Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

Minecraft ဂိမ္းကစားၿပီး ေဒၚလာ ၄.၅ သန္းတန္ ေနအိမ္ကို ၀ယ္ယူခဲ့တဲ့ အသက္ ၂၃ ႏွစ္အရြယ္ လူငယ္

အသက္ ၂၃ ႏွစ္ပဲရွိေသးတဲ့ YouTube ၾကယ္ပြင့္ တစ္ေယာက္ဟာ သူ႔ရဲ႕ကိုယ္ပိုင္ YouTube channel မွာ Subscriber ၉ သန္းေက်ာ္ရွိၿပီး အခုလည္း ေဟာလီး၀ုဒ္ ေတာင္ကုန္းေတြေပးမွာ ေဒၚလာ ၄.၅ သန္းတန္ တဲ့ ဇိမ္ခံ ေနအိမ္ႀကီးကို ၀ယ္ယူလိုက္ပါၿပီ။

YouTube မွာေတာ့ CaptainSparklez လို႔နာမည္ေက်ာ္ၾကားတဲ့ Jordan Maron ဆိုသူဟာ သူ႔ရဲ႕ ကိုယ္ပိုင္ YouTube channel မွာေတာ့ သူ Minecraft ဂိမ္း ကိုကစားတ့ဲ ဗီဒီယို ေတြပဲ တင္တာျဖစ္ပါတယ္။

ဒါေပမယ့္ Maron ကို Maker Sturdios ကုမၼဏီရဲ႕ ကုမၼဏီခြဲတစ္ခုျဖစ္တဲ့ Polaris နဲ႔စာခ်ဳပ္ခ်ဳပ္လိုက္ၿပီး သူ႔ရဲ႕ ဂိမ္းေဆာ့တဲ့ အရည္အခ်င္းေတြကို ကုမၼဏီ အတြက္ ျပသေပးရမွာျဖစ္ပါတယ္။ ၾကည့္ရတာ ထို ကုမၼဏီ နဲ႔ ခ်ဳပ္ဆိုတဲ့ စာခ်ဳပ္က Jordan ကို အရမ္းခ်မ္းသာသြားေစခဲ့ပံုပါပဲ။

အခုသူ၀ယ္ယူလိုက္တဲ့ သူ႔ရဲ႕ အိမ္အသစ္မွာေတာ့ အထပ္တိုင္း အထပ္တိုင္းဟာ အံ့ၾသဖြယ္ ရႈခင္းေတြကို ျမင္ရသလို ၄၁၀၀ စတုရန္း ေပက်ယ္၀န္းပါတယ္။ ထို အိမ္ဟာ ေဟာလီး၀ုဒ္ေတာင္ကုန္းေပၚက Sunset Strip ရဲ႕ အေပၚနားမွာတည္ရွိေနၿပီး ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလတုန္းက Minecraft ဂိမ္းကို တီထြင္ေရးဆဲြခဲ့သူ Markus Persson ၀ယ္ယူထားတဲ့ ေဒၚလာ သန္း ၇၀ တန္ အိမ္နဲ႔လည္း သိပ္မေ၀းဘူးလို႔ သိရပါတယ္။

ထို အိမ္ႀကီးမွာ အိပ္ခန္း ၃ ခန္း ၊ ေရခ်ိဳးခန္း ၅ ခန္း ၊ မ်က္ႏွာစာမွာ တစ္ထပ္ အိမ္အသြင္ရွိၿပီး အေနာက္ဘက္ကို ၃ ထပ္တိတိ ျပန္ဆင္းသြားတဲ့ ပံုစံမ်ိဳးပါ။ မွန္ေတြလည္းကာရန္ထားၿပီး သူ႔ရဲ႕ အိမ္ကေန လွမ္းၾကည့္ရင္ ပစိဖိတ္ သမုဒၵရာ အထိ ေတာက္ေလွ်ာက္ျမင္ရႏိုင္ပါတယ္။

( Mario )
................................

Minecraft ဂိမ်းကစားပြီး ဒေါ်လာ ၄.၅ သန်းတန် နေအိမ်ကို ၀ယ်ယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်

အသက် ၂၃ နှစ်ပဲရှိသေးတဲ့ YouTube ကြယ်ပွင့် တစ်ယောက်ဟာ သူ့ရဲ့ကိုယ်ပိုင် YouTube channel မှာ Subscriber ၉ သန်းကျော်ရှိပြီး အခုလည်း ဟောလီးဝုဒ် တောင်ကုန်းတွေပေးမှာ ဒေါ်လာ ၄.၅ သန်းတန် တဲ့ ဇိမ်ခံ နေအိမ်ကြီးကို ၀ယ်ယူလိုက်ပါပြီ။

YouTube မှာတော့ CaptainSparklez လို့နာမည်ကျော်ကြားတဲ့ Jordan Maron ဆိုသူဟာ သူ့ရဲ့ ကိုယ်ပိုင် YouTube channel မှာတော့ သူ Minecraft ဂိမ်း ကိုကစားတဲ့ ဗီဒီယို တွေပဲ တင်တာဖြစ်ပါတယ်။

ဒါပေမယ့် Maron ကို Maker Sturdios ကုမ္မဏီရဲ့ ကုမ္မဏီခွဲတစ်ခုဖြစ်တဲ့ Polaris နဲ့စာချုပ်ချုပ်လိုက်ပြီး သူ့ရဲ့ ဂိမ်းဆော့တဲ့ အရည်အချင်းတွေကို ကုမ္မဏီ အတွက် ပြသပေးရမှာဖြစ်ပါတယ်။ ကြည့်ရတာ ထို ကုမ္မဏီ နဲ့ ချုပ်ဆိုတဲ့ စာချုပ်က Jordan ကို အရမ်းချမ်းသာသွားစေခဲ့ပုံပါပဲ။

အခုသူဝယ်ယူလိုက်တဲ့ သူ့ရဲ့ အိမ်အသစ်မှာတော့ အထပ်တိုင်း အထပ်တိုင်းဟာ အံ့သြဖွယ် ရှုခင်းတွေကို မြင်ရသလို ၄၁၀၀ စတုရန်း ပေကျယ်ဝန်းပါတယ်။ ထို အိမ်ဟာ ဟောလီးဝုဒ်တောင်ကုန်းပေါ်က Sunset Strip ရဲ့ အပေါ်နားမှာတည်ရှိနေပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက Minecraft ဂိမ်းကို တီထွင်ရေးဆွဲခဲ့သူ Markus Persson ၀ယ်ယူထားတဲ့ ဒေါ်လာ သန်း ရ၀ တန် အိမ်နဲ့လည်း သိပ်မဝေးဘူးလို့ သိရပါတယ်။

ထို အိမ်ကြီးမှာ အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၅ ခန်း ၊ မျက်နှာစာမှာ တစ်ထပ် အိမ်အသွင်ရှိပြီး အနောက်ဘက်ကို ၃ ထပ်တိတိ ပြန်ဆင်းသွားတဲ့ ပုံစံမျိုးပါ။ မှန်တွေလည်းကာရန်ထားပြီး သူ့ရဲ့ အိမ်ကနေ လှမ်းကြည့်ရင် ပစိဖိတ် သမုဒ္ဒရာ အထိ တောက်လျှောက်မြင်ရနိုင်ပါတယ်။

( Mario )

No comments:

Post a Comment