင်လ အတွင်းက ဇူကာဘက်တို့ ဇနီးမောင်နှံသည် ပထမဆုံး ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားကြောင်း သတင်းကို ထုတ်ပြန် ကြေညာခဲ့သည်။
ဇူကာဘက် ခွင့်စယူမည့် အချိန်နှင့် ပတ်သက်၍မူ အတိအကျ မှတ်ချက်ပေးရန် ကုမ္ပဏီ ပြောရေးဆိုခွင့်ရ အရာရှိက ငြင်းဆိုထားသည်။
Ref: USA Today
7Day News Journal



No comments:

Post a Comment