Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, November 29, 2015

သင္စားသမွ် သင့္ေျမးရွင္းပါလိမ့္မည္

သည္ရက္ပိုင္းမီဒီယာမ်ားတြင္ စစ္အာဏာရွင္ေဟာင္း ဦးသန္းေရႊ၏ေျမး ေနေရႊေသြးေအာင္(ေခၚ)ဖိုးလျပည့္ႏွင့္ လူထုေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႕ဆံုသည့္သတင္းက ဂယက္႐ိုက္သြားသည္။ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ အေကာင္းျမင္သူေရာ၊ အဆိုးျမင္သူေတြပါ ပြက္ေလာညံသြားခဲ့၏။ ကြၽန္ေတာ့္ကိုလည္း သူငယ္ခ်င္း အခ်ဳိ႕က ဘယ္လိုျမင္လဲဟု လွမ္းေမးၾကသည္။ ကြၽန္ေတာ္က စကားေျပာၾကတာ ရန္ျဖစ္တာထက္စာရင္ ပိုမေကာင္းဘူးလားဟု ျပန္ေျဖျဖစ္သည္။ အေျဖကို ေက်နပ္သူ လည္းရွိ၊ မေက်နပ္သူလည္း ရွိ၏။ မေက်နပ္သူမ်ားက အာဏာရွင္၏ေျမးဆိုသည့္စကား တစ္ခြန္းကို တတြတ္တြတ္ရြတ္ဆိုသည္။ သူတို႔ကိုလည္း အျပစ္မဆိုသာ။ ဘဝႏွင့္ရင္း၍ ခံစားခဲ့ရသူမ်ားမို႔ မေက်မခ်မ္းႏိုင္ျဖစ္ၾကမည္မွာ အေသအခ်ာ။ သို႔ေသာ္လည္း ထုိေတြ႕ဆံုမႈက ျပည္သူအမ်ားေကာင္းဖို႔ျဖစ္လာၿပီဆိုလွ်င္ကြၽန္ေတာ္တို႔သင္ပုန္းေခ်ရမည္ မဟုတ္လား။

အမ်ဳိးသားရင္ၾကားေစ့ေရးဆိုသည့္ စကားလံုးကိုက က်ဴးလြန္သူႏွင့္ခံရသူၾကား ညႇိႏိႈင္းျခင္းသာျဖစ္သည္။ က်ဴးလြန္ခဲ့သူကို ခံခဲ့ရသူက ခြင့္လႊတ္ျခင္းပင္ျဖစ္၏။ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဖုိးလျပည့္ေတြ႕ဆံုမႈအေပၚ ႏိုင္ငံေရးအရ အေကာင္းအဆိုး သံုးသပ္ၾက သည္။ ေဝဖန္ၾကသည္။ကြၽန္ေတာ္ ကေတာ့ ဒီျဖစ္စဥ္အေပၚမွ အေတြးတစ္ခုရသည္။ ေျမးႏွင့္အဘုိး အဘြားမ်ား၏ လက္ဆင့္ကမ္း အေမြျပႆနာျဖစ္သည္။

ေရွးဓမၼသတ္တစ္ခုတြင္ ကြၽန္ေတာ္ မွတ္မွတ္သားသား ျဖစ္ခဲ့ေသာ စကားလံုး တစ္လံုးရွိသည္။အေမြရေကာင္း . . . ေျမးတို႔ေတာင္းေသာ္တဲ့။ ျမန္မာ့႐ိုးရာဓေလ့ထံုးတမ္းဥပေဒအရ ျမန္မာဗုဒၶဘာ သာတစ္ဦး ေသဆံုးလွ်င္ ေသဆံုး သူ၏ (၁) သားသမီးမ်ား၊ (၂) ေျမးမ်ား၊ (၃) ျမစ္မ်ား၊ (၄) ညီအစ္ကိုေမာင္ႏွမမ်ား၊ (၅) မိဘမ်ား စသည္ျဖင့္ အစဥ္အတိုင္းသာ အေမြဆက္ခံခြင့္ရသည္။ အေမြဆိုသည္က အစုန္သေဘာရွိသည္တဲ့။ ဆိုလိုသည္မွာ လူတစ္ဦး၏မိဘ ညီအစ္ကိုေမာင္ႏွမမ်ားထက္ ေျမးျမစ္မ်ားက အေမြဆက္ခံရန္ ပိုၿပီးအခြင့္အေရးရွိသည့္ ဓေလ့။ ဒါက ႐ုပ္ဝတၳဳပစၥည္းအေပၚ အေမြခြဲေဝမႈသာျဖစ္၏။ အဘုိးအဘြားတို႔ ေျမးမ်ားအတြက္ ခ်န္ရစ္ခဲ့သည္မွာ လက္ဆုပ္လက္ ကိုင္ျပႏုိင္ေသာ ႐ုပ္ဝတၳဳပစၥည္း မ်ားတင္ပဲလား။ အျခားလက္ညႇိဳး ၫႊန္ျပ၍မရႏိုင္ေသာ စိတ္ပိုင္း ဆုိင္ရာ အေမြအႏွစ္မ်ားေကာမရွိ ေတာ့ၿပီလားဟု ေစ့ငုစရာရွိလာ သည္။ ကြၽန္ေတာ္က စိတ္ခံစားမႈ ဆိုင္ရာ သက္ေရာက္မႈေတြကို ပို ၿပီးစိတ္ဝင္စားသည္။

ကြၽန္ေတာ္ အထက္တန္း ေက်ာင္းသားဘဝက ေရာဂါတစ္ ခု အႀကီးအက်ယ္ထခဲ့ဖူးသည္။ အဘုိး၊ အဘြားတို႔ႏွင့္ပတ္သက္၍ ဂုဏ္ယူဝင့္ႂကြားလိုသည့္ေရာဂါ။ ကြၽန္ေတာ့္အဘုိးက တိုင္းရင္း ေဆးဆရာႀကီး၊ အဘြားက သာ မန္အိမ္သူ။ ရပ္ကြက္ထဲမွာ ေဆး ဆရာႀကီးမို႔ ေလးစားသမႈရွိၾက သည္။ သို႔ေပမဲ့ ဒါက ကြၽန္ေတာ္ ႂကြားဝါႏိုင္သည့္အရာ မဟုတ္ေသး။အဘိုး၊ အဘြားေတြ အဂၤလိပ္ေခတ္၊ ဂ်ပန္ေခတ္ေတြမွာ သာမန္ျပည္သူအျဖစ္ ျဖတ္သန္းခဲ့သည္ကို ကြၽန္ေတာ္ သေဘာမေတြ႕။

‘‘ကြၽန္ေတာ္သာ ဆိုလွ်င္ တို႔ဗမာ အစည္းအ႐ံုးဝင္ သခင္ျဖစ္ေနၿပီ၊ ဖက္ဆစ္ေတာ္လွန္ေရးရဲေဘာ္ လြတ္လပ္ေရး ေမာ္ ကြန္းဝင္ ျဖစ္ေနၿပီ’’စသည္ျဖင့္ အဘုိး၊ အဘြားေတြကို မေက်မနပ္ေရရြတ္မိသည္။ ကြၽန္ေတာ့္ အိမ္မွာ သီခ်င္းေတြထဲကလို ေခါင္းရင္းထရံမွာ ခ်ိတ္ဆြဲထား သည့္ အဘုိး၏သမိုင္းဝင္ဓားလည္း မရွိ။ ေခါင္းေပါင္းစတလူလူ၊ ရင္ ဘတ္မွာဆုတံဆိပ္ေတြတန္းလန္း ခ်ိတ္ဆြဲထားသည့္ အဘုိး၊ အဘြား တို႔၏ ဓာတ္ပံုလည္းမရွိခဲ့။

သို႔ေသာ္လည္း ဘဝတစ္ ေလွ်ာက္ ဖတ္ခဲ့ရေသာစာမ်ား၊ ေတြ႕ခဲ့ရေသာျမင္ကြင္းအျဖစ္ အပ်က္မ်ားမွတစ္ဆင့္ ဂုဏ္ယူ စရာအဘုိး၊ အဘြားမ်ားထက္ ဂုဏ္ပ်က္၊ ဂုဏ္ညႇိဳးစရာ အဘိုး၊ အဘြားမ်ားေၾကာင့္ မ်က္ႏွာငယ္ရ ေသာေျမးျမစ္မ်ားကို ေတြ႕ရသည့္ အခါ ကြၽန္ေတာ့္အဘုိး၊ အဘြား မ်ားကိုပင္ ျပန္လည္၍ေက်းဇူး တင္မိရသည္။ အမွန္တကယ္ အဘိုး၊ အဘြားတို႔၏အေမြအႏွစ္ ကို ခံယူရာ၌ ႐ုပ္ဝတၳဳပစၥည္း သာမက စိတ္ပိုင္းဆိုင္ရာအေမြ အႏွစ္မ်ားပါ ဆက္ခံသူထံသို႔ မလြဲ မေသြေရာက္ရွိလာမည္ျဖစ္သည္။ အခ်ဳိ႕က ဘိုးဘြားအတြက္ ဂုဏ္ တက္ရ၏။ အခ်ဳိ႕က ဂုဏ္ပ်က္ရ ၏။ အခ်ဳိ႕က ဝင့္ႂကြားရ၏။ အခ်ဳိ႕က လြင့္ပါးရ၏။ အဘုိး၊ အဘြား တို႔ က်ဴးလြန္ခဲ့သည္က လူ႔ေလာ ကအလယ္ သာမန္က်င့္ဝတ္ အ စြန္းအထင္းဆိုလွ်င္ သူတို႔ဘဝ တစ္ေလွ်ာက္ ေမ့ေပ်ာက္ေကာင္း ေမ့ေပ်ာက္သြားႏုိင္ေသာ္လည္း သမိုင္းဆိုင္ရာ အစြန္းအထင္းဆို လွ်င္ေတာ့ ျပစ္ဒဏ္ကႀကီးမားလွ သည္။ သမိုင္းရွိေနသေရြ႕၊ သမိုင္းတည္ၿမဲေနသေရြ႕ စိတ္ဒဏ္ရာ မ်ား ရရွိေစမည္သာျဖစ္သည္။ မည္သူက ဟစ္တလာ့ေျမးဟု ဝင့္ ႂကြားႏိုင္ပါမည္နည္း။ မည္သူက မူဆိုလိုနီေျမး၊ မည္သူကဆဒမ္ဟူ စိန္ေျမး၊ မည္သူက ကဒါဖီေျမးဟု ဂုဏ္ယူႏုိင္ပါမည္နည္း။ ထုိထုိ ေျမးျမစ္မ်ားကိုယ္တိုင္က သူတို႔ ဘုိးဘြားမ်ား ျပဳမူေဆာင္ရြက္ခဲ့ ေသာ ႀကီးမားလွသည့္ မွားယြင္း ဆိုးသြမ္းမႈမ်ားကို သင္ခန္းစာ မယူႏိုင္ဘဲ အဘုိး၊ အဘြားတို႔ အဓမၼရွာေဖြသိုမွီးခဲ့ေသာပစၥည္း ဥစၥာတို႔အေပၚ ယစ္မူးမာန္တက္ လ်က္ ဆက္လက္ဆိုးသြမ္းေနဦး မည္ဆိုလွ်င္ေတာ့ ေလာက၏ ျပစ္ဒဏ္တစ္ခုခုျဖင့္ ဒဏ္ခတ္ရန္ လိုမည္ျဖစ္ေသာ္လည္း ေလာက ေကာင္းက်ဳိးကို ေရွး႐ႈလာသည့္ ေျမးျမစ္မ်ား အတြက္ဆိုလွ်င္ သူ တို႔မျပဳမူခ့ဲေသာ ျပစ္မႈအတြက္ သူတို႔တြင္ ကိုယ္စိတ္ႏွစ္ပါး ျပစ္ ဒဏ္က်ခံရမည္ဆုိပါက တရားမွ် တမႈ ရွိႏုိင္ပါမည္လားဟု စဥ္းစား ရန္ရွိလာသည္။

ယခု လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဖိုး လျပည့္တို႔၏ ေတြ႕ဆံုမႈအေပၚ ႏိုင္ငံေရးျဖစ္စဥ္အရ မေဝဖန္လို ေသာ္လည္း လူငယ္တစ္ဦးအေန ျဖင့္ ေကာင္းေသာအျပဳအမူမ်ား အတြက္ ေျခလွမ္းတစ္ရပ္ျဖစ္မည္ ဆိုလွ်င္ေတာ့ ကြၽန္ေတာ္တို႔ႀကိဳဆို သင့္သည္ဟုထင္သည္။ ဘိုးဘြား တို႔ျပဳခဲ့ေသာ အျပဳအမူကို အမွား အမွန္မခြဲျခားႏုိင္ဘဲ မိမိတို႔လက္ ထက္တြင္လည္း စည္းစိမ္ဥစၥာတို႔ ကို သံုးျဖဳန္းမာန္မာနေထာင္လႊား ေနေသာေျမးမ်ား၊ အဘိုးအဘြားတို႔၏ျပစ္မႈေၾကာင့္ တစ္သက္လံုး ညႇိဳးငယ္စြာျဖင့္မ်က္လႊာေအာက္ ခ် ကာ လူတို႔ကိုမုန္းတီး လာေသာ ေျမးျမစ္မ်ားထက္ လူ႔ေလာက အက်ဳိးကို ေဆာင္ရြက္ေသာေျမး ျမစ္မ်ားကို ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕ အစည္းက ပို၍ၾကည္ျဖဴစြာလက္ ခံရပါလိမ့္မည္။

တကယ္ေတာ့ ကြၽန္ေတာ္က ေျမးျမစ္မ်ားေနရာမွ အဘုိးအဘြားမ်ားဆီကရမည့္အေမြအႏွစ္ကို ေမွ်ာ္လင့္မိျခင္းသာျဖစ္ပါသည္။ အဘုိးေနရာကေန ေျမးျမစ္ေတြ အတြက္ ဘယ္လိုအေမြမ်ဳိးခ်န္ရစ္ ခဲ့မည္လဲဆိုသည္ကို စဥ္းစား ၾကည့္ေတာ့ ေခါင္းေတြထူပူလာ သည္။ မၾကာမီ ကြၽန္ေတာ္တို႔သည္ အခ်ိန္ကာလတစ္ခု၌ ေျမးျမစ္ ေတြ၏ အဘိုးတစ္ဦးျဖစ္လာပါ လိမ့္မည္။ ထုိအခါ ေျမးတို႔လက္ခံ သည္ျဖစ္ေစ၊ လက္မခံသည္ျဖစ္ ေစ သူတို႔ဆီကို ကြၽန္ေတာ့္အေမြ အႏွစ္အခ်ဳိ႕ေရာက္ရွိပါလိမ့္မည္။ မိမိ၏ စြန္းထင္းေသာလုပ္ရပ္၊ သိကၡာမဲ့ေသာရပ္တည္ခ်က္တစ္ ခုခုေၾကာင့္ ေျမးျမစ္တို႔အတြက္ မ်က္ႏွာငယ္စရာ၊ မ်က္ႏွာပူစရာ၊ နာၾကည္းခံျပင္းစရာ၊ ဂုဏ္သိကၡာ ညႇိဳးႏြမ္းစရာ စိတ္ဒဏ္ရာတစ္ခု ကို အေမြအျဖစ္ေပးခဲ့မည္လား။ တို႔ဗမာ အစည္းအ႐ံုးကို တည္ ေထာင္ခဲ့ေသာ သခင္ဘေသာင္း ေႂကြးေၾကာ္သလို ေနာင္လာ ေနာက္သားေကာင္းစားဖို႔ရာ တို႔ ကုိယ္က်ဳိးလံုးဝမပါဆုိသည့္သမိုင္း မွတ္တိုင္မ်ဳိး စိုက္ထူခဲ့ကာ ေျမးတုိ႔ ကို ရင္ေကာ့ေခါင္းေမာ့ေစမည္ လား ဆိုသည္ကေတာ့ ကြၽန္ေတာ္ တို႔ေရြးခ်ယ္မႈပင္ျဖစ္သည္။

သည္စာေတြ ေရးေနရင္း ႏွစ္အတန္ၾကာကဖတ္ခဲ့ဖူးေသာ ဟာသတစ္ပုဒ္ကုိ သတိရမိသည္။ တစ္ခါက ထမင္းဆိုင္တစ္ဆိုင္ ေရွ႕တြင္ ဆုိင္းဘုတ္တစ္ခုခ်ိတ္ဆြဲ ထားသည္တဲ့။ ‘‘ဆုိင္အတြင္းသို႔ မည္သူမဆို လြတ္လပ္စြာဝင္ ေရာက္ သံုးေဆာင္ႏိုင္ပါသည္။ သင္သံုးေဆာင္သမွ် က်သင့္ေငြ ကို သင္ေပးရန္မလိုပါ။ သင့္ေျမး ရွင္းပါလိမ့္မည္’’တဲ့။ ထုိဆိုင္းဘုတ္ကို လူတစ္ေယာက္ဖတ္မိေတာ့ သေဘာက်သြားသည္။ သူက လူပ်ဳိႀကီး၊ မိန္းမမရွိဘာမရွိမို႔ ေျမး ရဖို႔လည္းမလြယ္။ ထုိ႔ေၾကာင့္ ပြတာပဲဆိုသည့္စိတ္ျဖင့္ ထမင္း ဆိုင္တြင္ဝင္စားသည္။ စားၿပီး ေသာက္ၿပီးေနာက္ သူ႔ဆီကုိ ဘီလ္ေရာက္လာသည္။ သူက ဆုိင္း ဘုတ္ကိုလက္ညႇိဳးထုိးျပၿပီး ပိုက္ ဆံရွင္းဖို႔ျငင္းသည္။ ထမင္းဆိုင္ ပိုင္ရွင္က ျပန္ေျပာသည္။ ဒီပိုက္ ဆံက လူႀကီးမင္းစားတဲ့အတြက္ ေတာင္းတာမဟုတ္။ လူႀကီးမင္း ၏ အဘိုးစားသြားခဲ့သည့္အေႂကြး တဲ့။ ေသခ်ာပါသည္။ ကြၽန္ေတာ္ တို႔ စားခဲ့သမွ် အနာဂတ္တြင္ ကြၽန္ေတာ္တို႔ေျမးျမစ္မ်ား ရွင္းရ ပါလိမ့္မည္။ ။

7day daily
..................
သည်ရက်ပိုင်းမီဒီယာများတွင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့်နှင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့်သတင်းက ဂယက်ရိုက်သွားသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ အကောင်းမြင်သူရော၊ အဆိုးမြင်သူတွေပါ ပွက်လောညံသွားခဲ့၏။ ကျွန်တော့်ကိုလည်း သူငယ်ချင်း အချို့က ဘယ်လိုမြင်လဲဟု လှမ်းမေးကြသည်။ ကျွန်တော်က စကားပြောကြတာ ရန်ဖြစ်တာထက်စာရင် ပိုမကောင်းဘူးလားဟု ပြန်ဖြေဖြစ်သည်။ အဖြေကို ကျေနပ်သူ လည်းရှိ၊ မကျေနပ်သူလည်း ရှိ၏။ မကျေနပ်သူများက အာဏာရှင်၏မြေးဆိုသည့်စကား တစ်ခွန်းကို တတွတ်တွတ်ရွတ်ဆိုသည်။ သူတို့ကိုလည်း အပြစ်မဆိုသာ။ ဘဝနှင့်ရင်း၍ ခံစားခဲ့ရသူများမို့ မကျေမချမ်းနိုင်ဖြစ်ကြမည်မှာ အသေအချာ။ သို့သော်လည်း ထိုတွေ့ဆုံမှုက ပြည်သူအများကောင်းဖို့ဖြစ်လာပြီဆိုလျှင်ကျွန်တော်တို့သင်ပုန်းချေရမည် မဟုတ်လား။

အမျိုးသားရင်ကြားစေ့ရေးဆိုသည့် စကားလုံးကိုက ကျူးလွန်သူနှင့်ခံရသူကြား ညှိနှိုင်းခြင်းသာဖြစ်သည်။ ကျူးလွန်ခဲ့သူကို ခံခဲ့ရသူက ခွင့်လွှတ်ခြင်းပင်ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိုးလပြည့်တွေ့ဆုံမှုအပေါ် နိုင်ငံရေးအရ အကောင်းအဆိုး သုံးသပ်ကြ သည်။ ဝေဖန်ကြသည်။ကျွန်တော် ကတော့ ဒီဖြစ်စဉ်အပေါ်မှ အတွေးတစ်ခုရသည်။ မြေးနှင့်အဘိုး အဘွားများ၏ လက်ဆင့်ကမ်း အမွေပြဿနာဖြစ်သည်။
ရှေးဓမ္မသတ်တစ်ခုတွင် ကျွန်တော် မှတ်မှတ်သားသား ဖြစ်ခဲ့သော စကားလုံး တစ်လုံးရှိသည်။အမွေရကောင်း . . . မြေးတို့တောင်းသော်တဲ့။ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းဥပဒေအရ မြန်မာဗုဒ္ဓဘာ သာတစ်ဦး သေဆုံးလျှင် သေဆုံး သူ၏ (၁) သားသမီးများ၊ (၂) မြေးများ၊ (၃) မြစ်များ၊ (၄) ညီအစ်ကိုမောင်နှမများ၊ (၅) မိဘများ စသည်ဖြင့် အစဉ်အတိုင်းသာ အမွေဆက်ခံခွင့်ရသည်။ အမွေဆိုသည်က အစုန်သဘောရှိသည်တဲ့။ ဆိုလိုသည်မှာ လူတစ်ဦး၏မိဘ ညီအစ်ကိုမောင်နှမများထက် မြေးမြစ်များက အမွေဆက်ခံရန် ပိုပြီးအခွင့်အရေးရှိသည့် ဓလေ့။ ဒါက ရုပ်ဝတ္ထုပစ္စည်းအပေါ် အမွေခွဲဝေမှုသာဖြစ်၏။ အဘိုးအဘွားတို့ မြေးများအတွက် ချန်ရစ်ခဲ့သည်မှာ လက်ဆုပ်လက် ကိုင်ပြနိုင်သော ရုပ်ဝတ္ထုပစ္စည်း များတင်ပဲလား။ အခြားလက်ညှိုး ညွှန်ပြ၍မရနိုင်သော စိတ်ပိုင်း ဆိုင်ရာ အမွေအနှစ်များကောမရှိ တော့ပြီလားဟု စေ့ငုစရာရှိလာ သည်။ ကျွန်တော်က စိတ်ခံစားမှု ဆိုင်ရာ သက်ရောက်မှုတွေကို ပို ပြီးစိတ်ဝင်စားသည်။

ကျွန်တော် အထက်တန်း ကျောင်းသားဘဝက ရောဂါတစ် ခု အကြီးအကျယ်ထခဲ့ဖူးသည်။ အဘိုး၊ အဘွားတို့နှင့်ပတ်သက်၍ ဂုဏ်ယူဝင့်ကြွားလိုသည့်ရောဂါ။ ကျွန်တော့်အဘိုးက တိုင်းရင်း ဆေးဆရာကြီး၊ အဘွားက သာ မန်အိမ်သူ။ ရပ်ကွက်ထဲမှာ ဆေး ဆရာကြီးမို့ လေးစားသမှုရှိကြ သည်။ သို့ပေမဲ့ ဒါက ကျွန်တော် ကြွားဝါနိုင်သည့်အရာ မဟုတ်သေး။အဘိုး၊ အဘွားတွေ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တွေမှာ သာမန်ပြည်သူအဖြစ် ဖြတ်သန်းခဲ့သည်ကို ကျွန်တော် သဘောမတွေ့။

‘‘ကျွန်တော်သာ ဆိုလျှင် တို့ဗမာ အစည်းအရုံးဝင် သခင်ဖြစ်နေပြီ၊ ဖက်ဆစ်တော်လှန်ရေးရဲဘော် လွတ်လပ်ရေး မော် ကွန်းဝင် ဖြစ်နေပြီ’’စသည်ဖြင့် အဘိုး၊ အဘွားတွေကို မကျေမနပ်ရေရွတ်မိသည်။ ကျွန်တော့် အိမ်မှာ သီချင်းတွေထဲကလို ခေါင်းရင်းထရံမှာ ချိတ်ဆွဲထား သည့် အဘိုး၏သမိုင်းဝင်ဓားလည်း မရှိ။ ခေါင်းပေါင်းစတလူလူ၊ ရင် ဘတ်မှာဆုတံဆိပ်တွေတန်းလန်း ချိတ်ဆွဲထားသည့် အဘိုး၊ အဘွား တို့၏ ဓာတ်ပုံလည်းမရှိခဲ့။
သို့သော်လည်း ဘဝတစ် လျှောက် ဖတ်ခဲ့ရသောစာများ၊ တွေ့ခဲ့ရသောမြင်ကွင်းအဖြစ် အပျက်များမှတစ်ဆင့် ဂုဏ်ယူ စရာအဘိုး၊ အဘွားများထက် ဂုဏ်ပျက်၊ ဂုဏ်ညှိုးစရာ အဘိုး၊ အဘွားများကြောင့် မျက်နှာငယ်ရ သောမြေးမြစ်များကို တွေ့ရသည့် အခါ ကျွန်တော့်အဘိုး၊ အဘွား များကိုပင် ပြန်လည်၍ကျေးဇူး တင်မိရသည်။ အမှန်တကယ် အဘိုး၊ အဘွားတို့၏အမွေအနှစ် ကို ခံယူရာ၌ ရုပ်ဝတ္ထုပစ္စည်း သာမက စိတ်ပိုင်းဆိုင်ရာအမွေ အနှစ်များပါ ဆက်ခံသူထံသို့ မလွဲ မသွေရောက်ရှိလာမည်ဖြစ်သည်။ အချို့က ဘိုးဘွားအတွက် ဂုဏ် တက်ရ၏။ အချို့က ဂုဏ်ပျက်ရ ၏။ အချို့က ဝင့်ကြွားရ၏။ အချို့က လွင့်ပါးရ၏။ အဘိုး၊ အဘွား တို့ ကျူးလွန်ခဲ့သည်က လူ့လော ကအလယ် သာမန်ကျင့်ဝတ် အ စွန်းအထင်းဆိုလျှင် သူတို့ဘဝ တစ်လျှောက် မေ့ပျောက်ကောင်း မေ့ပျောက်သွားနိုင်သော်လည်း သမိုင်းဆိုင်ရာ အစွန်းအထင်းဆို လျှင်တော့ ပြစ်ဒဏ်ကကြီးမားလှ သည်။ သမိုင်းရှိနေသရွေ့၊ သမိုင်းတည်မြဲနေသရွေ့ စိတ်ဒဏ်ရာ များ ရရှိစေမည်သာဖြစ်သည်။ မည်သူက ဟစ်တလာ့မြေးဟု ဝင့် ကြွားနိုင်ပါမည်နည်း။ မည်သူက မူဆိုလိုနီမြေး၊ မည်သူကဆဒမ်ဟူ စိန်မြေး၊ မည်သူက ကဒါဖီမြေးဟု ဂုဏ်ယူနိုင်ပါမည်နည်း။ ထိုထို မြေးမြစ်များကိုယ်တိုင်က သူတို့ ဘိုးဘွားများ ပြုမူဆောင်ရွက်ခဲ့ သော ကြီးမားလှသည့် မှားယွင်း ဆိုးသွမ်းမှုများကို သင်ခန်းစာ မယူနိုင်ဘဲ အဘိုး၊ အဘွားတို့ အဓမ္မရှာဖွေသိုမှီးခဲ့သောပစ္စည်း ဥစ္စာတို့အပေါ် ယစ်မူးမာန်တက် လျက် ဆက်လက်ဆိုးသွမ်းနေဦး မည်ဆိုလျှင်တော့ လောက၏ ပြစ်ဒဏ်တစ်ခုခုဖြင့် ဒဏ်ခတ်ရန် လိုမည်ဖြစ်သော်လည်း လောက ကောင်းကျိုးကို ရှေးရှုလာသည့် မြေးမြစ်များ အတွက်ဆိုလျှင် သူ တို့မပြုမူခဲ့သော ပြစ်မှုအတွက် သူတို့တွင် ကိုယ်စိတ်နှစ်ပါး ပြစ် ဒဏ်ကျခံရမည်ဆိုပါက တရားမျှ တမှု ရှိနိုင်ပါမည်လားဟု စဉ်းစား ရန်ရှိလာသည်။

ယခု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖိုး လပြည့်တို့၏ တွေ့ဆုံမှုအပေါ် နိုင်ငံရေးဖြစ်စဉ်အရ မဝေဖန်လို သော်လည်း လူငယ်တစ်ဦးအနေ ဖြင့် ကောင်းသောအပြုအမူများ အတွက် ခြေလှမ်းတစ်ရပ်ဖြစ်မည် ဆိုလျှင်တော့ ကျွန်တော်တို့ကြိုဆို သင့်သည်ဟုထင်သည်။ ဘိုးဘွား တို့ပြုခဲ့သော အပြုအမူကို အမှား အမှန်မခွဲခြားနိုင်ဘဲ မိမိတို့လက် ထက်တွင်လည်း စည်းစိမ်ဥစ္စာတို့ ကို သုံးဖြုန်းမာန်မာနထောင်လွှား နေသောမြေးများ၊ အဘိုးအဘွားတို့၏ပြစ်မှုကြောင့် တစ်သက်လုံး ညှိုးငယ်စွာဖြင့်မျက်လွှာအောက် ချ ကာ လူတို့ကိုမုန်းတီး လာသော မြေးမြစ်များထက် လူ့လောက အကျိုးကို ဆောင်ရွက်သောမြေး မြစ်များကို ကျွန်တော်တို့ လူ့အဖွဲ့ အစည်းက ပို၍ကြည်ဖြူစွာလက် ခံရပါလိမ့်မည်။

တကယ်တော့ ကျွန်တော်က မြေးမြစ်များနေရာမှ အဘိုးအဘွားများဆီကရမည့်အမွေအနှစ်ကို မျှော်လင့်မိခြင်းသာဖြစ်ပါသည်။ အဘိုးနေရာကနေ မြေးမြစ်တွေ အတွက် ဘယ်လိုအမွေမျိုးချန်ရစ် ခဲ့မည်လဲဆိုသည်ကို စဉ်းစား ကြည့်တော့ ခေါင်းတွေထူပူလာ သည်။ မကြာမီ ကျွန်တော်တို့သည် အချိန်ကာလတစ်ခု၌ မြေးမြစ် တွေ၏ အဘိုးတစ်ဦးဖြစ်လာပါ လိမ့်မည်။ ထိုအခါ မြေးတို့လက်ခံ သည်ဖြစ်စေ၊ လက်မခံသည်ဖြစ် စေ သူတို့ဆီကို ကျွန်တော့်အမွေ အနှစ်အချို့ရောက်ရှိပါလိမ့်မည်။ မိမိ၏ စွန်းထင်းသောလုပ်ရပ်၊ သိက္ခာမဲ့သောရပ်တည်ချက်တစ် ခုခုကြောင့် မြေးမြစ်တို့အတွက် မျက်နှာငယ်စရာ၊ မျက်နှာပူစရာ၊ နာကြည်းခံပြင်းစရာ၊ ဂုဏ်သိက္ခာ ညှိုးနွမ်းစရာ စိတ်ဒဏ်ရာတစ်ခု ကို အမွေအဖြစ်ပေးခဲ့မည်လား။ တို့ဗမာ အစည်းအရုံးကို တည် ထောင်ခဲ့သော သခင်ဘသောင်း ကြွေးကြော်သလို နောင်လာ နောက်သားကောင်းစားဖို့ရာ တို့ ကိုယ်ကျိုးလုံးဝမပါဆိုသည့်သမိုင်း မှတ်တိုင်မျိုး စိုက်ထူခဲ့ကာ မြေးတို့ ကို ရင်ကော့ခေါင်းမော့စေမည် လား ဆိုသည်ကတော့ ကျွန်တော် တို့ရွေးချယ်မှုပင်ဖြစ်သည်။

သည်စာတွေ ရေးနေရင်း နှစ်အတန်ကြာကဖတ်ခဲ့ဖူးသော ဟာသတစ်ပုဒ်ကို သတိရမိသည်။ တစ်ခါက ထမင်းဆိုင်တစ်ဆိုင် ရှေ့တွင် ဆိုင်းဘုတ်တစ်ခုချိတ်ဆွဲ ထားသည်တဲ့။ ‘‘ဆိုင်အတွင်းသို့ မည်သူမဆို လွတ်လပ်စွာဝင် ရောက် သုံးဆောင်နိုင်ပါသည်။ သင်သုံးဆောင်သမျှ ကျသင့်ငွေ ကို သင်ပေးရန်မလိုပါ။ သင့်မြေး ရှင်းပါလိမ့်မည်’’တဲ့။ ထိုဆိုင်းဘုတ်ကို လူတစ်ယောက်ဖတ်မိတော့ သဘောကျသွားသည်။ သူက လူပျိုကြီး၊ မိန်းမမရှိဘာမရှိမို့ မြေး ရဖို့လည်းမလွယ်။ ထို့ကြောင့် ပွတာပဲဆိုသည့်စိတ်ဖြင့် ထမင်း ဆိုင်တွင်ဝင်စားသည်။ စားပြီး သောက်ပြီးနောက် သူ့ဆီကို ဘီလ်ရောက်လာသည်။ သူက ဆိုင်း ဘုတ်ကိုလက်ညှိုးထိုးပြပြီး ပိုက် ဆံရှင်းဖို့ငြင်းသည်။ ထမင်းဆိုင် ပိုင်ရှင်က ပြန်ပြောသည်။ ဒီပိုက် ဆံက လူကြီးမင်းစားတဲ့အတွက် တောင်းတာမဟုတ်။ လူကြီးမင်း ၏ အဘိုးစားသွားခဲ့သည့်အကြွေး တဲ့။ သေချာပါသည်။ ကျွန်တော် တို့ စားခဲ့သမျှ အနာဂတ်တွင် ကျွန်တော်တို့မြေးမြစ်များ ရှင်းရ ပါလိမ့်မည်။ ။

7day daily

No comments:

Post a Comment