Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

ႏွစ္ေပါင္း ၄ သန္းရွိ ျမင္းသေႏၶသားေလာင္း ေက်ာက္ျဖစ္႐ုပ္ၾကြင္းကို သိပၸံပညာရွင္မ်ား ရွာေဖြေတြ႕ရွိ




ဖရန္႔ဖတ္ ၊ ၉-၁၀-၂၀၁၅

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၈ သန္းခန္႔က တည္ရွိခဲ့သည့္ ျမင္းသေႏၶ သားေလာင္း၏ ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းကို အဆုိပါ သေႏၶသားေလာင္း ၏မိခင္ ေက်ာက္ျဖစ္ ႐ုပ္ၾကြင္း အတြင္းမွ သိပၸံပညာရွင္ မ်ားက ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းကို ဂ်ာမနီႏုိင္ငံ ဖရန္႔ဖတ္ၿမိဳ႕ အနီးမွ ၂ဝဝဝ ျပည့္ႏွစ္တြင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေသာ္လည္း သိပၸံပညာရွင္ မ်ားက ၄င္းတို႔၏ ေလ့လာ ဆန္းစစ္မႈ ၿပီးေနာက္ ေအာက္တိုဘာ ၈ ရက္ထုတ္ PLOS ONE ဂ်ာနယ္တြင္ ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ သေႏၶ သားေလာင္းသည္ လက္ရွိတူးေဖာ္ ရရွိထားေသာ ၄င္း၏ မ်ဳိးႏြယ္တူ ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းမ်ား အနက္ ေရွးအက်ဆံုး ျဖစ္ေၾကာင္း သိပၸံပညာရွင္ မ်ားက ယူဆထားသည္။ ထို႔ျပင္ ယင္း သေႏၶသား ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းသည္ အလ်ား ၄ ဒသမ ၉ ရွိၿပီး ၄င္း၏ အ႐ိုးမ်ား မွာလည္း က်ဳိးေနသည္ဟု ယူဆရေၾကာင္း သိရသည္။

အဆိုပါ ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းကို စတင္ေတြ႕ရွိ သည့္အဖဲြ႕မွာ ဆန္ကန္ဘာ့ဂ္ ျပတုိက္မွ အဖဲြ႕တစ္ဖဲြ႕ ျဖစ္ေၾကာင္းႏွင့္ ကမၻာႀကီး အတြက္ အေရးႀကီးေသာ ေက်ာက္ျဖစ္ ႐ုပ္ၾကြင္းမ်ားကို ရွာေဖြေတြ႕ရွိရာ Grube Messel အမည္ရွိ ေရွးေဟာင္းအေမြ မ်ားအား ထိန္းသိမ္းထားေသာ အရပ္မွ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

#PyiChitThar
......................................................................................................................
နှစ်ပေါင်း ၄ သန်းရှိ မြင်းသန္ဓေသားလောင်း ကျောက်ဖြစ်ရုပ်ကြွင်းကို သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဖရန့်ဖတ် ၊ ၉-၁၀-၂၀၁၅

လွန်ခဲ့သော နှစ်ပေါင်း ၄၈ သန်းခန့်က တည်ရှိခဲ့သည့် မြင်းသန္ဓေ သားလောင်း၏ ကျောက်ဖြစ် ရုပ်ကြွင်းကို အဆိုပါ သန္ဓေသားလောင်း ၏မိခင် ကျောက်ဖြစ် ရုပ်ကြွင်း အတွင်းမှ သိပ္ပံပညာရှင် များက တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ အနီးမှ ၂ဝဝဝ ပြည့်နှစ်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း သိပ္ပံပညာရှင် များက ၄င်းတို့၏ လေ့လာ ဆန်းစစ်မှု ပြီးနောက် အောက်တိုဘာ ၈ ရက်ထုတ် PLOS ONE ဂျာနယ်တွင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ သန္ဓေ သားလောင်းသည် လက်ရှိတူးဖော် ရရှိထားသော ၄င်း၏ မျိုးနွယ်တူ ကျောက်ဖြစ် ရုပ်ကြွင်းများ အနက် ရှေးအကျဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင် များက ယူဆထားသည်။ ထို့ပြင် ယင်း သန္ဓေသား ကျောက်ဖြစ် ရုပ်ကြွင်းသည် အလျား ၄ ဒသမ ၉ ရှိပြီး ၄င်း၏ အရိုးများ မှာလည်း ကျိုးနေသည်ဟု ယူဆရကြောင်း သိရသည်။
အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းကို စတင်တွေ့ရှိ သည့်အဖွဲ့မှာ ဆန်ကန်ဘာ့ဂ် ပြတိုက်မှ အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်းနှင့် ကမ္ဘာကြီး အတွက် အရေးကြီးသော ကျောက်ဖြစ် ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိရာ Grube Messel အမည်ရှိ ရှေးဟောင်းအမွေ များအား ထိန်းသိမ်းထားသော အရပ်မှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment