Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 9, 2015

၂၀၁၅ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲတြင္ အနိုင္ရရွိသည့္ ကိုယ္စားလွယ္မ်ားကို ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္မွ စတင္ ေၾကညာ

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအး ေနျပည္ေတာ္ ၊ မီဒီယာ စင္တာ ဖြင့္ပြဲ အခမ္းအနားတြင္ ရွင္းလင္းေျပာၾကားေနစဥ္ (ဆင္ဟြာ)
    ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၉ ရက္ (ဆင္ဟြာ)

    ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္သည္ ႏိုဝင္ဘာလ ၈ ရက္ေန႕တြင္ ႏိုင္ငံတစ္ဝန္း၌ က်င္းပခဲ့သည့္ ပါတီစံု အေထြေထြ ေရြးေကာက္ပြဲတြင္ အနိုင္ရရွိေသာ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ မဲရလဒ္မ်ားကို ပထမဆံုး အႀကိမ္အျဖစ္ ယေန႔ ႏိုဝင္ဘာလ ၉ ရက္တြင္ စတင္ ေၾကညာ ခဲ့သည္။

ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအးက ေနျပည္ေတာ္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရံုးရွိ မီဒီယာ စင္တာ ဖြင့္ပြဲ အခမ္းအနားတြင္ အဆိုပါ ရလဒ္မ်ားကို ေၾကညာခဲ့ျခင္းျဖစ္ၿပီး ယေန႔ ေၾကညာေသာ စာရင္းတြင္ ရန္ကုန္တုိင္း ေဒသႀကီးအတြင္းမွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ၁၂ ေနရာႏွင္႔ တုိင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ၄ ေနရာ၏ မဲစာရင္း ရလဒ္မ်ား ပါဝင္သည္။

ျပည္သူ႔ လႊတ္ေတာ္တြင္ NLD ပါတီ မွ ၁၂ ေနရာ လံုး အႏိုင္ရရွိခဲ႔သည္။ တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္ ၄ ေနရာတြင္မူ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင္႔ ဖြ႔ံၿဖိဳးေရး ပါတီ (USDP) မွ ဆိပ္ကမ္း (၁) မဲဆႏၵနယ္ အတြက္ တစ္ေနရာ အႏိုင္ရရွိခဲ့ၿပီး က်န္သံုးေနရာအတြက္ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ ့ခ်ဳပ္ (NLD) ပါတီမွ အနိုင္ရရွိခဲ႔ေၾကာင္း သိရသည္။

အဆိုပါ မီဒီယာ စင္တာ ဖြင့္ပြဲ အခမ္းအနားတြင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးတင္ေအးက မိန္႔ခြန္း ေျပာၾကားရာ၌ ၂၀၁၅ အေထြေထြ ေရြးေကာက္ပြဲသည္ တည္ၿငိမ္ ေအးခ်မ္းသည္႔ ေရြးေကာက္ပြဲျဖစ္ေၾကာင္း သံုးသပ္ ေျပာၾကား ခဲ႔သည္။


 ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ရန္ကုန္ရံုးရွိ သတင္း အခ်က္အလက္ဌာနတြင္ အႏိုင္ရ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား စာရင္းကို ေၾကညာေနစဥ္  (ဆင္ဟြာ)
ထို႔ျပင္ ယခု ေရြးေကာက္ပြဲ၌ ေရြးေကာက္ပြဲဆိုင္ရာ ျပစ္မႈမ်ား ႏွင္႔ ထူးျခားျဖစ္စဥ္ ၄၈ ခု ျဖစ္ပြားခဲ႔ၿပီး ၊ အေယာင္ေဆာင္မဲေပးျခင္း ၄ ခု (၀.၀၀၉ ရာခိုင္နႈန္း) ၊ မဲလက္မွတ္ မွားေပးျခင္း ၁၄ ခု (၀.၀၃၅ ရာခိုင္ႏႈန္း)၊ မဲရံုလက္မွတ္မပါသည့္ မဲေပးျခင္း ျဖစ္စဥ္ ၃ ခု (၀.၀၀၇ ရာခိုင္ႏႈန္း) ၊ တရားမဝင္ မဲဆြယ္ စည္းရံုးျခင္း ၁၂ ခု (၀.၀၂၉ ရာခိုင္ႏႈန္း) ႏွင္႔ အျခား ထူးျခားျဖစ္စဥ္ ၁၅ ခု ( ၀.၀၃၇ ရာခိုင္ႏႈန္း) ျဖစ္ပြြားခဲ႔ၿပီး တစ္နုိင္ငံလံုးျဖစ္စဥ္ႏွင္႔ အခ်ဳိးခ်လွ်င္ ၀.၁၁၉ ရာခိုင္ႏႈန္း ျဖစ္သျဖင့္ မဲရံု ၁,၀၀၀ လွ်င္ ျဖစ္စဥ္ ၁ ႀကိမ္သာ ရွိုသည္႔ သေဘာျဖစ္ေၾကာင္း ဆက္လက္ ေျပာၾကားခဲ့သည္။

ယခု က်င္းပခဲ႔သည့္ အေထြေထြ ေရြးေကာက္ပြဲ ရလဒ္မ်ားကို ေန႕စဥ္ နံနက္ ၉ နာရီ၊ ေန႔လည္ ၁၂ နာရီ၊ မြန္းလြဲ ၃ နာရီ၊ ညေန ၆ နာရီ၊ ည ၉ နာရီ ႏွင့္ ည ၁၁ နာရီတို႔တြင္ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ မီဒီယာ စင္တာမွ ထုတ္ျပန္ ေပးသြားမည္ ျဖစ္ေၾကာင္း၊  ရန္ကုန္ၿမိဳ႕ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ရံုးတြင္လည္း တစ္ၿပိဳင္နက္ ေၾကညာသြားမည္ ျဖစ္ေၾကာင္း၊ ေကာ္မရွင္ အေနျဖင္႔ ေန႔စဥ္ ညေန ၄ နာရီတြင္ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

 (Xinhua)
http://www.xinhuamyanmar.com....
................
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နေပြည်တော် ၊ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် ရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတစ်ဝန်း၌ ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိသော လွှတ်တော် ကိုယ်စားလှယ်များနှင့် မဲရလဒ်များကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ နိုဝင်ဘာလ ၉ ရက်တွင် စတင် ကြေညာ ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှိ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် အဆိုပါ ရလဒ်များကို ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ ကြေညာသော စာရင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ နေရာနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၄ နေရာ၏ မဲစာရင်း ရလဒ်များ ပါဝင်သည်။

ပြည်သူ့ လွှတ်တော်တွင် NLD ပါတီ မှ ၁၂ နေရာ လုံး အနိုင်ရရှိခဲ့သည်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄ နေရာတွင်မူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေး ပါတီ (USDP) မှ ဆိပ်ကမ်း (၁) မဲဆန္ဒနယ် အတွက် တစ်နေရာ အနိုင်ရရှိခဲ့ပြီး ကျန်သုံးနေရာအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ် (NLD) ပါတီမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီဒီယာ စင်တာ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက မိန့်ခွန်း ပြောကြားရာ၌ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် တည်ငြိမ် အေးချမ်းသည့် ရွေးကောက်ပွဲဖြစ်ကြောင်း သုံးသပ် ပြောကြား ခဲ့သည်။

 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရန်ကုန်ရုံးရှိ သတင်း အချက်အလက်ဌာနတွင် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ စာရင်းကို ကြေညာနေစဉ်  (ဆင်ဟွာ)
ထို့ပြင် ယခု ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများ နှင့် ထူးခြားဖြစ်စဉ် ၄၈ ခု ဖြစ်ပွားခဲ့ပြီး ၊ အယောင်ဆောင်မဲပေးခြင်း ၄ ခု (၀.၀၀၉ ရာခိုင်နှုန်း) ၊ မဲလက်မှတ် မှားပေးခြင်း ၁၄ ခု (၀.၀၃၅ ရာခိုင်နှုန်း)၊ မဲရုံလက်မှတ်မပါသည့် မဲပေးခြင်း ဖြစ်စဉ် ၃ ခု (၀.၀၀၇ ရာခိုင်နှုန်း) ၊ တရားမဝင် မဲဆွယ် စည်းရုံးခြင်း ၁၂ ခု (၀.၀၂၉ ရာခိုင်နှုန်း) နှင့် အခြား ထူးခြားဖြစ်စဉ် ၁၅ ခု ( ၀.၀၃၇ ရာခိုင်နှုန်း) ဖြစ်ပွွားခဲ့ပြီး တစ်နိုင်ငံလုံးဖြစ်စဉ်နှင့် အချိုးချလျှင် ၀.၁၁၉ ရာခိုင်နှုန်း ဖြစ်သဖြင့် မဲရုံ ၁,၀၀၀ လျှင် ဖြစ်စဉ် ၁ ကြိမ်သာ ရှိုသည့် သဘောဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

ယခု ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ ရလဒ်များကို နေ့စဉ် နံနက် ၉ နာရီ၊ နေ့လည် ၁၂ နာရီ၊ မွန်းလွဲ ၃ နာရီ၊ ညနေ ၆ နာရီ၊ ည ၉ နာရီ နှင့် ည ၁၁ နာရီတို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မီဒီယာ စင်တာမှ ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း၊  ရန်ကုန်မြို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်လည်း တစ်ပြိုင်နက် ကြေညာသွားမည် ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် နေ့စဉ် ညနေ ၄ နာရီတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment