CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, November 20, 2015
တရားမ၀င္ ၀င္ေရာက္လာသူမ်ားျဖစ္သည့္္ ႐ုိဟင္ဂ်ာဆိုသူမ်ား အက်ပ္အတည္းက ဦးစားေပးကိစၥမဟုတ္ဟု ဦး၀င္းထိန္ေျပာ
မဇၥ်ိမ
သမိုင္း၀င္ေရြးေကာက္ပြဲတြင္ အႏိုင္ရခဲ့သည့္ NLD ပါတီထိပ္တန္း အဖြဲ႔၀င္ျဖစ္သူ ဦး၀င္းထိန္က ႐ုိဟင္ဂ်ာဆိုသူ လူနည္းစုမ်ားအက်ပ္အတည္းက ပါတီလုပ္ငန္းစဥ္အတြက္ အဓိကဦးစားေပးမဟုတ္ဟု ေျပာသည္။
"ကၽြန္ေတာ္တို႔မွာ အျခားဦးစားေပးကိစၥရပ္ေတြရွိတယ္။ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းစြာ အာဏာလက္လႊဲေရး၊ စီးပြားေရးဖြံ႔ျဖိဳးဖို႔နဲ႔ ဖြဲ႔စည္းပုံျပင္ဆင္ေရးလုပ္ငန္းစဥ္ေတြရွိတယ္။"ဟု ဦး၀င္းထိန္က ေျပာေၾကာင္း TRAVEL အြန္လိုင္း သတင္း၀က္ဘ္ဆိုက္တြင္ ႏို၀င္ဘာ ၁၉ ရက္က ေဖာ္ျပထားသည္။
ေရြးေကာက္ပြဲတြင္ အမတ္ေနရာ ၈၀ ရာခုိင္ႏႈန္း အႏိုင္ရခဲ့သည့္ NLD ပါတီ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္သည့္ ဦး၀င္းထိန္က ပါတီ၏ လုပ္ငန္းစဥ္တြင္ ႐ိုဟင္ဂ်ာဆိုသူမ်ား ျပႆနာက အဓိကဦးစားေပး မဟုတ္ေၾကာင္းေျပာသည္။
႐ုိဟင္ဂ်ာဆိုသူမ်ားႏွင့္ ပတ္သက္ျပီး ဘဂၤလားေဒ့ရွ္မွ တရားမ၀င္ႏိုင္ငံျဖတ္ေက်ာ္လာသူမ်ားျဖစ္ၾကသည္ဟု ေထာက္ျပထားရာ လက္ရွိအစိုးရ၏ ရပ္တည္ခ်က္ႏွင့္ ကိုက္ညီသည္ကို ေတြ႔ရွိရသည္။
"ဒီျပႆနာက တရားဥပေဒစိုးမိုးေရးနဲ႔ လူ႔အခြင့္အေရးအေပၚအေျခတည္တယ္ပါတယ္။ ဒါေပမယ့္ ဒီျပႆနာအေပၚ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔လည္း သက္ဆိုင္ေနပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔အားလုံးနီးပါးက ဘဂၤလားေဒ့ရွ္က ၀င္လာၾကသူေတြျဖစ္လို႔ပါပဲ။"ဟု ဦး၀င္းထိန္ကေျပာသည္။
ျမန္မာႏိုင္ငံတြင္ ႐ုိဟင္ဂ်ာဆိုသူမ်ားမွာ အၾကမ္းဖ်င္းအားျဖင့္ တစ္သန္းခန္႔ရွိျပီး ၂၀၁၂ ခုႏွစ္ ပဋိပကၡမ်ား ျဖစ္ပြားခဲ့ခ်ိန္မွစကာ ဒုကၡသည္စခန္းမ်ားတြင္ ေျပာင္းေရႊ႕ေနထိုင္ရသူေပါင္း ၁၄၀၀၀၀ ၀န္းက်င္ရွိေၾကာင္း သတင္းတြင္ ေဖာ္ျပသည္။
Ref ; TRAVEL
- See more at: http://mizzimaburmese.com/article/7697#sthash.BypGcXnp.n8M7p5ze.dpuf
...............
တရားမဝင် ၀င်ရောက်လာသူများဖြစ်သည့်် ရိုဟင်ဂျာဆိုသူများ အကျပ်အတည်းက ဦးစားပေးကိစ္စမဟုတ်ဟု ဦးဝင်းထိန်ပြော
မဇ္စျိမ
သမိုင်းဝင်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် NLD ပါတီထိပ်တန်း အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းထိန်က ရိုဟင်ဂျာဆိုသူ လူနည်းစုများအကျပ်အတည်းက ပါတီလုပ်ငန်းစဉ်အတွက် အဓိကဦးစားပေးမဟုတ်ဟု ပြောသည်။
"ကျွန်တော်တို့မှာ အခြားဦးစားပေးကိစ္စရပ်တွေရှိတယ်။ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းစွာ အာဏာလက်လွှဲရေး၊ စီးပွားရေးဖွံ့ဖြိုးဖို့နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်တွေရှိတယ်။"ဟု ဦးဝင်းထိန်က ပြောကြောင်း TRAVEL အွန်လိုင်း သတင်းဝက်ဘ်ဆိုက်တွင် နိုဝင်ဘာ ၁၉ ရက်က ဖော်ပြထားသည်။
ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်း အနိုင်ရခဲ့သည့် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပါတီ၏ လုပ်ငန်းစဉ်တွင် ရိုဟင်ဂျာဆိုသူများ ပြဿနာက အဓိကဦးစားပေး မဟုတ်ကြောင်းပြောသည်။
ရိုဟင်ဂျာဆိုသူများနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်နိုင်ငံဖြတ်ကျော်လာသူများဖြစ်ကြသည်ဟု ထောက်ပြထားရာ လက်ရှိအစိုးရ၏ ရပ်တည်ချက်နှင့် ကိုက်ညီသည်ကို တွေ့ရှိရသည်။
"ဒီပြဿနာက တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးအပေါ်အခြေတည်တယ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လည်း သက်ဆိုင်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့အားလုံးနီးပါးက ဘင်္ဂလားဒေ့ရှ်က ၀င်လာကြသူတွေဖြစ်လို့ပါပဲ။"ဟု ဦးဝင်းထိန်ကပြောသည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသူများမှာ အကြမ်းဖျင်းအားဖြင့် တစ်သန်းခန့်ရှိပြီး ၂၀၁၂ ခုနှစ် ပဋိပက္ခများ ဖြစ်ပွားခဲ့ချိန်မှစကာ ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့နေထိုင်ရသူပေါင်း ၁၄၀၀၀၀ ၀န်းကျင်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။
Ref ; TRAVEL
- See more at: http://mizzimaburmese.com/article/7697#sthash.BypGcXnp.n8M7p5ze.dpuf
တရားမ၀င္ ၀င္ေရာက္လာသူမ်ားျဖစ္သည့္္ ႐ုိဟင္ဂ်ာဆိုသူမ်ား အက်ပ္အတည္းက ဦးစားေပးကိစၥမဟုတ္ဟု ဦး၀င္းထိန္ေျပာ
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 20, 2015
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
November 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment