Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

KNU ဒုဥကၠဌ ေနာ္စီဖိုးရာစိန္ တစ္ႏုိင္ငံလံုးအပစ္ရပ္ လက္မွတ္ ထိုးပြဲ တက္ေရာက္မည္မဟုတ္

ကရင္အမ်ိဳးသား အစည္းအရံုး KNU ဒုဥကၠဌ ေနာ္စီဖိုးရာစိန္ပံု
photo: Kyaw Zaw Win/RFA
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၈ ဖြဲ႔နဲ႔ ဦးသိန္းစိန္အစိုးရတို႔ ေအာက္တိုဘာလ ၁၅ ရက္ေန႔ ေနျပည္ေတာ္ မွာျပဳလုပ္မယ့္ အပစ္ရပ္စာခ်ဳပ္လက္မွတ္ထိုးပြဲကို ကရင္အမ်ိဳးသားအစည္းအရံုး KNU ဒုဥကၠဌ ေနာ္စီဖိုးရာစိန္က သူ႔အေနနဲ႔ တက္ေရာက္နိုင္မွာမဟုတ္ဘူးလို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈလုပ္ငန္းေကာ္မတီ ဒုဥကၠဌ ဝန္ႀကီးဦးေအာင္မင္းဆီကို ေအာက္တိုဘာလ ၁၂ ရက္ေန႔က စာေရးသားအေၾကာင္းၾကားလိုက္ပါတယ္။

ဒီအေၾကာင္းၾကားစာ ဟုတ္မွန္တယ္လို႔ KNU ထိပ္တန္း ဗဟိုေကာ္မတီတစ္ဦးကလည္း RFA ကို အတည္ျပဳ ေျပာ ဆိုပါတယ္။

NCA စာခ်ဳပ္ လက္မွတ္ထိုးေတာ့မယ့္ကာလမွာပဲ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေတြမွာ တိုက္ပြဲေတြ၊ ထိုးစစ္ေတြ ဆက္လက္ျဖစ္ေပၚေနတဲ့အတြက္ တစ္ႏုိင္ငံလံုးအပစ္ရပ္ဖို႔ ေမွ်ာ္မွန္းခ်က္ကို မေရာက္ေသးသလို၊ ျပည္သူေတြ လည္း ေၾကာက္ရံြ႕မႈေတြဆက္ရွိေနၿပီး ဘဝလံုၿခံဳမႈမရေသးတဲ့အတြက္ သူ႔အေနနဲ႔ လက္မွတ္ထိုးပြဲတက္ဖို႔ ခြန္အား မရွိဘူးလို႔ ဆိုပါတယ္။

ဒါ့အျပင္ တစ္နိုင္ငံလံုးအပစ္ရပ္စဲေရး အေကာင္အထည္ေဖာ္ႏုိင္ေအာင္ ဆက္လက္ႀကိဳးပမ္းသြားမယ္လို႔လည္း KNU ဒုဥကၠဌ ေနာ္စီဖိုးရာစိန္ရဲ႕ ဝန္ႀကီးဦးေအာင္မင္း ဆီကိုေပးပို႔တဲ့ စာထဲမွာေဖာ္ျပထားပါတယ္။

ဒီအေတာအတြင္းမွာပဲ ရွမ္းျပည္တိုးတက္ေရးပါတီ SSPP/SSA က အဖြဲ႔အားလံုးပါဝင္မယ္ဆိုရင္ သူတို႔အဖြဲ႔အေနနဲ႔ NCA တစ္ႏုိင္ငံလံုးအပစ္ရပ္စာခ်ဳပ္မွာ လက္မွတ္ထိုးမယ္လို႔ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၁ဝ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိျပဳလုပ္တဲ့ ဗဟိုေကာ္မတီအစည္းအေဝးအၿပီး ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ ကရင္ျပည္နယ္ေတြကထိုးစစ္ကို ခ်က္ခ်င္းရပ္တန္႔ေပးဖို႔ ရွမ္းျပည္ တိုးတက္ေရးပါတီ SSPP/SSA ဗဟိုေကာ္မတီက ဒီေန႔ေတာင္းဆိုလိုက္ပါတယ္။
http://www.rfa.org/burmese/news/knu-nawzipporahsein-nca-sign-10132015121640.html
..........................
KNU ဒုဥက္ကဌ နော်စီဖိုးရာစိန် တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ် ထိုးပွဲ တက်ရောက်မည်မဟုတ်

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ပုံ
photo: Kyaw Zaw Win/RFA
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မှာပြုလုပ်မယ့် အပစ်ရပ်စာချုပ်လက်မှတ်ထိုးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က သူ့အနေနဲ့ တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းဆီကို အောက်တိုဘာလ ၁၂ ရက်နေ့က စာရေးသားအကြောင်းကြားလိုက်ပါတယ်။

ဒီအကြောင်းကြားစာ ဟုတ်မှန်တယ်လို့ KNU ထိပ်တန်း ဗဟိုကော်မတီတစ်ဦးကလည်း RFA ကို အတည်ပြု ပြော ဆိုပါတယ်။

NCA စာချုပ် လက်မှတ်ထိုးတော့မယ့်ကာလမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ၊ ထိုးစစ်တွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် တစ်နိုင်ငံလုံးအပစ်ရပ်ဖို့ မျှော်မှန်းချက်ကို မရောက်သေးသလို၊ ပြည်သူတွေ လည်း ကြောက်ရွံ့မှုတွေဆက်ရှိနေပြီး ဘဝလုံခြုံမှုမရသေးတဲ့အတွက် သူ့အနေနဲ့ လက်မှတ်ထိုးပွဲတက်ဖို့ ခွန်အား မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်ရဲ့ ဝန်ကြီးဦးအောင်မင်း ဆီကိုပေးပို့တဲ့ စာထဲမှာဖော်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က အဖွဲ့အားလုံးပါဝင်မယ်ဆိုရင် သူတို့အဖွဲ့အနေနဲ့ NCA တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့ကနေ ၁၂ ရက်နေ့အထိပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကထိုးစစ်ကို ချက်ချင်းရပ်တန့်ပေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ဗဟိုကော်မတီက ဒီနေ့တောင်းဆိုလိုက်ပါတယ်။

No comments:

Post a Comment