Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

“အမ်ိဳးသမီးငယ္ေတြ၊ လူငယ္ေတြအေနနဲ႔ လူသူကင္းမဲ့တဲ့ ေနရာေတြကို အခ်ိန္မေတာ္ သြားလာတာေတြ ေရွာင္ရွားဖို႔လိုပါတယ္''


 ရဲမႉးႀကီးကိုကိုေအာင္ႏွင့္ ေတြ႕ဆုံျခင္း

ညီညီထြန္းႏွင့္ သတင္းအဖြဲ႕

ေနျပည္ေတာ္၌ စက္တင္ဘာလ ၂၉ ရက္ေန႔ ညသန္းေခါင္ေက်ာ္အခ်ိန္တြင္ လူ(၄)ဦးမွ ခင္ပြန္းျဖစ္သူအား သတ္၍ ဇနီးသည္အား အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့သည္။ တရားဥပေဒ စိုးမိုးေရးကို ၿခိမ္းေျခာက္ေနၿပီေလာ၊ ျပစ္မႈျဖစ္ပြားရျခင္းအေၾကာင္းအရင္းက အဘယ္နည္း၊ ယင္းအခ်ိန္ ျဖစ္ႏိုင္ ေျခရွိမႈမ်ားကိုလည္း ေတြးဆရျပန္သည္။

ယင္းတို႔ႏွင့္ပတ္သက္၍ ေနျပည္ေတာ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးကိုကိုေအာင္ ၏ ျဖစ္စဥ္ ျဖစ္ပြား ပုံႏွင့္ ၎၏ သေဘာထားအျမင္ ေမးျမန္းခဲ့သည္မ်ားကို သတင္းစဥ္က ေဖာ္ျပလိုက္ပါသည္။

သတင္းစဥ္။ ေနျပည္ေတာ္ သံတမန္ဇုန္အနီးမွာ လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ဘယ္လိုကေနစၿပီး အမႈျဖစ္ပြားခဲ့တာလဲဆိုတာ သိပါရေစ။

ရဲမႉးႀကီး ကိုကိုေအာင္။ စက္တင္ဘာ ၂၉ ရက္ ညသန္းေခါင္ေက်ာ္ခန္႔အခ်ိန္ Junction Center ေနာက္မွာ ျဖစ္သြားတဲ့ လူသတ္မႈနဲ႔ မုဒိန္းမႈမွာပါဝင္တဲ့ က်ဴးလြန္ခံရသူေတြက သမီးရည္းစား စုံတြဲ မဟုတ္ပါဘူး။ လြန္ခဲ့တဲ့ (၁)လေက်ာ္ေလာက္က အိမ္ေထာင္က်ၿပီး လတ္တေလာ (၄/၅)ရက္ ေလာက္မွာ မိဘအိမ္ အသီးသီးမွာ မဂၤလာပြဲ က်င္းပဖို႔ စီစဥ္ေနဆဲ ခြဲေနၾကသူေတြ ျဖစ္ပါတယ္။ အခင္းျဖစ္တဲ့ေန႔က မဂၤလာဝတ္စုံအတြက္ တိုင္ပင္ဖို႔ ေနထိုင္ရာ လယ္ေဝးၿမိဳ႕နယ္ထဲက ႐ြာကေန ေနျပည္ေတာ္ကို ဆိုင္ကယ္နဲ႔လာၿပီး ည(၁၂)နာရီေလာက္ အဆင့္ျမင့္ေစ်း လမ္းဆုံအနီး မီးပြိဳင့္ နားမွာ လင္မယားႏွစ္ေယာက္ ထိုင္စကားေျပာေနရာက တရားခံေတြနဲ႔ ေတြ႕ၿပီး ျပစ္မႈက်ဴးလြန္ ခံရတာျဖစ္ပါတယ္။

သတင္းစဥ္။ အဲဒီလူသတ္မႈ ျဖစ္ျဖစ္ခ်င္း တရားခံေတြ အျမန္ဖမ္းဆီးရမိႏိုင္ေရး အတြက္ ေနျပည္ေတာ္ ရဲတပ္ဖြဲ႕မႉး႐ုံးက ဘယ္လိုေဆာင္႐ြက္ခဲ့ပါသလဲ။

ရဲမႉးႀကီး ကိုကိုေအာင္။ ျပစ္မႈျဖစ္ပြားၿပီး ရဲစခန္းကိုလာေရာက္အမႈဖြင့္တိုင္ၾကားတဲ့ စက္တင္ ဘာ ၃၀ ရက္ နံနက္ (၈)နာရီ မိနစ္ (၂၀)ကစၿပီး ကၽြန္ေတာ္အပါအဝင္ သက္ဆိုင္ရာ စခန္းမႉး၊ ၿမိဳ႕နယ္မႉး၊ ခ႐ိုင္မႉးေတြနဲ႔ တပ္ဖြဲ႕ဝင္ေတြ အခင္းျဖစ္ရပ္ကိုသြားၿပီး စစ္ေဆးတယ္။ တရားလို အပါ အဝင္ ဆက္စပ္သက္ေသေတြကို စစ္ေဆးတယ္။ တစ္ခ်ိန္တည္းမွာပဲ တရားလို ရဲ႕ ေျပာျပခ်က္အရ သံသယျဖစ္ဖြယ္ ပုံသ႑ာန္တူ မသကၤာတရားခံေတြ ရွာေဖြျခင္း လုပ္ငန္းကို တိုင္းနဲ႔ ဆက္စပ္ၿမိဳ႕နယ္ ေတြမွာ ေဆာင္႐ြက္ခဲ့ပါတယ္။

သတင္းစဥ္။ အခုတရားခံေတြ မိၿပီလားခင္ဗ်ာ။

ရဲမႉးႀကီး ကိုကိုေအာင္။ တရားလိုရဲ႕တိုင္ၾကားခ်က္က အခ်က္အလက္ေတြ မွန္/မမွန္ကို အဖြဲ႕ေတြခြဲၿပီး စိစစ္ရတယ္။ သံသယရွိသူေတြရဲ႕ တယ္လီဖုန္း အဆက္အသြယ္ေတြကိုလည္း စိစစ္ ရတယ္။ တရားလိုရဲ႕ ေျပာျပခ်က္အရ သိရတဲ့ တရားခံေတြရဲ႕ ပုံသ႑ာန္ေတြ ကို ျဖစ္ႏိုင္ေခ်ရွိတဲ့ ေနရာ/ရပ္ကြက္ေတြမွာ နယ္ထိန္းတပ္ဖြဲ႕ဝင္ေတြက စုံစမ္းစစ္ေဆးၿပီး တိုက္ဆိုင္ေဖာ္ထုတ္ရာ ကေန ျပစ္မႈက်ဴးလြန္တဲ့ တရားခံ(၄)ဦး အနက္ကေန (၂)ဦးကို သက္ေသခံပစၥည္းေတြနဲ႔အတူ ေဖာ္ထုတ္ ဖမ္းဆီးရမိထားပါတယ္။ တရားခံေတြ စစ္ေဆးရာ မွာ မႈခင္းတပ္ဖြဲ႕ကလည္း ကူညီစစ္ေဆး ေပးေနပါတယ္။

သတင္းစဥ္။ ျပစ္မႈက်ဴးလြန္သူေတြက ဘာလို႔ သတ္ဖို႔အထိ ျဖစ္သြားရတာလဲ။ ရန္ၿငိဳး ရန္စ ေၾကာင့္လား ဒါမွမဟုတ္ တစ္ျခားအေၾကာင္းေၾကာင့္လား။

ရဲမႉးႀကီး ကိုကိုေအာင္။ တရားခံေတြ ျပစ္မႈက်ဴးလြန္ရတဲ့ အေၾကာင္းအရင္းကေတာ့ အရက္ ေသစာ ေသာက္စားရာက က်ဴးလြန္ခံရတဲ့လင္မယားစုံတြဲနဲ႔ အခ်ိန္မေတာ္ေတြ႕ ရာကေန မႈခင္းျဖစ္ပြားရျခင္း ျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြက အသက္(၂၀)ပတ္ ဝန္းက်င္လူငယ္ေတြ ျဖစ္ပါတယ္။ ရန္ၿငိဳးရန္စေၾကာင့္၊ ေငြေၾကးေၾကာင့္ မဟုတ္ဘဲ အရက္အလြန္အကၽြံေသာက္စားၿပီး မိမိကိုယ္ကိုထိန္း သိမ္းႏိုင္ျခင္းမရွိဘဲ ျဖစ္ပြားခဲ့ေၾကာင္း စုံစမ္းေဖာ္ထုတ္သုံးသပ္ရရွိပါတယ္။

သတင္းစဥ္။ ဒီလူသတ္မႈနဲ႔ပတ္သက္ၿပီး ေဆာင္႐ြက္ေနတဲ့ ေနာက္ဆုံး အေျခအေန ကို ေျပာျပ ေပးပါ။

ရဲမႉးႀကီး ကိုကိုေအာင္။ ျပစ္မႈက်ဴးလြန္သူ တရားခံ(၂)ဦးကို သက္ေသခံပစၥည္းေတြနဲ႔ ဖမ္းဆီး ရမိထားပါတယ္။ အျခားက်ဴးလြန္သူ (၂)ဦးကို အျမန္ဆုံးဖမ္းဆီးရမိဖို႔ ကြက္ျပည့္နင္း လိုက္လံရွာေဖြ လ်က္ရွိပါတယ္။

သတင္းစဥ္။ ဒီလူသတ္မႈ ျဖစ္စဥ္အေပၚ တရားဥပေဒစိုးမိုးမႈ အားနည္းေနၿပီလို႔ ေဝဖန္သံေတြ ၾကားေနရပါတယ္။ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း တရားဥပေဒစိုးမိုးေရးအတြက္ ဘယ္လို စီမံေဆာင္႐ြက္ ထားတယ္ဆိုတာ သိပါရေစ။

ရဲမႉးႀကီး ကိုကိုေအာင္။ ျပည္ထဲေရးဝန္ႀကီးဌာနဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အညီ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း တရားဥပေဒစိုးမိုးေရးအတြက္ လွည့္ကင္း/ ရပ္ကင္းေတြ တိုးခ်ဲ႕ ေဆာင္႐ြက္တယ္။ ယာဥ္တင္ လွည့္ကင္း၊ ေမာ္ေတာ္ဆိုင္ကယ္၊ စက္ဘီးလွည့္ကင္း ေတြနဲ႔ နယ္ေျမလုံၿခဳံေရးကို တိုးခ်ဲ႕ေဆာင္႐ြက္ေနပါတယ္။ အေရးႀကီး တဲ့ေနရာေတြကိုလည္း CCTV ကင္မရာေတြနဲ႔ ေစာင့္ၾကည့္ႏိုင္ဖို႔ စီစဥ္ ေဆာင္ ႐ြက္ေနသလို တပ္ဖြဲ႕ဝင္ေတြကိုလည္း မြမ္းမံသင္တန္းေတြေပးေနတယ္။ နယ္ေျမ အတြင္း ျပစ္မႈက်ဴးလြန္ဖို႔ အလားအလာ ရွိသူေတြကို ေစာင့္ၾကည့္ေနၿပီး ျဖစ္ပြားတဲ့ျပစ္မႈေတြက တရားခံေတြ ကိုလည္း ထိေရာက္တဲ့ ျပစ္ဒဏ္ေပးႏိုင္ဖို႔ ေဆာင္႐ြက္ပါတယ္။ နယ္ေျမခံျပည္သူ လူထုကလည္း ရဲတပ္ဖြဲ႕နဲ႔လက္တြဲၿပီး မႈခင္းက်ဆင္းေရးလုပ္ငန္း စဥ္ေတြမွာ ပူးေပါင္းပါဝင္လာေအာင္ ပညာေပး ေဟာေျပာမႈေတြ၊ စည္း႐ုံးမႈေတြကို ေဆာင္႐ြက္ပါတယ္။ အခုဆို မူးယစ္ေဆးဝါး နဲ႔ ေလာင္းကစား မႈေတြလည္း တိုးျမႇင့္ဖမ္းဆီးႏိုင္ခဲ့ပါတယ္။

သတင္းစဥ္။ ႏိုဝင္ဘာ ၈ ရက္မွာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပ ေတာ့မွာ ျဖစ္တဲ့အတြက္ နယ္ေျမေဒသလုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုႀကိဳ တင္ ျပင္ဆင္ စီမံ ေဆာင္႐ြက္ထားပါသလဲ။

ရဲမႉးႀကီး ကိုကိုေအာင္။ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ကာလ နီးကပ္လာတာနဲ႔အမၽွ လြတ္လပ္မၽွတၿပီး တည္ၿငိမ္ေအးခ်မ္းတဲ့ ေ႐ြးေကာက္ပြဲျဖစ္လာေစဖို႔အတြက္ လုံၿခဳံေရးေကာ္ မတီ အဆင့္ဆင့္ဖြဲ႕စည္းၿပီး စီမံခ်က္ေရးဆြဲေဆာင္႐ြက္ေနပါတယ္။ မႈခင္းျဖစ္ပြားတဲ့ သံတမန္ဇုန္ အိမ္ရာမွာ အရင္က အမႈအခင္း ႀကီးႀကီးမားမား ျဖစ္ပြားခဲ့ျခင္းမရွိခဲ့ပါဘူး။ အဲဒီမွာ အေဆာက္ အဦေတြမရွိေသးေပမယ့္ လုံၿခဳံေရးအတြက္ အေရးႀကီးတဲ့ ေနရာျဖစ္တဲ့အတြက္ မႈခင္းေတြျဖစ္ပြား မႈမရွိဖို႔ စီမံခ်က္ခ်ၿပီးလုံၿခဳံေရးကို အရွိန္အဟုန္ျမႇင့္ၿပီး ေဆာင္႐ြက္ေနပါတယ္။

သတင္းစဥ္။ အခုလိုမႈခင္းျဖစ္ပြားရတဲ့ အေျခခံအေၾကာင္းတရားေတြက ဘာေတြပါလဲ။

ရဲမႉးႀကီး ကိုကိုေအာင္။ အမ်ိဳးသမီးငယ္ေတြ၊ လူငယ္ေတြအေနနဲ႔ လူသူကင္းမဲ့တဲ့ ေနရာ ေတြ ကို အခ်ိန္မေတာ္ သြားလာတာေတြ ေရွာင္ရွားဖို႔လိုပါတယ္၊ အရက္ေသစာေသာက္စားတဲ့အခါ အလြန္အက်ဴးမျဖစ္ဖို႔ကိုလည္း ထိန္းခ်ဳပ္ဖို႔ လိုအပ္ပါတယ္။ ဒါေတြက မႈခင္းျဖစ္ရတဲ့ အေျခခံ အေၾကာင္းေတြပါ။ ျပည္တြင္းလုံၿခဳံေရးနဲ႔ ရပ္႐ြာေအးခ်မ္းသာယာေရး၊ တရားဥပေဒ စိုးမိုးေရးဟာ ကၽြန္ေတာ္တို႔ရဲတပ္ဖြဲ႕ရဲ႕ မူလရည္မွန္းခ်က္ တာဝန္ျဖစ္ပါတယ္။ အဲဒီ တာဝန္ေတြကို ေက်ပြန္ဖို႔ ေနျပည္ေတာ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္အားလုံး အားသြန္ခြန္စိုက္ ႀကိဳပမ္းသြားမွာျဖစ္ပါတယ္။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
..............................................


 ရဲမှူးကြီးကိုကိုအောင်နှင့် တွေ့ဆုံခြင်း

ညီညီထွန်းနှင့် သတင်းအဖွဲ့

နေပြည်တော်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် လူ(၄)ဦးမှ ခင်ပွန်းဖြစ်သူအား သတ်၍ ဇနီးသည်အား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည်။ တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်နေပြီလော၊ ပြစ်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းက အဘယ်နည်း၊ ယင်းအချိန် ဖြစ်နိုင် ခြေရှိမှုများကိုလည်း တွေးဆရပြန်သည်။

ယင်းတို့နှင့်ပတ်သက်၍ နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင် ၏ ဖြစ်စဉ် ဖြစ်ပွား ပုံနှင့် ၎င်း၏ သဘောထားအမြင် မေးမြန်းခဲ့သည်များကို သတင်းစဉ်က ဖော်ပြလိုက်ပါသည်။

သတင်းစဉ်။ နေပြည်တော် သံတမန်ဇုန်အနီးမှာ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုကနေစပြီး အမှုဖြစ်ပွားခဲ့တာလဲဆိုတာ သိပါရစေ။

ရဲမှူးကြီး ကိုကိုအောင်။ စက်တင်ဘာ ၂၉ ရက် ညသန်းခေါင်ကျော်ခန့်အချိန် Junction Center နောက်မှာ ဖြစ်သွားတဲ့ လူသတ်မှုနဲ့ မုဒိန်းမှုမှာပါဝင်တဲ့ ကျူးလွန်ခံရသူတွေက သမီးရည်းစား စုံတွဲ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၁)လကျော်လောက်က အိမ်ထောင်ကျပြီး လတ်တလော (၄/၅)ရက် လောက်မှာ မိဘအိမ် အသီးသီးမှာ မင်္ဂလာပွဲ ကျင်းပဖို့ စီစဉ်နေဆဲ ခွဲနေကြသူတွေ ဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေ့က မင်္ဂလာဝတ်စုံအတွက် တိုင်ပင်ဖို့ နေထိုင်ရာ လယ်ဝေးမြို့နယ်ထဲက ရွာကနေ နေပြည်တော်ကို ဆိုင်ကယ်နဲ့လာပြီး ည(၁၂)နာရီလောက် အဆင့်မြင့်စျေး လမ်းဆုံအနီး မီးပွိုင့် နားမှာ လင်မယားနှစ်ယောက် ထိုင်စကားပြောနေရာက တရားခံတွေနဲ့ တွေ့ပြီး ပြစ်မှုကျူးလွန် ခံရတာဖြစ်ပါတယ်။

သတင်းစဉ်။ အဲဒီလူသတ်မှု ဖြစ်ဖြစ်ချင်း တရားခံတွေ အမြန်ဖမ်းဆီးရမိနိုင်ရေး အတွက် နေပြည်တော် ရဲတပ်ဖွဲ့မှူးရုံးက ဘယ်လိုဆောင်ရွက်ခဲ့ပါသလဲ။

ရဲမှူးကြီး ကိုကိုအောင်။ ပြစ်မှုဖြစ်ပွားပြီး ရဲစခန်းကိုလာရောက်အမှုဖွင့်တိုင်ကြားတဲ့ စက်တင် ဘာ ၃၀ ရက် နံနက် (၈)နာရီ မိနစ် (၂၀)ကစပြီး ကျွန်တော်အပါအဝင် သက်ဆိုင်ရာ စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်မှူးတွေနဲ့ တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရပ်ကိုသွားပြီး စစ်ဆေးတယ်။ တရားလို အပါ အဝင် ဆက်စပ်သက်သေတွေကို စစ်ဆေးတယ်။ တစ်ချိန်တည်းမှာပဲ တရားလို ရဲ့ ပြောပြချက်အရ သံသယဖြစ်ဖွယ် ပုံသဏ္ဍာန်တူ မသင်္ကာတရားခံတွေ ရှာဖွေခြင်း လုပ်ငန်းကို တိုင်းနဲ့ ဆက်စပ်မြို့နယ် တွေမှာ ဆောင်ရွက်ခဲ့ပါတယ်။

သတင်းစဉ်။ အခုတရားခံတွေ မိပြီလားခင်ဗျာ။

ရဲမှူးကြီး ကိုကိုအောင်။ တရားလိုရဲ့တိုင်ကြားချက်က အချက်အလက်တွေ မှန်/မမှန်ကို အဖွဲ့တွေခွဲပြီး စိစစ်ရတယ်။ သံသယရှိသူတွေရဲ့ တယ်လီဖုန်း အဆက်အသွယ်တွေကိုလည်း စိစစ် ရတယ်။ တရားလိုရဲ့ ပြောပြချက်အရ သိရတဲ့ တရားခံတွေရဲ့ ပုံသဏ္ဍာန်တွေ ကို ဖြစ်နိုင်ချေရှိတဲ့ နေရာ/ရပ်ကွက်တွေမှာ နယ်ထိန်းတပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးပြီး တိုက်ဆိုင်ဖော်ထုတ်ရာ ကနေ ပြစ်မှုကျူးလွန်တဲ့ တရားခံ(၄)ဦး အနက်ကနေ (၂)ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖော်ထုတ် ဖမ်းဆီးရမိထားပါတယ်။ တရားခံတွေ စစ်ဆေးရာ မှာ မှုခင်းတပ်ဖွဲ့ကလည်း ကူညီစစ်ဆေး ပေးနေပါတယ်။

သတင်းစဉ်။ ပြစ်မှုကျူးလွန်သူတွေက ဘာလို့ သတ်ဖို့အထိ ဖြစ်သွားရတာလဲ။ ရန်ငြိုး ရန်စ ကြောင့်လား ဒါမှမဟုတ် တစ်ခြားအကြောင်းကြောင့်လား။

ရဲမှူးကြီး ကိုကိုအောင်။ တရားခံတွေ ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းအရင်းကတော့ အရက် သေစာ သောက်စားရာက ကျူးလွန်ခံရတဲ့လင်မယားစုံတွဲနဲ့ အချိန်မတော်တွေ့ ရာကနေ မှုခင်းဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေက အသက်(၂၀)ပတ် ဝန်းကျင်လူငယ်တွေ ဖြစ်ပါတယ်။ ရန်ငြိုးရန်စကြောင့်၊ ငွေကြေးကြောင့် မဟုတ်ဘဲ အရက်အလွန်အကျွံသောက်စားပြီး မိမိကိုယ်ကိုထိန်း သိမ်းနိုင်ခြင်းမရှိဘဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းဖော်ထုတ်သုံးသပ်ရရှိပါတယ်။

သတင်းစဉ်။ ဒီလူသတ်မှုနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ နောက်ဆုံး အခြေအနေ ကို ပြောပြ ပေးပါ။

ရဲမှူးကြီး ကိုကိုအောင်။ ပြစ်မှုကျူးလွန်သူ တရားခံ(၂)ဦးကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းဆီး ရမိထားပါတယ်။ အခြားကျူးလွန်သူ (၂)ဦးကို အမြန်ဆုံးဖမ်းဆီးရမိဖို့ ကွက်ပြည့်နင်း လိုက်လံရှာဖွေ လျက်ရှိပါတယ်။

သတင်းစဉ်။ ဒီလူသတ်မှု ဖြစ်စဉ်အပေါ် တရားဥပဒေစိုးမိုးမှု အားနည်းနေပြီလို့ ဝေဖန်သံတွေ ကြားနေရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဘယ်လို စီမံဆောင်ရွက် ထားတယ်ဆိုတာ သိပါရစေ။

ရဲမှူးကြီး ကိုကိုအောင်။ ပြည်ထဲရေးဝန်ကြီးဌာနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ရဲ့ လမ်းညွှန်ချက်နဲ့ အညီ နေပြည်တော်ကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်း/ ရပ်ကင်းတွေ တိုးချဲ့ ဆောင်ရွက်တယ်။ ယာဉ်တင် လှည့်ကင်း၊ မော်တော်ဆိုင်ကယ်၊ စက်ဘီးလှည့်ကင်း တွေနဲ့ နယ်မြေလုံခြုံရေးကို တိုးချဲ့ဆောင်ရွက်နေပါတယ်။ အရေးကြီး တဲ့နေရာတွေကိုလည်း CCTV ကင်မရာတွေနဲ့ စောင့်ကြည့်နိုင်ဖို့ စီစဉ် ဆောင် ရွက်နေသလို တပ်ဖွဲ့ဝင်တွေကိုလည်း မွမ်းမံသင်တန်းတွေပေးနေတယ်။ နယ်မြေ အတွင်း ပြစ်မှုကျူးလွန်ဖို့ အလားအလာ ရှိသူတွေကို စောင့်ကြည့်နေပြီး ဖြစ်ပွားတဲ့ပြစ်မှုတွေက တရားခံတွေ ကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ ဆောင်ရွက်ပါတယ်။ နယ်မြေခံပြည်သူ လူထုကလည်း ရဲတပ်ဖွဲ့နဲ့လက်တွဲပြီး မှုခင်းကျဆင်းရေးလုပ်ငန်း စဉ်တွေမှာ ပူးပေါင်းပါဝင်လာအောင် ပညာပေး ဟောပြောမှုတွေ၊ စည်းရုံးမှုတွေကို ဆောင်ရွက်ပါတယ်။ အခုဆို မူးယစ်ဆေးဝါး နဲ့ လောင်းကစား မှုတွေလည်း တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်းစဉ်။ နိုဝင်ဘာ ၈ ရက်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပ တော့မှာ ဖြစ်တဲ့အတွက် နယ်မြေဒေသလုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်လိုကြို တင် ပြင်ဆင် စီမံ ဆောင်ရွက်ထားပါသလဲ။

ရဲမှူးကြီး ကိုကိုအောင်။ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ကာလ နီးကပ်လာတာနဲ့အမျှ လွတ်လပ်မျှတပြီး တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲဖြစ်လာစေဖို့အတွက် လုံခြုံရေးကော် မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး စီမံချက်ရေးဆွဲဆောင်ရွက်နေပါတယ်။ မှုခင်းဖြစ်ပွားတဲ့ သံတမန်ဇုန် အိမ်ရာမှာ အရင်က အမှုအခင်း ကြီးကြီးမားမား ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါဘူး။ အဲဒီမှာ အဆောက် အဦတွေမရှိသေးပေမယ့် လုံခြုံရေးအတွက် အရေးကြီးတဲ့ နေရာဖြစ်တဲ့အတွက် မှုခင်းတွေဖြစ်ပွား မှုမရှိဖို့ စီမံချက်ချပြီးလုံခြုံရေးကို အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်။

သတင်းစဉ်။ အခုလိုမှုခင်းဖြစ်ပွားရတဲ့ အခြေခံအကြောင်းတရားတွေက ဘာတွေပါလဲ။

ရဲမှူးကြီး ကိုကိုအောင်။ အမျိုးသမီးငယ်တွေ၊ လူငယ်တွေအနေနဲ့ လူသူကင်းမဲ့တဲ့ နေရာ တွေ ကို အချိန်မတော် သွားလာတာတွေ ရှောင်ရှားဖို့လိုပါတယ်၊ အရက်သေစာသောက်စားတဲ့အခါ အလွန်အကျူးမဖြစ်ဖို့ကိုလည်း ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေက မှုခင်းဖြစ်ရတဲ့ အခြေခံ အကြောင်းတွေပါ။ ပြည်တွင်းလုံခြုံရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးဟာ ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့ မူလရည်မှန်းချက် တာဝန်ဖြစ်ပါတယ်။ အဲဒီ တာဝန်တွေကို ကျေပွန်ဖို့ နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အားလုံး အားသွန်ခွန်စိုက် ကြိုပမ်းသွားမှာဖြစ်ပါတယ်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment