CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, November 3, 2015
ထိုင်း ကောင်းကင်ယံမှ မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက်မှ ကျဆင်းလာခြင်းဟု ပညာရှင်များ အတည်ပြု
နိုဝင်ဘာ ၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ကောင်းကင်ယံတွင် တောက်ပစွာ တွေ့မြင်လိုက်ရသည့် အစိမ်းရောင်မီးလုံးကြီးသည် ကမ္ဘာ့လေထုအပြင်ဘက်မှ ကျဆင်းလာခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက အတည်ပြု ပြောကြားခဲ့သည်။
တောက်ပသည့် မီးလုံးကြီးသည် ဥက္ကာခဲတစ်ခု ကျဆင်းလာသည်ဟု ယူဆရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အပြင် ရာယွန်၊ ချောင်ဘူရီ၊ ချာချွန်ဆောင်၊ နာခွန်ဆာဝမ်၊ ခွန်ကန်း၊ ဖစ်ဆာနူလော့၊ အန်သောင်းနှင့် ချင်းမိုင်ဒေသများတွင်ပါ တွေ့မြင်ခဲ့ရသည်။
ယခုနှစ် စက်တင်ဘာ ၇ ရက်ကလည်း အလားတူ မီးလုံးကြီးတစ်လုံး ထိုင်းနိုင်ငံ ကောင်းကင်ယံတွင် ကျဆင်းလာခဲ့ဖူးပြီး ၎င်းသည်လည်း ဥက္ကာခဲအစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု နက္ခတ်ဗေဒ ပညာရှင်များက
သုံးသပ်ခဲ့သည်။ ကွဲပြားမှုမှာ ထိုစဉ်က ကျဆင်းလာသည့် မီးလုံးကြီးသည် လိမ္မော်ရောင်ဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ အစိမ်းရောင်တောက်ပနေခြင်း ဖြစ်သည်။ ဥက္ကာခဲတစ်ခု၏ ဖွဲ့စည်းပုံကို မူတည်ပြီး
လောင်ကျွမ်းချိန်တွင် မီးတောက်အရောင်သည် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အမျိုးသားနက္ခတ်ဗေဒ သုတေသနဌာနက ယခုတွေ့မြင်ရသည့် မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက် အာကာသထဲမှ ကျဆင်းလာသည့် အရာဝတ္ထုတစ်ခုဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်တွင်
အတည်ပြုခဲ့သည်။
ဌာနမှ ပါမောက္ခ တစ်ဦးဖြစ်သူ ဘွန်ရက်ဆာ ဆွန်သွန်သမ်က “ဒီပစ္စည်းထဲမှာ ခရိုမီယမ် တော်တော်များများ ပါဝင်နေတာကြောင့် အစိမ်းရောင် မီးတောက်မျိုး ဖြစ်ပေါ်စေတာပါ။ နောက်ပြီး မီးလုံးကြီး ကျဆင်းလာတာကို နိုင်ငံရဲ့ ဒေသတော်တော်များများက လှမ်းမြင်လိုက်ရခြင်းကို ကြည့်ရင် ကမ္ဘာ့မြေလွှာကနေ အရမ်းမြင့်မားဝေးလံတဲ့ နေရာမှာကတည်းက စတင်လောင်ကျွမ်းလာတယ်လို့ ယူဆနိုင်ပါတယ်။
ဒါကြောင့် အာကာသထဲက ကျလာတဲ့ အရာဝတ္ထုတစ်ခုဆိုတာ သိသာပါတယ်”ဟု ရှင်းပြခဲ့သည်။
နှစ်လအတွင်း ကောင်းကင်မှ မီးလုံးကြီးများ ကျဆင်းမှုနှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သော်လည်း ယင်းနှစ်ခုကြား ဆက်စပ်မှု မရှိနိုင်သလို အာကာသထဲမှ ပစ္စည်းများ မြေပြင်နှင့် နီးကပ်လွန်းသည်အထိ ကျဆင်းလာမှုမျိုးသည် အလွန်ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုးဟုလည်း ဘွန်ရက်ဆာက ဆိုသည်။ ယခု မီးလုံးကြီးနှင့် ပတ်သက်၍ ဌာနအနေဖြင့် နောက်ထပ် အချက်အလက်သစ်များ ရရှိလာစေရန် စုံစမ်းမှုများ ပြုလုပ်နေဆဲဟုလည်း ၎င်းက
ပြောကြားသွားသည်။
Ref: Bangkok Post
http://www.7daydaily.com/story/50116
..................................................................
ထိုင်း ကောင်းကင်ယံမွ မီးလုံးကြီးသည် ကမ္ဘာ့လေထု အျပင္ဘက္မွ က်ဆင်းလျာခင်းဟု ပညာရွင္မ်ား အတည်ျပု
နိုဝင္ဘာ ၂ ရက် ညပိုင်းက ထိုင်းနိုင်ငံ ကောင်းကင်ယံတြင် တောက္ပစြာ တြျေ့မင္လိုက်ရသည့် အစိမ်းရောင္မီးလုံးကြီးသည် ကမ္ဘာ့လေထုအျပင္ဘက္မွ က်ဆင်းလျာခင်ျးဖစ်ကြောင်း သိပ္ပံပညာရွင္မ်ားက အတည်ျပုျေပာကြားခဲ့သည်။
တောက္ပသည့် မီးလုံးကြီးသည် ဥက္ကာခဲတစ္ခု က်ဆင်းလာသည်ဟု ယူဆရပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အျပင် ရာယြန်၊ ခော်င္ဘူရီ၊ ခ်ာချန်ြဆောင်၊ နာခြန္ဆာဝမ်၊ ခြန္ကန်း၊ ဖစ္ဆာနူလော့၊ အန်သောင်းနွင့် ခ်င်းမိုင်ဒေသမ်ားတြင္ပါ တြျေ့မင္ခဲ့ရသည်။
ယခုနွစ် စက္တင္ဘာ ၇ ရက္ကလည်း အလားတူ မီးလုံးကြီးတစ္လုံး ထိုင်းနိုင်ငံ ကောင်းကင်ယံတြင် က်ဆင်းလာခဲ့ဖူးပြီး ၎င်းသည္လည်း ဥက္ကာခဲအစိတ်အပိုင်းတစ္ချုဖစ္မည်ဟု နက္ခတ်ဗေဒ ပညာရွင္မ်ားက
သုံးသပ္ခဲ့သည်။ ကျြဲပားမှုမွာ ထိုစဥ္က က်ဆင်းလာသည့် မီးလုံးကြီးသည် လိမ္မော်ရောင်ျဖစ်ပြီး ယခုတစ်ကြိမ္တြင္မူ အစိမ်းရောင်တောက္ပေနျခင်ျးဖစ်သည်။ ဥက္ကာခဲတစ္ခု၏ ဖြဲ့စည်းပုံကို မူတည်ပြီး
လောင္ကျမြ်းခိန္တြင် မီးတောက်ေအရာင်သည် အျေပာင်းအလျဲဖစ်နိုင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အမိုးသားနက္ခတ်ဗေဒ သုတေသနဌာနက ယခုတြျေ့မင်ရသည့် မီးလုံးကြီးသည် ကမ္ဘာ့လေထု အျပင္ဘက် အာကာသထဲမွ က်ဆင်းလာသည့် အရာဝတ္ထုတစ္ချုဖစ်ကြောင်း နိုဝင္ဘာ ၃ ရက္တြင်
အတည်ျပုခဲ့သည်။
ဌာနမွ ပါမောက္ခ တစ်ဦျးဖစ်သူ ဘြန်ရက္ဆာ ဆြန်ြသန်သမ္က “ဒီပစ္စည်းထဲမွာ ခရိုမီယမ် တော်တ္မော်ားမ်ား ပါဝင်နေတာကြောင့် အစိမ်းရောင် မီးတောက္မိုျးဖစ်ပေါ်စေတာပါ။ နောက်ပြီး မီးလုံးကြီး က်ဆင်းလာတာကို နိုင်ငံရဲ့ ဒေသေတ်ာတ္မော်ားမ်ားက လွမ်ျးမင္လိုက်ရျခင်းကို ကြည့်ရင် ကမ္ဘာ့ျေမလွှာကေန အရမ်ျးမင့်မားဝေးလံတဲ့ နေရာမွာကတည်းက စတင်လောင္ကျမြ်းလာတယ္လို့ ယူဆနိုင္ပါတယ်။
ဒါကြောင့် အာကာသထဲက က်လာတဲ့ အရာဝတ္ထုတစ္ခုဆိုတာ သိသာပါတယ်”ဟု ရွင်ျးပခဲ့သည်။
နွစ္လအတြင်း ကောင်းကင္မွ မီးလုံးကြီးမ်ား က်ဆင်းမှုနွစ်ကြိမ္တိုင်ျဖစ္ပြားခဲ့သ္လောည်း ယင်းနွစ္ခုကြား ဆက္စပ္မှု မရွိနိုင်သလို အာကာသထဲမွ ပစ္စည်းမ်ားျေမျပင်နွင့် နီးကပ္လြန်းသည်အထိ က်ဆင်းလာမှုမိုးသည် အလြန်ျဖစ်တောင့်ျဖစ္ခဲ ကိစ္စမိုးဟုလည်း ဘြန်ရက္ဆာက ဆိုသည်။ ယခု မီးလုံးကြီးနွင့် ပတ်သက်၍ ဌာနအေနျဖင့် နောက္ထပ် အခ်က်အလက်သစ္မ်ား ရရွိလာစေရန် စုံစမ်းမှုမ်ာျးပုလုပ်နေဆဲဟုလည်း ၎င်းက
ျေပာကြားသြားသည်။
Ref: Bangkok Post
http://www.7daydaily.com/story/50116
ထိုင်း ကောင်းကင်ယံမှ မီးလုံးကြီးသည် ကမ္ဘာ့လေထု အပြင်ဘက်မှ ကျဆင်းလာခြင်းဟု ပညာရှင်များ အတည်ပြု
Reviewed by MP4 YoU
on
November 03, 2015
Rating: 5
Reviewed by MP4 YoU
on
November 03, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment