ၿဗိတိန္ က ISIS ေထာက္ခံသူတစ္ေယာက္ဟာ အိုစမာ ဘင္လာဒင္ကို သတ္ခဲ့တဲ့ အေမရိကန္ Navy Seal တပ္သား ရဲ႕ နာမည္နဲ႔ လိပ္စာ ကို ေဖာ္ျပလိုက္ၿပီး အေမရိက မွာ ေရာက္ေနတဲ့ ISIS အဖြဲ႕၀င္ အစြန္းေရာက္ေတြကို ထိုတပ္သားအား သတ္ဖို႔ ေျပာလိုက္ပါတယ္။
Mirror Online သတင္းဌာနက Jihadi Chat ဆိုတဲ့ လူမႈကြန္ရက္ Chat တစ္ခုကို ေျခရာခံေစာင့္ၾကည့္ခဲ့ရာမွာ လူေပါင္းမ်ားစြာက အယ္လ္ေကးဒါး ေခါင္းေဆာင္ အိုစမာဘင္လာဒင္ကို သတ္ခဲ့တယ္လို႔ သတ္မွတ္ႏိုင္တဲ့ Robert O'Neill ဆိုသူ စစ္သား ကို ဘယ္လို ရွာေဖြရမယ္ဆိုတဲ့ ဖိုင္တစ္ခုအား ၀င္ေရာက္ၾကည့္ရႈေနၾကတာကို သတိထားမိခဲ့ပါတယ္။
ဒီ သတင္းအခ်က္အလက္ေတြကိုေတာ့ အမည္မသိရတဲ့ ၿဗိတိသွ် အစြန္းေရာက္ တစ္ေယာက္က ေ၀မွ်ခဲ့တာျဖစ္ၿပီး သူက O'Neill ကို နံပါတ္ ၁ ပစ္မွတ္အျဖစ္သတ္မွတ္ထားၿပီး ခ်က္ခ်င္း သတ္ၾကဖို႔ ကိုလည္း တိုက္တြန္းထားပါတယ္။
"ငါဟာအေမရိကမွာ ေရာက္ေနတဲ့ ညီအစ္ကိုေတြနဲ႔ အယ္လ္ေကးဒါး အဖြဲ႕၀င္ေတြအတြက္ Robert O'Neill ရဲ႕ သတင္းအခ်က္အလက္ေတြကို ေ၀မွ်လိုက္ပါတယ္။ သူ႔ကို နံပါတ္၁ ပစ္မွတ္ထားၿပီး သတ္ၾကပါ" လို႔ ထို ၿဗိတိသွ် အစြန္းေရာက္ကေရးထားပါတယ္။ ဒါ့အျပင္ Robert O'Neill ဟာ ဘင္လာဒင္ ကို သတ္ခဲ့တဲ့အေၾကာင္းေတြကို အေမရိက ႏိုင္ငံ တစ္၀ွမ္းလံုးမွာ လွည့္ပတ္ၿပီး ေဟာေျပာပြဲေတြ လုပ္ေနတယ္လို႔လည္း ထို အစြန္းေရာက္က ဆိုထားပါေသးတယ္။
ေနာက္ၿပီးေတာ့ O'Neill ရဲ႕ အေဖ က International Business Times ဆိုတဲ့ သတင္းဌာန ကို သူတို႔မိသားစုဟာ ISIS အဖြဲ႕ကို မေၾကာက္ဘူးလို႔ ေျပာထားတဲ့ သတင္း ရဲ႕ Link ကိုပါ ထို အစြန္းေရာက္က Share ခဲ့တာပါ။
တစ္ကယ္ေတာ့ O'Neill ဟာ အဲဒီလို မလံုၿခံဳမႈေတြေၾကာင့္ပဲ ဇနီးသည္နဲ႔ ကြာရွင္းခဲ့ရတာပါ။ သူ႔ရဲ႕ ဇနီးျဖစ္သူက သူတို႔ ကေလးေတြရဲ႕ နာမည္ကိုပါ O'Neill နဲ႔ မပတ္သက္ေအာင္ ေျပာင္းထားရၿပီး အိမ္ ၊ ကားစတဲ့ ပိုင္ဆိုင္မႈ ေတြကိုပါ အမည္ ေျပာင္းထားရတယ္လို႔ သိရပါတယ္။
( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
Ref : Mirror
.....................................
ဘင်လာဒင်ကို သတ်ခဲ့တဲ့ Navy Seal တပ်သား ရဲဲ့ အိမ်လိပ်စာ ကိုပြပြီး ချက်ချင်းသတ်ဖို့ အစွန်းရောက်တစ်ယောက် တိုက်တွန်း
ဗြိတိန် က ISIS ထောက်ခံသူတစ်ယောက်ဟာ အိုစမာ ဘင်လာဒင်ကို သတ်ခဲ့တဲ့ အမေရိကန် Navy Seal တပ်သား ရဲ့ နာမည်နဲ့ လိပ်စာ ကို ဖော်ပြလိုက်ပြီး အမေရိက မှာ ရောက်နေတဲ့ ISIS အဖွဲ့ဝင် အစွန်းရောက်တွေကို ထိုတပ်သားအား သတ်ဖို့ ပြောလိုက်ပါတယ်။
Mirror Online သတင်းဌာနက Jihadi Chat ဆိုတဲ့ လူမှုကွန်ရက် Chat တစ်ခုကို ခြေရာခံစောင့်ကြည့်ခဲ့ရာမှာ လူပေါင်းများစွာက အယ်လ်ကေးဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သတ်ခဲ့တယ်လို့ သတ်မှတ်နိုင်တဲ့ Robert O'Neill ဆိုသူ စစ်သား ကို ဘယ်လို ရှာဖွေရမယ်ဆိုတဲ့ ဖိုင်တစ်ခုအား ၀င်ရောက်ကြည့်ရှုနေကြတာကို သတိထားမိခဲ့ပါတယ်။
ဒီ သတင်းအချက်အလက်တွေကိုတော့ အမည်မသိရတဲ့ ဗြိတိသျှ အစွန်းရောက် တစ်ယောက်က ဝေမျှခဲ့တာဖြစ်ပြီး သူက O'Neill ကို နံပါတ် ၁ ပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး ချက်ချင်း သတ်ကြဖို့ ကိုလည်း တိုက်တွန်းထားပါတယ်။
"ငါဟာအမေရိကမှာ ရောက်နေတဲ့ ညီအစ်ကိုတွေနဲ့ အယ်လ်ကေးဒါး အဖွဲ့ဝင်တွေအတွက် Robert O'Neill ရဲ့ သတင်းအချက်အလက်တွေကို ဝေမျှလိုက်ပါတယ်။ သူ့ကို နံပါတ်၁ ပစ်မှတ်ထားပြီး သတ်ကြပါ" လို့ ထို ဗြိတိသျှ အစွန်းရောက်ကရေးထားပါတယ်။ ဒါ့အပြင် Robert O'Neill ဟာ ဘင်လာဒင် ကို သတ်ခဲ့တဲ့အကြောင်းတွေကို အမေရိက နိုင်ငံ တစ်ဝှမ်းလုံးမှာ လှည့်ပတ်ပြီး ဟောပြောပွဲတွေ လုပ်နေတယ်လို့လည်း ထို အစွန်းရောက်က ဆိုထားပါသေးတယ်။
နောက်ပြီးတော့ O'Neill ရဲ့ အဖေ က International Business Times ဆိုတဲ့ သတင်းဌာန ကို သူတို့မိသားစုဟာ ISIS အဖွဲ့ကို မကြောက်ဘူးလို့ ပြောထားတဲ့ သတင်း ရဲ့ Link ကိုပါ ထို အစွန်းရောက်က Share ခဲ့တာပါ။
တစ်ကယ်တော့ O'Neill ဟာ အဲဒီလို မလုံခြုံမှုတွေကြောင့်ပဲ ဇနီးသည်နဲ့ ကွာရှင်းခဲ့ရတာပါ။ သူ့ရဲ့ ဇနီးဖြစ်သူက သူတို့ ကလေးတွေရဲ့ နာမည်ကိုပါ O'Neill နဲ့ မပတ်သက်အောင် ပြောင်းထားရပြီး အိမ် ၊ ကားစတဲ့ ပိုင်ဆိုင်မှု တွေကိုပါ အမည် ပြောင်းထားရတယ်လို့ သိရပါတယ်။
( Mario )
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Wednesday, October 7, 2015
Subscribe to:
Post Comments (Atom)

No comments:
Post a Comment