Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 20, 2015



































ဦးညီပု (ရခိုင်ပြည်နယ်)




ဒီလို ပိုစ့်များကျတော့ NLD အတွက် ရေးပေမယ့် သောက်တလွဲဗျ။
လေ့လာမှုအားနည်းတာလား၊ ကိုယ်စားလှယ်တွေရဲ့ ထင်ရှားမှုကိုပဲ လိုက်ပြီး ရေးထားလား မသဲကွဲဘူး။
တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်ဆိုတာ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အနိုင်ရ ကိုယ်စားလှယ်ထဲကပဲ ခန့်အပ်လို့ ရမယ်ဆိုတာ ဒီပိုစ့်ရေးတဲ့သူ (News Watch ဂျာနယ်က ဆိုသူ) သိရင် သိပ်ကောင်းမှာပဲ။
ဒီထဲမှာ သူပြောထားတဲ့ ဦးဝင်းမြင့် (တာမွေ၊ ပြည်သူ့လွှတ်တော်) တို့၊ ဒေါ်ခင်စန်းလှိုင် (ပုလဲ၊ ပြည်သူ့လွှတ်တော်) ၊ ဒေါ်ခင်ဌေးကြွယ် (ချောင်းဆုံ၊ ပြည်သူ့လွှတ်တော် ) တို့ဆိုတာ ဘယ်လိုမှ တိုင်းဒေသ၊ ပြည်နယ် ဝန်ကြီးချုပ် ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့ပြိုင်တာကိုက ပြည်သူ့လွှတ်တော် အဆင့်ပြိုင်တာ၊ မသကာ ပြည်ထောင်စုဝန်ကြီး ဆိုရင် ဖြစ်နိုင်သေးတယ်။
ထင်ရှားတဲ့သူတွေထဲက တိုင်းဒေသ၊ ပြည်နယ်လွှတ်တော်ကို ဝင်ပြိုင်လို့ ဝန်ကြီးချုပ်ဖြစ်နိုင်တဲ့သူတွေက ရန်ကုန်မှာဆိုရင် ကိုဖြိုးမင်းသိန်း (လှည်းကူး၊ တိုင်းဒေသ)၊ ကိုနိုင်ငံလင်း (သာကေတ၊ တိုင်းဒေသ)၊ ဒေါ်စန္ဒာမင်း (ဆိပ်ကြီး၊ တိုင်းဒေသ)။ မန္တလေးမှာဆိုရင် ဒေါက်တာဇော်မြင့်မောင် (အမရပူရ၊ တိုင်းဒေသ) (ပိုစ့်ထဲမှာ ပြည်သူ့လွှတ်တော် လို့ရေးထည့်ရေးထားသေးတယ်။) မကွေးတိုင်းဆို ဒေါက်တာအောင်မိုးညို (ပွင့်ဖြူ၊ တိုင်းဒေသ)။
ကြံ့ခိုင်ရေးပါတီက လက်ရှိ ဝန်ကြီးချုပ်တွေ အားလုံးနီးပါးတောင် ဝန်ကြီးချုပ်ထပ်ဖြစ်ချင်ခဲ့သေးလို့ တိုင်းဒေသ၊ ပြည်နယ်လွှတ်တော် အဆင့်တွေပဲ ဝင်ပြိုင်ခဲ့သေးတာပဲ။ နိုင်တာ ရှူံးတာကတော့ ပြည်သူ့အဆုံးအဖြတ်ပေါ့။
လေ့လာပါ၊ သိအောင်လုပ်ပါ။ ရမ်းမတုတ်ပါနဲ့၊ စာဖတ်သူကို သတင်းအလွှဲတွေ မပေးမိပါစေနဲ့။ ။ဇေယျာဖြိုး
.............................
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် တစ်ကြိုပြေးနေသည့် ရွေးကောက်ခံအမတ်များ

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရခဲ့ခြင်းကြောင့် အစိုးရအဖွဲ့ဖွဲ့ရမည်ဖြစ်သည်။ အာဏာလွှဲပြောင်းပေးပြီးနောက် အစိုးရအဖွဲ့ဖွဲ့ပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရ မည်ဖြစ်ရာ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် NLD ပါတီဝင်များ အကြား ရေပန်းစားလျက်ရှိသူများဖြစ်သည်။

ဦးဝင်းမြင့် (ရန်ကုန်တိုင်းဒေသကြီး)

ဦးဝင်းမြင့်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ယခု ၂၀၁၅ တွင်လည်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံရပြီး NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည်။

ဦးခင်မောင်ဝင်း (ရန်ကုန်တိုင်းဒေသကြီး)

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ်တွင် NLD ပါတီသို့ အဖွဲ့ဝင်အဖြစ် အဆိုပြုလျှောက်ထားပြီး ပါတီမှလက်ခံကာ ၂၀၁၅ ရွေးကောက်ပွဲတွင် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဒေသကြီး)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် ခံရပြီး ယခု ၂၀၁၅ တွင်မူ လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံ ရွေးကောက်ခံရသည်။

ဦးနိုင်ငံလင်း (ရန်ကုန်တိုင်းဒေသကြီး)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်မူ သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရတယ်။

ဒေါက်တာဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး၊ ဗဟိုအလုပ်အမှုဆောင်)

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမရပူရ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံရကာ ၂၀၁၂ ကြားဖြတ်တွင်လည်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ် စားလှယ်အဖြစ် ရွေးချယ်ခံရသည်။၂၀၁၅ ရွေးကောက်ပွဲတွင် အမရပူရ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရသည်။

ဦးမြင့်ဦး (ပဲခူးတိုင်းဒေသကြီး၊ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် သနပ်ပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ၂၀၁၅ တွင်လည်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထပ်မံရွေးချယ်ခံရသည်။

ဦးမန်းဂျော်နီ (ဧရာဝတီတိုင်း၊ အရန်ဗဟိုအလုပ်အမှုဆောင်)

၁၉၉၀ ပြည့်နှစ်တွင် ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၂ ကြားဖြတ် တွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ၂၀၁၅ တွင်လည်း မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည့် NLD ၏ အရန်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တဦး ဖြစ်သည်။

ဒေါက်တာမြင့်နိုင် (စစ်ကိုင်းတိုင်း)

၁၉၉၀ ကန့်ဘလူလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၂၀၁၅ တွင် ကန့်ဘလူပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံရသည်။ လက်ရှိ စစ်ကိုင်းတိုင်းNLD ဥက္ကဋ္ဌလည်း ဖြစ်သည်။

ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း)

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ၂၀၁၅ တွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရသည်။

ဦးအောင်စိုး (NLD အရန်ဗဟိုအလုပ်အမှု ဆောင်၊ တနင်္သာရီတိုင်း)

၂၀၁၂ ကြားဖြတ်တွင် လောင်လုံးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ၂၀၁၅ တွင်လည်း လောင်းလုံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးချယ်ခံရသည်။

ဦးထွန်းထွန်းဟိန် (ရှမ်းပြည်နယ်)

လက်ရှိ NLD ဗဟိုအလုပ်အမှုဆောင်ဖြစ်သည်။ ၁၉၉၀ ခု လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၂ ကြား ဖြတ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၂၀၁၅ တွင် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။

ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်)

၁၉၉၀ ပြည့်နှစ် ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။ လက်ရှိ NLD စီအီးစီတဦးလည်း ဖြစ်သည်။

ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)

၁၉၉၀ ပြည့်နှစ် ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၂ တွင် မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၅ တွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ်လည်းကောင်း၊ ထပ်မံရွေးချယ်ခံရသူ သူမသည် NLD ၏ စီအီးစီတဦးဖြစ်သည်။

ဦးပူကျင်းရှင်းထန် (ချင်းပြည်နယ်)

ချင်းပြည်နယ်တွင် ၁၉၉၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၁၅ တွင် ဇိုမီးအမျိုးသားကွန်ဂရက် ပါတီကို ကိုယ်စားပြု၍ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသည်။

ဦးဇိုဘွဲ (ချင်းပြည်နယ်)

ချင်းပြည်နယ် အရန်ဗဟိုအလုပ်အမှုဆောင် ဖြစ်သည်။

ဒေါက်တာခင်စည်သူ (ကယားပြည်နယ်)

ကယားပြည်နယ် NLD အဖွဲ့ဥက္ကဋ္ဌဖြစ်သည်။

ဦးညီပု (ရခိုင်ပြည်နယ်)

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၅ တွင် ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရသည်။

သတင်းနှင့်ဓါတ်ပုံ - ကိုဗညား

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment