Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, October 10, 2015

အိႏိၵယေလတပ္က တိုက္ေလယာဥ္မ်ား ေမာင္းႏွင္ရန္ အမ်ဳိးသမီးမ်ားအား တာဝန္ေပးအပ္




နယူးေဒလီ ၊ ၁ဝ-၁ဝ-၂ဝ၁၅

အိႏိၵယေလတပ္ သည္ တုိက္ေလယာဥ္ မ်ားအား ေမာင္းႏွင္ရန္ အတြက္ အမ်ဳိးသမီး မ်ားကို တာဝန္ေပးအပ္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ႏွင့္ အိႏိၵယ တပ္မေတာ္ အေနျဖင့္ တုိက္ခုိက္ေရး အခန္းက႑ မ်ား၌ အမ်ဳိးသမီး မ်ားအား ယင္းကဲ့သို႔ ရာထူး ခန္႔အပ္ရန္ စီမံေဆာင္ရြက္ ျခင္းသည္ ပထမဆုံးအႀကိမ္ ျဖစ္ေၾကာင္း Newsnow သတင္းဌာနက ေအာက္တိုဘာ ၈ ရက္တြင္ ေဖာ္ျပထားသည္။

ေလတပ္တြင္ သယ္ယူ ပုိ႔ေဆာင္ေရး ေလယာဥ္မ်ားႏွင့္ ရဟတ္ယာဥ္မ်ား ေမာင္းႏွင္သည့္ အမ်ဳိးသမီး ေလသူရဲမ်ား ရွိၿပီး ႏိုင္ငံအတြင္းရွိ ငယ္ရြယ္ေသာ အမ်ဳိးသမီးမ်ား၏ ျပင္းျပေသာ ရည္မွန္းခ်က္မ်ား အေကာင္ အထည္ေဖာ္ ႏုိင္ေစရန္အတြက္ ၄င္းတုိ႔အား တုိက္ခုိက္ေရး ေလယာဥ္အုပ္ မ်ား၌ ရာထူးခန္႔အပ္ သြားရန္ စီစဥ္ေနျခင္း ျဖစ္ေၾကာင္း အိႏိၵယေလတပ္ ဦးစီးခ်ဳပ္ ေလတပ္ ဗုိလ္ခ်ဳပ္ႀကီး အာရပ္ရာဟာ က ေျပာၾကားသည္။

အဆုိပါ ကိစၥရပ္သည္ အိႏိၵယေလတပ္၏ တုိက္ခုိက္ေရး ေလသူရဲမ်ား ေလ်ာ့နည္းေနမႈ အေပၚ အေထာက္အကူျပဳ သြားမည္ျဖစ္ ေၾကာင္းႏွင့္ ေလတပ္က အမ်ဳိးသမီး ၁၃ဝဝ ေက်ာ္အား ရာထူးခန္႔အပ္ ထားၿပီး ၄င္းတုိ႔အနက္ ေလသူရဲ ၉၄ ဦးႏွင့္ ေလေၾကာင္းလမ္းျပ ၁၄ ဦးတုိ႔ ပါဝင္ေၾကာင္း သိရသည္။

#PyiChitThar
...........................................................................

အိန္ဒိယလေတပ်က တိုက်လေယာဉ်များ မောင်းနှင်ရန် အမျိုးသမီးများအား တာဝန်ပေးအပ်

 



နယူးဒေလီ ၊ ၁ဝ-၁ဝ-၂ဝ၁၅

အိန္ဒိယလေတပ် သည် တိုက်လေယာဉ် များအား မောင်းနှင်ရန် အတွက် အမျိုးသမီး များကို တာဝန်ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း နှင့် အိန္ဒိယ တပ်မတော် အနေဖြင့် တိုက်ခိုက်ရေး အခန်းကဏ္ဍ များ၌ အမျိုးသမီး များအား ယင်းကဲ့သို့ ရာထူး ခန့်အပ်ရန် စီမံဆောင်ရွက် ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း Newsnow သတင်းဌာနက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြထားသည်။

လေတပ်တွင် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များနှင့် ရဟတ်ယာဉ်များ မောင်းနှင်သည့် အမျိုးသမီး လေသူရဲများ ရှိပြီး နိုင်ငံအတွင်းရှိ ငယ်ရွယ်သော အမျိုးသမီးများ၏ ပြင်းပြသော ရည်မှန်းချက်များ အကောင် အထည်ဖော် နိုင်စေရန်အတွက် ၄င်းတို့အား တိုက်ခိုက်ရေး လေယာဉ်အုပ် များ၌ ရာထူးခန့်အပ် သွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း အိန္ဒိယလေတပ် ဦးစီးချုပ် လေတပ် ဗိုလ်ချုပ်ကြီး အာရပ်ရာဟာ က ပြောကြားသည်။

အဆိုပါ ကိစ္စရပ်သည် အိန္ဒိယလေတပ်၏ တိုက်ခိုက်ရေး လေသူရဲများ လျော့နည်းနေမှု အပေါ် အထောက်အကူပြု သွားမည်ဖြစ် ကြောင်းနှင့် လေတပ်က အမျိုးသမီး ၁၃ဝဝ ကျော်အား ရာထူးခန့်အပ် ထားပြီး ၄င်းတို့အနက် လေသူရဲ ၉၄ ဦးနှင့် လေကြောင်းလမ်းပြ ၁၄ ဦးတို့ ပါဝင်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment