Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 7, 2015

Miss Universe Myanmar 2015 အလွမယ္ ေမဘရဏီေသာ္ႏွင့္ ေတြ႕ဆံုျခင္း

ကမၻာ့ထိပ္တန္း အလွမယ္ၿပိဳင္ပဲြ တစ္ခုျဖစ္သည့္ Miss Universe Myanmar အလွမယ္ၿပိဳင္ပဲြသို႔ ျမန္မာကိုယ္စားျပဳ အလွမယ္မ်ား ပါ၀င္ယွဥ္ၿပိဳင္ႏိုင္ခဲ့သည္မွာ ႏွစ္ႏွစ္တိုင္ခဲ့ၿပီ ျဖစ္သည္။ ယခုႏွစ္တြင္ တတိယေျမာက္ ျမန္မာကိုယ္စားျပဳ အလွမယ္အျဖစ္ ေရြးခ်ယ္ရာတြင္ ေရြးခ်ယ္ခံရသူမွာ ေမဘရဏီေသာ္ပင္ ျဖစ္သည္။ Miss Internaltional ၿပိဳင္ပဲြတြင္ ျမန္မာကိုယ္စားျပဳ အလွမယ္အျဖစ္ ယွဥ္ၿပိဳင္မႈ အေတြ႕အၾကံဳရိွခဲ့သူ အလွမယ္တစ္ဦး ျဖစ္သည္။ ၂၀၁၅ ခုႏွစ္ Miss Universe ၿပိဳင္ပဲြ၏ ျမန္မာကိုယ္စားျပဳ အလွမယ္ ေမဘရဏီေသာ္ႏွင့္ ေတြ႕ဆံု၍ ၿပိဳင္ပဲြတြင္ ယွဥ္ၿပိဳင္ျဖစ္ပံုႏွင့္ ဆက္လက္ ျပင္ဆင္သြားမည့္ အေၾကာင္းအရာမ်ားကို ေမးျမန္းျဖစ္ခဲ့ပါသည္။

ေမး- Miss Universe Myanmar ၿပိဳင္ပဲြကို ၀င္ၿပိဳင္ျဖစ္တဲ့ အဓိက အေၾကာင္းရင္းေလး အရင္ေျပာျပပါဦး။

ေျဖ- Miss Universe ၿပိဳင္ပဲြက ငယ္ငယ္ကတည္းက ဘရဏီရင္ထဲမွာ ရိွေနခဲ့တဲ့ အိပ္မက္လို႔ ဆိုရပါမယ္။ ဒါေပမဲ့ ကိုယ့္အတြက္ လိုအပ္တာေတြ ျပင္ဆင္ေနတဲ့ အခ်ိန္မွာပဲ Miss Myanmar International ၿပိဳင္ပဲြကို ၀င္ၿပိဳင္ ျဖစ္ခဲ့တယ္။ အဲဒီကေနတစ္ဆင့္ ကံတရားရဲ႕ ေဖးမမႈနဲ႔ Miss International ၿပိဳင္ပဲြကို သြားေရာက္ ယွဥ္ၿပိဳင္ခြင့္ ရခဲ့ပါတယ္။ အခုႏွစ္မွာေတာ့ Miss Universe Myanmar ၿပိဳင္ပဲြအတြက္ ေလွ်ာက္လႊာေတြ ေခၚတဲ့အခါ ၿပိဳင္ပဲြ၀င္သင့္ မ၀င္သင့္ကို ေတာ္ေတာ္ေလးကို စဥ္းစားရပါတယ္။ ေနာက္ေတာ့ မိဘေတြနဲ႔ မိတ္ေဆြေတြကလည္း တိုက္တြန္းၾကတာနဲ႔ ၀င္ၿပိဳင္ျဖစ္သြားတာပါ။

ေမး- ကမၻာ့အလွမယ္ ၿပိဳင္ပဲြတစ္ခုျဖစ္တဲ့ Miss International ၿပိဳင္ပဲြကို ၀င္ၿပိဳင္ခဲ့ဖူးတဲ့ အေတြ႕အၾကံဳ က အခုတစ္ေခါက္ ၿပိဳင္ပဲြအတြက္ ဘယ္လို အေထာက္အကူ ျဖစ္ေစတယ္လို႔ ထင္လဲ။

ေျဖ- သင္ခန္းစာေတြလည္း အမ်ားႀကီး ရထားတယ္။ အေတြ႕အၾကံဳေတြ နည္းနာယူစရာေတြ အမ်ားႀကီး ရထားတဲ့ အခါက်ေတာ့ အခုတစ္ေခါက္ ၿပိဳင္ပဲြမွာ ေတာ္ေတာ္ေလးကို စနစ္တက်နဲ႔ ေနထိုင္တတ္သြားတယ္။ သြားတာ လာတာကအစ စနစ္က်ေနေအာင္ သတိနဲ႔ ေနတတ္သြားတယ္။ စင္ေပၚမွာ လမ္းေလွ်ာက္တာကအစ အရင္ၿပိဳင္ပဲြမွာထက္ကို ကဲြျပားသြားတယ္။ ႏိုင္ငံတကာ အလွမယ္ ၿပိဳင္ပဲြ ၀င္တဲ့အခါ ေလွ်ာက္ရတဲ့ ပံုစံ၀င္ေအာင္ ေလွ်ာက္တတ္သြားတယ္။ အဲဒါေတြ အားလံုးက ေနာက္ဆံုးအဆင့္ ၿပိဳင္ပဲြမွာ အမ်ားႀကီး အေထာက္အကူ ျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။

ေမး- Miss Universe Myanmar ဆန္ခါတင္ ၂၀ ဦးအေနနဲ႔ ေရြးခ်ယ္ခံရၿပီး စခန္းသြင္း ေလ့က်င့္မႈ အေတြ႕အၾကံဳ ဆိုရင္ေရာ။

ေျဖ- အေတြ႕အၾကံဳသစ္ေတြ အမ်ားႀကီး ရပါတယ္။ ၿပိဳင္ပဲြမွာက ဘရဏီထက္ အသက္ငယ္တဲ့သူေတြ အမ်ားႀကီး ပါက်တယ္ေလ။ သူတို႔ဆီက မတူကဲြျပားတဲ့ အေတြ႕အၾကံဳေတြ၊ မွတ္သားစရာေတြ အမ်ားႀကီး ေလ့လာခြင့္ ရခဲ့ပါတယ္။ ေပ်ာ္စရာလည္း ေကာင္းပါတယ္။

ေမး- ေနာက္ဆံုးအဆင့္မွာ ဆုရမယ္လို႔ေရာ ေမွ်ာ္မွန္းထားလား။

ေျဖ- အမွန္အတိုင္းေျပာရရင္ ေမွ်ာ္လင့္မိေပမယ့္ အရမ္းႀကီးေတာ့ ေမွ်ာ္လင့္မထားရဲပါဘူး။ ေနာက္ဆံုး ဆန္ခါတင္ ႏွစ္ေယာက္ ေရြးလိုက္ေတာ့လည္း နည္းနည္းေတာ့ ေၾကာက္မိတယ္။ ခ်ဳိခ်ဳိကလည္း ပရိသတ္ အရမ္းႀကိဳက္တဲ့သူေလ။ သူက Popular Choice ဆုရထားတာဆိုေတာ့ စိုးရိမ္စိတ္ ၀င္မိတယ္။ ကိုယ့္နာမည္ ေၾကညာလိုက္တဲ့အထိကို မယံုႏိုင္သလို ျဖစ္ေနမိတယ္။ ၀မ္းသာမႈကေတာ့ ေျပာမျပတတ္ေအာင္ပါပဲ။ ႀကိဳးစားခြင့္ ရတယ္လို႔ပဲ ခံယူပါတယ္။

ေမး- ဒါဆို Miss Universe ၿပိဳင္ပဲြအတြက္ေရာ ဘယ္လိုေတြ ျပင္ဆင္သြားမလဲ။

ေျဖ- တကယ္ေျပာရရင္ေတာ့ အခ်ိန္က ေတာ္ေတာ္ေလးကို နည္းေနပါၿပီ။ ထရိန္နင္လုပ္ဖို႔ အခ်ိန္နည္းေနၿပီေပါ့ေနာ္။ ဒါေၾကာင့္ အရင္ႏွစ္ေတြမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ မမိုးစက္တို႔၊ သွ်ားထြဋ္တို႔ဆီက အေတြ႕အၾကံဳေတြကို နည္းနာယူရပါမယ္။ ဖိလစ္ပိုင္မွာ ထရိန္နင္ သြားလုပ္ဖို႔ကေတာ့ မေသခ်ာေသးပါဘူး။ ဒီမွာကေတာ့ ခႏၶာကိုယ္ လွပၾကံ့ခိုင္မႈအတြက္ စၿပီးေလ့က်င့္ေနပါၿပီ။ အေထြေထြ ဗဟုသုတပိုင္း၊ ဘာသာ စကားပိုင္းေတြကိုလည္း ရသေလာက္ အခ်ိန္ထဲမွာ ေလ့လာျဖစ္မွာပါ။ အေကာင္းဆံုးေတာ့ ျပင္ဆင္သြားဖို႔ စိတ္ကူးထားပါတယ္။ ျမန္မာ ကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္မယ့္သူ တစ္ေယာက္အေနနဲ႔ ကိုယ့္ႏိုင္ငံအေၾကာင္းကို ေသခ်ာစြာ သိရိွနားလည္ထားၿပီး ႏိုင္ငံတကာ အလွမယ္ေတြကို မွ်ေ၀ေပးႏိုင္ဖို႔ေတာ့ လိုအပ္မယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ အဲဒီအတြက္ ျပင္ဆင္သြားမွာပါ။

ေမး- Miss International ၿပိဳင္ပဲြ အေတြ႕အၾကံဳရိွသူ တစ္ေယာက္က အခု Miss Universe Myanmar အျဖစ္ ထပ္ၿပီး ေရြးခ်ယ္ခံရမႈအေပၚ ေ၀ဖန္မႈေတြလည္းရိွေတာ့ ဘယ္လို ခံစားရလဲ။

ေျဖ- အေတြ႕အၾကံဳ ရိွတယ္ဆိုတာ အျပစ္တစ္ခု မဟုတ္ဘူးလို႔ ယံုၾကည္ပါတယ္။ ဘယ္အေတြ႕အၾကံဳမဆို ရရိွဖို႔အတြက္ အခ်ိန္အတိုင္းအတာတစ္ခု၊ စိတ္အား လူအားေတြ ေပးဆပ္ရင္းႏွီးခဲ့ရတာခ်ည္းပါပဲ။ ဘယ္အရာမဆို ေရာ့ယူလိုက္ဆိုၿပီး ေပးလိုက္လို႔ ရတာမ်ဳိး မရိွပါဘူး။ ဒါေၾကာင့္ ဒါက အျပစ္တစ္ခု မဟုတ္ဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ထားပါတယ္။ အေတြ႕အၾကံဳကို ဘယ္လို အသံုးခ်ၿပီး အေကာင္းဆံုး ယွဥ္ၿပိဳင္မယ္ဆိုတာကပဲ အေရးႀကီးပါတယ္။

ေမး- Miss Universe Myanmar Organization နဲ႔ေရာ ဘယ္လို လက္တဲြလုပ္ကိုင္ ျဖစ္မလဲ။

ေျဖ- ေလာေလာဆယ္ကေတာ့ ၿပိဳင္ပဲြအတြက္ လိုအပ္တာေတြ လုပ္ေဆာင္ဖို႔ ညိႇႏိႈင္းရပါဦးမယ္။ ၀တ္စံု၊ မိတ္ကပ္ အပါအ၀င္ တျခားလိုအပ္တာေတြအတြက္ ညိႇႏိႈင္းမႈေတြ လုပ္ျဖစ္မွာပါ။

ေမး- ျမန္မာကိုယ္စားျပဳ အလွမယ္ တစ္ေယာက္မွာ ရိွသင့္တဲ့ အရည္အခ်င္းေတြဆိုရင္ေရာ ဘယ္လို လက္ခံထားလဲ။

ေျဖ- အသိဥာဏ္ ပညာ၊ လွပမႈနဲ႔ အမူအက်င့္ေတြက အေရးႀကီးဆံုးပါပဲ။ ယဥ္ေက်းမႈ အေမြအႏွစ္ကို ျမတ္ႏိုး ခ်စ္ခင္တတ္တဲ့ စိတ္ထားမ်ဳိးလည္း ရိွရပါမယ္။ ႏိုင္ငံနဲ႔ လူမ်ဳိးကို ခ်စ္ခင္ ျမတ္ႏိုးရပါမယ္။ အေရးႀကီးဆံုးကေတာ့ ကိုယ့္နားမွာ ရိွတဲ့သူ၊ ပတ္၀န္းက်င္မွာ ရိွတဲ့သူ၊ မိမိႏိုင္ငံမွာ ရိွတဲ့သူကို ေပ်ာ္ရႊင္ေအာင္ ထားႏိုင္တဲ့သူျဖစ္ဖို႔ လိုအပ္ပါတယ္။

Eleven
......................
Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော်နှင့် တွေ့ဆုံခြင်း
Updated 20 minutes ago
Miss Universe Myanmar 2015 အလှမယ် မေဘရဏီသော်နှင့် တွေ့ဆုံခြင်း

ကမ္ဘာ့ထိပ်တန်း အလှမယ်ပြိုင်ပွဲ တစ်ခုဖြစ်သည့် Miss Universe Myanmar အလှမယ်ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု အလှမယ်များ ပါ၀င်ယှဉ်ပြိုင်နိုင်ခဲ့သည်မှာ နှစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်တွင် တတိယမြောက် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ရာတွင် ရွေးချယ်ခံရသူမှာ မေဘရဏီသော်ပင် ဖြစ်သည်။ Miss Internaltional ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု အလှမယ်အဖြစ် ယှဉ်ပြိုင်မှု အတွေ့အကြုံရှိခဲ့သူ အလှမယ်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် Miss Universe ပြိုင်ပွဲ၏ မြန်မာကိုယ်စားပြု အလှမယ် မေဘရဏီသော်နှင့် တွေ့ဆုံ၍ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ဖြစ်ပုံနှင့် ဆက်လက် ပြင်ဆင်သွားမည့် အကြောင်းအရာများကို မေးမြန်းဖြစ်ခဲ့ပါသည်။

မေး- Miss Universe Myanmar ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်တဲ့ အဓိက အကြောင်းရင်းလေး အရင်ပြောပြပါဦး။

ဖြေ- Miss Universe ပြိုင်ပွဲက ငယ်ငယ်ကတည်းက ဘရဏီရင်ထဲမှာ ရှိနေခဲ့တဲ့ အိပ်မက်လို့ ဆိုရပါမယ်။ ဒါပေမဲ့ ကိုယ့်အတွက် လိုအပ်တာတွေ ပြင်ဆင်နေတဲ့ အချိန်မှာပဲ Miss Myanmar International ပြိုင်ပွဲကို ၀င်ပြိုင် ဖြစ်ခဲ့တယ်။ အဲဒီကနေတစ်ဆင့် ကံတရားရဲ့ ဖေးမမှုနဲ့ Miss International ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ အခုနှစ်မှာတော့ Miss Universe Myanmar ပြိုင်ပွဲအတွက် လျှောက်လွှာတွေ ခေါ်တဲ့အခါ ပြိုင်ပွဲဝင်သင့် မဝင်သင့်ကို တော်တော်လေးကို စဉ်းစားရပါတယ်။ နောက်တော့ မိဘတွေနဲ့ မိတ်ဆွေတွေကလည်း တိုက်တွန်းကြတာနဲ့ ၀င်ပြိုင်ဖြစ်သွားတာပါ။

မေး- ကမ္ဘာ့အလှမယ် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss International ပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ဖူးတဲ့ အတွေ့အကြံု က အခုတစ်ခေါက် ပြိုင်ပွဲအတွက် ဘယ်လို အထောက်အကူ ဖြစ်စေတယ်လို့ ထင်လဲ။

ဖြေ- သင်ခန်းစာတွေလည်း အများကြီး ရထားတယ်။ အတွေ့အကြံုတွေ နည်းနာယူစရာတွေ အများကြီး ရထားတဲ့ အခါကျတော့ အခုတစ်ခေါက် ပြိုင်ပွဲမှာ တော်တော်လေးကို စနစ်တကျနဲ့ နေထိုင်တတ်သွားတယ်။ သွားတာ လာတာကအစ စနစ်ကျနေအောင် သတိနဲ့ နေတတ်သွားတယ်။ စင်ပေါ်မှာ လမ်းလျှောက်တာကအစ အရင်ပြိုင်ပွဲမှာထက်ကို ကွဲပြားသွားတယ်။ နိုင်ငံတကာ အလှမယ် ပြိုင်ပွဲ ၀င်တဲ့အခါ လျှောက်ရတဲ့ ပုံစံဝင်အောင် လျှောက်တတ်သွားတယ်။ အဲဒါတွေ အားလုံးက နောက်ဆုံးအဆင့် ပြိုင်ပွဲမှာ အများကြီး အထောက်အကူ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။

မေး- Miss Universe Myanmar ဆန်ခါတင် ၂၀ ဦးအနေနဲ့ ရွေးချယ်ခံရပြီး စခန်းသွင်း လေ့ကျင့်မှု အတွေ့အကြံု ဆိုရင်ရော။

ဖြေ- အတွေ့အကြံုသစ်တွေ အများကြီး ရပါတယ်။ ပြိုင်ပွဲမှာက ဘရဏီထက် အသက်ငယ်တဲ့သူတွေ အများကြီး ပါကျတယ်လေ။ သူတို့ဆီက မတူကွဲပြားတဲ့ အတွေ့အကြံုတွေ၊ မှတ်သားစရာတွေ အများကြီး လေ့လာခွင့် ရခဲ့ပါတယ်။ ပျော်စရာလည်း ကောင်းပါတယ်။

မေး- နောက်ဆုံးအဆင့်မှာ ဆုရမယ်လို့ရော မျှော်မှန်းထားလား။

ဖြေ- အမှန်အတိုင်းပြောရရင် မျှော်လင့်မိပေမယ့် အရမ်းကြီးတော့ မျှော်လင့်မထားရဲပါဘူး။ နောက်ဆုံး ဆန်ခါတင် နှစ်ယောက် ရွေးလိုက်တော့လည်း နည်းနည်းတော့ ကြောက်မိတယ်။ ချိုချိုကလည်း ပရိသတ် အရမ်းကြိုက်တဲ့သူလေ။ သူက Popular Choice ဆုရထားတာဆိုတော့ စိုးရိမ်စိတ် ၀င်မိတယ်။ ကိုယ့်နာမည် ကြေညာလိုက်တဲ့အထိကို မယုံနိုင်သလို ဖြစ်နေမိတယ်။ ၀မ်းသာမှုကတော့ ပြောမပြတတ်အောင်ပါပဲ။ ကြိုးစားခွင့် ရတယ်လို့ပဲ ခံယူပါတယ်။

မေး- ဒါဆို Miss Universe ပြိုင်ပွဲအတွက်ရော ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။

ဖြေ- တကယ်ပြောရရင်တော့ အချိန်က တော်တော်လေးကို နည်းနေပါပြီ။ ထရိန်နင်လုပ်ဖို့ အချိန်နည်းနေပြီပေါ့နော်။ ဒါကြောင့် အရင်နှစ်တွေမှာ ယှဉ်ပြိုင်ခဲ့တဲ့ မမိုးစက်တို့၊ သျှားထွဋ်တို့ဆီက အတွေ့အကြံုတွေကို နည်းနာယူရပါမယ်။ ဖိလစ်ပိုင်မှာ ထရိန်နင် သွားလုပ်ဖို့ကတော့ မသေချာသေးပါဘူး။ ဒီမှာကတော့ ခန္ဓာကိုယ် လှပကြံ့ခိုင်မှုအတွက် စပြီးလေ့ကျင့်နေပါပြီ။ အထွေထွေ ဗဟုသုတပိုင်း၊ ဘာသာ စကားပိုင်းတွေကိုလည်း ရသလောက် အချိန်ထဲမှာ လေ့လာဖြစ်မှာပါ။ အကောင်းဆုံးတော့ ပြင်ဆင်သွားဖို့ စိတ်ကူးထားပါတယ်။ မြန်မာ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မယ့်သူ တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအကြောင်းကို သေချာစွာ သိရှိနားလည်ထားပြီး နိုင်ငံတကာ အလှမယ်တွေကို မျှဝေပေးနိုင်ဖို့တော့ လိုအပ်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် အဲဒီအတွက် ပြင်ဆင်သွားမှာပါ။

မေး- Miss International ပြိုင်ပွဲ အတွေ့အကြံုရှိသူ တစ်ယောက်က အခု Miss Universe Myanmar အဖြစ် ထပ်ပြီး ရွေးချယ်ခံရမှုအပေါ် ဝေဖန်မှုတွေလည်းရှိတော့ ဘယ်လို ခံစားရလဲ။

ဖြေ- အတွေ့အကြံု ရှိတယ်ဆိုတာ အပြစ်တစ်ခု မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဘယ်အတွေ့အကြံုမဆို ရရှိဖို့အတွက် အချိန်အတိုင်းအတာတစ်ခု၊ စိတ်အား လူအားတွေ ပေးဆပ်ရင်းနှီးခဲ့ရတာချည်းပါပဲ။ ဘယ်အရာမဆို ရော့ယူလိုက်ဆိုပြီး ပေးလိုက်လို့ ရတာမျိုး မရှိပါဘူး။ ဒါကြောင့် ဒါက အပြစ်တစ်ခု မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားပါတယ်။ အတွေ့အကြံုကို ဘယ်လို အသုံးချပြီး အကောင်းဆုံး ယှဉ်ပြိုင်မယ်ဆိုတာကပဲ အရေးကြီးပါတယ်။

မေး- Miss Universe Myanmar Organization နဲ့ရော ဘယ်လို လက်တွဲလုပ်ကိုင် ဖြစ်မလဲ။

ဖြေ- လောလောဆယ်ကတော့ ပြိုင်ပွဲအတွက် လိုအပ်တာတွေ လုပ်ဆောင်ဖို့ ညှိနှိုင်းရပါဦးမယ်။ ၀တ်စုံ၊ မိတ်ကပ် အပါအဝင် တခြားလိုအပ်တာတွေအတွက် ညှိနှိုင်းမှုတွေ လုပ်ဖြစ်မှာပါ။

မေး- မြန်မာကိုယ်စားပြု အလှမယ် တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတွေဆိုရင်ရော ဘယ်လို လက်ခံထားလဲ။

ဖြေ- အသိဉာဏ် ပညာ၊ လှပမှုနဲ့ အမူအကျင့်တွေက အရေးကြီးဆုံးပါပဲ။ ယဉ်ကျေးမှု အမွေအနှစ်ကို မြတ်နိုး ချစ်ခင်တတ်တဲ့ စိတ်ထားမျိုးလည်း ရှိရပါမယ်။ နိုင်ငံနဲ့ လူမျိုးကို ချစ်ခင် မြတ်နိုးရပါမယ်။ အရေးကြီးဆုံးကတော့ ကိုယ့်နားမှာ ရှိတဲ့သူ၊ ပတ်ဝန်းကျင်မှာ ရှိတဲ့သူ၊ မိမိနိုင်ငံမှာ ရှိတဲ့သူကို ပျော်ရွှင်အောင် ထားနိုင်တဲ့သူဖြစ်ဖို့ လိုအပ်ပါတယ်။

Eleven

No comments:

Post a Comment