Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

‘ေျပာင္းလဲခ်ိန္တန္ၿပီ’ ပညာေပး႐ုပ္သံ ႐ုိက္ကူးမႈေၾကာင့္ ဦးလူမင္း သတိေပးခံရ


‘ေျပာင္းလဲခ်ိန္တန္ၿပီ’ ဆုိတဲ့ ေရြးေကာက္ပြဲ မဲဆြယ္ပညာေပး ဗြီဒီယို႐ုပ္သံဇာတ္ကား ႐ုိက္ကူးခဲ့တဲ့အေပၚ ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးလူမင္းကုိ ႐ုပ္ရွင္အစည္းအ႐ုံး နာယက အဖြဲ႔၀င္ေတြက ေခၚယူ သတိေပး ေျပာဆုိခဲ့တယ္လုိ႔ ဦးလူမင္းက ဒီဗြီဘီကုိ ေျပာပါတယ္။

မေန႔ ေအာက္တုိဘာလ ၁၂ ရက္ေန႔က ႐ုပ္ရွင္အစည္းအ႐ုံး အစည္းအေ၀းအတြင္း ေျပာဆုိခဲ့့တာလုိ႔႔ ေျပာပါတယ္။

“အဲဒီဟာ ႐ုိက္ကူးတာနဲ႔ ပတ္သက္ၿပီးေတာ့ နာယကအခ်ဳိ႕ကေတာ့ က်ေနာ့္ကုိ ဆုံးမၾသ၀ါဒစကား ေပးပါတယ္။ ေနာက္ေနာင္ မလုပ္ဖုိ႔လည္း ေျပာပါတယ္။ ခံ၀န္ဂတိလက္မွတ္ထုိးခုိင္းတဲ့ အဆင့္ေတာ့ မဟုတ္ပါဘူး။ က်ေနာ့္ရဲ႕ အဲဒီလုပ္ရပ္ေၾကာင့္ အစည္းအ႐ုံးရဲ႕ သိကၡာကုိ၊ ပုံရိပ္ကုိ ညႇဳိးႏြမ္းေစတယ္လုိ႔ ဆုိပါတယ္။ အဲဒီေတာ့ က်ေနာ့္အေနနဲ႔ကေတာ့ အဲဒီလုိ က်ေနာ့္ေၾကာင့္ျဖစ္တယ္ဆုိရင္ေတာ့ က်ေနာ္ ႏုတ္ထြက္ပါတယ္လုိ႔ က်ေနာ္က တင္ျပပါတယ္။ ဒါေပမယ့္လည္း အမႈေဆာင္အဖြဲ႔နဲ႔ က်ေနာ္တုိ႔ စီအီးစီ အမႈေဆာင္အဖြဲ႔ေတြက ဒါ ကုိလူမင္း မထြက္သင့္ပါဘူး၊ ၀ုိင္းၿပီး ေတာင္းဆုိၾကတာနဲ႔ က်ေနာ္ လက္ရွိ ဥကၠ႒တာ၀န္ ဆက္လက္ထမ္းေဆာင္ေနပါတယ္။”

ဒီဇာတ္ကားကုိ ႐ုိက္ကူးခဲ့တာဟာ ႐ုပ္ရွင္အစည္းအ႐ုံးကုိ ကုိယ္စားျပဳၿပီး ေဆာင္ရြက္တာမဟုတ္ဘဲ ႏုိင္ငံသား အႏုပညာရွင္တဦးအေနနဲ႔ မိမိယုံၾကည္ရာကုိ ေဆာင္ရြက္ျခင္းသာ ျဖစ္တယ္လုိ႔လည္း ဦးလူမင္းက ေျပာပါတယ္။

ေျပာင္းလဲခ်ိန္တန္ၿပီဆုိတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အတြက္ မဲဆြယ္စည္း႐ုံး ႐ုပ္သံဗြီဒီယို ဇာတ္ကားကို ဒါ႐ုိက္တာ မိုက္တီးနဲ႔ ၀ိုင္းတို႔ ႐ုိက္ကူးၿပီး လူမင္း၊ ခန္႔စည္သူ၊ ထြန္းအိႁႏၵာဗို၊ ခိုင္သင္းၾကည္၊ သၪၨာဝင့္ေက်ာ္၊ ခ်စ္သုေဝ၊ မိုးယံဇြန္၊ ေမတၱာ စတဲ့ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ပါ၀င္ သ႐ုပ္ေဆာင္ထားၾကတာပါ။

ဒီပညာေပးဇာတ္ကားမွာ ႏိုင္ငံေရးသမားတဦးအျဖစ္ သ႐ုပ္ေဆာင္တဲ့ ဦးလူမင္းက ယာဥ္ေၾကာပိတ္ေနတဲ့ ခရီးသည္တင္ကားေပၚမွာ စနစ္ေၾကာင့္ ျမန္မာျပည္သူေတြ မတိုးတက္တာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ေၾကာင္း အေထာက္အထားေတြနဲ႔ ခရီးသည္ေတြကို ရွင္းျပခဲ့သလို “အားလုံးေတြေ၀မေနၾကနဲ႔ ေရြးခ်ယ္စရာ တခုပဲရွိတယ္။ အဲဒါ အန္အယ္လ္ဒီ (အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္) ေနာ္၊ အဲလိုမွမဟုတ္ဘူးဆိုလို႔ရွိရင္ေတာ့ ေနာက္ထပ္ ႏွစ္ ၅၀ ၾကာသြားလိမ့္မယ္ဗ်ိဳ႕၊ ႏွစ္ ၅၀ ၾကာသြားလိမ့္မယ္” စသျဖင့္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ကို ႏိုင္ငံတ၀န္းမွာ မဲေပးၾကဖို႔ တိုက္တြန္းသ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။
dvb burmese
.........................
‘ပြောင်းလဲချိန်တန်ပြီ’ ပညာပေးရုပ်သံ ရိုက်ကူးမှုကြောင့် ဦးလူမင်း သတိပေးခံရ

‘ပြောင်းလဲချိန်တန်ပြီ’ ဆိုတဲ့ ရွေးကောက်ပွဲ မဲဆွယ်ပညာပေး ဗွီဒီယိုရုပ်သံဇာတ်ကား ရိုက်ကူးခဲ့တဲ့အပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းကို ရုပ်ရှင်အစည်းအရုံး နာယက အဖွဲ့ဝင်တွေက ခေါ်ယူ သတိပေး ပြောဆိုခဲ့တယ်လို့ ဦးလူမင်းက ဒီဗွီဘီကို ပြောပါတယ်။

မနေ့ အောက်တိုဘာလ ၁၂ ရက်နေ့က ရုပ်ရှင်အစည်းအရုံး အစည်းအဝေးအတွင်း ပြောဆိုခဲ့့တာလို့့ ပြောပါတယ်။

“အဲဒီဟာ ရိုက်ကူးတာနဲ့ ပတ်သက်ပြီးတော့ နာယကအချို့ကတော့ ကျနော့်ကို ဆုံးမသြဝါဒစကား ပေးပါတယ်။ နောက်နောင် မလုပ်ဖို့လည်း ပြောပါတယ်။ ခံဝန်ဂတိလက်မှတ်ထိုးခိုင်းတဲ့ အဆင့်တော့ မဟုတ်ပါဘူး။ ကျနော့်ရဲ့ အဲဒီလုပ်ရပ်ကြောင့် အစည်းအရုံးရဲ့ သိက္ခာကို၊ ပုံရိပ်ကို ညှိုးနွမ်းစေတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ကတော့ အဲဒီလို ကျနော့်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ကျနော် နုတ်ထွက်ပါတယ်လို့ ကျနော်က တင်ပြပါတယ်။ ဒါပေမယ့်လည်း အမှုဆောင်အဖွဲ့နဲ့ ကျနော်တို့ စီအီးစီ အမှုဆောင်အဖွဲ့တွေက ဒါ ကိုလူမင်း မထွက်သင့်ပါဘူး၊ ၀ုိင်းပြီး တောင်းဆိုကြတာနဲ့ ကျနော် လက်ရှိ ဥက္ကဋ္ဌတာဝန် ဆက်လက်ထမ်းဆောင်နေပါတယ်။”

ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဟာ ရုပ်ရှင်အစည်းအရုံးကို ကိုယ်စားပြုပြီး ဆောင်ရွက်တာမဟုတ်ဘဲ နိုင်ငံသား အနုပညာရှင်တဦးအနေနဲ့ မိမိယုံကြည်ရာကို ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့လည်း ဦးလူမင်းက ပြောပါတယ်။

ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံး ရုပ်သံဗွီဒီယို ဇာတ်ကားကို ဒါရိုက်တာ မိုက်တီးနဲ့ ၀ိုင်းတို့ ရိုက်ကူးပြီး လူမင်း၊ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ သ ဉ္ဇာဝင့်ကျော်၊ ချစ်သုဝေ၊ မိုးယံဇွန်၊ မေတ္တာ စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါ၀င် သရုပ်ဆောင်ထားကြတာပါ။

ဒီပညာပေးဇာတ်ကားမှာ နိုင်ငံရေးသမားတဦးအဖြစ် သရုပ်ဆောင်တဲ့ ဦးလူမင်းက ယာဉ်ကြောပိတ်နေတဲ့ ခရီးသည်တင်ကားပေါ်မှာ စနစ်ကြောင့် မြန်မာပြည်သူတွေ မတိုးတက်တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ကြောင်း အထောက်အထားတွေနဲ့ ခရီးသည်တွေကို ရှင်းပြခဲ့သလို “အားလုံးတွေဝေမနေကြနဲ့ ရွေးချယ်စရာ တခုပဲရှိတယ်။ အဲဒါ အန်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နော်၊ အဲလိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ နောက်ထပ် နှစ် ၅၀ ကြာသွားလိမ့်မယ်ဗျို့၊ နှစ် ၅၀ ကြာသွားလိမ့်မယ်” စသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံတဝန်းမှာ မဲပေးကြဖို့ တိုက်တွန်းသရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
dvb burmese

ေျပာင္းလဲခ်ိန္တန္ျပီ လိုဗီဒီယိုမ်ိဳးေနာက္ထပ္မရိုက္ဖို ့ မင္းသားလူမင္း ကိုေခၚျပီးသတိေပးတယ္တဲ့။ ေျပာင္းလဲခ်ိန္တန္ျပီ ကို ထ...

Posted by The Melting Pot 4 U on Tuesday, 13 October 2015

No comments:

Post a Comment