NLD က တရားလို အျဖစ္ တိုင္ၾကား |
တရားလို အျဖစ္ တိုင္ၾကားတဲ့ NLD ဘက္က ေတာ့ သူတို႔ဘက္က အမႈဖြင့္တိုင္ ၾကားထား ၿပီး ျဖစ္ၿပီး ခိုင္မာတဲ့ သက္ေသအေထာက္အထားေတြ အကုန္ ရွိ တယ္ လို႔ ေျပာ ပါတယ္ ။
လွည္းကူး ႀကံ့ခိုင္ေရးပါတီ က ဝင္ၿပိဳင္ မယ့္ လ်ွပ္စစ္ဝန္ႀကီး ဦး ခင္ေမာင္စိုးနဲ႔ လွည္းကူး က ႀကံ့ခိုင္ေရး ပါ တီ ကိုယ္စားလွယ္ေလာင္း ေတြ အေပၚ တိုင္ ၾကား တာပါ။
ဒီအမႈ ဟာ အစိုးရ အဖြဲ႕ဝင္ ဝန္ႀကီးတဦး ကို ေရြးေကာက္ပြဲ ဆိုင္ရာ အျငင္းပြားမႈ နဲ႔ ပတ္သက္ၿပီး ပထမဆံုး ရဲက အမႈဖြင့္ဖို႔ လက္ ခံလိုက္တဲ့ အမႈလို႔ ေျပာရမွာ ပါ။
ၿပီးခဲ့ တဲ့လက ေနျပည္ေတာ္မွာ ဒီလို အမႈ မ်ိဳးရွိ ခဲ့ ၿပီး ဝန္ႀကီး ဦး ျမင့္လွိုင္ကို တရားစြဲ ဖို႔ NLD က တိုင္ၾကားေပမယ့္ ရဲဘက္က လက္ခံ စစ္ေဆးတဲ့ အေျခေန မ်ိဳး မေရာက္ ခဲ့ပါဘူး ။
ေရြးေကာက္ပြဲ က်င္းပဖို႔ တလေလာက္ လိုခ်ိန္မွာ ေရြးေကာက္ပြဲ မဲဆြယ္ စည္းရံုးေရး ေတြမွာ ႀကံ့ခိုင္ေရး ပါ တီ နဲ႔ NLD တို႔ၾကားမွာ ျဖစ္ပြားမႈေတြ က အျခား အျငင္းပြား မႈ ေတြထက္ ပို မ်ားတာ ကို ေတြ႕ရပါတယ္။
ႀကံ့ခိုင္ေရး ကို ဒီစြဲ ဆိုမႈ နဲ႔ ပတ္သက္ၿပီး ေမး ျမန္းေပမယ့္ ျပန္လည္ ေျဖၾကားျခင္း မရွိပါဘူး ။
ေနျပည္ေတာ္မွာ NLD က ႀကံ့ခိုင္ ေရး ပါတီ ဝင္ တဦးကို တရားစြဲ ထား ၿပီး ေျမာင္းျမမွာ ႀကံ့ခိုင္ ေရး ပါ တီက NLD ပါတီ ဝင္ တဦး ကို ႐ိုက္ႏွက္မႈ၊ တဘက္ နဲ႔ တဘက္ အျပန္အလွန္ ဆဲဆိုမႈ ေႏွာက္ယွက္မႈ ေတြနဲ႔ ရဲ ကို တိုင္ၾကား ထားပါတယ္ ။
NLD အေနနဲ႔ ေရြးေကာက္ပြဲ မတရားမႈ ေတြကို မူတရပ္ ခ်ၿပီး ဥပေဒ ေဘာင္ထဲက ေန ေျဖရွင္း ဖို႔ ႀကိဳးပမ္းတာကို ေတြ႕ရပါတယ္ ။
အခု ဝန္ႀကီး ဦး ခင္ေမာင္စိုး ကို လွည္းကူး ဘားလား ေက်းရြာမွာ ထရန္စေဖာ္မာ ဖြင့္ပြဲ မွာ ႏိုင္ငံပိုင္ ပစၥည္း သံုးၿပီး မဲဆြယ္တယ္ ဆိုၿပီး တိုင္ ၾကားခဲ့ တာ ျဖစ္ပါတယ္။
ျပစ္မႈ ထင္ရွားတယ္ ဆိုရင္ ေရြးေကာက္ပြဲ ဥပေဒ အရ ေထာင္ဒဏ္ တႏွစ္ သို႔မဟုတ္ ေငြဒဏ္ တသိန္း ထက္မပို ေသာ ေငြဒဏ္ ေပးေဆာင္ရမွာ ျဖစ္ၿပီးေတာ့ ဥပေဒ အရ ေထာင္ဒဏ္ေရာ ေငြဒဏ္ပါ ႏွစ္ရပ္စလံုး ခ်မွတ္ ႏိုင္တယ္ လို႔လည္း ေကာ္မရွင္က ထုတ္ျပန္ ထားပါတယ္ ။
BBC Burmese
http://www.bbc.com/burmese
..................
NLD က တရားလို အဖြစ် တိုင်ကြား
ရွေးကောက်ပွဲ ဝင်မယ့် ဝန်ကြီးတဦးကို တရားစွဲ ထားမှု ကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင် က ရဲစခန်း ကို အကြောင်းကြားလိုက်ပြီ လို့သိရပါတယ်။
တရားလို အဖြစ် တိုင်ကြားတဲ့ NLD ဘက်က တော့ သူတို့ဘက်က အမှုဖွင့်တိုင် ကြားထား ပြီး ဖြစ်ပြီး ခိုင်မာတဲ့ သက်သေအထောက်အထားတွေ အကုန် ရှိ တယ် လို့ ပြော ပါတယ် ။
လှည်းကူး ကြံ့ခိုင်ရေးပါတီ က ဝင်ပြိုင် မယ့် လျှပ်စစ်ဝန်ကြီး ဦး ခင်မောင်စိုးနဲ့ လှည်းကူး က ကြံ့ခိုင်ရေး ပါ တီ ကိုယ်စားလှယ်လောင်း တွေ အပေါ် တိုင် ကြား တာပါ။
ဒီအမှု ဟာ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတဦး ကို ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု နဲ့ ပတ်သက်ပြီး ပထမဆုံး ရဲက အမှုဖွင့်ဖို့ လက် ခံလိုက်တဲ့ အမှုလို့ ပြောရမှာ ပါ။
ပြီးခဲ့ တဲ့လက နေပြည်တော်မှာ ဒီလို အမှု မျိုးရှိ ခဲ့ ပြီး ဝန်ကြီး ဦး မြင့်လှိုင်ကို တရားစွဲ ဖို့ NLD က တိုင်ကြားပေမယ့် ရဲဘက်က လက်ခံ စစ်ဆေးတဲ့ အခြေနေ မျိုး မရောက် ခဲ့ပါဘူး ။
ရွေးကောက်ပွဲ ကျင်းပဖို့ တလလောက် လိုချိန်မှာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး တွေမှာ ကြံ့ခိုင်ရေး ပါ တီ နဲ့ NLD တို့ကြားမှာ ဖြစ်ပွားမှုတွေ က အခြား အငြင်းပွား မှု တွေထက် ပို များတာ ကို တွေ့ရပါတယ်။
ကြံ့ခိုင်ရေး ကို ဒီစွဲ ဆိုမှု နဲ့ ပတ်သက်ပြီး မေး မြန်းပေမယ့် ပြန်လည် ဖြေကြားခြင်း မရှိပါဘူး ။
နေပြည်တော်မှာ NLD က ကြံ့ခိုင် ရေး ပါတီ ဝင် တဦးကို တရားစွဲ ထား ပြီး မြောင်းမြမှာ ကြံ့ခိုင် ရေး ပါ တီက NLD ပါတီ ဝင် တဦး ကို ရိုက်နှက်မှု၊ တဘက် နဲ့ တဘက် အပြန်အလှန် ဆဲဆိုမှု နှောက်ယှက်မှု တွေနဲ့ ရဲ ကို တိုင်ကြား ထားပါတယ် ။
NLD အနေနဲ့ ရွေးကောက်ပွဲ မတရားမှု တွေကို မူတရပ် ချပြီး ဥပဒေ ဘောင်ထဲက နေ ဖြေရှင်း ဖို့ ကြိုးပမ်းတာကို တွေ့ရပါတယ် ။
အခု ဝန်ကြီး ဦး ခင်မောင်စိုး ကို လှည်းကူး ဘားလား ကျေးရွာမှာ ထရန်စဖော်မာ ဖွင့်ပွဲ မှာ နိုင်ငံပိုင် ပစ္စည်း သုံးပြီး မဲဆွယ်တယ် ဆိုပြီး တိုင် ကြားခဲ့ တာ ဖြစ်ပါတယ်။
ပြစ်မှု ထင်ရှားတယ် ဆိုရင် ရွေးကောက်ပွဲ ဥပဒေ အရ ထောင်ဒဏ် တနှစ် သို့မဟုတ် ငွေဒဏ် တသိန်း ထက်မပို သော ငွေဒဏ် ပေးဆောင်ရမှာ ဖြစ်ပြီးတော့ ဥပဒေ အရ ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်စလုံး ချမှတ် နိုင်တယ် လို့လည်း ကော်မရှင်က ထုတ်ပြန် ထားပါတယ် ။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment