Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

လင္မယားႏွစ္ဦးတည္း ေနထုိင္သည့္ရြာ

စပိန္ႏုိင္ငံရွိ ေက်းရြာတစ္ရြာသည္ လင္မယား ႏွစ္ဦးတည္းသာ ေနထုိင္ခဲ့ေသာေၾကာင့္ စိတ္၀င္စားစရာ ျဖစ္ခဲ့သည္။ တစ္ခ်ိန္က အဆုိပါရြာသည္ လူေပါင္း (၂၀၀) ခန္႔ ေနထုိင္ခဲ့ေသာ္လည္း ျပည္တြင္းစစ္ ျဖစ္ပြားၿပီးေနာက္ စီးပြားေရး အဆင္မေျပမႈမ်ား ႀကဳံခဲ့ရၿပီး ရြာသားမ်ားသည္ ၿမိဳ႕ေပၚသုိ႔သြား ေရာက္ကာ အလုပ္အကုိင္မ်ား ရွာေဖြခဲ့ျခင္းေၾကာင့္ ေနာက္ဆုံး လင္မယား ႏွစ္ဦးတည္းသာ က်န္ရွိေတာ့သည္။

ယင္းရြာတြင္ လင္မယားႏွစ္ဦးတည္း ေနထုိင္သည္မွာ (၄၅) ႏွစ္ ရွိသြား ခဲ့ၿပီ ျဖစ္ေသာေၾကာင့္ အံ့အားသင့္စရာ ျဖစ္ခဲ့သည္။ အသက္ (၇၉)ႏွစ္ အရြယ္ အဘုိးအုိ ဂ်ဴအန္မာတင္ႏွင့္ အသက္ (၈၂) ႏွစ္ အရြယ္ ဆင္ဖုိ႐ုိဆာ ႏွစ္ဦးတည္းသာ ေနထုိင္ ေနျခင္း ျဖစ္သည္။ ယင္းရြာသည္ ဗလန္စီယာၿမဳိ႕ႏွင့္ မုိင္(၁၀၀) ေက်ာ္ေလာက္တြင္ ရွိသည္။ သုိ႔ေသာ္ ရြာသားမ်ားသည္ စြန္႔ခြာ သြားခဲ့ျခင္းေၾကာင့္ ရြာပ်က္ႀကီးလုိ ျဖစ္သြားခဲ့သည္။ ယင္းရြာတြင္ လွ်ပ္စစ္မီး မရွိေသာေၾကာင့္ အသက္ႀကီးေနၿပီ ျဖစ္သည့္ လင္မယား ႏွစ္ဦးသည္ တိရစၦာန္မ်ားကုိ ေမြးျမဴၿပီး အေဖာ္ျပဳ ေနၾကသည္။ အစားအသာက္ အတြက္ လည္း ကုိယ္တုိင္ ခ်က္ျပဳတ္ ေနရဆဲ ျဖစ္သည္။ ယခင္က သူတုိ႔တြင္ သမီး တစ္ဦး ရွိခဲ့ေသာ္လည္း ေသဆုံး သြားခဲ့ျခင္းေၾကာင့္ အထီးက်န္စြာ ေနထုိင္ ေနရျခင္း ျဖစ္သည္။ ရြာ တစ္ရြာလုံး ႏွစ္ေယာက္တည္းသာ ရွိသည့္ အျပင္ (၄၅)ႏွစ္ စလုံး အထီးက်န္စြာ ေနခဲ့ေသာ လင္မယား အေၾကာင္း ႐ုပ္သံဌာန တစ္ခုက မွတ္တမ္း ႐ုပ္ရွင္ ႐ုိက္ကူး ခဲ့သည္။

ဂ်ဴအန္မာတင္က မိမိ အေနျဖင့္ ၿပီးခဲ့သည့္ ႏွစ္ႏွစ္က ရြာမွ ထြက္ခြာရန္ စဥ္းစား ခဲ့ေၾကာင္း၊ သုိ႔ေသာ္ မိမိ၏ ဇနီးျဖစ္သူက ယခု ေနထုိင္သည့္ ရြာတြင္သာ ေခါင္းခ်မည္ ျဖစ္ေသာေၾကာင့္ မိမိ၏ ဆုံးျဖတ္ခ်က္ကုိ ျပင္ခဲ့ေၾကာင္း၊ မိမိ အေနျဖင့္ ဇနီးျဖစ္သူႏွင့္ သက္ဆုံးတုိင္ ေနထုိင္ သြားမည္ ျဖစ္ေၾကာင္း ေျဟၾကား ခဲ့သည္။ အဆုိပါ လင္မယား ႏွစ္ဦး၏ ေန႔လယ္စာ စားပုံကုိ ႐ုိက္ကူးမႈ ျပဳလုပ္ရာတြင္ တစ္ဦးႏွင့္ တစ္ဦး ၾကင္နာမႈ အျပည့္ ရွိေနသည္ကုိ ျမင္ေတြ႔ ခဲ့ရေၾကာင္း ဆုိထားသည္။
messenger news journal
...............
လင်မယားနှစ်ဦးတည်း နေထိုင်သည့်ရွာ

စပိန်နိုင်ငံရှိ ကျေးရွာတစ်ရွာသည် လင်မယား နှစ်ဦးတည်းသာ နေထိုင်ခဲ့သောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ တစ်ချိန်က အဆိုပါရွာသည် လူပေါင်း (၂၀၀) ခန့် နေထိုင်ခဲ့သော်လည်း ပြည်တွင်းစစ် ဖြစ်ပွားပြီးနောက် စီးပွားရေး အဆင်မပြေမှုများ ကြုံခဲ့ရပြီး ရွာသားများသည် မြို့ပေါ်သို့သွား ရောက်ကာ အလုပ်အကိုင်များ ရှာဖွေခဲ့ခြင်းကြောင့် နောက်ဆုံး လင်မယား နှစ်ဦးတည်းသာ ကျန်ရှိတော့သည်။

ယင်းရွာတွင် လင်မယားနှစ်ဦးတည်း နေထိုင်သည်မှာ (၄၅) နှစ် ရှိသွား ခဲ့ပြီ ဖြစ်သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အသက် (၇၉)နှစ် အရွယ် အဘိုးအို ဂျူအန်မာတင်နှင့် အသက် (၈၂) နှစ် အရွယ် ဆင်ဖိုရိုဆာ နှစ်ဦးတည်းသာ နေထိုင် နေခြင်း ဖြစ်သည်။ ယင်းရွာသည် ဗလန်စီယာမြို့နှင့် မိုင်(၁၀၀) ကျော်လောက်တွင် ရှိသည်။ သို့သော် ရွာသားများသည် စွန့်ခွာ သွားခဲ့ခြင်းကြောင့် ရွာပျက်ကြီးလို ဖြစ်သွားခဲ့သည်။ ယင်းရွာတွင် လျှပ်စစ်မီး မရှိသောကြောင့် အသက်ကြီးနေပြီ ဖြစ်သည့် လင်မယား နှစ်ဦးသည် တိရစ္ဆာန်များကို မွေးမြူပြီး အဖော်ပြု နေကြသည်။ အစားအသာက် အတွက် လည်း ကိုယ်တိုင် ချက်ပြုတ် နေရဆဲ ဖြစ်သည်။ ယခင်က သူတို့တွင် သမီး တစ်ဦး ရှိခဲ့သော်လည်း သေဆုံး သွားခဲ့ခြင်းကြောင့် အထီးကျန်စွာ နေထိုင် နေရခြင်း ဖြစ်သည်။ ရွာ တစ်ရွာလုံး နှစ်ယောက်တည်းသာ ရှိသည့် အပြင် (၄၅)နှစ် စလုံး အထီးကျန်စွာ နေခဲ့သော လင်မယား အကြောင်း ရုပ်သံဌာန တစ်ခုက မှတ်တမ်း ရုပ်ရှင် ရိုက်ကူး ခဲ့သည်။

ဂျူအန်မာတင်က မိမိ အနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်က ရွာမှ ထွက်ခွာရန် စဉ်းစား ခဲ့ကြောင်း၊ သို့သော် မိမိ၏ ဇနီးဖြစ်သူက ယခု နေထိုင်သည့် ရွာတွင်သာ ခေါင်းချမည် ဖြစ်သောကြောင့် မိမိ၏ ဆုံးဖြတ်ချက်ကို ပြင်ခဲ့ကြောင်း၊ မိမိ အနေဖြင့် ဇနီးဖြစ်သူနှင့် သက်ဆုံးတိုင် နေထိုင် သွားမည် ဖြစ်ကြောင်း ဟြေကြား ခဲ့သည်။ အဆိုပါ လင်မယား နှစ်ဦး၏ နေ့လယ်စာ စားပုံကို ရိုက်ကူးမှု ပြုလုပ်ရာတွင် တစ်ဦးနှင့် တစ်ဦး ကြင်နာမှု အပြည့် ရှိနေသည်ကို မြင်တွေ့ ခဲ့ရကြောင်း ဆိုထားသည်။
messenger news journal

No comments:

Post a Comment