Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 31, 2015

ပခုက္ကူ ဓားထောက်လုယက်မှု

 ညဉ့်အချိန် လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသူကို ဓားဖြင့်ထောက်၍ လုယက်မှု ကျူးလွန် သူများအား ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ အောက်တိုဘာ ၃၁

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၂)ရပ်ကွက်နေ ဦးဇော်သူလတ်(၄၁)နှစ်သည် ၄ယ/××××× ရင်ဇင်း-၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် မြို့ရှောင်လမ်းအတိုင်း မြို့ပြင်မှ နေအိမ်သို့ ပြန်လာစဉ် အမှတ်(၁၅)ရပ်ကွက်၊ သူကြီးတောင်ဘုန်းကြီးကျောင်းအနီး အရောက် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေခိုက် နောက်ကျောဘက် အမှောင်ရိပ် အတွင်းမှ အမည်မသိ အမျိုးသား(၂)ဦး ရောက်ရှိလာပြီး တစ်ဦးက ၎င်း၏လည်ပင်းအား သိုင်းဖက်၍ ကျန်တစ်ဦးက ဓားဟုယူဆရသော အရာဖြင့် ထောက်ကာ ၎င်း၏အင်္ကျီ အိတ်ကပ် အတွင်းမှ ငွေကျပ်(၂၅,၀၀ဝိ/−)၊ ဖုန်းဆင်းမ်ကတ်(၁)ခု၊ ဖုန်းစာချုပ်(၂)ခု၊ ခါးကြားတွင်ထိုးထားသည့် HAIEN လက်ကိုင်ဖုန်း(၁)လုံး၊ လက်တွင်ကိုင်ထားသည့် iPhone-5 လက်ကိုင်ဖုန်း(၁)လုံးနှင့် သားရေဖိနပ် (၁)ရံတို့အား လုယူထွက်ပြေးသွားခဲ့သဖြင့် ဆွေမျိုးများနှင့်တိုင်ပင်ပြီး လိုက်လံ ရှာဖွေ သော်လည်း မတွေ့ရှိသောကြောင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် လာရောက်တိုင်တန်းရာ ပခုက္ကူမြို့မရဲစခန်း (ပ)၄၁၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၂/၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။ အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပခုက္ကူမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မသင်္ကာတရားခံများဖြစ်သည့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်နေ ယဉ်မင်းထွေး(ခ)ဖိုးသား(၂၉)နှစ်နှင့် ဝေဖြိုးကျော်(၂၀)နှစ် တို့အား သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၆-၁၀-၂၀၁၅ ရက်နေ့ ညက သူကြီးတောင်ဘုန်းကြီးကျောင်းအနီးတွင် ဆိုင်ကယ်ရပ်၍ ဖုန်းပြောနေသည့် ဦးဇော်သူလတ်အား အရိုးအသွား(၁၈)လက်မခန့်ရှိ ဓားဖြင့်ထောက်ပြီး ငွေကျပ်(၂၅,၀၀ဝိ/−)၊ ဖုန်းဆင်းမ်ကတ်(၁)ခု၊ ဖုန်းစာချုပ်(၂)ခုနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့ကို လုယူထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေခံပစ္စည်းများကိုသိမ်းဆည်းကာ ၎င်းတို့(၂)ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

/................................................................

ပခုက္ကူ ဓားထောက္လုယက္မှု

 ညဉ့်အခိန် လမ်းဘေးတြင် ဆိုင္ကယ်ရပ်၍ ဖုန်ျးေပာနေသူကို ဓာျးဖင့်ထောက်၍ လုယက္မှု က်ူးလြန် သူမ်ားအား ဖ္ထောုတ္ဖမ်းဆီး
နျေပည်တော်၊ အောက္တိုဘာ ၃၁

၂၀၁၅ ခုနွစ်၊ အောက္တိုဘာလ ၂၆ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်အခိန် မေကြးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ အမွတ်(၁၂)ရပ္ကြက်နေ ဦးဇော်သူလတ်(၄၁)နွစ်သည် ၄ယ/××××× ရင္ဇင်း-၁၁၀ အစိမ်းရောင္ဆိုင္ကယ်ျဖင့် မြို့ရွောင္လမ်းအတိုင်း မြိျု့ပင္မွ နေအိမ်သိျု့ပန္လာစဉ် အမွတ်(၁၅)ရပ္ကြက်၊ သူကြီးတောင္ဘုန်းကြီးကော်င်းအနီး အေရာက် ဆိုင္ကယ်ရပ်၍ ဖုန်ျးေပာနေခိုက် နောက်ကော်ဘက် အေမွာင်ရိပ် အတြင်းမွ အမည္မသိ အမိုးသား(၂)ဦး ရောက်ရွိလာပြီး တစ်ဦးက ၎င်း၏လည္ပင်းအား သိုင်းဖက်၍ က်န္တစ်ဦးက ဓားဟုယူဆရေသာ အရျာဖင့် ထောက္ကာ ၎င်း၏အင်္က်ီ အိတ္ကပ် အတြင်းမွ ငြေက်ပ်(၂၅,၀၀ဝိ/−)၊ ဖုန်းဆင်းမ္ကတ်(၁)ခု၊ ဖုန်းစာခ်ုပ်(၂)ခု၊ ခါးကြားတြင္ထိုးထားသည့် HAIEN လက္ကိုင္ဖုန်း(၁)လုံး၊ လက္တြင္ကိုင္ထားသည့် iPhone-5 လက္ကိုင္ဖုန်း(၁)လုံးနွင့် သားရေဖိနပ် (၁)ရံတို့အား လုယူထြက်ျေပးသြားခဲ့သျဖင့် ဆြေမိုးမ်ားနွင့္တိုင္ပင်ပြီး လိုက္လံ ရွာဖြေ သ္လောည်း မေတြ့ရွိသောကြောင့် အောက္တိုဘာလ ၃၀ ရက်နေ့တြင် လာရောက္တိုင္တန်းရာ ပခုက္ကူမြို့မရဲစခန်း (ပ)၄၁၆/၂၀၁၅၊ျပစ္မှုပုဒ္မ ၃၉၂/၁၁၄ျဖင့် အမှုဖြင့္စုံစမ်းခဲ့သည်။ အမှုမျွပစ္မှုက်ူးလြန်သူမ်ားအား ဖမ်းဆီးရမိရေးအတြက် ပခုက္ကူမြို့မရဲစခန်းမွတပ္ဖြဲ့ဝင္မ်ားက မသင်္ကာတရားခံမ်ာျးဖစ်သည့် ပခုက္ကူမြို့၊ အမွတ်(၁၅)ရပ္ကြက်၊ ဆင်ပေါက္လွရပ်နေ ယဥ္မင်းထြေး(ခ)ဖိုးသား(၂၉)နွစ်နွင့် ဝေဖြိုးကော််(၂၀)နွစ် တို့အား သက်သေမ်ားနွင့်အတူ စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၂၆-၁၀-၂၀၁၅ ရက်နေ့ ညက သူကြီးတောင္ဘုန်းကြီးကော်င်းအနီးတြင် ဆိုင္ကယ်ရပ်၍ ဖုန်ျးေပာနေသည့် ဦးဇော်သူလတ်အား အရိုးအသြား(၁၈)လက္မခန့်ရွိ ဓာျးဖင့်ထောက်ပြီး ငြေက်ပ်(၂၅,၀၀ဝိ/−)၊ ဖုန်းဆင်းမ္ကတ်(၁)ခု၊ ဖုန်းစာခ်ုပ်(၂)ခုနွင့် လက္ကိုင္ဖုန်း(၂)လုံးတို့ကို လုယူထြက်ျေပးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သျဖင့် သက်သေခံပစ္စည်းမ်ားကိုသိမ်းဆည်းကာ ၎င်းတို့(၂)ဦးအား အမျှုဖင့် ဖမ်းဆီးစစ်ဆေးလ်က်ရွိကြောင်း သတင်းရရွိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment