Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

ပုစြန္တုပ္မီးဖုတ္ငါးပိေထာင္း

ဒီတစ္ခါေတာ့ ခ်ဥ္ငန္စပ္အရသာေလးနဲ႔ ထမင္းစားၿမိန္စရာဟင္းနည္း ေလးတစ္ခု မွ်ေဝေပးလိုက္ပါတယ္။
ျပဳလုပ္ပံုအဆင့္ဆင့္

၁။ပုစြန္တုပ္မ်ားကို ေရေဆး၍ မီးဖုတ္ကာ အခြံႏႊာထားပါ။

၂။င႐ုတ္သီးစိမ္းမ်ားကိုေလွာ္၍ ပုစြန္ငါးပိႏွင့္ ၾကက္သြန္နီကို မီးေအးေအးႏွင့္ ကင္ေပးပါ။ ၿပီးေနာက္ ၾကက္သြန္နီကို အေအးခံ၍ အခြံႏႊာထားပါ။

၃။င႐ုတ္ဆံုထဲတြင္ ပထမဦးစြာ ၾကက္သြန္နီႏွင့္ င႐ုတ္သီးစိမ္းကိုေထာင္းပါ။

၄။ထို႔ေနာက္ ပုစြန္တုပ္မီးဖုတ္၊ အရသာမႈန္႔၊ ဆားအနည္းငယ္တုိ႔ထည့္၍ ေထာင္းၿပီးလွ်င္ ပန္းကန္တစ္ခုထဲသို႔ ေျပာင္းထည့္ကာ သံပရာ ရည္၊ ေျမပဲဆီတုိ႔ဆမ္း၍ သံုးေဆာင္ႏိုင္ပါၿပီ။
ပါဝင္ပစၥည္မ်ား

ပုစြန္တုပ္(၅)ေကာင္

ပုစြန္ငါးပိလက္ဖက္ရည္ဇြန္း (၂)ဇြန္း

ၾကက္သြန္နီ(၂)လံုး

င႐ုတ္သီးစိမ္း(၁၀)ေတာင့္

သံပရာသီး(၁)လံုး

ေျမပဲဆီအနည္းငယ္
Ei's Cooking Diary မွ ပံ့ပိုးကူညီပါသည္။
7day daily
.......................
ပုစွန်တုပ်မီးဖုတ်ငါးပိထောင်း

ဒီတစ်ခါတော့ ချဉ်ငန်စပ်အရသာလေးနဲ့ ထမင်းစားမြိန်စရာဟင်းနည်း လေးတစ်ခု မျှဝေပေးလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်

၁။ပုစွန်တုပ်များကို ရေဆေး၍ မီးဖုတ်ကာ အခွံနွှာထားပါ။

၂။ငရုတ်သီးစိမ်းများကိုလှော်၍ ပုစွန်ငါးပိနှင့် ကြက်သွန်နီကို မီးအေးအေးနှင့် ကင်ပေးပါ။ ပြီးနောက် ကြက်သွန်နီကို အအေးခံ၍ အခွံနွှာထားပါ။

၃။ငရုတ်ဆုံထဲတွင် ပထမဦးစွာ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းကိုထောင်းပါ။

၄။ထို့နောက် ပုစွန်တုပ်မီးဖုတ်၊ အရသာမှုန့်၊ ဆားအနည်းငယ်တို့ထည့်၍ ထောင်းပြီးလျှင် ပန်းကန်တစ်ခုထဲသို့ ပြောင်းထည့်ကာ သံပရာ ရည်၊ မြေပဲဆီတို့ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်များ

ပုစွန်တုပ်(၅)ကောင်

ပုစွန်ငါးပိလက်ဖက်ရည်ဇွန်း (၂)ဇွန်း

ကြက်သွန်နီ(၂)လုံး

ငရုတ်သီးစိမ်း(၁၀)တောင့်

သံပရာသီး(၁)လုံး

မြေပဲဆီအနည်းငယ်
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
7day daily

No comments:

Post a Comment