Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 27, 2015

လူသား၏အမိန္႔မ်ားကို မလုပ္ႏိုင္ဘူးဟု ျငင္းဆန္သည့္စက္႐ုပ္ကို သုေတသီမ်ားတီထြင္

သတင္း  နည္းပညာ
ယူပီအုိင္
၀ါရွင္တန္၊ ႏို၀င္ဘာ -၂၇ ။         ။ Tufts တကၠသိုလ္မွ သုေတသနပညာရွင္မ်ားသည့္ စက္႐ုပ္မ်ားကို ယခင္က မၾကားဖူးခဲ့သည့္ လုပ္ေဆာင္ခ်က္ကို လုပ္ေဆာင္ေစႏိုင္မည့္ ယႏၱရားစနစ္ကို တီထြင္ခဲ့ ၾကသည္ဟုဆိုသည္။ ယင္းမွာ လူသားတုိ႔၏ အမိန္႔မ်ားကို ‘မလုပ္ဘူး (No)’ဟု ေျပာၾကားကာ မလိုက္နာဘဲေနျခင္းပင္ျဖစ္သည္။

Tufts တကၠသိုလ္ လူ-စက္ရုပ္ တုန္႔လွယ္ဆက္ဆံမႈ ဓာတ္ခြဲခန္းမွ ေဂၚဒန္ ဘရစ္ႏွင့္ မက္သီးရပ္ ရွက္တို႔ႏွစ္ဦးက လြန္ခဲ့သည့္ ရက္သတၱပတ္က ၀ါရွင္တန္ဒီစီတြင္ က်င္းပခဲ့သည့္ လူ-စက္႐ုပ္ တုံ႔လွယ္ ဆက္ဆံမႈအတြက္ ဥာဏ္ရည္တုေဆြးေႏြးပြဲတြင္ ၄င္းတို႔၏ သုေတသနကို အဆိုျပဳတင္သြင္းရာတြင္ လူသားထံမွ တိုက္႐ိုက္အမိန္႔မ်ားကို မည္သည့္အခ်ိန္တြင္ ျငင္းပယ္ရမည္ကို စက္႐ုပ္မ်ားအား သင္ၾကားေပးရန္ ႀကိဳးပမ္းမႈမ်ားႏွင့္ ပတ္သက္၍ အေသးစိတ္ေဖာ္ျပထားသည္ဟု ဆိုသည္။

2001: A Space Odyssey ထဲမွ မနာခံေသာ ဥာဏ္ရည္တု HAL 9000 ကို တုပထားသည့္ ‘၀မ္းနည္းပါတယ္။ ငါ မလုပ္ႏိုင္ဘူး (Sorry, I can’t do that)’ဟု နာမည္ေပးထားသည့္ ၄င္းတို႔၏ စာတန္းမွာ ေဖာ္ျပခ်က္အေျခအေနမ်ားအေပၚတြင္ အေျခခံထားျခင္းျဖစ္ၿပီး လုပ္ငန္းတာ၀န္ကို နားလည္ၿပီး လုပ္ေဆာင္ႏိုင္ေစရန္အတြက္ ေမးခြန္းမ်ား ေမးသည္ဟု ဆိုသည္။

ဘရစ္ႏွင့္ ရွက္တို႔ စက္ရုပ္မ်ားအတြက္ အႀကံျပဳထားသည့္ ေဖာ္ျပခ်က္အေျခအေနမ်ားမွာ

၁. အသိ- Xကို ဘယ္လုိလုပ္ရသလဲဆိုတာ သိလား။

၂.စြမ္းရည္- ငါဟာ ရုပ္ပိုင္းအရ Xကို လုပ္ႏိုင္စြမ္းရွိသလား။ ငါဟာ Xကို ရုပ္ပိုင္းအရ လုပ္ႏိုင္တဲ့ ပံုမွန္အေနအထားမွာ ရွိလား။

၃.ရည္မွန္းခ်က္ဦးစားေပးႏွင့္ အခ်ိန္ကိုက္မႈ- ငါဟာ အခု Xကို မွန္မွန္ကန္ကန္ လုပ္ႏိုင္ရဲ႕လား။

၄.လူမႈေရးအခန္းက႑ႏွင့္ တာ၀န္၀တၱရား - ငါဟာ Xကို လုပ္ဖို႔အတြက္ ငါ့ရဲ႕လူမႈေရးအခန္းက႑အေပၚမွာ အေျခခံတဲ့ တာ၀န္၀တၱရား ရွိလား။

၅.စံခြင့္ျပဳခ်က္ - ငါ Xကို လုပ္လိုက္လို႔ စံစည္းမ်ဥ္းေတြကို ခ်ဳိးေဖာ္ရာမ်ား က်ေနမလား။
သုေတသီမ်ားက ရွင္းျပသည့္ ဗြီဒီယိုနမူနာထဲတြင္ လူက ေရွ႕ဆက္ေလွ်ာက္ရန္ ေျပာေနေသာ္လည္း စက္ရုပ္ကမူ စားပြဲအစြန္းမွ ျပဳတ္က်မည္စိုးေသာေၾကာင့္ အမိန္႔ကို ျငင္းဆန္ေနပံုကို ရိုက္ျပထားသည္။
‘လူသားက ျပဳတ္က်ရင္လည္း ဖမ္းထားမယ္လို႔ ရွင္းျပရင္ေတာ့ စက္ရုပ္က စားပြဲအစြန္းအထိ ေလွ်ာက္ပါလိမ့္မယ္ဟု သုေတသီမ်ားက ေျပာသည္။

- See more at: http://mizzimaburmese.com/article/7943#sthash.VdNX4LTC.4JtCXrH3.dpuf
...............................
လူသား၏အမိန့်များကို မလုပ်နိုင်ဘူးဟု ငြင်းဆန်သည့်စက်ရုပ်ကို သုတေသီများတီထွင်
သတင်း  နည်းပညာ
ယူပီအိုင်
၀ါရှင်တန်၊ နိုဝင်ဘာ -၂၇ ။         ။ Tufts တက္ကသိုလ်မှ သုတေသနပညာရှင်များသည့် စက်ရုပ်များကို ယခင်က မကြားဖူးခဲ့သည့် လုပ်ဆောင်ချက်ကို လုပ်ဆောင်စေနိုင်မည့် ယန္တရားစနစ်ကို တီထွင်ခဲ့ ကြသည်ဟုဆိုသည်။ ယင်းမှာ လူသားတို့၏ အမိန့်များကို ‘မလုပ်ဘူး (No)’ဟု ပြောကြားကာ မလိုက်နာဘဲနေခြင်းပင်ဖြစ်သည်။

Tufts တက္ကသိုလ် လူ-စက်ရုပ် တုန့်လှယ်ဆက်ဆံမှု ဓာတ်ခွဲခန်းမှ ဂေါ်ဒန် ဘရစ်နှင့် မက်သီးရပ် ရှက်တို့နှစ်ဦးက လွန်ခဲ့သည့် ရက်သတ္တပတ်က ၀ါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် လူ-စက်ရုပ် တုံ့လှယ် ဆက်ဆံမှုအတွက် ဉာဏ်ရည်တုဆွေးနွေးပွဲတွင် ၄င်းတို့၏ သုတေသနကို အဆိုပြုတင်သွင်းရာတွင် လူသားထံမှ တိုက်ရိုက်အမိန့်များကို မည်သည့်အချိန်တွင် ငြင်းပယ်ရမည်ကို စက်ရုပ်များအား သင်ကြားပေးရန် ကြိုးပမ်းမှုများနှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြထားသည်ဟု ဆိုသည်။

2001: A Space Odyssey ထဲမှ မနာခံသော ဉာဏ်ရည်တု HAL 9000 ကို တုပထားသည့် ‘၀မ်းနည်းပါတယ်။ ငါ မလုပ်နိုင်ဘူး (Sorry, I can’t do that)’ဟု နာမည်ပေးထားသည့် ၄င်းတို့၏ စာတန်းမှာ ဖော်ပြချက်အခြေအနေများအပေါ်တွင် အခြေခံထားခြင်းဖြစ်ပြီး လုပ်ငန်းတာဝန်ကို နားလည်ပြီး လုပ်ဆောင်နိုင်စေရန်အတွက် မေးခွန်းများ မေးသည်ဟု ဆိုသည်။

ဘရစ်နှင့် ရှက်တို့ စက်ရုပ်များအတွက် အကြံပြုထားသည့် ဖော်ပြချက်အခြေအနေများမှာ

၁. အသိ- Xကို ဘယ်လိုလုပ်ရသလဲဆိုတာ သိလား။

၂.စွမ်းရည်- ငါဟာ ရုပ်ပိုင်းအရ Xကို လုပ်နိုင်စွမ်းရှိသလား။ ငါဟာ Xကို ရုပ်ပိုင်းအရ လုပ်နိုင်တဲ့ ပုံမှန်အနေအထားမှာ ရှိလား။

၃.ရည်မှန်းချက်ဦးစားပေးနှင့် အချိန်ကိုက်မှု- ငါဟာ အခု Xကို မှန်မှန်ကန်ကန် လုပ်နိုင်ရဲ့လား။

၄.လူမှုရေးအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရား - ငါဟာ Xကို လုပ်ဖို့အတွက် ငါ့ရဲ့လူမှုရေးအခန်းကဏ္ဍအပေါ်မှာ အခြေခံတဲ့ တာဝန်ဝတ္တရား ရှိလား။

၅.စံခွင့်ပြုချက် - ငါ Xကို လုပ်လိုက်လို့ စံစည်းမျဉ်းတွေကို ချိုးဖော်ရာများ ကျနေမလား။
သုတေသီများက ရှင်းပြသည့် ဗွီဒီယိုနမူနာထဲတွင် လူက ရှေ့ဆက်လျှောက်ရန် ပြောနေသော်လည်း စက်ရုပ်ကမူ စားပွဲအစွန်းမှ ပြုတ်ကျမည်စိုးသောကြောင့် အမိန့်ကို ငြင်းဆန်နေပုံကို ရိုက်ပြထားသည်။
‘လူသားက ပြုတ်ကျရင်လည်း ဖမ်းထားမယ်လို့ ရှင်းပြရင်တော့ စက်ရုပ်က စားပွဲအစွန်းအထိ လျှောက်ပါလိမ့်မယ်ဟု သုတေသီများက ပြောသည်။

- See more at: http://mizzimaburmese.com/article/7943#sthash.VdNX4LTC.4JtCXrH3.dpuf

No comments:

Post a Comment