Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

ဂြါတာနာမို အက်ဥ္းစခန္းရိွ ေနာက္ဆံုး ၿဗိတိန္ အက်ဥ္းသား လြတ္ေျမာက္

Shaker Aamer လြတ္ေျမာက္ေရးလႈပ္ရွားမႈ။ 
 အေမရိကန္ရဲ႕ ဂါြတာနာမို စစ္အက်ဥ္းစခန္းမွာ ထိန္းသိမ္းထားတဲ႔ ေဆာ္ဒီနုိင္ငံသား Shaker Aamer ကို ျပန္လႊတ္ေပးလိုက္ပါၿပီ။ ၿဗိတိန္နုိင္ငံမွာေနထိုင္တဲ႔ Aamer ဟာ ၿဗိတိန္နုိင္ငံကို ဒီေန႔ေႏွာင္းပိုင္းမွာ ေရာက္ရွိလာဖို႔ရွိတယ္လို႔ ၿဗိတိန္ နုိင္ငံျခားေရး ၀န္ႀကီး Philip Hammond က ဒီကေန႔ေသာၾကာေန႔မွာေျပာပါတယ္။

၂၀၀၂ခုႏွစ္ကတည္းကက်ဴးဘားမွာရွိတဲ႔ အေမရိကန္တုိ႔ရဲ႕ ဂြါတာနာမို စစ္အက်ဥ္းစခန္းမွာ ထိန္းသိမ္းထားကတည္းက သူ႔ကို ဘာအမႈနဲ႔မွ တရားစြဲဆို တာမ်ိဳး မရွိသလို ရုံးတင္စစ္ေဆးတာမ်ိဳးလည္းမရွိခဲ႔ပါဘူး။

We Stand with Shaker ကမ္ပိမ္း ပူးတြဲညႊန္ၾကားသူတေယာက္ျဖစ္တဲ႔ Andy Worthington ကေတာ႔ Armer ရဲ႕ လက္ခံနုိင္စရာမရွိတဲ႔ ေၾကာက္စရာ အျဖစ္ဆိုးႀကီး အဆုံးသတ္သြားတဲ႔ ေက်နပ္အားရမိတယ္လို႔ ဒီကေန႔ေသာၾကာေန႔ မွာ ေျပာပါတယ္။

အိုစမာဘင္လာဒင္နဲ႔ေတြ႔ခဲ႔သလို တာလီဘန္တိုက္ခိုက္ေရး အဖြဲ႔ငယ္တခုကို ဦးေဆာင္ခဲ႔တယ္ ဆိုတဲ႔ စြပ္စြဲခ်က္နဲ႔ အေမရိကန္အာဏာပို္င္ေတြက Aamer ကို အာဖဂန္နုိင္ငံမွာ ၂၀၀၁ ခုႏွစ္က ထိန္းသိမ္းထားခဲ႔ပါတယ္။ အာဖဂန္မွာ လူမႈေရး လုပ္ငန္းေတြကို မိသားစုနဲ႔အတူ လုပ္ေနခဲ႔တာလို႔ Aamer ကေျပာပါတယ္။

သူ႔ကို ဂြါတာနာမို အက်ဥ္းစခန္းကေန ၂၀၀၇ ခုႏွစ္မွာ လႊတ္ေပးဖို႔ျဖစ္ေပမယ္႔လည္း ဆက္ၿပီး ထိန္းသိမ္းခံထားခဲ႔ရတာပါ။ ဂါြတာနာမိုမွာ ႏွိပ္စက္ခံခဲ႔ရတယ္လို႔လည္း Aamer ရဲ႕ေရွ႕ေနကေျပာပါတယ္။

Aamer ကို လႊတ္ေပးမယ္လို႔ စက္တင္ဘာလမွာ အေမရိကန္တို႔ဘက္ က ေၾကညာပါတယ္။ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ေဒးဗစ္ကင္မရြန္၊ ပါလီမန္အမတ္ေတြ၊ ၿဗိတိန္က ထင္ရွားေက်ာ္ၾကာသူေတြ၊Roger Waters၊ Peter Gariel နဲ႔ Sting တို႔လို႔ ဂီတပညာရွင္ေတြက Aamer ကို ၿဗိတိန္နုိင္ငံဆီျပန္လႊဲေပးဖို႔ သမၼတ အိုဘားမားကို အႀကိမ္ႀကိမ္တုိက္တြန္းေနခဲ႔တာလည္းျဖစ္ပါတယ္။

Aamer ရဲ႕ဇနီးနဲ႔ ကေလးေလးေယာက္တို႔က ၿဗိတိန္နုိင္ငံမွာ ခုထိ ေနထိုင္ေနၾကပါတယ္။ အေမရိကန္သမၼတ အိုဘားမားကေတာ႔ သမၼတ သက္တမ္း မကုန္ဆုံးခင္ ဂြါတာနာမိုကို ပိတ္မယ္လို႔ ေျခာက္နွစ္ၾကာေအာင္ေျပာခဲ႔တဲ႔ သူ႔ရဲ႕စကားအတည္ျပဳနုိင္ဖို႔ ႀကိဳးစားေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.....................
 Shaker Aamer လွတ်မြောက်ရေးလှုပ်ရှားမှု။
 အမေရိကန်ရဲ့ ဂါွတာနာမို စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားတဲ့ ဆော်ဒီနိုင်ငံသား Shaker Aamer ကို ပြန်လွှတ်ပေးလိုက်ပါပြီ။ ဗြိတိန်နိုင်ငံမှာနေထိုင်တဲ့ Aamer ဟာ ဗြိတိန်နိုင်ငံကို ဒီနေ့နှောင်းပိုင်းမှာ ရောက်ရှိလာဖို့ရှိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး Philip Hammond က ဒီကနေ့သောကြာနေ့မှာပြောပါတယ်။

၂၀၀၂ခုနှစ်ကတည်းကကျူးဘားမှာရှိတဲ့ အမေရိကန်တို့ရဲ့ ဂွါတာနာမို စစ်အကျဉ်းစခန်းမှာ ထိန်းသိမ်းထားကတည်းက သူ့ကို ဘာအမှုနဲ့မှ တရားစွဲဆို တာမျိုး မရှိသလို ရုံးတင်စစ်ဆေးတာမျိုးလည်းမရှိခဲ့ပါဘူး။

We Stand with Shaker ကမ်ပိမ်း ပူးတွဲညွှန်ကြားသူတယောက်ဖြစ်တဲ့ Andy Worthington ကတော့ Armer ရဲ့ လက်ခံနိုင်စရာမရှိတဲ့ ကြောက်စရာ အဖြစ်ဆိုးကြီး အဆုံးသတ်သွားတဲ့ ကျေနပ်အားရမိတယ်လို့ ဒီကနေ့သောကြာနေ့ မှာ ပြောပါတယ်။

အိုစမာဘင်လာဒင်နဲ့တွေ့ခဲ့သလို တာလီဘန်တိုက်ခိုက်ရေး အဖွဲ့ငယ်တခုကို ဦးဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်အာဏာပို်င်တွေက Aamer ကို အာဖဂန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်က ထိန်းသိမ်းထားခဲ့ပါတယ်။ အာဖဂန်မှာ လူမှုရေး လုပ်ငန်းတွေကို မိသားစုနဲ့အတူ လုပ်နေခဲ့တာလို့ Aamer ကပြောပါတယ်။

သူ့ကို ဂွါတာနာမို အကျဉ်းစခန်းကနေ ၂၀၀၇ ခုနှစ်မှာ လွှတ်ပေးဖို့ဖြစ်ပေမယ့်လည်း ဆက်ပြီး ထိန်းသိမ်းခံထားခဲ့ရတာပါ။ ဂါွတာနာမိုမှာ နှိပ်စက်ခံခဲ့ရတယ်လို့လည်း Aamer ရဲ့ရှေ့နေကပြောပါတယ်။

Aamer ကို လွှတ်ပေးမယ်လို့ စက်တင်ဘာလမှာ အမေရိကန်တို့ဘက် က ကြေညာပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ ပါလီမန်အမတ်တွေ၊ ဗြိတိန်က ထင်ရှားကျော်ကြာသူတွေ၊Roger Waters၊ Peter Gariel နဲ့ Sting တို့လို့ ဂီတပညာရှင်တွေက Aamer ကို ဗြိတိန်နိုင်ငံဆီပြန်လွှဲပေးဖို့ သမ္မတ အိုဘားမားကို အကြိမ်ကြိမ်တိုက်တွန်းနေခဲ့တာလည်းဖြစ်ပါတယ်။

Aamer ရဲ့ဇနီးနဲ့ ကလေးလေးယောက်တို့က ဗြိတိန်နိုင်ငံမှာ ခုထိ နေထိုင်နေကြပါတယ်။ အမေရိကန်သမ္မတ အိုဘားမားကတော့ သမ္မတ သက်တမ်း မကုန်ဆုံးခင် ဂွါတာနာမိုကို ပိတ်မယ်လို့ ခြောက်နှစ်ကြာအောင်ပြောခဲ့တဲ့ သူ့ရဲ့စကားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment