Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ေတာင္တ႐ုတ္ ပင္လယ္အေရး The Hague ႏိုင္ငံတကာ တရားရံုး စစ္ေဆးမည္

The Hague ၿမိဳ႕ ႏုိင္ငံတကာ တရား႐ုံး။
ေတာင္တ႐ုတ္ ပင္လယ္ျပင္တြင္း ပုိင္ဆုိင္မႈအတြက္ ကာလၾကာရွည္ အျငင္းပြားေနတဲ့ ကိစၥကုိ ၾကားနာစစ္ေဆးဖုိ႔ The Hague ၿမိဳ႕ ႏုိင္ငံတကာ တရား႐ုံးက လက္ခံလုိက္ပါတယ္။ တ႐ုတ္ႏုိင္ငံရဲ႕ ကန္႔ကြက္မႈကုိ ပယ္ခ်ၿပီး၊ ဖိလစ္ပုိင္ႏုိင္ငံရဲ႕ တုိင္ၾကားခ်က္ကုိ တရား႐ုံးက လက္ခံလုိက္တာပါ။

အခုအမႈနဲ႔ ပတ္သက္လုိ႔ ဘယ္တရား႐ုံးက စီရင္သင့္သလဲဆုိတာနဲ႔ ပတ္သက္လုိ႔ ေမးခြန္းထုတ္ ေနခ်ိန္မွာပဲ၊ ႏုိင္ငံတကာ တရား႐ုံးကေတာ့ ကုလသမဂၢ ပင္လယ္ေရေၾကာင္း ဥပေဒဆုိင္ရာ သေဘာတူညီခ်က္ကုိ အဓိပၸါယ္ ဖြင့္ဆုိခ်က္အေပၚ သေဘာထား ကဲြလဲြမႈနဲ႔ သက္ဆုိင္တယ္လုိ႔လည္း ၾကာသပေတးေန႔က ဆုံးျဖတ္ခဲ့ပါတယ္။

တ႐ုတ္ႏုိင္ငံကေတာ့ ပင္လယ္ျပင္ထဲက ကၽြန္းေတြကုိ အခ်ဳပ္အျခာ အာဏာပုိင္ဆုိင္မႈအတြက္ အျငင္းပြားေနတာ ျဖစ္တဲ့အတြက္ ႏုိင္ငံတကာ တရား႐ုံးက စီရင္ပုိင္ခြင့္မရိွဘူးလုိ႔ ေျပာဆုိထားတာပါ။ တ႐ုတ္ႏုိင္ငံအေနနဲ႔ အမႈကုိၾကားနာ စစ္ေဆးရာမွာ ပါ၀င္မွာမဟုတ္သလုိ၊ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကုိလည္း လက္ခံမွာမဟုတ္ဘူးလုိ႔ တ႐ုတ္အဆင့္ျမင့္သံတမန္ တဦးကလည္း ဒီကေန႔မွာပဲ ထပ္မံ ေျပာဆုိလုိက္ပါတယ္။

အမႈမွာလုိက္ပါေဆာင္ရြက္မယ့္ ဖိလစ္ပုိင္ေရွ႕ေနအဖဲြ႔ရဲ႕ အႀကီးအကဲ Florin Hilbay ကေတာ့ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ဟာ အျငင္းပြားေနတဲ့ ႏုိင္ငံေတြၾကား ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ဘက္လုိက္မႈမရွိဘဲ ေျဖရွင္းဖုိ႔ ႀကိဳးစားမႈေတြမွာ ႀကီးမားတဲ့ ေျခလွမ္းတရပ္ျဖစ္သလုိ၊ ကုလသမဂၢ ပင္လယ္ေရေၾကာင္း ဥပေဒဆုိင္ရာ သေဘာတူညီခ်က္အရ ဖိလစ္ပုိင္ရဲ႕ လုပ္ပုိင္ခြင့္ကုိ အသိအမွတ္ျပဳရာ ေရာက္တဲ့အတြက္ ႀကိဳဆုိေၾကာင္း ေျပာဆုိခဲ့ပါတယ္။

အေမရိကန္ ျပည္ေထာင္စုကလည္း တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကုိ ႀကိဳဆုိတဲ့အေၾကာင့္ ကာကြယ္ေရး၀န္ႀကီးဌာန အဆင့္ျမင့္အရာရွိတဦးက ေျပာဆုိခဲ့တာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................
 The Hague မြို့ နိုင်ငံတကာ တရားရုံး။
တောင်တရုတ် ပင်လယ်ပြင်တွင်း ပိုင်ဆိုင်မှုအတွက် ကာလကြာရှည် အငြင်းပွားနေတဲ့ ကိစ္စကို ကြားနာစစ်ဆေးဖို့ The Hague မြို့ နိုင်ငံတကာ တရားရုံးက လက်ခံလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုကို ပယ်ချပြီး၊ ဖိလစ်ပိုင်နိုင်ငံရဲ့ တိုင်ကြားချက်ကို တရားရုံးက လက်ခံလိုက်တာပါ။

အခုအမှုနဲ့ ပတ်သက်လို့ ဘယ်တရားရုံးက စီရင်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ မေးခွန်းထုတ် နေချိန်မှာပဲ၊ နိုင်ငံတကာ တရားရုံးကတော့ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ သဘောတူညီချက်ကို အဓိပ္ပါယ် ဖွင့်ဆိုချက်အပေါ် သဘောထား ကွဲလွဲမှုနဲ့ သက်ဆိုင်တယ်လို့လည်း ကြာသပတေးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ပင်လယ်ပြင်ထဲက ကျွန်းတွေကို အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးလို့ ပြောဆိုထားတာပါ။ တရုတ်နိုင်ငံအနေနဲ့ အမှုကိုကြားနာ စစ်ဆေးရာမှာ ပါ၀င်မှာမဟုတ်သလို၊ နောက်ဆုံး ဆုံးဖြတ်ချက်ကိုလည်း လက်ခံမှာမဟုတ်ဘူးလို့ တရုတ်အဆင့်မြင့်သံတမန် တဦးကလည်း ဒီကနေ့မှာပဲ ထပ်မံ ပြောဆိုလိုက်ပါတယ်။

အမှုမှာလိုက်ပါဆောင်ရွက်မယ့် ဖိလစ်ပိုင်ရှေ့နေအဖွဲ့ရဲ့ အကြီးအကဲ Florin Hilbay ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ အငြင်းပွားနေတဲ့ နိုင်ငံတွေကြား ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘက်လိုက်မှုမရှိဘဲ ဖြေရှင်းဖို့ ကြိုးစားမှုတွေမှာ ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်သလို၊ ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေဆိုင်ရာ သဘောတူညီချက်အရ ဖိလစ်ပိုင်ရဲ့ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုရာ ရောက်တဲ့အတွက် ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကလည်း တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးက ပြောဆိုခဲ့တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment