Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

၂၀၁၅ ခုႏွစ္အတြက္ စာေပဆုိင္ရာ ႏုိဘယ္ဆုကုိ ဆဗက္လာနာ အလက္ဇီဗစ္ ဆြတ္ခူးရရွိ



Svetlana Alexievich wins 2015 Nobel prize in literature

စေတာ့ဟုမ္း ၊ ၉-၁၀-၂၀၁၅

၂ဝ၁၅ ခုႏွစ္ စာေပဆုိင္ရာ ထူးခြၽန္ဆုအတြက္ ေပးအပ္သည့္ ႏုိဘယ္ဆုကုိ ဘီလာ႐ုဇ္ ႏုိင္ငံမွ စာေရးဆရာမ ဆဗက္လာနာ အလက္ဇီဗစ္ က ရရွိခဲ့ေၾကာင္း အဆုိပါ ဆုေရြးခ်ယ္ေရး အဖြဲ႕ႀကီးက ယမန္ေန႔တြင္ ထုတ္ျပန္ ေၾကညာ ခဲ့သည္။

အလက္ဇီဗစ္ သည္ ၄င္း ေရးသားခဲ့သည္ "for her polyphonic writings, a monument to suffering and courage in our time" ျဖင့္ ဆုခ်ီးျမႇင့္ ခံခဲ့ရျခင္းျဖစ္ၿပီး ၄င္းသည္ ႏုိဘယ္ဆုကုိ ပထမဆံုးအႀကိမ္ အျဖစ္ ဆြတ္ခူး ႏုိင္ခဲ့ျခင္း ျဖစ္သည္။ အလက္ဇီဗစ္ သည္ တစ္ခ်ိန္တည္း မွာပင္ ဘီလာ႐ုဇ္ ႏုိင္ငံအတြင္း အကဲျဖတ္ ေလ့လာသူ တစ္ဦးအျဖစ္ ပါဝင္ လုပ္ေဆာင္လ်က္ ရွိၿပီး အာဏာပုိင္မ်ား ၏ ဖမ္းဆီးခံရမႈမွ တိမ္းေရွာင္ႏုိင္ရန္ ျပင္သစ္၊ ဂ်ာမနီ၊ ဆြီဒင္ႏွင့္ အျခား ေဒသမ်ားသုိ႔ ၁ဝ ႏွစ္ၾကာ ထြက္ေျပး ခဲ့ရသည္ဟု သိရသည္။

ယင္း ေနာက္ပုိင္းတြင္ ၄င္းသည္ မင့္ခ္ၿမိဳ႕ေတာ္သုိ႔ ျပန္လည္ ေရာက္ရွိ လာခဲ့ျခင္းျဖစ္သည္။ အလက္ဇီဗစ္ သည္ တကၠသုိလ္မွ ဘြဲ႕ရရွိၿပီးေနာက္ သတင္းေထာက္ တစ္ဦးအျဖစ္ လုပ္ကုိင္ခဲ့ၿပီး ၄င္း၏ " War unwonmanly face "  အမည္ရွိ စာအုပ္ကုိ ၁၉၈၅ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည္။

၄င္းသည္ စာေပဆုိင္ရာ ႏုိဘယ္ဆု သမုိင္းတြင္ ဆုခ်ီးျမႇင့္ျခင္း ခံရသည့္ ၁၄ ဦးေျမာက္ အမ်ဳိးသမီး ျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပခ်က္ မ်ားအရ သိရသည္။

#PyiChitThar

................................................................................................

၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဆဗက်လာနာ အလက်ဇီဗစ် ဆွတ်ခူးရရှိ
စတော့ဟုမ်း ၊ ၉-၁၀-၂၀၁၅

၂ဝ၁၅ ခုနှစ် စာပေဆိုင်ရာ ထူးချွန်ဆုအတွက် ပေးအပ်သည့် နိုဘယ်ဆုကို ဘီလာရုဇ် နိုင်ငံမှ စာရေးဆရာမ ဆဗက်လာနာ အလက်ဇီဗစ် က ရရှိခဲ့ကြောင်း အဆိုပါ ဆုရွေးချယ်ရေး အဖွဲ့ကြီးက ယမန်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်။
အလက်ဇီဗစ် သည် ၄င်း ရေးသားခဲ့သည် "for her polyphonic writings, a monument to suffering and courage in our time" ဖြင့် ဆုချီးမြှင့် ခံခဲ့ရခြင်းဖြစ်ပြီး ၄င်းသည် နိုဘယ်ဆုကို ပထမဆုံးအကြိမ် အဖြစ် ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်သည်။ အလက်ဇီဗစ် သည် တစ်ချိန်တည်း မှာပင် ဘီလာရုဇ် နိုင်ငံအတွင်း အကဲဖြတ် လေ့လာသူ တစ်ဦးအဖြစ် ပါဝင် လုပ်ဆောင်လျက် ရှိပြီး အာဏာပိုင်များ ၏ ဖမ်းဆီးခံရမှုမှ တိမ်းရှောင်နိုင်ရန် ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်နှင့် အခြား ဒေသများသို့ ၁ဝ နှစ်ကြာ ထွက်ပြေး ခဲ့ရသည်ဟု သိရသည်။
ယင်း နောက်ပိုင်းတွင် ၄င်းသည် မင့်ခ်မြို့တော်သို့ ပြန်လည် ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။ အလက်ဇီဗစ် သည် တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် သတင်းထောက် တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၄င်း၏ " War unwonmanly face "  အမည်ရှိ စာအုပ်ကို ၁၉၈၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
၄င်းသည် စာပေဆိုင်ရာ နိုဘယ်ဆု သမိုင်းတွင် ဆုချီးမြှင့်ခြင်း ခံရသည့် ၁၄ ဦးမြောက် အမျိုးသမီး ဖြစ်လာခဲ့ကြောင်း ဖော်ပြချက် များအရ သိရသည်။
#PyiChitThar

No comments:

Post a Comment