CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 11, 2015
၁၄ နှစ်သမီး Auli’i Cravalho ဟာ ဒစ်စနေးမင်းသမီးသစ်အဖြစ် အသံသရုပ်ဆောင်မည်
( Michelle )
Ref : UPI
........................................
ဒစ်စနေးက ဟာဝိုင်အီ သူ မင်းသမီး ၁၄နှစ်သမီး Auli’i Cravalho ဟာ အသစ်စက်စက်မင်းသမီးလေး အဖြစ် အသံသရုပ်ဆောင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
ပရဟိတပြိုင်ပွဲတစ်ခုမှာ ရိုက်ကူးရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ Disney က တွေ့ရှိခဲ့ပြီးနောက် ခုထွက်ရှိလာမယ့် Moana မှာ Oahu ဒေသခံသူလေးဟာ အသံသရုပ်ဆောင်အဖြစ် ပါ၀င်မှာ ဖြစ်ပါတယ်။ သူဟာ နောက်နှစ်မှာ ထွက်ရှိလာမယ့် Animated ရုပ်ရှင် “ The Rock “ Johnson မှာလည်း ပါ၀င်ရိုက်ကူးဦးမှာ ဖြစ်ပါတယ်။
“ကလေးဘဝကတည်းက ခုချိန်ထိ သမီးက ဒစ်စနေးမင်းသမီးလေး ဖြစ်ချင်ခဲ့တာပါ။ ပြီးတော့ အဆိုတော် ဒါမှမဟုတ် မင်းသမီးတစ်ယောက်လည်း ဖြစ်ချင်ပါတယ်” လို့ ဗုဒ္ဓဟူးနေ့ထုတ် People မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ Cravalho က ဖြေကြားထားပါသေးတယ်။
အစကတော့ သူဟာ Moana အဖြစ် သရုပ်ဆောင်ဖို့ အခွင့်အရေးမရှိလောက်ဘူးလို့ ထင်နေခဲ့ပါတယ်။ ဒါပေမယ့် ဒါရိုက်တာတွေဖြစ်ကြတဲ့ Ron Clements နဲ့ John Musker တို့က လူပေါင်း ၁၀၀ ကျော်ထဲကနေ သူ့ကိုရွေးချယ်ခဲ့လို့ အ့ံအားသင့်နေခဲ့ပါသတဲ့။
“Moana ဟာ တကယ်အံ့သြစရာကောင်းတဲ့ ဇာတ်ဆောင်ပါ။ သူက ရဲရင့်တယ်။ အင်အားကြီးတယ်။ သူဘာလိုချင်လဲဆိုတာ သိသလို လိုချင်တာကိုရဖို့ ဘာကိုမှလည်း မကြောက်ဘူး။ ပြီးတော့ သမီးနဲ့လည်း တစ်ခုခုပတ်သက်နေလိမ့်မယ်လို့လည်း ထင်ပါတယ်”လို့ မင်းသမီးငယ်လေးက ပြောပါတယ်။
ဒစ်စနေးရဲ့ Moana ကို ၂၀၁၆ ခုနှစ် နို၀င်ဘာ ၂၃ရက်နေ့မှာ ရုံတင်မှာဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : UPI
၁၄ နှစ်သမီး Auli’i Cravalho ဟာ ဒစ်စနေးမင်းသမီးသစ်အဖြစ် အသံသရုပ်ဆောင်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 11, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 11, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment