Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 24, 2015

အိမ်စာမပြီးတာကြောင့် မွေးစားသားကို ကြိုးခုန်တဲ့ကြိုးနဲ့ ရိုက်နှက်ဆုံးမခဲ့သူ တရုတ်အမျိုးသမီး ထောင် ခြောက်လကျ


တရုတ်နိုင်ငံ အရှေ့ ပိုင်း၊ Jiagsu ခရိုင်မြို့ တော်၊ Nanjing မြို့ က အမျိုးသမီးဟာ အသက်ကိုးနှစ်အရွယ် မွေးစားသားဖြစ်သူကို လက်မောင်း၊ကျောကုန်းနဲ့ ခြေထောက်အနှံ့ မှာ အရှိုးရာ၊အမာရွတ်တွေ ထင်အောင် ရိုက်နှက်ခဲ့မှုကြောင့် ထောင်ဒဏ်ခြောက်လကျခံခဲ့ရပါတယ်။
ကလေးဖြစ်သူရဲ့ ဒဏ်ရာရဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့ နှံ့ ပြီးနောက် အဆိုပါ အမျိုးသမီးကို ရဲက ဖမ်းဆီးခဲ့ကာ တရားရုံးမှာ အမှု စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အသက် ၅၀ ကျော် အမျိုးသမီး Li ဟာ သားအဖြစ် မွေးစားထားတဲ့၊ တူဖြစ်သူ ကလေးငယ်ကို  ကြိုးခုန်တဲ့ကြိုး၊ ကျောကုတ်တံတို့ နဲ့ ရိုက်နှက်ခဲ့ကြောင်း တရားရုံးမှာ ၀န်ခံခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးရဲ့ အဆိုအရ ကလေးဟာ အိမ်စာတွေမပြီးဘဲ သူမကို လိမ်ပြောခဲ့လို့ ရိုက်နှက် ဆုံးမခဲ့တာဖြစ်တယ်လို့  တရားရုံးမှာ ထွက်ဆိုခဲ့ပြီး “ ကျွန်မက အမေဆိုး တစ်ယောက်မဟုတ်ပါဘူး။ သူ့ ကို လိမ်မပြောစေချင်လို့ ပါ” လို့  တရားသူကြီးကို ပြောပြခဲ့ပါတယ်။
Li ဟာ ကလေးငယ်ကို ဝေးလံခေါင်သီတဲ့ရွာလေးတစ်ရွာကနေ Li နေထိုင်ရာမြို့ မှာ ပညာကောင်းကောင်း သင်ပေးဖို့ အတွက် မွေးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခုလို ရိုက်နှက်ဆုံးမမှုဖြစ်ပွားပြီးနောက် ဂျူရီ လူကြီးမင်းတွေဟာ ကလေးကို သူ့ မိဘတွေဆီ ပြန်ပို့ ဖို့ အမိန့် ချခဲ့ပြီး မွေးစားအမေဖြစ်သူ Li ကိုတော့ ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။ ဒါဟာ အရွယ်မရောက်သေးသူကလေးတစ်ယောက်ကို လူကြီး တစ်ယောက်က ပြင်းထန်စွာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ပထမဆုံးအမှုတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက မိဘတွေဟာ ကလေးငယ်တွေကို နှစ်ပေါင်းများစွာကတည်းက အခုလိုရိုက်နှက်ဆုံးမလေ့ရှိပြီး ဒါဟာ တရုတ်နိုင်ငံမှာ ပုံမှန်အစဉ်အလာတစ်ခုလို လက်ခံထားကြပါတယ်။
Li ကို ထောင်ဒဏ်ခြောက်လ ပြစ်ဒဏ်ချမှတ်မှုကို ပေါ့လျော့တယ်လို့ မျက်မှောက်ရေးရာဆွေးနွေးသူတွေက မှတ်ချက်ပေးနေကြပြီး ထောင်ဒဏ် ခြောက်နှစ်လောက်အထိ ကျခံသင့်တယ်လို့ ဆိုကြပါတယ်။
Ref: Dailymail 
http://www.trend.com.mm/2015/11/24/news-8181
...............................................................

အိမ္စာမျပီးတာကြောင့် မြေးစားသားကို ကြိုးခုန္တဲ့ကြိုးနဲ့ ရိုက်နွက္ဆုံးမခဲ့သူ တရုတ်အမိုးသမီး ထောင်ျေခာက္လက်
ye wint 
 တရုတ်နိုင်ငံ အေရွ့ ပိုင်း၊ Jiagsu ခရိုင်ျမို့ တော်၊ Nanjingျမို့ က အမိုးသမီးဟာ အသက္ကိုးနွစ်အရြယ် မြေးစားသာျးဖစ်သူကို လက်မောင်း၊ကော်ကုန်းနဲ့ျေခေထာက်အနွံ့ မွာ အရွိုးရာ၊အမာရြတ်တြေ ထင်အောင် ရိုက်နွက္ခဲ့မွုကြောင့် ထောင္ဒဏ်ျေခာက္လက်ခံခဲ့ရပါတယ်။
ကေလျးဖစ်သူရဲ့ ဒဏ်ရာရဓာတ္ပုံတြေ အြန္လိုင်းမွာ ပ်ံ့ နွံ့ျပီးနောက် အဆိုပါ အမိုးသမီးကို ရဲက ဖမ်းဆီးခဲ့ကာ တရားရုံးမွာ အမွု စစ်ဆေးခဲ့တျာဖစ္ပါတယ်။ အသက် ၅၀ ကော်် အမိုးသမီး Li ဟာ သားအျဖစ် မြေးစားထားတဲ့၊ တျူဖစ်သူ ကေလးငယ္ကို  ကြိုးခုန္တဲ့ကြိုး၊ ကော်ကုတ္တံတို့ နဲ့ ရိုက်နွက္ခဲ့ကြောင်း တရားရုံးမွာ ၀န္ခံခဲ့တယ္လို့ သိရပါတယ်။ အမိုးသမီးရဲ့ အဆိုအရ ကေလးဟာ အိမ္စာတြေမျပီးဘဲ သူမကို လိမ်ျေပာခဲ့လို့ ရိုက်နွက် ဆုံးမခဲ့တျာဖစ္တယ္လို့  တရားရုံးမွာ ထြက္ဆိုချဲ့ပီး “ ကျန္မြက အေမဆိုး တစ်ယောက္မဟုတ္ပါဘူး။ သူ့ ကို လိမ္မျေပာစေခ်င္လို့ ပါ” လို့  တရားသူကြီးကိုျေပျာပခဲ့ပါတယ်။
Li ဟာ ကေလးငယ္ကို ဝေးလံခေါင်သီတဲ့ရြာလေးတစ်ြရာကေန Li နေထိုင်ရျာမို့ မွာ ပညာကောင်းကောင်း သင်ပေးဖို့ အတြက် မြေးစားခဲ့တျာဖစ္ပါတယ်။ ဒါပေမယ့် ယခုလို ရိုက်နွက္ဆုံးမမျွုဖစ္ပြာျးပီးနောက် ဂ်ူရီ လူကြီးမင်းတြေဟာ ကေလးကို သူ့ မိဘေတြဆျီပန္ပို့ ဖို့ အမိန့် ခ်ချဲ့ပီး မြေးစားအေမျဖစ်သူ Li ကိုတော့ ထောင္ဒဏ်ျေခာက္လ ခ်မွတ္ခဲ့ပါတယ်။ ဒါဟာ အရြယ္မေရာက်သေးသူကေလးတစ်ယောက္ကို လူကြီး တစ်ယောက္ကျပင်းထန္စြာ ကိုယ္ထိလက်ရောက္က်ူးလြန္မွုကြောင့်ျပစ္ဒဏ္ခ်မွတ္ခဲ့တဲ့ ပထမဆုံးအမွုတစ္ချုဖစ်ျပီး တရုတ်နိုင်ငံက မိဘေတြဟာ ကေလးငယ်တြေကို နွစ်ပေါင်းမ်ားစြာကတည်းက အခုလိုရိုက်နွက္ဆုံးမေလ့ရျွိပီး ဒါဟာ တရုတ်နိုင်ငံမွာ ပုံမွန်အစဉ်အလာတစ္ခုလို လက္ခံထားကြပါတယ်။
Li ကို ထောင္ဒဏ်ျေခာက္လျပစ္ဒဏ္ခ်မွတ္မွုကို ပေါ့လော့်တယ္လို့ မ်က်မွောက်ရေးရာဆြေးနြေးသူတြေက မွတ္ခ်က်ပေးနေကျြပီး ထောင္ဒဏ်ျေခာက်နွစ်လောက်အထိ က်ခံသင့်တယ္လို့ ဆိုကြပါတယ်။
Ref: Dailymail 
http://www.trend.com.mm/2015/11/24/news-8181

No comments:

Post a Comment