Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, November 29, 2015

အဏုျမဴဗံုးဒဏ္ကိုပါ ခံႏိုင္ရည္ရွိတဲ့ ေပါင္ ၁၁.၅၇ သန္းတန္ ေျမေအာက္တိုက္ခန္းေတြကို အေမရိကမွာ စတင္ေရာင္းခ်

အဏုျမဴ စစ္ပြဲေတြ ျဖစ္လာမွာကို ေၾကာက္ေနသူေတြအတြက္ အမိုက္စား ေနအိမ္ေတြေပၚထြက္လာပါတယ္။ ဒီအိမ္ေတြကေတာ့ ၂၀ ကီလိုတန္ ေပါက္ကြဲမႈ ေတြကို ေတာင္ ခံႏိုင္ရည္ရွိတယ္လို႔သိရပါတယ္။ အဲဒီေလာက္လံုၿခံဳမႈရွိတဲ့ေနအိမ္ဟာ စတာလင္ေပါင္ ၁၁.၅၇ သန္း တန္ဖိုးရွိေနျပန္ပါတယ္။

ဒီေနအိမ္ဟာ ေျမေအာက္မွာ ေဆာက္လုပ္ထားတာျဖစ္ၿပီး ဇိမ္ခံ ေနအိမ္ အမ်ိဳးအစားထဲက တစ္ခုပါပဲ။ ဒီေျမေအာက္ေနအိမ္ဟာ ျဖစ္လာႏိုင္ေခ်ရွိတဲ့ ၿခိမ္းေျခာက္မႈေတြျဖစ္တဲ့ သဘာ၀ ေဘးအႏၱရာယ္မ်ား ၊ ၿမိဳ႕ေတာ္တြင္းဆူပူမႈမ်ားနဲ႔ အၾကမ္းဖက္ တိုက္ခိုက္မႈ မ်ား ရဲ႕ အႏၱရာယ္ကလည္း လြတ္ေျမာက္ႏိုင္စြမ္းရွိေနပါတယ္။

အေမရိကန္ျပည္ေထာင္စု ၊ ေဂ်ာ္ဂ်ီယာ ျပည္နယ္ Savannah ၿမိဳ႕နားမွာ တည္ရွိၿပီး ထို ေျမေအာက္ေနအိမ္ကုိေတာ့ ၁၉၆၉ ခုႏွစ္ကတည္းက စစ္တပ္အဖြဲ႕အစည္းေတြနဲ႔ အင္ဂ်င္နီယာ ေတြ ပူးေပါင္းေဆာက္လုပ္ခဲ့တာ ျဖစ္တယ္လို႔ လည္းသိရပါတယ္။ ၂၀၁၂ ခုႏွစ္မွာေတာ့ ထိုေျမေအာက္စခန္းကို အစိုးရ အဆင့္အထိ ေရာက္ေအာင္ျပဳျပင္ခဲ့ၿပီး အဆင့္ျမွင့္တင္ခဲ့တာျဖစ္ပါတယ္။

ထိုအိမ္ရဲ႕ နံရံေတြဟာ ၃ ေပတိတိ အထူရွိၿပီး ေလ၀င္ စနစ္မ်ား ၊ သူနာျပဳ အခန္းမ်ား ၊ အပုပ္နံ႔နဲ႔ အဆိပ္ေငြ႔ကင္းစင္တဲ့ ေရခ်ိဳးခန္းမ်ား နဲ႔ စတာလင္ေပါင္ ၆၇၅၀၀ တန္ CCTV ေတြကိုလည္းတပ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။ ေရပူေရေအးစနစ္ ၊ ေနေရာင္ျခည္စြမ္းအင္သံုး ဆိုလာ စနစ္မ်ား စတာေတြကိုလည္းတပ္ဆင္ထားပါတယ္။

ထိုေနအိမ္ဟာ ၃၂ ဧက က်ယ္၀န္းတဲ့ ေျမျပင္ရဲ႕ ေအာက္ ၄၅ ေပ အကြာ မွာ တည္ေဆာက္ထားတာျဖစ္ၿပီး စတုရန္းေပ ၁၄၀၀၀ က်ယ္၀န္းတဲ့ အထပ္ ၂ ထပ္ပါ၀င္တယ္လို႔လည္း သိရပါတယ္။ ဒုတိယ ထပ္မွာေတာ့ ဇိမ္ခံ တိုက္ခန္း ၄ ခန္းပါ၀င္ၿပီး တစ္ခန္းကို စတုရန္းေပ ၆၀၀ ခန္႔က်ယ္၀န္းပါတယ္။ အခန္းတိုင္းမွာ မီးဖိုေခ်ာင္ ၁ ခန္း ၊ ထမင္းစားခန္း ၁ ခန္း ၊ အိပ္ခန္း ၂ ခန္း ၊ ဧည့္ခန္း ၁ ခန္း နဲ႔ ေရခ်ိဳးခန္း တို႔ပါ၀င္တယ္လို႔ လည္းသိရပါတယ္။

ပထမထပ္မွာကေတာ့ ဟိုတယ္လ္ ေတြမွာ ေတြ႕ေနၾကပံုစံအတိုင္း ဧည့္ခန္းမ်ားနဲ႔ ပရိေဘာဂ ဖြဲ႕စည္းမႈမ်ားကို အသားေပးထားၿပီး ထို တိုက္ခန္းမွာ ၀ယ္ယူေနထိုင္သူေတြအလုပ္လုပ္လို႔ရမယ့္ အလုပ္စားပြဲေတြကိုလည္း ထားေပးထားတယ္လို႔ သိရပါတယ္။

"ကၽြန္ေတာ္တို႔ဟာ အႏၱရာယ္ေတြမ်ားျပားလာတဲ့ ကမာၻႀကီးမွာေနထိုင္ေနၾကတာပါ။ ဒီေနအိမ္ကေတာ့ မိသားစု တိုင္း ၊ စီးပြားေရး လုပ္ငန္းတိုင္း နဲ႔ အစိုးတိုင္းအတြက္ လံုၿခံဳစြာ နဲ႔ သက္ေတာင့္သက္သာ ေနထိုင္ႏိုင္မယ့္ ေကာင္းကင္ဘံု တစ္ခုပါပဲ" လို႔ ထို ေျမေအာက္ တိုက္ခန္းကို ပိုင္ဆိုင္တဲ့ Bastion အိမ္ၿခံေျမလုပ္ငန္းရဲ႕ တြဲဖက္ပိုင္ရွင္ Chris Salamone က ဆိုပါတယ္။

( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com

Ref : Mirror
..................
အဏုမြူဗုံးဒဏ်ကိုပါ ခံနိုင်ရည်ရှိတဲ့ ပေါင် ၁၁.၅၇ သန်းတန် မြေအောက်တိုက်ခန်းတွေကို အမေရိကမှာ စတင်ရောင်းချ


အဏုမြူ စစ်ပွဲတွေ ဖြစ်လာမှာကို ကြောက်နေသူတွေအတွက် အမိုက်စား နေအိမ်တွေပေါ်ထွက်လာပါတယ်။ ဒီအိမ်တွေကတော့ ၂၀ ကီလိုတန် ပေါက်ကွဲမှု တွေကို တောင် ခံနိုင်ရည်ရှိတယ်လို့သိရပါတယ်။ အဲဒီလောက်လုံခြုံမှုရှိတဲ့နေအိမ်ဟာ စတာလင်ပေါင် ၁၁.၅၇ သန်း တန်ဖိုးရှိနေပြန်ပါတယ်။

ဒီနေအိမ်ဟာ မြေအောက်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ဇိမ်ခံ နေအိမ် အမျိုးအစားထဲက တစ်ခုပါပဲ။ ဒီမြေအောက်နေအိမ်ဟာ ဖြစ်လာနိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုတွေဖြစ်တဲ့ သဘာဝ ဘေးအန္တရာယ်များ ၊ မြို့တော်တွင်းဆူပူမှုများနဲ့ အကြမ်းဖက် တိုက်ခိုက်မှု များ ရဲ့ အန္တရာယ်ကလည်း လွတ်မြောက်နိုင်စွမ်းရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စု ၊ ဂျော်ဂျီယာ ပြည်နယ် Savannah မြို့နားမှာ တည်ရှိပြီး ထို မြေအောက်နေအိမ်ကိုတော့ ၁၉၆၉ ခုနှစ်ကတည်းက စစ်တပ်အဖွဲ့အစည်းတွေနဲ့ အင်ဂျင်နီယာ တွေ ပူးပေါင်းဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ လည်းသိရပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ထိုမြေအောက်စခန်းကို အစိုးရ အဆင့်အထိ ရောက်အောင်ပြုပြင်ခဲ့ပြီး အဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။

ထိုအိမ်ရဲ့ နံရံတွေဟာ ၃ ပေတိတိ အထူရှိပြီး လေဝင် စနစ်များ ၊ သူနာပြု အခန်းများ ၊ အပုပ်နံ့နဲ့ အဆိပ်ငွေ့ကင်းစင်တဲ့ ရေချိုးခန်းများ နဲ့ စတာလင်ပေါင် ၆၇၅၀၀ တန် CCTV တွေကိုလည်းတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ ရေပူရေအေးစနစ် ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စနစ်များ စတာတွေကိုလည်းတပ်ဆင်ထားပါတယ်။

ထိုနေအိမ်ဟာ ၃၂ ဧက ကျယ်ဝန်းတဲ့ မြေပြင်ရဲ့ အောက် ၄၅ ပေ အကွာ မှာ တည်ဆောက်ထားတာဖြစ်ပြီး စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းတဲ့ အထပ် ၂ ထပ်ပါ၀င်တယ်လို့လည်း သိရပါတယ်။ ဒုတိယ ထပ်မှာတော့ ဇိမ်ခံ တိုက်ခန်း ၄ ခန်းပါ၀င်ပြီး တစ်ခန်းကို စတုရန်းပေ ၆၀၀ ခန့်ကျယ်ဝန်းပါတယ်။ အခန်းတိုင်းမှာ မီးဖိုချောင် ၁ ခန်း ၊ ထမင်းစားခန်း ၁ ခန်း ၊ အိပ်ခန်း ၂ ခန်း ၊ ဧည့်ခန်း ၁ ခန်း နဲ့ ရေချိုးခန်း တို့ပါ၀င်တယ်လို့ လည်းသိရပါတယ်။

ပထမထပ်မှာကတော့ ဟိုတယ်လ် တွေမှာ တွေ့နေကြပုံစံအတိုင်း ဧည့်ခန်းများနဲ့ ပရိဘောဂ ဖွဲ့စည်းမှုများကို အသားပေးထားပြီး ထို တိုက်ခန်းမှာ ၀ယ်ယူနေထိုင်သူတွေအလုပ်လုပ်လို့ရမယ့် အလုပ်စားပွဲတွေကိုလည်း ထားပေးထားတယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဟာ အန္တရာယ်တွေများပြားလာတဲ့ ကမ္ဘာကြီးမှာနေထိုင်နေကြတာပါ။ ဒီနေအိမ်ကတော့ မိသားစု တိုင်း ၊ စီးပွားရေး လုပ်ငန်းတိုင်း နဲ့ အစိုးတိုင်းအတွက် လုံခြံုစွာ နဲ့ သက်တောင့်သက်သာ နေထိုင်နိုင်မယ့် ကောင်းကင်ဘုံ တစ်ခုပါပဲ" လို့ ထို မြေအောက် တိုက်ခန်းကို ပိုင်ဆိုင်တဲ့ Bastion အိမ်ခြံမြေလုပ်ငန်းရဲ့ တွဲဖက်ပိုင်ရှင် Chris Salamone က ဆိုပါတယ်။

( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror

No comments:

Post a Comment