Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 7, 2015

ဦးသန္းေရႊနဲ႔ဇနီး ႀကိဳတင္မဲေပး

( ေညာင္ပင္ႀကီးစုေက်းရြာက မဲရုံမွဴး ဦးေက်ာ္ဆန္း ကို ႏိုဝင္ဘာလ ၇ ရက္ေန႔က ေတြ႔ရစဥ္)
 အၿငိမ္းစားဗုိလ္ခ်ဳပ္မွဴးႀကီး ဦးသန္းေရႊနဲ႔ ဇနီးျဖစ္သူ ေဒၚႀကိဳင္ႀကိဳင္တို႔ဟာ ဒီေန႔ ေနျပည္ေတာ္၊ ပုဗၺသီရိၿမိဳ႕နယ္ ေညာင္ပင္ႀကီးစုေက်းရြာက မဲရံု အမွတ္ ၂ မွာ ႀကိဳတင္မဲေပးခဲ့တယ္လို႔ သိရပါတယ္။

ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊနဲ႔ ဇနီးေဒၚႀကိဳင္ႀကိဳင္၊ အၿငိမ္းစား ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး ဦးေမာင္ေအး၊ ဒုတိယသမၼတေဟာင္း သီဟသူရဦးတင္ေအာင္ျမင့္ဦး တုိ႔ရဲ့ နာမည္ေတြ ပါတယ္လို႔ ေညာင္ပင္ႀကီးစုေက်းရြာက မဲရုံမွဴး ဦးေက်ာ္ဆန္းက ေျပာပါတယ္။

"မဲရံု ၁၊ ၂၊ ၃ ရယ္ဆိုၿပီးေတာ့မွ စည္ပင္ဌာနနဲ႔ က်ေနာ္တို႔ မဲရံုး ၃ ရံုရွိတဲ့အထဲမွာ မဲရံု ၂ ထဲမွာ လူႀကီးေတြပါတယ္ဆိုတာေတာ့သိတယ္၊ ဒါေပမဲ့ က်ေနာ္တို႔ က အခုစာရင္းဇယားေတြအရ ဒီကေန႔ ၆ ရက္ရယ္ ၇ ရက္ရယ္ေပးတဲ့ ႀကိဳတင္မဲေတြက ပံုစံ ၃ နဲ႔ ၈ ရက္ေန႔က်မွ က်ေနာ္တို႔ ပံုစံ ၃ နဲ႔ကပ္မွာဗ်၊ လူႀကီးေတြဆိုတာ လူမသိဘူး၊ အဲ့ဒီအထဲမွာ က်ေနာ္တို႔ ဥပမာအားျဖင့္ဆိုရင္ အဘ ဦးသန္းေရႊ ဆိုလို႔ရွိရင္ေတာ့ ဦးသန္းေရႊ ဘာညာဒါမ်ိဳးေလးပဲပါတယ္၊ ဗိုလ္မွဴးႀကီးေတြမပါတဲ့အခါက်ေတာ့ က်ေနာ္တို႔လည္း အဲ့ဒီေလာက္ႀကီးေတာ့ မသိဘူး"

ပုဗၺသီရိၿမိဳ႕နယ္မွာ ႀကံ႕ခိုင္ဖြ႔ံၿဖိဳးေရးပါတီက အၿငိမ္းစားဒုတိယဗုိလ္ခ်ဳပ္ႀကီး ဦးေဝလြင္နဲဲ႔ အန္အယ္လ္ဒီပါတီက ဦးတင္သစ္တုိ႔ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အဲ့ဒီမဲဆႏၵနယ္မွာ မဲေပးပိုင္ခြင့္ရွိသူ ၇ ေသာင္းနီးပါး ရွိပါတယ္။

အၿငိမ္းစားဗုိလ္ခ်ဳပ္မွဴးႀကီး ဦးသန္းေရႊနဲ႔ ဇနီးေဒၚႀကိဳင္ႀကိဳင္ဟာ ၿပီးခဲ့တဲ့ ၂ဝ၁၂ ၾကားျဖတ္ေရြးေကာက္ပြဲမွာ အဲ့ဒီမဲရုံမွာပဲ ကုိယ္တုိင္ကုိယ္က် မဲေပးခဲ့ၾကတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

လက္ရွိ ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္နဲ႔ ဇနီးဟာ ဇမၺဴသီရိၿမိဳ႕နယ္၊ ေဇယ်သိဒၶိရပ္ကြက္၊ အမွတ္ ၅ အထက္တန္းေက်ာင္းက မဲရုံ အမွတ္ ၁ မွာ မနက္ျဖန္ လာေရာက္မဲေပးၾကမွာျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ေဇယ်ာသီရိၿမိဳ႕နယ္က တပ္တြင္းမဲရံုမွာ မနက္ျဖန္ မဲေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ သူရဦးေရႊမန္းကေတာ့ သူဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျဖဴးၿမိဳ႕နယ္ မဲဆႏၵနယ္မွာ မဲေပးမွာျဖစ္ၿပီး အမ်ဳိးသားလႊတ္ေတာ္ ဥကၠဌ ဦးခင္ေအာင္ျမင့္က ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွာ မေန႔က ႀကိဳတင္မဲေပးခဲ့တယ္လို႔ သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
....................
 ( ညောင်ပင်ကြီးစုကျေးရွာက မဲရုံမှူး ဦးကျော်ဆန်း ကို နိုဝင်ဘာလ ရ ရက်နေ့က တွေ့ရစဉ်)
 အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်တို့ဟာ ဒီနေ့ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာက မဲရုံ အမှတ် ၂ မှာ ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၊ ဒုတိယသမ္မတဟောင်း သီဟသူရဦးတင်အောင်မြင့်ဦး တို့ရဲ့ နာမည်တွေ ပါတယ်လို့ ညောင်ပင်ကြီးစုကျေးရွာက မဲရုံမှူး ဦးကျော်ဆန်းက ပြောပါတယ်။

"မဲရုံ ၁၊ ၂၊ ၃ ရယ်ဆိုပြီးတော့မှ စည်ပင်ဌာနနဲ့ ကျနော်တို့ မဲရုံး ၃ ရုံရှိတဲ့အထဲမှာ မဲရုံ ၂ ထဲမှာ လူကြီးတွေပါတယ်ဆိုတာတော့သိတယ်၊ ဒါပေမဲ့ ကျနော်တို့ က အခုစာရင်းဇယားတွေအရ ဒီကနေ့ ၆ ရက်ရယ် ရ ရက်ရယ်ပေးတဲ့ ကြိုတင်မဲတွေက ပုံစံ ၃ နဲ့ ၈ ရက်နေ့ကျမှ ကျနော်တို့ ပုံစံ ၃ နဲ့ကပ်မှာဗျ၊ လူကြီးတွေဆိုတာ လူမသိဘူး၊ အဲ့ဒီအထဲမှာ ကျနော်တို့ ဥပမာအားဖြင့်ဆိုရင် အဘ ဦးသန်းရွှေ ဆိုလို့ရှိရင်တော့ ဦးသန်းရွှေ ဘာညာဒါမျိုးလေးပဲပါတယ်၊ ဗိုလ်မှူးကြီးတွေမပါတဲ့အခါကျတော့ ကျနော်တို့လည်း အဲ့ဒီလောက်ကြီးတော့ မသိဘူး"

ပုဗ္ဗသီရိမြို့နယ်မှာ ကြံ့ခိုင်ဖွ့ံဖြိုးရေးပါတီက အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နဲဲ့ အန်အယ်လ်ဒီပါတီက ဦးတင်သစ်တို့ ယှဉ်ပြိုင်မှာဖြစ်ပြီး အဲ့ဒီမဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ရ သောင်းနီးပါး ရှိပါတယ်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနဲ့ ဇနီးဒေါ်ကြိုင်ကြိုင်ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲ့ဒီမဲရုံမှာပဲ ကိုယ်တိုင်ကိုယ်ကျ မဲပေးခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ဇနီးဟာ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၊ အမှတ် ၅ အထက်တန်းကျောင်းက မဲရုံ အမှတ် ၁ မှာ မနက်ဖြန် လာရောက်မဲပေးကြမှာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇေယျာသီရိမြို့နယ်က တပ်တွင်းမဲရုံမှာ မနက်ဖြန် မဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကတော့ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ဖြူးမြို့နယ် မဲဆန္ဒနယ်မှာ မဲပေးမှာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပျော်ဘွယ်မြို့နယ်မှာ မနေ့က ကြိုတင်မဲပေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment