Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

Emma Watson တစ္ေယာက္ ခ်စ္သူ အသစ္ရေနၿပီလား?


အမ်ိဳးသမီးေတြရဲ႕ တန္းတူညီမွ်ျခင္း အခြင့္အေရးကို တက္ၾကြလႈပ္ရွားေတာင္းဆိုသူ တစ္ဦးျဖစ္တဲ့ မင္းသမီးေလး Emma Watson ဟာ ခ်စ္သူ ေကာင္ေလး အသစ္ရေနၿပီလား? အရင္တုန္းက ဟယ္ရီေပၚတာ ဇာတ္လမ္းရဲ႕ ၾကယ္ပြင့္ ျဖစ္တဲ့ Emma Watson ဟာ ေလာ့စ္အိန္ဂ်လိစ္ ၿမိဳ႕ ထဲမွာ ေကာင္ေလးတစ္ေယာက္နဲ႔ အတူ ေန႔လယ္စာ စားေနတာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

E! သတင္းဌာနက ၿဗိတိန္ မင္းသမီး ျဖစ္တဲ့ အသက္ ၂၅ ႏွစ္အရြယ္ Emma Watson နဲ႔ သူ႔ရဲ႕ ခ်စ္သူ လို႔ ထင္မွတ္ရတဲ့ ေကာင္ေလး ရဲ႕ ဓါတ္ပံုမ်ားစြာကို ျပသခဲ့ပါတယ္။ Emma ဟာ ဂ်င္းစကတ္ နဲ႔ အျဖဴေရာင္ ဘေလာက္စ္ အက်ီၤတို႔ကို ၀တ္ဆင္ထားၿပီး ေကာင္ေလးက ေတာ့ မီးခိုေရာင္ ေဘာင္းဘီ ၊ ေဘ့စ္ေဘာ ဦးထုပ္ နဲ႔ တီရွပ္တို႔ကို ၀တ္ဆင္ထားခဲ့တာပါ။

Emma Watson ဟာ အရင္တုန္းက ရပ္ဂ္ဘီ ကစားသမား တစ္ေယာက္ျဖစ္တဲ့ Matt Janney နဲ႔တြဲခဲ့ၿပီး ၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလ မွာ ၁ ႏွစ္ခန္႔လက္တြဲခဲ့တဲ့ အခ်စ္ေရးကို အဆံုးသတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လထဲမွာေတာ့ သူမက ထို အခ်စ္ေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း Vogue UK မဂၢဇင္းကို ရင္ဖြင့္ေျပာျပဖူးပါတယ္။ ထို အခ်စ္ေရးဟာ အဆံုးမသတ္လိုက္ခင္ အထိ သူမရဲ႕ အခြင့္အေရးအတြက္ေတာ့ ေၾကာက္မက္ဖြယ္ အခ်ိန္ေတြျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

"ကၽြန္မ တစ္ကယ္ကို အဆင္မေျပဘူးလို႔ ခံစားရတယ္ ။ ကၽြန္မဒါေၾကာင့္ တိတ္တိတ္ေလးေနခဲ့တယ္။ ကၽြန္မ အိမ္မွာ ကိုယ့္ဘာသာကိုယ္ ဘယ္လိုေနရမယ္ဆိုတာကိုလည္း တစ္ကယ္ကို သိခ်င္ခဲ့တယ္" လို႔ Emma ကဆိုပါတယ္။

အဲဒီထက္ အရင္တုန္းကလည္း သူမဟာ Oxford တကၠသိုလ္ ေက်ာင္းသား Will Adamowicz နဲ႔ ၂၀၁၁ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ တြဲခဲ့ပါေသးတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Starpulse
............................................................................
အမျိုးသမီးတွေရဲ့ တန်းတူညီမျှခြင်း အခွင့်အရေးကို တက်ကြွလှုပ်ရှားတောင်းဆိုသူ တစ်ဦးဖြစ်တဲ့ မင်းသမီးလေး Emma Watson ဟာ ချစ်သူ ကောင်လေး အသစ်ရနေပြီလား? အရင်တုန်းက ဟယ်ရီပေါ်တာ ဇာတ်လမ်းရဲ့ ကြယ်ပွင့် ဖြစ်တဲ့ Emma Watson ဟာ လော့စ်အိန်ဂျလိစ် မြို့ ထဲမှာ ကောင်လေးတစ်ယောက်နဲ့ အတူ နေ့လယ်စာ စားနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

E! သတင်းဌာနက ဗြိတိန် မင်းသမီး ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် Emma Watson နဲ့ သူ့ရဲ့ ချစ်သူ လို့ ထင်မှတ်ရတဲ့ ကောင်လေး ရဲ့ ဓါတ်ပုံများစွာကို ပြသခဲ့ပါတယ်။ Emma ဟာ ဂျင်းစကတ် နဲ့ အဖြူရောင် ဘလောက်စ် အကျီင်္တို့ကို ၀တ်ဆင်ထားပြီး ကောင်လေးက တော့ မီးခိုရောင် ဘောင်းဘီ ၊ ဘေ့စ်ဘော ဦးထုပ် နဲ့ တီရှပ်တို့ကို ၀တ်ဆင်ထားခဲ့တာပါ။

Emma Watson ဟာ အရင်တုန်းက ရပ်ဂ်ဘီ ကစားသမား တစ်ယောက်ဖြစ်တဲ့ Matt Janney နဲ့တွဲခဲ့ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မှာ ၁ နှစ်ခန့်လက်တွဲခဲ့တဲ့ အချစ်ရေးကို အဆုံးသတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာတော့ သူမက ထို အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း Vogue UK မဂ္ဂဇင်းကို ရင်ဖွင့်ပြောပြဖူးပါတယ်။ ထို အချစ်ရေးဟာ အဆုံးမသတ်လိုက်ခင် အထိ သူမရဲ့ အခွင့်အရေးအတွက်တော့ ကြောက်မက်ဖွယ် အချိန်တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်မ တစ်ကယ်ကို အဆင်မပြေဘူးလို့ ခံစားရတယ် ။ ကျွန်မဒါကြောင့် တိတ်တိတ်လေးနေခဲ့တယ်။ ကျွန်မ အိမ်မှာ ကိုယ့်ဘာသာကိုယ် ဘယ်လိုနေရမယ်ဆိုတာကိုလည်း တစ်ကယ်ကို သိချင်ခဲ့တယ်" လို့ Emma ကဆိုပါတယ်။

အဲဒီထက် အရင်တုန်းကလည်း သူမဟာ Oxford တက္ကသိုလ် ကျောင်းသား Will Adamowicz နဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တွဲခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment