သတင္း ကမၻာ့သတင္း
ဆန္ဖရန္စစၥကို၊ ႏို၀င္ဘာ-၂၂ ။ ။ အေမရိကန္ စီအီးအိုမ်ားထဲမွ အလုပ္အမ်ားဆံုးႏွင့္ ၾသဇာအႀကီးဆံုး တစ္ေယာက္ျဖစ္သည့္ Facebook Inc ၏ စီအီးအိုျဖစ္သည့္ မာ့ခ္ ဇူကာဘာ့က မိသားစုအခ်ိန္ကို တန္ဖိုးထားေၾကာင္း ျပသသည့္အေနျဖင့္ သမီးေမြးဖြားၿပီးေနာက္တြင္ ႏွစ္လတာ ဖခင္ခြင့္ယူမည္ျဖစ္ေၾကာင္း ႏို၀င္ဘာ ၂၀ရက္ေန႔က ေျပာၾကားခဲ့သည္။
ပါရမီရွင္မ်ားကို သိမ္းသြင္းထိန္းသိမ္းထားႏိုင္ရန္ ႀကိဳးစားသည့္အေနျဖင့္ ဆီလီကြန္ေတာင္ၾကား နည္းပညာကုမၸဏီမ်ားက ဖခင္ခြင့္ရက္ႏွင့္ အျခားခံစားခြင့္မ်ားကို အၿပိဳင္အဆိုင္ တိုးခ်ဲ႕ကမ္းလွမ္းေနေသာ္လည္း အလုပ္သမား အေတာ္မ်ားမ်ားကမူ အလုပ္တြင္ ေနာက္က်က်န္ရစ္ေနမည္ (သို႔မဟုတ္) ရာထူးတိုးရာတြင္ ခ်န္လွပ္ခံရမည္စိုးေသာေၾကာင့္ ခံစားခြင့္မ်ားကို မရယူရဲၾကေပ။
ကမၻာ့အႀကီးဆံုး အြန္လိုင္း လူမႈကြန္ရက္ျဖစ္သည့္ Facebookက ၄င္း၏ အေမရိကန္၀န္ထမ္းမ်ားကို မိခင္၊ ဖခင္ခြင့္ ၄လေက်ာ္အထိ ယူရန္ ခြင့္ျပဳထားၿပီး ထိုခြင့္ရက္မ်ားကို တစ္ႀကိမ္တည္းေသာ္လည္းေကာင္း ကေလးေမြးၿပီး ပထမႏွစ္ တစ္ေလွ်ာက္လံုးတြင္ေသာ္လည္းေကာင္း ယူခြင့္ျပဳထားေသာေၾကာင့္ အေမရိကန္စံႏႈန္းမ်ားျဖင့္ ၾကည့္ပါက အလြန္ရက္ေရာေသာ ေပၚလစီပင္ျဖစ္သည္။ ဇူကာဘာ့က သူႏွင့္ သူ႔ဇနီး ပရစ္စီလာခ်န္တို႔တြင္ သမီးမိန္းခေလး ထြန္းကားလာေတာ့မည္ျဖစ္ေၾကာင္း ဇူလိုင္လက ေၾကညာခဲ့သည္။
လူ႔စြမ္းအားအရင္းျမစ္ စီမံခန္႔ခြဲမႈအသင္းႀကီး၏ ၂၀၁၅ခုႏွစ္ သုေတသနအရ ကုမၸဏီမ်ား၏ ၂၁ရာခိုင္ႏႈန္းက လစာေပးမိခင္ခြင့္ ေပးထားခ်ိန္တြင္ ၁၇ရာခိုင္ႏႈန္းကသာ လစာေပးဖခင္ခြင့္ ေပးထားသည္ဟု ဆိုသည္။
ဇူကာဘာ့က ၄င္း၏ Facebook စာမ်က္ႏွာတြင္ လမ္းေလွ်ာက္ကုလားထုိင္၊ အ၀ါေရာင္ကေလးပိုးစင္ႏွင့္ သူ႔ေခြး Beast ပုံမ်ားႏွင့္အတူ ဒါက ကိုယ္ေရးကိုယ္တာ ဆံုးျဖတ္ခ်က္ပါ။ အလုပ္လုပ္ေနတဲ့ မိဘႏွစ္ပါးက သူတို႔ရဲ႕ ေမြးကင္းစကေလးနဲ႔ အခ်ိန္ေပးၿပီးေနတဲ့အခါ ကေလးေတြနဲ႔ မိသားစုေတြအတြက္ ရလဒ္ေတြက ပိုေကာင္းတတ္တယ္လို႔ သုေတသေနေတြက ေတြ႕ရွိထားပါတယ္ဟု ေရးသားခဲ့သည္။
သို႔ရာတြင္ ဇူကာဘာ့ (၃၁ႏွစ္)က သူမရွိခ်ိန္တြင္ ကုမၸဏီကို မည္သူက ထိန္းေက်ာင္းလည္ပတ္မည္ဆိုသည္ကိုမူ ေျပာၾကားျခင္းမရွိေပ။ စံုစမ္းသည့္အခါတြင္လည္း Facebookက ခ်က္ခ်င္းတုန္႔ျပန္ ေျဖၾကားႏိုင္ျခင္းမရွိေပ။
Facebook ၏ ေၾကာ္ျငာမွန္သမွ်ကို ႀကီးၾကပ္ေနသည့္ ေစ်းကြက္အရာရွိခ်ဳပ္ ရွာရိုင္း ဆင္းဘာ့ကပင္ စီအီးအိုေနရာကို ယာယီတာ၀န္ယူမည့္ပံု ေပၚေနသည္။ ထုတ္ကုန္မ်ားကို ဇူကာဘာ့ကိုယ္တိုင္ ႀကီးၾကပ္ေလ့ရွိေသာ္လည္း သူမရွိခ်ိန္တြင္မူ ထုတ္ကုန္အရာရွိခ်ဳပ္ ခရစ္ ကို႔ဇ္အေပၚတြင္ မွီခိုရမည့္ပံု ေပၚေနသည္။
အဆင့္ျမင့္ နည္းပညာကုမၸဏီ အမႈေဆာင္အရာရွိမ်ား အထူးသျဖင့္ အမ်ိဳးသားမ်ားၾကားတြင္ ဇူကာဘာ့လို ဆံုးျဖတ္ခ်က္မ်ိဳးမွာ ရွားေတာင့္ရွားပါးပင္ ျဖစ္သည္။ Yahoo Inc၏ စီအီးအို မာရစ္ဆာ ေမယာမွာ ၂၀၁၂ခုႏွစ္က ပထမဆံုးကေလး မီးဖြားခ်ိန္တြင္ ခြင့္ႏွစ္ပတ္သာ ယူခဲ့ၿပီး စက္တင္ဘာလက ရုပ္တူမိန္းခေလးအမႊာကို ကိုယ္၀န္ေဆာင္ထားရသည္ဟု ေၾကညာခ်ိန္တြင္လည္း အလြန္နည္းပါးေသာ မိခင္ခြင့္ရက္သာ ယူမည္ဟုလည္း ေျပာၾကားခဲ့သည္။
ဇူကာဘာ့၏ ပို႔စ္မွာ တစ္နာရီခန္႔မွ်ေသာ အခ်ိန္အတြင္းတြင္ ႀကိဳက္ (like) ၅ေသာင္းေက်ာ္ႏွင့္ မွတ္ခ်က္ ၃၀၀၀နီးပါး ရသည္။ မွတ္ခ်က္အမ်ားစုက အေမရိကန္၏ မိဘခြင့္ေပၚလစီႏွင့္ ပတ္သက္သည့္ အျပဳသေဘာေဆာင္သည့္ မက္ေဆ့ခ်္ကို ေပးပို႔လိုက္ျခင္းပင္ျဖစ္ေၾကာင္း သူ၏ ဆံုးျဖတ္ခ်က္ကို ခ်ီးက်ဴးထားျခင္းပင္ ျဖစ္သည္။
Ref: Reuters
- See more at: http://mizzimaburmese.com/article/7730#sthash.nurUzJXl.dpuf
....................
သမီးမိန်းခလေးမွေးသည့် ဇူကာဘာ့ နှစ်လတာ ဖခင်ခွင့်ရက်ယူမည်
သတင်း ကမ္ဘာ့သတင်း
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ-၂၂ ။ ။ အမေရိကန် စီအီးအိုများထဲမှ အလုပ်အများဆုံးနှင့် သြဇာအကြီးဆုံး တစ်ယောက်ဖြစ်သည့် Facebook Inc ၏ စီအီးအိုဖြစ်သည့် မာ့ခ် ဇူကာဘာ့က မိသားစုအချိန်ကို တန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် သမီးမွေးဖွားပြီးနောက်တွင် နှစ်လတာ ဖခင်ခွင့်ယူမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ရက်နေ့က ပြောကြားခဲ့သည်။
ပါရမီရှင်များကို သိမ်းသွင်းထိန်းသိမ်းထားနိုင်ရန် ကြိုးစားသည့်အနေဖြင့် ဆီလီကွန်တောင်ကြား နည်းပညာကုမ္ပဏီများက ဖခင်ခွင့်ရက်နှင့် အခြားခံစားခွင့်များကို အပြိုင်အဆိုင် တိုးချဲ့ကမ်းလှမ်းနေသော်လည်း အလုပ်သမား အတော်များများကမူ အလုပ်တွင် နောက်ကျကျန်ရစ်နေမည် (သို့မဟုတ်) ရာထူးတိုးရာတွင် ချန်လှပ်ခံရမည်စိုးသောကြောင့် ခံစားခွင့်များကို မရယူရဲကြပေ။
ကမ္ဘာ့အကြီးဆုံး အွန်လိုင်း လူမှုကွန်ရက်ဖြစ်သည့် Facebookက ၄င်း၏ အမေရိကန်ဝန်ထမ်းများကို မိခင်၊ ဖခင်ခွင့် ၄လကျော်အထိ ယူရန် ခွင့်ပြုထားပြီး ထိုခွင့်ရက်များကို တစ်ကြိမ်တည်းသော်လည်းကောင်း ကလေးမွေးပြီး ပထမနှစ် တစ်လျှောက်လုံးတွင်သော်လည်းကောင်း ယူခွင့်ပြုထားသောကြောင့် အမေရိကန်စံနှုန်းများဖြင့် ကြည့်ပါက အလွန်ရက်ရောသော ပေါ်လစီပင်ဖြစ်သည်။ ဇူကာဘာ့က သူနှင့် သူ့ဇနီး ပရစ်စီလာချန်တို့တွင် သမီးမိန်းခလေး ထွန်းကားလာတော့မည်ဖြစ်ကြောင်း ဇူလိုင်လက ကြေညာခဲ့သည်။
လူ့စွမ်းအားအရင်းမြစ် စီမံခန့်ခွဲမှုအသင်းကြီး၏ ၂၀၁၅ခုနှစ် သုတေသနအရ ကုမ္ပဏီများ၏ ၂၁ရာခိုင်နှုန်းက လစာပေးမိခင်ခွင့် ပေးထားချိန်တွင် ၁၇ရာခိုင်နှုန်းကသာ လစာပေးဖခင်ခွင့် ပေးထားသည်ဟု ဆိုသည်။
ဇူကာဘာ့က ၄င်း၏ Facebook စာမျက်နှာတွင် လမ်းလျှောက်ကုလားထိုင်၊ အဝါရောင်ကလေးပိုးစင်နှင့် သူ့ခွေး Beast ပုံများနှင့်အတူ ဒါက ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ပါ။ အလုပ်လုပ်နေတဲ့ မိဘနှစ်ပါးက သူတို့ရဲ့ မွေးကင်းစကလေးနဲ့ အချိန်ပေးပြီးနေတဲ့အခါ ကလေးတွေနဲ့ မိသားစုတွေအတွက် ရလဒ်တွေက ပိုကောင်းတတ်တယ်လို့ သုတေသနေတွေက တွေ့ရှိထားပါတယ်ဟု ရေးသားခဲ့သည်။
သို့ရာတွင် ဇူကာဘာ့ (၃၁နှစ်)က သူမရှိချိန်တွင် ကုမ္ပဏီကို မည်သူက ထိန်းကျောင်းလည်ပတ်မည်ဆိုသည်ကိုမူ ပြောကြားခြင်းမရှိပေ။ စုံစမ်းသည့်အခါတွင်လည်း Facebookက ချက်ချင်းတုန့်ပြန် ဖြေကြားနိုင်ခြင်းမရှိပေ။
Facebook ၏ ကြော်ငြာမှန်သမျှကို ကြီးကြပ်နေသည့် စျေးကွက်အရာရှိချုပ် ရှာရိုင်း ဆင်းဘာ့ကပင် စီအီးအိုနေရာကို ယာယီတာဝန်ယူမည့်ပုံ ပေါ်နေသည်။ ထုတ်ကုန်များကို ဇူကာဘာ့ကိုယ်တိုင် ကြီးကြပ်လေ့ရှိသော်လည်း သူမရှိချိန်တွင်မူ ထုတ်ကုန်အရာရှိချုပ် ခရစ် ကို့ဇ်အပေါ်တွင် မှီခိုရမည့်ပုံ ပေါ်နေသည်။
အဆင့်မြင့် နည်းပညာကုမ္ပဏီ အမှုဆောင်အရာရှိများ အထူးသဖြင့် အမျိုးသားများကြားတွင် ဇူကာဘာ့လို ဆုံးဖြတ်ချက်မျိုးမှာ ရှားတောင့်ရှားပါးပင် ဖြစ်သည်။ Yahoo Inc၏ စီအီးအို မာရစ်ဆာ မေယာမှာ ၂၀၁၂ခုနှစ်က ပထမဆုံးကလေး မီးဖွားချိန်တွင် ခွင့်နှစ်ပတ်သာ ယူခဲ့ပြီး စက်တင်ဘာလက ရုပ်တူမိန်းခလေးအမွှာကို ကိုယ်ဝန်ဆောင်ထားရသည်ဟု ကြေညာချိန်တွင်လည်း အလွန်နည်းပါးသော မိခင်ခွင့်ရက်သာ ယူမည်ဟုလည်း ပြောကြားခဲ့သည်။
ဇူကာဘာ့၏ ပို့စ်မှာ တစ်နာရီခန့်မျှသော အချိန်အတွင်းတွင် ကြိုက် (like) ၅သောင်းကျော်နှင့် မှတ်ချက် ၃၀၀၀နီးပါး ရသည်။ မှတ်ချက်အများစုက အမေရိကန်၏ မိဘခွင့်ပေါ်လစီနှင့် ပတ်သက်သည့် အပြုသဘောဆောင်သည့် မက်ဆေ့ချ်ကို ပေးပို့လိုက်ခြင်းပင်ဖြစ်ကြောင်း သူ၏ ဆုံးဖြတ်ချက်ကို ချီးကျူးထားခြင်းပင် ဖြစ်သည်။
Ref: Reuters
- See more at: http://mizzimaburmese.com/article/7730#sthash.nurUzJXl.dpuf
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Sunday, November 22, 2015
သမီးမိန္းခေလးေမြးသည့္ ဇူကာဘာ့ ႏွစ္လတာ ဖခင္ခြင့္ရက္ယူမည္
သမီးမိန္းခေလးေမြးသည့္ ဇူကာဘာ့ ႏွစ္လတာ ဖခင္ခြင့္ရက္ယူမည္
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 22, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 22, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment