Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, November 22, 2015

တရားထိုင္ျခင္းက ေမာ္ဖိန္းထက္ ပိုၿပီး နာက်င္မႈေတြ ေလွ်ာ့ခ်ရာမွာ ထိေရာက္မႈ ရွိ

တရားထိုင္ျခင္းဟာ နာက်င္မႈေတြ ေလွ်ာ့ခ်ေအာင္ျပဳလုပ္တဲ့ေနရာမွာ ေမာ္ဖိန္းထက္ ပိုၿပီး ထိေရာက္မႈေနတယ္ဆိုတာကို သုေတသီေတြက ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။

ေလ့လာမႈ တစ္ခုက အခိုင္အမာဆိုခဲ့တာကေတာ့ တစ္ေန႔ကို မိနစ္ ၂၀ ခန္႔ တရားထိုင္ ေလ့က်င့္ျခင္းဟာ ေမာ္ဖိန္းလို အျပင္းစား ေဆး၀ါးေတြထက္ နာက်င္မႈေတြေလွ်ာ့ခ်ရာမွာ ပိုမို ထိေရာက္မႈ ရွိတယ္ ဆိုတာပါပဲ။ သုေတသီေတြဟာ က်န္းမာၿပီး နာက်င္မႈ မရွိတဲ့ လူ ၇၅ ေယာက္ကို စည္းရံုးၿပီး သူတို႔ကို အဖြဲ႕ေတြခြဲေစကာ သူတို႔ရဲ႕ နာက်င္မႈအေပၚ တံု႔ျပန္မႈေတြကို စစ္ေဆးခဲ့ၾကပါတယ္။

လုပ္အားေပး အစမ္းသပ္ခံ ၇၅ ေယာက္ဟာ အဖြဲ႕ ၄ ဖြဲ႕ ခြဲခဲ့ရပါတယ္။ တစ္ဖြဲ႕ကေတာ့ စိတ္တည္ၿငိမ္စြာ တရားထိုင္တဲ့အဖြဲ႕ျဖစ္ၿပီး ၊ placebo ေဆး၀ါး အကူအညီနဲ႔ တရားထိုင္တဲ့အဖြဲ႕ ၊ Placebo ဂ်ယ္လီခရင္မ္ သုတ္လိမ္းတဲ့အဖြဲ႔နဲ႔ ဘာမွ မပါပဲ အလြတ္တန္း ထိန္းခ်ဳပ္ရတဲ့အဖြဲ႕ေတြပဲ ျဖစ္ပါတယ္။သူတို႔ အားလံုးရဲ႕ အေရျပားေတြကို အပူခ်ိန္ ၁၂၀ ဒီဂရီ ဖာရင္ဟိုက္ အထိ ေပးကာ ဦးေႏွာက္ရဲ႕ တံု႔ျပန္မႈေတြကို စစ္ေဆးၾကည့္ခဲ့ပါတယ္။

စစ္ေဆးမႈ အရေတာ့ အသက္ရႈျခင္းနဲ႔ အနားယူျခင္းနည္းလမ္းျဖစ္တဲ့ "အာနာပါန" တရားထုိင္ျခင္းျပဳလုပ္ခဲ့တဲ့ အဖြဲ႕သာလွ်င္ နာက်င္မႈေတြကို တံု႔ျပန္တဲ့ ဦးေႏွာက္ရဲ႕ အစိတ္အပိုင္းမွာ တည္ၿငိမ္မႈ ရွိေနတာကို ေတြ႕၇ပါတယ္။ စိတ္တည္ၿငိမ္စြာ တရားထိုင္တဲ့အဖြဲ႕ဟာ နာက်င္မႈကို ၂၇ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး စိတ္ခံစားခ်က္ ဆိုင္ရာ နာက်င္ေနမႈမွာေတာ့ ၄၄ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ခဲ့ပါတယ္။

Placebo ေဆး၀ါး အသံုးျပဳခဲ့တဲ့ အဖြဲ႕ကေတာ့ နာက်င္မႈ ကို ခံစားရတာဟာ ၁၁ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး စိတ္ခံစားခ်က္ဆိုင္ရာေတာ့ ၁၃ ရာခိုင္ႏႈန္းသာ ေလွ်ာ့ခ်ႏိုင္ခဲ့တယ္လို႔ Neuroscience ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။

ဒီေလ့လာမႈကို ဦးေဆာင္ခဲ့တဲ့ သုေတသီ ေဒါက္တာ Fadel Zeiden ကေတာ့ ဒါဟာ စိတ္တည္ၿငိမ္စြာတရားထိုင္ျခင္းဟာ Placebo ခရမ္သံုးျခင္းနဲ႔ ျခားနားတဲ့ ဦးေႏွာက္လႈပ္ရွားမႈ ပံုစံေတြကို ထုတ္လုပ္ေပးႏိုင္တယ္ဆိုတာ ျပသလိုက္ႏိုင္တဲ့ ပထမဆံုး ေလ့လာမႈ ပဲ ျဖစ္တယ္လုိ႔ ဆိုပါတယ္။

"ကၽြန္ေတာ္တို႔ရဲ႕ ရွာေဖြေတြ႕ရွိခ်က္ကို အေျခခံၿပီး ေန႔စဥ္ မိနစ္ ၂၀ ခန္႔ စိတ္တည္ၿငိမ္စြာ တရားထိုင္ျခင္းဟာ ေဆးရံုေဆးခန္းေတြမွာ နာက်င္မႈေတြကို ကုသတဲ့နည္းလမ္း ျဖစ္လာႏိုင္တယ္ဆိုတာကို ကၽြန္ေတာ္တို႔ ယံုၾကည္ထားပါတယ္" လို႔ ေဒါက္တာ Fadel Zeiden က ဆိုပါတယ္။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Dailymail
...............
တရားထိုင်ခြင်းက မော်ဖိန်းထက် ပိုပြီး နာကျင်မှုတွေ လျှော့ချရာမှာ ထိရောက်မှု ရှိ

တရားထိုင်ခြင်းဟာ နာကျင်မှုတွေ လျှော့ချအောင်ပြုလုပ်တဲ့နေရာမှာ မော်ဖိန်းထက် ပိုပြီး ထိရောက်မှုနေတယ်ဆိုတာကို သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

လေ့လာမှု တစ်ခုက အခိုင်အမာဆိုခဲ့တာကတော့ တစ်နေ့ကို မိနစ် ၂၀ ခန့် တရားထိုင် လေ့ကျင့်ခြင်းဟာ မော်ဖိန်းလို အပြင်းစား ဆေးဝါးတွေထက် နာကျင်မှုတွေလျှော့ချရာမှာ ပိုမို ထိရောက်မှု ရှိတယ် ဆိုတာပါပဲ။ သုတေသီတွေဟာ ကျန်းမာပြီး နာကျင်မှု မရှိတဲ့ လူ ရ၅ ယောက်ကို စည်းရုံးပြီး သူတို့ကို အဖွဲ့တွေခွဲစေကာ သူတို့ရဲ့ နာကျင်မှုအပေါ် တုံ့ပြန်မှုတွေကို စစ်ဆေးခဲ့ကြပါတယ်။

လုပ်အားပေး အစမ်းသပ်ခံ ရ၅ ယောက်ဟာ အဖွဲ့ ၄ ဖွဲ့ ခွဲခဲ့ရပါတယ်။ တစ်ဖွဲ့ကတော့ စိတ်တည်ငြိမ်စွာ တရားထိုင်တဲ့အဖွဲ့ဖြစ်ပြီး ၊ placebo ဆေးဝါး အကူအညီနဲ့ တရားထိုင်တဲ့အဖွဲ့ ၊ Placebo ဂျယ်လီခရင်မ် သုတ်လိမ်းတဲ့အဖွဲ့နဲ့ ဘာမှ မပါပဲ အလွတ်တန်း ထိန်းချုပ်ရတဲ့အဖွဲ့တွေပဲ ဖြစ်ပါတယ်။သူတို့ အားလုံးရဲ့ အရေပြားတွေကို အပူချိန် ၁၂၀ ဒီဂရီ ဖာရင်ဟိုက် အထိ ပေးကာ ဦးနှောက်ရဲ့ တုံ့ပြန်မှုတွေကို စစ်ဆေးကြည့်ခဲ့ပါတယ်။

စစ်ဆေးမှု အရတော့ အသက်ရှုခြင်းနဲ့ အနားယူခြင်းနည်းလမ်းဖြစ်တဲ့ "အာနာပါန" တရားထိုင်ခြင်းပြုလုပ်ခဲ့တဲ့ အဖွဲ့သာလျှင် နာကျင်မှုတွေကို တုံ့ပြန်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းမှာ တည်ငြိမ်မှု ရှိနေတာကို တွေ့ရပါတယ်။ စိတ်တည်ငြိမ်စွာ တရားထိုင်တဲ့အဖွဲ့ဟာ နာကျင်မှုကို ၂၇ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး စိတ်ခံစားချက် ဆိုင်ရာ နာကျင်နေမှုမှာတော့ ၄၄ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါတယ်။

Placebo ဆေးဝါး အသုံးပြုခဲ့တဲ့ အဖွဲ့ကတော့ နာကျင်မှု ကို ခံစားရတာဟာ ၁၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပြီး စိတ်ခံစားချက်ဆိုင်ရာတော့ ၁၃ ရာခိုင်နှုန်းသာ လျှော့ချနိုင်ခဲ့တယ်လို့ Neuroscience ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ သုတေသီ ဒေါက်တာ Fadel Zeiden ကတော့ ဒါဟာ စိတ်တည်ငြိမ်စွာတရားထိုင်ခြင်းဟာ Placebo ခရမ်သုံးခြင်းနဲ့ ခြားနားတဲ့ ဦးနှောက်လှုပ်ရှားမှု ပုံစံတွေကို ထုတ်လုပ်ပေးနိုင်တယ်ဆိုတာ ပြသလိုက်နိုင်တဲ့ ပထမဆုံး လေ့လာမှု ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိချက်ကို အခြေခံပြီး နေ့စဉ် မိနစ် ၂၀ ခန့် စိတ်တည်ငြိမ်စွာ တရားထိုင်ခြင်းဟာ ဆေးရုံဆေးခန်းတွေမှာ နာကျင်မှုတွေကို ကုသတဲ့နည်းလမ်း ဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ထားပါတယ်" လို့ ဒေါက်တာ Fadel Zeiden က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment