Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 2, 2015

ပါရမီ ၁၇၄ ယာဥ္လိုုင္းမွ ယာဥ္တစ္စီးအား လူတစ္စုက မင္းမဲ့စရိုုက္ဆန္ဆန္ အၾကမ္းဖက္ တိုုက္ခိုုက္ျပီး လူႏွင့္ယာဥ္ကို ဓာတ္ဆီေလာင္း မီး႐ႈိ႕မႈ ျဖစ္ပြား




တာေမြအ၀ိုုင္းထိပ္ရွိ Ocean Super Center ေရွ႕တြင္ ပါရမီ ၁၇၄ ယာဥ္လိုုင္းမွ ယာဥ္တစ္စီးအား လူတစ္စုုက မင္းမဲ့စရိုုက္ဆန္ဆန္ အၾကမ္းဖက္ တိုုက္ခိုုက္ျပီး လူႏွင့္ယာဥ္ကို ဓာတ္ဆီေလာင္း မီး႐ႈိ႕မႈ ႏိုု၀င္ဘာ ၂ ရက္ ည ၉ နာရီခန္႔က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ တာေမြဂိတ္ရင္းသို႔ ေမာင္းႏွင္လာသည့္ ပါရမီ ၁၇၄ ယာဥ္လိုင္းမွ ယာဥ္အား မီးပြိဳင့္မိေနခ်ိန္တြင္ ယာဥ္ေနာက္လိုက္မွ ယာဥ္ကို မေရြ႕ေစရန္ တံုးခုေနခ်ိန္၌ အမ်ဳိးသားငါးဦးခန္႔က ကားေရွ႕မွန္အား ပစ္ခြဲျပီး ယာဥ္ေပၚမွ ဆင္းလာသည့္ စပါယ္ယာတစ္ဦးကို ဓာတ္ဆီျဖင့္ ေလာင္းကာ ယာဥ္ႏွင့္အတူတြဲ၍ မီး႐ႈိ႕ခဲ့ျခင္းျဖစ္ေၾကာင္း ကိုုယ္တိုုင္ ျမင္ေတြ႕ခဲ့ရသူမ်ား၏ ေျပာၾကားခ်က္အရ သိရွိရသည္။
ထိုုကဲ့သိုု႔ အၾကမ္းဖက္ တိုက္ခိုက္ခဲ့သူမ်ားက က်န္ရွိေသာ ယာဥ္ေနာက္လိုုက္ တစ္ဦးႏွင့္ ဒ႐ိုင္ဘာကို ယာဥ္ေပၚအထိ တုတ္ႏွင့္ လိုက္႐ိုက္သျဖင့္ ခရီးသည္ အမ်ဳိးသမီးတစ္ဦး၏ မ်က္ႏွာကို ႐ိုက္ႏွက္မိခဲ့သျဖင့္ မ်က္ႏွာႏွင့္ ႏႈတ္ခမ္းတြင္ ဖူးေရာင္ ေပါက္ျပဲ ဒဏ္ရာ ရရွိသြားခဲ့ေၾကာင္း မ်က္ျမင္ေတြ႔သူ ခရီးသည္မ်ားက ေျပာၾကားသည္။
လူတစ္စုမွ အၾကမ္းဖက္တိုက္ခိုက္၍ ယာဥ္ေပၚအထိ လိုက္လံ႐ိုက္ႏွက္ခ်ိန္တြင္ ၁၇၄ ယာဥ္လိုင္းေပၚတြင္ ခရီးသြားျပည္သူ ၅၀ ခန္႔ ပါ၀င္လာၿပီး အဆိုပါ ခရီးသည္မ်ားအနက္ ခရီးသည္ အမ်ဳိးသမီး တစ္ဦးမွာ မူးလဲသြားၿပီး က်န္ခရီးသည္ အမ်ဳိးသမီး တစ္ဦးမွာ မ်က္ႏွာတြင္ ဒဏ္ရာရရွိခဲ့သည့္ အတြက္ ေသြးေမတၲာ ေသြးလွဴအသင္း၏ လူနာတင္ယာဥ္ျဖင့္ ရန္ကုန္ေဆး႐ံုႀကီးသို႔ တင္ပို႔ကုသခဲ့ရေၾကာင္း သိရသည္။
“၁၇၄ ယာဥ္က မီးပြိဳင့္မွာ မီးနီမိလို႔ ဘီး ေနာက္မလိမ့္ေအာင္ တုံးခုေနခ်ိန္မွာ လူတစ္စုက ကားေရွ႕မွန္ကို ပစ္ခြဲလိုက္တယ္။ ၿပီးေတာ့ ဆင္းသြားတဲ့ မဲမဲ၀၀လူကို ဓာတ္ဆီနဲ႔ ပက္ၿပီး ယာဥ္ကိုတြဲၿပီး မီး႐ႈိ႕ပစ္လိုက္တယ္။ မီးေလာင္ခံရတဲ့သူက တာေမြအ၀ိုင္းထိပ္ မွတ္တိုင္ဘက္ကို ထြက္ေျပးလာၿပီး တစ္ကုိယ္လံုးမွာ ေလာင္ေနတဲ့ အ၀တ္အစားေတြနဲ႕ ဦးထုပ္ကို ခြၽတ္ခ်ၿပီး ကိုယ္တံုးလံုးႀကီး ထြက္ေျပးသြားတယ္။ ေနာက္ စပါယ္ယာ ေကာင္ေလးကို တစ္ေယာက္က “မင္းတို႔လားကြ ငါတို႔ကို ေျပာတာ”ဆိုၿပီး ပါးပိတ္႐ိုက္လိုက္တယ္။ ကားေပၚက ဒ႐ိုင္ဘာကို တစ္ေယာက္က သံတုတ္နဲ႔ တက္႐ိုက္တယ္။ အဲ့ဒီအခ်ိန္မွာ အမ်ဳိးသမီးတစ္ေယာက္ မ်က္ႏွာထိသြားတယ္။ အဲ့ဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ ခရီးသည္ေတြအတြက္ ကမၻာပ်က္ေနသလိုပဲ။ အၾကမ္းဖက္ တိုက္ခိုက္တဲ့ လူက ကားအ၀င္တံခါးမွာ သံတုတ္နဲ႔ ပိတ္႐ိုက္ေနေတာ့ သူ႔သံတုတ္ကို ေရွာင္ေနရတဲ့ အခ်ိန္မွာ ကားေခါင္းထိပ္မွာက မီးေလာင္ေနတယ္။ ကားက စီအန္ဂ်ီယာဥ္ဆိုေတာ့ မီးေလာင္ေပါက္ကြဲရင္ ခရီးသည္အားလံုး ဒုကၡေရာက္ကုန္ႏုိင္တယ္”ဟု ပါရမီ ခရီးသည္တင္ယာဥ္ေပၚတြင္ လိုုက္ပါခဲ့ေသာ ခရီးသည္ တစ္ဦးက ဆိုုပါသည္။
“၁၇၄ ယာဥ္ကို လူငါးေယာက္ေလာက္က ေအးေအးေဆးေဆး ထိုင္ေစာင့္ၿပီးမွ စပါယ္ယာေတြ ဒ႐ိုင္ဘာေတြကို အပိုင္ေစာင့္႐ိုက္ၿပီး ဓာတ္ဆီေလာင္း မီး႐ႈိ႕တာပါ။ ခရီးသည္ေတြ အကုန္လံုး ဆင္းေျပးရတယ္။ ကြၽန္ေတာ္က ေရႊဂံုတိုင္ကေန တက္တာ။ ကားက ေျမာက္ဒဂံုကို ဆက္သြားမွာ။ တာေမြတင္ ဂိတ္ဆံုးမဲ့ ၁၇၄ မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ အၾကမ္းဖက္ တိုက္ခိုက္ မီး႐ႈိ႕ခံရတဲ့ ယာဥ္ေပၚမွာလည္း သံတုတ္ေတြ၊ တုတ္ေခ်ာင္းေတြ ၄ ေခ်ာင္း၊ ၅ ေခ်ာင္းေလာက္ ေတြ႔ရတယ္။ သူတို႔ခ်င္း ရန္ၿငိဳးရွိလို႔ ေစာင့္ရိုက္တာ အျဖစ္ႏိုင္ဆံုးပဲ။ ည ၉ နာရီေလာက္ အခ်ိန္ဆိုတာက အရမ္းေစာေနေသးတဲ့ အခ်ိန္ပါ။ ဒီလိုအခ်ိန္မွာ မင္းမဲ့စ႐ိုက္ဆန္ဆန္ အၾကမ္းဖက္ တိုက္ခိုက္တာက အရမ္းႀကီးကို ႐ုပ္ပ်က္ ဆင္းပ်က္ ႏိုင္လြန္းပါတယ္” ဟု မ်က္ျမင္ေတြ႕ရွိသူ တစ္ဦးျဖစ္သည့္ တာေမြၿမိဳ႕နယ္၊ ေမတၲာညြန္႔ ရပ္ကြက္တြင္ ေနထုိင္သူ အသက္ ၂၈ ႏွစ္အရြယ္ အမ်ဳိးသား တစ္ဦးက ေျပာၾကားသည္။
အဆုိပါ ျဖစ္စဥ္တြင္ ရဲတပ္ဖြဲ႔၀င္မ်ား ေရာက္ရွိလာသည့္ အခ်ိန္၌ ႐ိုက္ႏွက္ခံရသည့္ ၁၇၄ ယာဥ္မွ ယာဥ္ေနာက္လိုုက္ ႏွစ္ဦး၊ ဒရိုုင္ဘာႏွင့္ အၾကမ္းဖက္ တိုက္ခိုက္သူမ်ား မရွိေတာ့ဘဲ မ်က္ျမင္သက္ေသ အခ်ဳိ႕သာ က်န္ရွိေနသည္။ ျဖစ္ပြားရသည့္ အေျခအေနမ်ားႏွင့္ အမႈအေျခအေနမွာ တိုက္ခိုက္ခံရသည့္ ဒ႐ိုင္ဘာႏွင့္ စပါယ္ယာမ်ားအား ေတြ႔ရွိမွသာ သိရွိရမည္ျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕မ ရဲစခန္းမွ တာ၀န္ရွိသူမ်ား၏ ကနဦး ေျပာၾကားခ်က္အရ စံုစမ္းသိရွိရသည္။
“ကြၽန္ေတာ့္ဒ႐ိုင္ဘာနဲ႔ စပါယ္ယာမွာ ဘာရန္ၿငိဳးမွေတာ့ မရွိပါဘူး။ ကြၽန္ေတာ္လည္း အခုမွသိလို႔ ေရာက္လာတာ” ဟု အခင္းျဖစ္ပြားခဲ့ေသာ ပါရမီ ၁၇၄ ယာဥ္လိုင္းမွ ယာဥ္၏ ပိုင္ရွင္ျဖစ္သူက ေျပာၾကားခဲ့ပါသည္။
Zin Min Oo
..........................
ပါရမီ ၁၇၄ ယာဉ်လိုုင်းမှ ယာဉ်တစ်စီးအား လူတစ်စုက မင်းမဲ့စရိုုက်ဆန်ဆန် အကြမ်းဖက် တိုုက်ခိုုက်ပြီး လူနှင့်ယာဉ်ကို ဓာတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွား
တာမွေအဝိုုင်းထိပ်ရှိ Ocean Super Center ရှေ့တွင် ပါရမီ ၁၇၄ ယာဉ်လိုုင်းမှ ယာဉ်တစ်စီးအား လူတစ်စုုက မင်းမဲ့စရိုုက်ဆန်ဆန် အကြမ်းဖက် တိုုက်ခိုုက်ပြီး လူနှင့်ယာဉ်ကို ဓာတ်ဆီလောင်း မီးရှို့မှု နိုုဝင်ဘာ ၂ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တာမွေဂိတ်ရင်းသို့ မောင်းနှင်လာသည့် ပါရမီ ၁၇၄ ယာဉ်လိုင်းမှ ယာဉ်အား မီးပွိုင့်မိနေချိန်တွင် ယာဉ်နောက်လိုက်မှ ယာဉ်ကို မရွေ့စေရန် တုံးခုနေချိန်၌ အမျိုးသားငါးဦးခန့်က ကားရှေ့မှန်အား ပစ်ခွဲပြီး ယာဉ်ပေါ်မှ ဆင်းလာသည့် စပါယ်ယာတစ်ဦးကို ဓာတ်ဆီဖြင့် လောင်းကာ ယာဉ်နှင့်အတူတွဲ၍ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ကိုုယ်တိုုင် မြင်တွေ့ခဲ့ရသူများ၏ ပြောကြားချက်အရ သိရှိရသည်။
ထိုုကဲ့သိုု့ အကြမ်းဖက် တိုက်ခိုက်ခဲ့သူများက ကျန်ရှိသော ယာဉ်နောက်လိုုက် တစ်ဦးနှင့် ဒရိုင်ဘာကို ယာဉ်ပေါ်အထိ တုတ်နှင့် လိုက်ရိုက်သဖြင့် ခရီးသည် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ရိုက်နှက်မိခဲ့သဖြင့် မျက်နှာနှင့် နှုတ်ခမ်းတွင် ဖူးရောင် ပေါက်ပြဲ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မျက်မြင်တွေ့သူ ခရီးသည်များက ပြောကြားသည်။
လူတစ်စုမှ အကြမ်းဖက်တိုက်ခိုက်၍ ယာဉ်ပေါ်အထိ လိုက်လံရိုက်နှက်ချိန်တွင် ၁၇၄ ယာဉ်လိုင်းပေါ်တွင် ခရီးသွားပြည်သူ ၅၀ ခန့် ပါ၀င်လာပြီး အဆိုပါ ခရီးသည်များအနက် ခရီးသည် အမျိုးသမီး တစ်ဦးမှာ မူးလဲသွားပြီး ကျန်ခရီးသည် အမျိုးသမီး တစ်ဦးမှာ မျက်နှာတွင် ဒဏ်ရာရရှိခဲ့သည့် အတွက် သွေးမေတ္တာ သွေးလှူအသင်း၏ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း သိရသည်။
“၁၇၄ ယာဉ်က မီးပွိုင့်မှာ မီးနီမိလို့ ဘီး နောက်မလိမ့်အောင် တုံးခုနေချိန်မှာ လူတစ်စုက ကားရှေ့မှန်ကို ပစ်ခွဲလိုက်တယ်။ ပြီးတော့ ဆင်းသွားတဲ့ မဲမဲဝဝလူကို ဓာတ်ဆီနဲ့ ပက်ပြီး ယာဉ်ကိုတွဲပြီး မီးရှို့ပစ်လိုက်တယ်။ မီးလောင်ခံရတဲ့သူက တာမွေအဝိုင်းထိပ် မှတ်တိုင်ဘက်ကို ထွက်ပြေးလာပြီး တစ်ကိုယ်လုံးမှာ လောင်နေတဲ့ အဝတ်အစားတွေနဲ့ ဦးထုပ်ကို ချွတ်ချပြီး ကိုယ်တုံးလုံးကြီး ထွက်ပြေးသွားတယ်။ နောက် စပါယ်ယာ ကောင်လေးကို တစ်ယောက်က “မင်းတို့လားကွ ငါတို့ကို ပြောတာ”ဆိုပြီး ပါးပိတ်ရိုက်လိုက်တယ်။ ကားပေါ်က ဒရိုင်ဘာကို တစ်ယောက်က သံတုတ်နဲ့ တက်ရိုက်တယ်။ အဲ့ဒီအချိန်မှာ အမျိုးသမီးတစ်ယောက် မျက်နှာထိသွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ခရီးသည်တွေအတွက် ကမ္ဘာပျက်နေသလိုပဲ။ အကြမ်းဖက် တိုက်ခိုက်တဲ့ လူက ကားအဝင်တံခါးမှာ သံတုတ်နဲ့ ပိတ်ရိုက်နေတော့ သူ့သံတုတ်ကို ရှောင်နေရတဲ့ အချိန်မှာ ကားခေါင်းထိပ်မှာက မီးလောင်နေတယ်။ ကားက စီအန်ဂျီယာဉ်ဆိုတော့ မီးလောင်ပေါက်ကွဲရင် ခရီးသည်အားလုံး ဒုက္ခရောက်ကုန်နိုင်တယ်”ဟု ပါရမီ ခရီးသည်တင်ယာဉ်ပေါ်တွင် လိုုက်ပါခဲ့သော ခရီးသည် တစ်ဦးက ဆိုုပါသည်။
“၁၇၄ ယာဉ်ကို လူငါးယောက်လောက်က အေးအေးဆေးဆေး ထိုင်စောင့်ပြီးမှ စပါယ်ယာတွေ ဒရိုင်ဘာတွေကို အပိုင်စောင့်ရိုက်ပြီး ဓာတ်ဆီလောင်း မီးရှို့တာပါ။ ခရီးသည်တွေ အကုန်လုံး ဆင်းပြေးရတယ်။ ကျွန်တော်က ရွှေဂုံတိုင်ကနေ တက်တာ။ ကားက မြောက်ဒဂုံကို ဆက်သွားမှာ။ တာမွေတင် ဂိတ်ဆုံးမဲ့ ၁၇၄ မဟုတ်ဘူး။ နောက်ပြီးတော့ အကြမ်းဖက် တိုက်ခိုက် မီးရှို့ခံရတဲ့ ယာဉ်ပေါ်မှာလည်း သံတုတ်တွေ၊ တုတ်ချောင်းတွေ ၄ ချောင်း၊ ၅ ချောင်းလောက် တွေ့ရတယ်။ သူတို့ချင်း ရန်ငြိုးရှိလို့ စောင့်ရိုက်တာ အဖြစ်နိုင်ဆုံးပဲ။ ည ၉ နာရီလောက် အချိန်ဆိုတာက အရမ်းစောနေသေးတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက် တိုက်ခိုက်တာက အရမ်းကြီးကို ရုပ်ပျက် ဆင်းပျက် နိုင်လွန်းပါတယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးဖြစ်သည့် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့် အချိန်၌ ရိုက်နှက်ခံရသည့် ၁၇၄ ယာဉ်မှ ယာဉ်နောက်လိုုက် နှစ်ဦး၊ ဒရိုုင်ဘာနှင့် အကြမ်းဖက် တိုက်ခိုက်သူများ မရှိတော့ဘဲ မျက်မြင်သက်သေ အချို့သာ ကျန်ရှိနေသည်။ ဖြစ်ပွားရသည့် အခြေအနေများနှင့် အမှုအခြေအနေမှာ တိုက်ခိုက်ခံရသည့် ဒရိုင်ဘာနှင့် စပါယ်ယာများအား တွေ့ရှိမှသာ သိရှိရမည်ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူများ၏ ကနဦး ပြောကြားချက်အရ စုံစမ်းသိရှိရသည်။
“ကျွန်တော့်ဒရိုင်ဘာနဲ့ စပါယ်ယာမှာ ဘာရန်ငြိုးမှတော့ မရှိပါဘူး။ ကျွန်တော်လည်း အခုမှသိလို့ ရောက်လာတာ” ဟု အခင်းဖြစ်ပွားခဲ့သော ပါရမီ ၁၇၄ ယာဉ်လိုင်းမှ ယာဉ်၏ ပိုင်ရှင်ဖြစ်သူက ပြောကြားခဲ့ပါသည်။

No comments:

Post a Comment