Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 31, 2015

မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီစည်းရုံးရေးမှူးအား ပြည်ခိုင်ဖြိုးပါတီမှရိုက်နှက်ခြိမ်းခြောက်


 အောက်တိုဘာလ ၃၁ ရက် ၂၀၁၅

 သျှမ်းပြည်နယ်အရှေ့ပိုင်း ၊ မိုင်းဖြတ်မြို့နယ် ၊ အင်ပါဟုန်ရွာ ကျားဖြူပါတီ စည်း ရုံးရေးမှူးအား မိုင်းဖြတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌမှ ရိုက်နှက်ခြိမ်းခြောက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ထံတိုင်ကြားထားသည်ဟု သိရသည် ။

အင်ပါဟုန်ရွာသူကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ကျားဖြူပါတီ မိုင်းဖြတ်မြို့နယ်၏စည်းရုံးရေးမှူး ဦးပူပါအိုက်ဆိုသူအား မိုင်းဖြတ်မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဌ ဦးထွန်းရွှေမှ အောက်တိုဘာလ (၁၉) ရက်နေ့ ကရုံးသို့ ဆင့်ခေါ်ကာရိုက်နှက်ခြိမ်းခြောက်ခဲ့သည်ဟု မိုင်းဖြတ်မြို့နယ် ကျားဖြူပါတီမှ ဦးစိုင်းခမ်းကျန် ကပြော သည် ။

“ မြို့နယ်ကော်မရှင်ကအကြာင်းပြန်လာတယ်။ ဒါဟာကော်မရှင်နဲ့မဆိုင်ဘူး။ ပါတီ နဲ့မဆိုင်ဘူးတဲ့။ ပုဂ္ဂိုလ်ရေး သာဖြစ်တဲ့အတွက် ရဲစခန်းမှာပဲအမှုဖွင့်ဖို့ ညွန်ကြားတယ်။ ကျနော်တို့ရဲစခန်းမှာ အမှုဖွင့်ဖို့လုပ်နေတယ် ” ဟု ၄င်းကဆက်ပြောသည် ။

ကျားဖြူပါတီ၏တိုင်ကြားစာတွင် - မိုင်းဖြတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌက အင်ပါဟုန် ရွာသူ/သားများအား “ကျားဖြူ ပါတီအား မဲပေးပါက ရွာမှနှင်ထုတ် မည်ဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားများအားလုံးကိုပါ သိမ်းဆည်း မည်ဖြစ်ကြောင်း၊ ရွာသူရွာသားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများအားလုံးကိုပါ သိမ်း ဆည်းမည်ဖြစ်ကြောင်း” ပြော ဆိုသည်ဟု - ပါရှိသည်။

ယင်းတိုင်ကြားစာကို မိုင်းဖြတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူး ၊ မိုင်းဖြတ်မြို့ နယ် နှင့် သျှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ရုံးချုပ် တောင်ကြီးသို့ မိတ္တူပေးပို့ ထားကြောင်းသိရှိရပါသည် ။

သျှမ်းသံတော်ဆင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese

......................................................................................

မိုင်ျးဖတ်ျမို့နယ် က်ားဖြူပါတီစည်းရုံးရေးမွူးအား ပြည္ခိုင်ဖြိုးပါတီမွရိုက်နွက်ခြိမ်းခြောက်

 အောက္တိုဘာလ ၃၁ ရက် ၂၀၁၅

 သ်ွမ်းပြည္နယ်ေအရွ့ပိုင်း ၊ မိုင်းဖြတ်မြို့နယ် ၊ အင္ပါဟုန်ြရာ က်ားဖြူပါတီ စည်း ရုံးရေးမွူးအား မိုင်းဖြတ် မြို့နယ် ပြည်ထောင္စုကြံ့ခိုင်ရေးနွင့် ဖြံ့ဖြိုးရေး ပါတီ ဥက္ကဌမွ ရိုက်နွက်ခြိမ်းခြောက္ခဲ့ကြောင်း မြို့နယ်ရြေးကောက္ပြဲ က္မောရွင် ထံတိုင်ကြားထားသည်ဟု သိရသည် ။

အင္ပါဟုန်ြရာသူကြီးအဖြစ် တာဝန္ထမ်းဆောင္လ်က်ရွိသော က်ားဖြူပါတီ မိုင်းဖြတ်မြို့နယ်၏စည်းရုံးရေးမွူး ဦးပူပါအိုက္ဆိုသူအား မိုင်းဖြတ်မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဌ ဦးထြန်းရွှေမွ အောက္တိုဘာလ (၁၉) ရက်နေ့ ကရုံးသို့ ဆင့်ခေါ်ကာရိုက်နွက်ခြိမ်းခြောက္ခဲ့သည်ဟု မိုင်းဖြတ်မြို့နယ် က်ားဖြူပါတီမွ ဦးစိုင်းခမ်းက်န် ကေပြာ သည် ။

“ျမို့နယ်က္မောရွင္ကအကြာင်းပြန္လာတယ်။ ဒါဟာက္မောရွင္နဲ့မဆိုင္ဘူး။ ပါတီ နဲ့မဆိုင္ဘူးတဲ့။ ပုဂ္ဂိုလ်ရေး သာဖြစ္တဲ့အတြက် ရဲစခန်းမွာပဲအမွုဖြင့်ဖို့ ညြန်ကြားတယ်။ က်န္တောို့ရဲစခန်းမွာ အမှုဖြင့်ဖို့လုပ်နေတယ် ” ဟု ၄င်းကဆက်ပြောသည် ။

က်ာျးဖူပါတီ၏တိုင်ကြားစာတြင် - မိုင်းဖြတ်မြို့နယ် ပြည္ခိုင်ဖြိုးပါတီဥက္ကဌက အင္ပါဟုန် ရြာသူ/သားမ်ားအား “က်ားဖြူ ပါတီအား မဲပေးပါက ရြာမွနွင္ထုတ် မည်ဖြစ်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားမ်ားအားလုံးကိုပါ သိမ်းဆည်း မည်ဖြစ်ကြောင်း၊ ရြာသူရြာသားမ်ား လုပ္ကိုင္စားသောက္လ်ွက်ရွိသော လယ်ယာမြေမ်ားအားလုံးကိုပါ သိမ်း ဆည်းမည်ဖြစ်ကြောင်း”ျေပာ ဆိုသည်ဟု - ပါရွိသည်။

ယင်းတိုင်ကြားစာကို မိုင်းဖြတ်မြို့နယ် မြို့နယ်အုပ္ခ်ုပ်ရေးမွူး၊ အေထြေထြ အုပ္ခ်ုပ်ရေးဦးစီးဌာန၊ မြန္မာနိုင်ငံ ရဲတပ္ဖြဲ့မွူး ၊ မိုင်းဖြတ်မြို့ နယ် နွင့် သ်ွမ်းတိုင်းရင်းသား ဒီမိုကရက္တစ္ပါတီ ရုံးခ်ုပ် တောင်ကြီးသို့ မိတ္တူပေးပို့ ထားကြောင်းသိရွိရပါသည် ။

သ်ွမ်းသံတ္ဆောင့်/ယိင်းတိုင်း
https://www.facebook.com/Panglong.burmese

No comments:

Post a Comment