Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, November 24, 2015

အိႏၵိယဘုရားဖူး ရဟတ္ယာဥ္ ကက္ရွ္မီးယားေဒသ၌ ပ်က္က်ရာ ခုနစ္ဦးေသဆံုး


ရွရီနာဂါ ၊ ၂၄-၁၁-၂၀၁၅

ဟင္ဒူ ဘုရားဖူးမ်ားကို တင္ေဆာင္ လာေသာ ရဟတ္ယာဥ္ တစ္စင္းသည္ ႏုိဝင္ဘာ ၂၃ ရက္တြင္ အိႏၵိယႏုိင္ငံက ထိန္းခ်ဳပ္ထားေသာ ကက္ရွ္မီးယား ေဒသ၌ ပ်က္က်ခဲ့ရာ ရဟတ္ယာဥ္ ေပၚပါ ခရီးသည္ ခုနစ္ဦး စလံုးေသဆံုး ခဲ့ေၾကာင္း ရဲတပ္ဖဲြ႕က ေျပာၾကား ထားသည္။

''ပုဂၢလိက ကုမၸဏီတစ္ခု ျဖစ္တဲ့ Himalayan Heli Services က ပိုင္ဆုိင္တဲ့ ရဟတ္ယာဥ္ တစ္စင္းဟာ ဆန္ဂ်ီခ်က္ ကေန ကာထရာၿမိဳ႕ ကိုျပန္လာစဥ္ ေဒသ စံေတာ္ခ်ိန္ မြန္းလဲြ ၁၂ နာရီ ၅၅ မိနစ္မွာ ေလယာဥ္ကြင္းက ထြက္ခြာၿပီး မၾကာမီ ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။ ရဟတ္ယာဥ္ ပ်က္က်မႈေၾကာင့္ အမ်ဳိးသမီး ရဟတ္ယာဥ္မွဴး တစ္ဦး အပါအဝင္ ခုနစ္ဦး စလံုး ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ ဒီရဟတ္ယာဥ္ ပ်က္က်ရတဲ့ အေၾကာင္းရင္းနဲ႔ ပတ္သက္ ၿပီးေတာ့ အေသးစိတ္ ေျပာၾကားဖို႔ရာ ေစာေန ပါေသးတယ္။ ဒါေပမဲ့ နည္းပညာပိုင္း ခြၽတ္ယြင္းမႈေၾကာင့္ ျဖစ္ဖို႔ မ်ားပါတယ္'' ဟု ရီးဆီးခ႐ိုင္ ရဲတပ္ဖဲြ႕မွ အဆင့္ျမင့္ ရဲအရာရွိ ဆာဂ်ိကူမား က ဆင္ဟြာ သတင္းဌာနသုိ႔ ေျပာၾကား ထားသည္။

ထို႔ျပင္ ရာသီဥတု အေျခအေန မေကာင္း ေသာေၾကာင့္ ရဟတ္ယာဥ္ ပ်က္က်ရာ ေနရာသို႔ ကယ္ဆယ္ေရး ရဟတ္ယာဥ္မ်ား သြားေရာက္ရန္ ၾကန္႔ၾကာခဲ့ျခင္း ျဖစ္ေၾကာင္း တာဝန္ရွိသူ မ်ားက ေျပာၾကား ထားသည္။

ရဟတ္ယာဥ္ေပၚ လိုက္ပါလာသူ မ်ားသည္ ႀတိကုတ ေတာင္ေပၚရွိ မာတာေဗ့ရွ္ႏုိး ေဒးဗီ ဘုရားေက်ာင္းသို႔ သြားေရာက္ၾက သူမ်ား ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar

............................................................
အိန္ဒိယဘုရားဖူး ရဟတ်ယာဉ် ကက်ရှ်မီးယားဒေသ၌ ပျက်ကျရာ ခုနစ်ဦးသေဆုံး



ရှရီနာဂါ ၊ ၂၄-၁၁-၂၀၁၅

ဟင်ဒူ ဘုရားဖူးများကို တင်ဆောင် လာသော ရဟတ်ယာဉ် တစ်စင်းသည် နိုဝင်ဘာ ၂၃ ရက်တွင် အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသ၌ ပျက်ကျခဲ့ရာ ရဟတ်ယာဉ် ပေါ်ပါ ခရီးသည် ခုနစ်ဦး စလုံးသေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

''ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Himalayan Heli Services က ပိုင်ဆိုင်တဲ့ ရဟတ်ယာဉ် တစ်စင်းဟာ ဆန်ဂျီချက် ကနေ ကာထရာမြို့ ကိုပြန်လာစဉ် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်မှာ လေယာဉ်ကွင်းက ထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အမျိုးသမီး ရဟတ်ယာဉ်မှူး တစ်ဦး အပါအဝင် ခုနစ်ဦး စလုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီရဟတ်ယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းနဲ့ ပတ်သက် ပြီးတော့ အသေးစိတ် ပြောကြားဖို့ရာ စောနေ ပါသေးတယ်။ ဒါပေမဲ့ နည်းပညာပိုင်း ချွတ်ယွင်းမှုကြောင့် ဖြစ်ဖို့ များပါတယ်'' ဟု ရီးဆီးခရိုင် ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိ ဆာဂျိကူမား က ဆင်ဟွာ သတင်းဌာနသို့ ပြောကြား ထားသည်။

ထို့ပြင် ရာသီဥတု အခြေအနေ မကောင်း သောကြောင့် ရဟတ်ယာဉ် ပျက်ကျရာ နေရာသို့ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ သွားရောက်ရန် ကြန့်ကြာခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြား ထားသည်။

ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ များသည် တြိကုတ တောင်ပေါ်ရှိ မာတာဗေ့ရှ်နိုး ဒေးဗီ ဘုရားကျောင်းသို့ သွားရောက်ကြ သူများ ဖြစ်ကြောင်း သိရသည်။

#PyiChitTharmen - SAW

No comments:

Post a Comment