Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 8, 2015


========================

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်ရှေ့မှာ ပြည်သူကို ၇ မိနစ်ခန့် ယနေ့နံနက်ကနှုတ် ခွန်းဆက် စကားပြောဆိုခဲ့ပါတယ်။
..............
"သိက္ခာရှိရှိ အရှုံးခံသွားသူတွေကို ဂုဏ်ပြုရမယ်" "ဒေါ်အောင်ဆန်းစုကြည်"
===============================================
နို၀င်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုသို့ အမှာစကား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်ရှေ့မှာ ပြည်သူကို ရ မိနစ်ခန့် ယနေ့နံနက်ကနှုတ် ခွန်းဆက် စကားပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရလာဒ်တွေ တရားမဝင်မထွက်သေးပေမယ့် ရလာဒ်က အားလုံးသိတဲ့အတိုင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာ နိုင်တာ၊ ရှုံးတာ အဓိကမဟုတ်ဘဲ သိက္ခာရှိရှိနဲ့ နိုင်ဖို့ အဓိက ဖြစ်ကြောင်း၊ နိုင်တဲ့သူများကလည်း ရှုံးတဲ့သူကို စာနားလည်ပေးဖို့ အရေးကြီးကြောင်း သိက္ခာရှိရှိ အရှုံးခံသွားသူတွေကိုလည်း ဂုဏ်ပြုရမည်ဖြစ်ကြောင်း၊၊ နိုင်တဲ့သူတွေကို ဂုဏ်ပြုသင့်ပေမယ့် ပြည်သူအပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာကိုကြည့်ပြီး ဂုဏ်ပြုသင့်မှ ဂုဏ်ပြုမှာဖြစ်ကြောင်း၊ NLD အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဦးတင်ဦးကို ကျေးဇူးတင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အပြီး တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ အရေးကြီးကြောင်း ပြောဆိုသွားပါတယ်။
The Irrawaddy (Burmese Version)

No comments:

Post a Comment