Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 30, 2015

စိမ္းလဲ့ကန္သာ ငါးေလာင္းျပဳိင္ ေနအိမ္္တြင္ စားေသာက္ဆုိင္ ဖြင့္လွစ္မႈ စီအိုင္ဒီ ကန္ ့ကြက္ထားျခင္းမရိွ


 ငါးေလာင္းျပိဳင္လူသတ္မႈ ျဖစ္ပြားခဲ့သည့္ေနအိမ္၌ Royal Legacy စားေသာက္ဆိုင္ဖြင့္လွစ္ရန္ စီစဥ္ေနမႈကို စီအိုင္ဒီမွ ကန္႔ကြက္ထားသည္ဆိုေသာသတင္းသည္ မဟုတ္မွန္ေၾကာင္းႏွင့္ ဆိုင္ဖြင့္ရန္ အစီအစဥ္အား စီအိုင္ဒီမွ ကန္႔ကြက္ျခင္းမရိွေၾကာင္းသိရသည္။

''တို႔ဆီကေတာ့ ဆိုင္ဖြင့္တာကို ကန္႔ကြက္တာမရိွပါဘူး။ ကန္႔ကြက္တာတို႔ ဘာတို႔ဆိုတာ စည္ပင္တို႔၊ ေထြအုပ္တို႔မွာ ရိွတယ္ေလ။ စီအိုင္ဒီကေတာ့ အမႈစံုစမ္း တဲ့အပိုင္းပဲရိွမယ္။ အြန္လိုင္းသတင္းထဲမွာ ေရးထားသလို ဒီဆိုင္ဖြင့္တဲ့ကိစၥ ေထြအုပ္ရံုးကို ကန္႔ကြက္ တယ္ဆိုတဲ့စာလည္း မပို႔ထားဘူး။ ညႊန္ၾကားခ်က္လည္းမရိွဘူး''ဟု စီအိုင္ဒီမွ တာ၀န္ရိွသူတဦးက ေအာက္တို ဘာ ၂၉ ရက္တြင္ News Watch ဂ်ာနယ္သို႔ ေျပာသည္။

ပုဂၢလိကမီဒီယာတခုမွ ''ငါးေလာင္းျပိဳင္လူသတ္မႈျဖစ္ပြားခဲ့သည့္ေနအိမ္ကို စားေသာက္ဆိုင္ဖြင့္လွစ္ရန္ စီစဥ္မႈ စီအိုင္ဒီကန္႔ကြက္''ဟု ေဖာ္ျပေရးသားခဲ့ရာတြင္ စီအိုင္ဒီသို႔ ေမးျမန္ထားျခင္းမရိွဘဲ၊ ေထြအုပ္ရံုးသို႔ေမးျမန္၍ ေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာသည္။

အဆိုပါ သတင္းအား ေရးသားေဖာ္ျပခဲ့သည့္သတင္းမီဒီယာသည္ ကမာရြတ္ျမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ကိုသာ ေမးျမန္ေရးသားထားျခင္းျဖစ္ျပီး ေထြအုပ္ေျဖၾကားသည့္ စကားလံုးမ်ားႏွင့္ သတင္းတြင္ ေဖာ္ျပထား သည့္စာသားမ်ားမွာ မွန္ကန္မႈမရိွေၾကာင္း အဆိုပါျမိဳ႕နယ္ေထြအုပ္ က News Watch ဂ်ာနယ္သို႔ ေျပာသည္။

''အဲဒီသတင္းမီဒီယာက ေမးတာေတာ့ရိွတယ္။ ေျဖလိုက္တာက အခု ညီေလးတို႔ကို ေျဖတဲ့အတိုင္းပဲ စီအိုင္ဒီက ကန္႔ကြက္စာ ရံုးကိုပို႔တာ ဒီေန႔အထိမရိွဘူး။ အဲ့ဒါကို သတင္းက ေဖာ္ျပတဲ့အခါမွာ စီအိုင္ဒီက ကန္႔ကြက္စာ ေထြအုပ္ရံုးကို ပို႔ထားတယ္ဆိုေတာ့ အဲ့ဒီသတင္းကမမွန္ပါဘူး။ ဆိုင္ဖြင့္ဖို႔မဖြင့္ဖို႔ကို လိုင္စင္အထက္ကိုတင္ျပဖို႔ လုပ္ထံုးလုပ္နည္းအတိုင္း ေျမ ျပင္ကိုစစ္ေဆးေနတယ္။ သတင္းမွာေဖာ္ျပသလို စီအိုင္ဒီက ဆိုင္မဖြင့္ဖို႔ ကန္႔ကြက္စာ ကိုယ္တို႔ရံုးကိုပို႔တာ ဒီေန႔အထိမရိွဘူး''ဟု ကမာရြတ္ျမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းနိုင္ထြန္းက ေျပာသည္။

ငါးေလာင္းျပိဳင္လူသတ္မႈျဖစ္ပြားခဲ့သည့္ ကမာရြတ္ျမိဳ႕နယ္၊ စိမ္းလဲ့ကန္သာလမ္း၊ အမွတ္ ၁၂၆ တြင္ အိႏၵိယ လုပ္ငန္းရွင္တဦးမွ ႏိုင္ငံတကာအဆင့္မီစားေသာက္ဆိုင္ဖြင့္ရန္ ကမာရြတ္ျမိဳ႕နယ္ေထြအုပ္ရံုးသို႔ တင္ျပထား ေၾကာင္းႏွင့္ လက္ရိွတြင္ အဆိုပါအိမ္အနီးနားမွ ရပ္မိ ရပ္ဖတို႔၏ သေဘာတူညီခ်က္ရရိွရန္ ေအာက္တိုဘာ ၁၉ ရက္မွ ႏို၀င္ဘာ ၂ ရက္အထိ ႏွစ္ပတ္ခန္႔ ေစာင့္ဆိုင္းေနျပီး အဆိုပါႏွစ္ပတ္အတြင္း ကန္႔ကြက္သူရိွခဲ့ပါက ဆိုင္ဖြင့္ခြင့္လိုင္စင္ရရိွမည္မဟုတ္ေၾကာင္း ေထြအုပ္က ဆက္ေျပာသည္။

ေနမင္းခ၊ လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.....................


 ငါးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်နေအိမ်၌ Royal Legacy စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်နေမှုကို စီအိုင်ဒီမှ ကန့်ကွက်ထားသည်ဆိုသောသတင်းသည် မဟုတ်မှန်ကြောင်းနှင့် ဆိုင်ဖွင့်ရန် အစီအစဉ်အား စီအိုင်ဒီမှ ကန့်ကွက်ခြင်းမရှိကြောင်းသိရသည်။

''တို့ဆီကတော့ ဆိုင်ဖွင့်တာကို ကန့်ကွက်တာမရှိပါဘူး။ ကန့်ကွက်တာတို့ ဘာတို့ဆိုတာ စည်ပင်တို့၊ ထွေအုပ်တို့မှာ ရှိတယ်လေ။ စီအိုင်ဒီကတော့ အမှုစုံစမ်း တဲ့အပိုင်းပဲရှိမယ်။ အွန်လိုင်းသတင်းထဲမှာ ရေးထားသလို ဒီဆိုင်ဖွင့်တဲ့ကိစ္စ ထွေအုပ်ရုံးကို ကန့်ကွက် တယ်ဆိုတဲ့စာလည်း မပို့ထားဘူး။ ညွှန်ကြားချက်လည်းမရှိဘူး''ဟု စီအိုင်ဒီမှ တာဝန်ရှိသူတဦးက အောက်တို ဘာ ၂၉ ရက်တွင် News Watch ဂျာနယ်သို့ ပြောသည်။

ပုဂ္ဂလိကမီဒီယာတခုမှ ''ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့်နေအိမ်ကို စားသောက်ဆိုင်ဖွင့်လှစ်ရန် စီစဉ်မှု စီအိုင်ဒီကန့်ကွက်''ဟု ဖော်ပြရေးသားခဲ့ရာတွင် စီအိုင်ဒီသို့ မေးမြန်ထားခြင်းမရှိဘဲ၊ ထွေအုပ်ရုံးသို့မေးမြန်၍ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ သတင်းအား ရေးသားဖော်ပြခဲ့သည့်သတင်းမီဒီယာသည် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ကိုသာ မေးမြန်ရေးသားထားခြင်းဖြစ်ပြီး ထွေအုပ်ဖြေကြားသည့် စကားလုံးများနှင့် သတင်းတွင် ဖော်ပြထား သည့်စာသားများမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါမြို့နယ်ထွေအုပ် က News Watch ဂျာနယ်သို့ ပြောသည်။

''အဲဒီသတင်းမီဒီယာက မေးတာတော့ရှိတယ်။ ဖြေလိုက်တာက အခု ညီလေးတို့ကို ဖြေတဲ့အတိုင်းပဲ စီအိုင်ဒီက ကန့်ကွက်စာ ရုံးကိုပို့တာ ဒီနေ့အထိမရှိဘူး။ အဲ့ဒါကို သတင်းက ဖော်ပြတဲ့အခါမှာ စီအိုင်ဒီက ကန့်ကွက်စာ ထွေအုပ်ရုံးကို ပို့ထားတယ်ဆိုတော့ အဲ့ဒီသတင်းကမမှန်ပါဘူး။ ဆိုင်ဖွင့်ဖို့မဖွင့်ဖို့ကို လိုင်စင်အထက်ကိုတင်ပြဖို့ လုပ်ထုံးလုပ်နည်းအတိုင်း မြေ ပြင်ကိုစစ်ဆေးနေတယ်။ သတင်းမှာဖော်ပြသလို စီအိုင်ဒီက ဆိုင်မဖွင့်ဖို့ ကန့်ကွက်စာ ကိုယ်တို့ရုံးကိုပို့တာ ဒီနေ့အထိမရှိဘူး''ဟု ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းနိုင်ထွန်းက ပြောသည်။

ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည့် ကမာရွတ်မြို့နယ်၊ စိမ်းလဲ့ကန်သာလမ်း၊ အမှတ် ၁၂၆ တွင် အိန္ဒိယ လုပ်ငန်းရှင်တဦးမှ နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်ဖွင့်ရန် ကမာရွတ်မြို့နယ်ထွေအုပ်ရုံးသို့ တင်ပြထား ကြောင်းနှင့် လက်ရှိတွင် အဆိုပါအိမ်အနီးနားမှ ရပ်မိ ရပ်ဖတို့၏ သဘောတူညီချက်ရရှိရန် အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ နှစ်ပတ်ခန့် စောင့်ဆိုင်းနေပြီး အဆိုပါနှစ်ပတ်အတွင်း ကန့်ကွက်သူရှိခဲ့ပါက ဆိုင်ဖွင့်ခွင့်လိုင်စင်ရရှိမည်မဟုတ်ကြောင်း ထွေအုပ်က ဆက်ပြောသည်။

နေမင်းခ၊ လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment