( Skyler )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com
Ref:DailyMail
................................
၁၁ပတ်သား ကလေးကို ၁၈ပိုင်းကျိုးပြီးသေတဲ့အထိကိုင်လှုပ်တဲ့ ဖခင် ထောင်၉နှစ်ကျ
အသက် ၂၂နှစ်ရှိ လူငယ်ဖခင်တစ်ဦးဟာ ၁၁ပတ်သားသာရှိသေးတဲ့ သားငယ်ကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ရာကနေ သားငယ်ဟာ သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ပါတယ်။ ဆရာဝန်တွေဆီကထွက်လာတဲ့ ဆေးစစ်ချက်အရ ကလေးမှာ ကျိုးအက်ဒဏ်ရာ ၁၈ခုရှိခဲ့တယ်လို့ သိရပါတယ်။
နုနုငယ်ငယ် ကလေးလေးကို အကြမ်းဖက်ကိုင်လှုပ်ခဲ့တဲ့အတွက် လူသတ်မှုကျူးလွန်ခဲ့တယ်ဆိုတာကို ငြင်းတဲ့သူ တစ်ဦးတစ်ယောက်မျှ မရှိပါဘူး။ ဒါပေမဲ့ ပိုဆိုးရွားတဲ့ လူသတ်မှု မဟုတ်ပါဘူးဆိုတာကို လျှောက်လွှဲနိုင်ခဲ့ပါတယ်။
Jorden Saxton ဟာ ကလေး Jayden နဲ့ မိနစ်၉၀ကြာ အိမ်ထဲမှာ နှစ်ယောက်တည်းရှိနေခဲ့တဲ့ အချိန်အတွင်းမှာ သူ့သားငယ်ကို ကောက်ချီပြီး လှုပ်ခါရင်းက မထင်မှတ်ဘဲနဲ့ ဦးနှောက်ဒဏ်ရာ ရရှိစေခဲ့ပါတယ်။ ကလေးမျက်လုံးထဲက သွေးကြောတွေထိခိုက်သွားတဲ့အတွက် လှုပ်ခါစဉ်မှာ ကလေးက မျက်စိမမြင် ဖြစ်ခဲ့ရပါတယ်။
အောက်စ်ဖို့ဒ် ခရောင်းတရားရုံးမှာ ၁၀ရက်ကြာ အမှုစစ်ပြီးတဲ့နောက်မှာတော့ အမိန့်ချဖို့ကို တရားသူကြီးအနေနဲ့ ၆နာရီကြာ ချင့်ချင့်ချိန်ချိန် ပြုခဲ့ရတယ်လို့ သိရပါတယ်။ တရားရုံးအမိန့်ချစဉ်မှာ Saxton က အပြာရောင်တီရှပ်၊ လည်စည်း ၀တ်ဆင်ထားပြီး ကျယ်ကျယ်လောင်လောင် ငိုကြွေးဟစ်အော်နေခဲ့ပါတယ်။
ကလေးရဲ့ ခြေထောက်မှာ ကျိုးအက်ဒဏ်ရာ ၈ချက်၊ နံရိုးတချို့ကျိုးနေကြီး ပြင်းထန်တဲ့ဒဏ်ရာရကာ ဆေးရုံပို့ခဲ့ရပြီးနောက်မှာတော့ သေဆုံးခဲ့တာဖြစ်ပါတယ်။ ကလေးက အစာနင်နေလို့ အားနဲ့လှုပ်ခါခဲ့တာလို့ သူ့ရဲ့ အပြစ်မရှိမှုကို လျှောက်လွဲခဲ့ပေမဲ့ ဆရာဝန်တွေရဲ့ သက်သေဖော်ပြချက်တွေအရတော့ ကလေးက အစာနင်ခဲ့တဲ့ အထောက်အထား တစ်စုံတရာမရှိပါဘူးတဲ့။
၁၁ပတ်သား ကလေးတစ်ယောက်အနေနဲ့ ခြေ၊လက်အရိုးတွေ ကျိုးလွယ်တာမှန်ပေမဲ့ နံရိုးတွေကတော့ အရှိန်နဲ့ကားတိုက်သလိုမျိုး ပြုတ်ကျမှပဲကျိုးလောက်အောင် သန်မာတဲ့အတွက် ပြစ်မှုထင်ရှားခဲ့တာပဲ ဖြစ်ပါတယ်။
( Skyler )

No comments:
Post a Comment