Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 9, 2015

ဗမာတိုင္းရင္းသားမ်ား မဲပံုးေလးပံုးထည့္ရမည္ကို အမ်ားစု မသိရွိၾက



 ကယားျပည္နယ္က ဗမာတိုင္းရင္းသား လူမ်ိဳးေတြသည္ ေရြးေကာက္ပြဲ အသိပညာလာေရာက္ ေပးေနသူ မရွိေသာေၾကာင့္ လာမည့္ ေရြးေကာက္ပြဲတြင္ ၎တို႔ကိုယ္စား အေရးဆိုေပးႏိုင္မည့္ ကိုယ္စားလွယ္တစ္ဦးအတြက္ အပိုမဲတပံုး ၊ေပါင္းမဲ ၄ ပံုးထည့္ရမည္ကို မသိရွိၾကဟု ေမာ့ဒူကလားေမး လူမွဳ ဖြံ႔ၿဖိဳးေရး အဖြဲ႔မွ ဒုဒါရိုက္တာ ဦးျမာရယ္က ေျပာသည္။

“မဲဆႏၵရွင္ေတြပဲ လုိပါတယ္ ဘာလို႔လဲဆိုေတာ့ သူတို႔ကိုယ္တိုင္က သူတို႔ရဲ႔ မဲစာရင္းက ဘာလို႔ ၂ ေနရာ ရွိေနတာလဲဆိုတာကို သူတို႔ကိုယ္တိုင္မသိဘူးဆိုေတာ့ သူတို႔ဘယ္လိုသြားထည့္မလဲ ” ဟု ဦးျမာရယ္က ေျပာသည္။

ကယားျပည္နယ္အတြင္းရွိ ဗမာတိုင္းရင္းသားလူမ်ိဳးမ်ားသည္ အဘယ္ေၾကာင့္ ၎တို႔မဲအမည္စာရင္း ၂ ေနရာရွိေနသည္ကို ၎တို႔ကိုယ္တိုင္ မသိရွိျခင္းေၾကာင့္ ၎တို႔မဲမည္သို႔ထည့္မည္ကို မသိျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုပါသည္။

“ကြ်န္ေတာ္တို႔ ဗမာလူမ်ိဳးေတြ မဲဘယ္ႏွစ္ပံုးထည့္ရမလဲဆိုတာ မသိပါဘူး ၃ပံုးပဲထင္ပါတယ္ ” ဟု ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕နယ္ မိုင္းလံုးရပ္ကြက္တြင္ ေနထိုင္သူ ကိုေကာင္းထြ႗္က ေျပာသည္။

၎က သံုးပံုးသာ ထည့္ရန္လိုေၾကာင္း ရပ္ကြက္မွဳးက ေက်းရြာတြင္း လွည့္ပတ္ေျပာသံကို ၾကားရေသာေၾကာင့္ သိရွိျခင္းျဖစ္ေၾကာင္း ေျပာသည္။ သို႔ေသာ္ သူ မသိရွိထားသည့္အရာမွာ တိုင္းရင္းသားေရးရာဝန္ႀကီးအတြက္လည္း မဲေပးရန္လိုအပ္ျခင္းျဖစ္သည္။

ဗမာတိုင္းရင္းသားတြင္မူ ကယားျပည္နယ္တြင္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္နယ္လႊတ္ေတာ္တို႔ကို မဲထည့္ရသည့္အျပင္ ၎တို႔ဗမာတိုင္းရင္းသားအတြက္ ကိုယ္စားလွယ္တဦး ထပ္ေရြးရန္လိုအပ္သည္။ ထို႔ေၾကာင့္ ဗမာတိုင္းရင္းသားမ်ားသည္ မဲ ၄ ႀကိမ္ေပးႏုိင္သည္။

IFES( International Foundation for Electrol Syatam) တိုင္းရင္းသားလူမ်ိဳးစုတခု၏ လူဦးေရသည္ တႏိုင္ငံလံုးရွိလူဦးေရ၏ ၀.၁%ႏွင့္ ညီလွ်င္ သို႔မဟုတ္ ပိုလွ်င္ တိုင္းရင္းသားေရးရာဝန္ႀကီးတစ္ဦးရရွိႏိုင္ၿပီး ကယားျပည္နယ္တြင္ ဗမာတိုင္းရင္းသားမ်ားသည္ သတ္မွတ္ထားသည့္ လူဦးေရႏွင့္ ကိုက္ညီသည့္အတြက္ ေရးရာဝန္ႀကီးတစ္ဦး ရရွိမည္ျဖစ္သည္။ ထို႔ေၾကာင့္ ဗမာတိုင္းရင္းသားမ်ား မဲထည့္ရာတြင္ မဲပံုးအပို တစ္ပံုးထည့္ရမည္ ျဖစ္သည္။ ၂၀၁၅ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားေရးရာဝန္ႀကီး တႏိုင္ငံလံုးတြင္ စုစုေပါင္း ၂၉ဦး ေရြးခ်ယ္ခံရမည္ျဖစ္သည္။

တိုင္းရင္းသားမ်ား မည္သူမဆို ၎တို႔ေနထိုင္ရာေဒသတြင္ လူဦးေရ ၀.၁ရာခိုင္ႏွဳန္း သို႔မဟုတ္ ၅၁၀၀၀ ရွိေနပါက ၎တို႔ကို ကိုယ္စားျပဳေပးရန္ ကိုယ္စားလွယ္တစ္ဦး ေရြးခ်ယ္ရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကယားျပည္နယ္တြင္ ဗမာတိုင္းရင္းသားလူမ်ိဳးမ်ားသည္ တႏိုင္ငံလံုးရွိ လူဦးေရ၏ ၀.၁ရာခိုင္ႏွဳန္းထက္ ပိုသည့္အတြက္ ဗမာတိုင္းရင္းသားေရးရာ ဝန္ႀကီးတစ္ပါးရရွိျခင္းျဖစ္သည္။

ဗမာတိုင္းရင္းသားမ်ားသည္ ေရြးေကာက္ပြဲတြင္ မဲတစ္ပံုးမဆံုးရႈံးၾကရန္ မဲထည့္ရာတြင္ မည္မွ်ထည့္ရမည္၊ မည္သို႔ထည့္ရမည္ စသည္တို႔ကို ေဟာေျပာပြဲမ်ား ပညာေပးရန္လိုအပ္ေနေသးေၾကာင္း ထိုသို႔ မဲပံုး ၄ပံုးထည့္ရျခင္းကို မသိရွိရေသာေၾကာင့္ တကယ့္ေရြးေကာက္ပြဲေန႔တြင္ ၎တို႔ဘယ္လိုမဲထည့္ရမလဲ ဆိုသည္ကို အမွန္တကယ္သိခ်င္ေနေၾကာင္း ဒီးေမာ့ဆိုၿမိဳ႕နယ္ ေငြေတာင္ေက်းရြာမွ ေဒၚမေကက ေျပာသည္။
“ငါတို႔က ဗမာလူမ်ိဳးျဖစ္တယ္။ ဒါေပမယ့္ မဲပံုးဘယ္ႏွပံုးထည့္ရလဲဆိုတာ မသိဘူး ” ဟု ေျပာသည္။

၎တို႔အတြက္ အခက္အခဲျဖစ္ေနသည္မွာ ယခုခ်ိန္ထိ မဲပံုးမည္မွ်ထည့္ရမည္ႏွင့္ အဘယ္ေၾကာင့္ မဲ၄ပံုးထည့္ရမည္ကို မသိရွိျခင္းျဖစ္ေနေၾကာင္း ၎က ဆက္ေျပာသည္။ ဗမာတိုင္းရင္းသားမ်ားအတြက္ သီးသန္႔ရွိေနသည္ကို ကႏၱာရဝတီတိုင္းမ္ သတင္းေထာက္မွ ေမးျမန္းၿပီးမွသာလွ်င္ သိရွိရေၾကာင္း ၎ကေျပာသည္။

ဗမာတိုင္းရင္းသားမ်ားအတြက္ အမည္စာရင္းမွာ ႏွစ္ေနရာရွိေနရမည္ျဖစ္သည္။ ဗမာလူမ်ိဳးျဖစ္ေၾကာင္း မဲရံုမွဴးမွ ကဒ္ထုတ္ေပးမည္ျဖစ္သည္။

က်န္ေသာ ကရင္နီမ်ိဳးႏြယ္စု တိုင္းရင္းသားမ်ားမွာ ပံုမွန္၃ပံုးသာ ျဖစ္ေသာ အမ်ိဳးသားလႊတ္ေတာ္၊ ျပည္နယ္လႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ တို႔သာထည့္ရန္လိုအပ္ေၾကာင္း ဦးျမာရယ္က ဆက္ေျပာသည္။ ကယားျပည္နယ္တြင္းတြင္ ေနထိုင္ေသာ က်န္သည့္ တိုင္းရင္းသားမ်ားျဖစ္ၾကေသာ ရွမ္း၊ ပအိုဝ့္၊ ကရင္၊ လီဆူစသည့္ လူမိ်ဳးတို႔မွာ တႏိုင္ငံလုး၏ လူဦးေရ ၅၁၀၀၀ ေက်ာ္မရွိႏိုင္ေသာေၾကာင့္ မဲပံုး ၃ပံုးသာထည့္ရန္ လိုသည္။

မူအက္စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
..................


 ကယားပြည်နယ်က ဗမာတိုင်းရင်းသား လူမျိုးတွေသည် ရွေးကောက်ပွဲ အသိပညာလာရောက် ပေးနေသူ မရှိသောကြောင့် လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ကိုယ်စား အရေးဆိုပေးနိုင်မည့် ကိုယ်စားလှယ်တစ်ဦးအတွက် အပိုမဲတပုံး ၊ပေါင်းမဲ ၄ ပုံးထည့်ရမည်ကို မသိရှိကြဟု မော့ဒူကလားမေး လူမှု ဖွံ့ဖြိုးရေး အဖွဲ့မှ ဒုဒါရိုက်တာ ဦးမြာရယ်က ပြောသည်။

“မဲဆန္ဒရှင်တွေပဲ လိုပါတယ် ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင်က သူတို့ရဲ့ မဲစာရင်းက ဘာလို့ ၂ နေရာ ရှိနေတာလဲဆိုတာကို သူတို့ကိုယ်တိုင်မသိဘူးဆိုတော့ သူတို့ဘယ်လိုသွားထည့်မလဲ ” ဟု ဦးမြာရယ်က ပြောသည်။

ကယားပြည်နယ်အတွင်းရှိ ဗမာတိုင်းရင်းသားလူမျိုးများသည် အဘယ်ကြောင့် ၎င်းတို့မဲအမည်စာရင်း ၂ နေရာရှိနေသည်ကို ၎င်းတို့ကိုယ်တိုင် မသိရှိခြင်းကြောင့် ၎င်းတို့မဲမည်သို့ထည့်မည်ကို မသိခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

“ကျွန်တော်တို့ ဗမာလူမျိုးတွေ မဲဘယ်နှစ်ပုံးထည့်ရမလဲဆိုတာ မသိပါဘူး ၃ပုံးပဲထင်ပါတယ် ” ဟု ကယားပြည်နယ် လွိုင်ကော်မြို့နယ် မိုင်းလုံးရပ်ကွက်တွင် နေထိုင်သူ ကိုကောင်းထွဋ္ဋ်က ပြောသည်။

၎င်းက သုံးပုံးသာ ထည့်ရန်လိုကြောင်း ရပ်ကွက်မှုးက ကျေးရွာတွင်း လှည့်ပတ်ပြောသံကို ကြားရသောကြောင့် သိရှိခြင်းဖြစ်ကြောင်း ပြောသည်။ သို့သော် သူ မသိရှိထားသည့်အရာမှာ တိုင်းရင်းသားရေးရာဝန်ကြီးအတွက်လည်း မဲပေးရန်လိုအပ်ခြင်းဖြစ်သည်။

ဗမာတိုင်းရင်းသားတွင်မူ ကယားပြည်နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့ကို မဲထည့်ရသည့်အပြင် ၎င်းတို့ဗမာတိုင်းရင်းသားအတွက် ကိုယ်စားလှယ်တဦး ထပ်ရွေးရန်လိုအပ်သည်။ ထို့ကြောင့် ဗမာတိုင်းရင်းသားများသည် မဲ ၄ ကြိမ်ပေးနိုင်သည်။

IFES( International Foundation for Electrol Syatam) တိုင်းရင်းသားလူမျိုးစုတခု၏ လူဦးရေသည် တနိုင်ငံလုံးရှိလူဦးရေ၏ ၀.၁%နှင့် ညီလျှင် သို့မဟုတ် ပိုလျှင် တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးရရှိနိုင်ပြီး ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသားများသည် သတ်မှတ်ထားသည့် လူဦးရေနှင့် ကိုက်ညီသည့်အတွက် ရေးရာဝန်ကြီးတစ်ဦး ရရှိမည်ဖြစ်သည်။ ထို့ကြောင့် ဗမာတိုင်းရင်းသားများ မဲထည့်ရာတွင် မဲပုံးအပို တစ်ပုံးထည့်ရမည် ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး တနိုင်ငံလုံးတွင် စုစုပေါင်း ၂၉ဦး ရွေးချယ်ခံရမည်ဖြစ်သည်။

တိုင်းရင်းသားများ မည်သူမဆို ၎င်းတို့နေထိုင်ရာဒေသတွင် လူဦးရေ ၀.၁ရာခိုင်နှုန်း သို့မဟုတ် ၅၁၀၀၀ ရှိနေပါက ၎င်းတို့ကို ကိုယ်စားပြုပေးရန် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသားလူမျိုးများသည် တနိုင်ငံလုံးရှိ လူဦးရေ၏ ၀.၁ရာခိုင်နှုန်းထက် ပိုသည့်အတွက် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ပါးရရှိခြင်းဖြစ်သည်။

ဗမာတိုင်းရင်းသားများသည် ရွေးကောက်ပွဲတွင် မဲတစ်ပုံးမဆုံးရှုံးကြရန် မဲထည့်ရာတွင် မည်မျှထည့်ရမည်၊ မည်သို့ထည့်ရမည် စသည်တို့ကို ဟောပြောပွဲများ ပညာပေးရန်လိုအပ်နေသေးကြောင်း ထိုသို့ မဲပုံး ၄ပုံးထည့်ရခြင်းကို မသိရှိရသောကြောင့် တကယ့်ရွေးကောက်ပွဲနေ့တွင် ၎င်းတို့ဘယ်လိုမဲထည့်ရမလဲ ဆိုသည်ကို အမှန်တကယ်သိချင်နေကြောင်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှ ဒေါ်မကေက ပြောသည်။
“ငါတို့က ဗမာလူမျိုးဖြစ်တယ်။ ဒါပေမယ့် မဲပုံးဘယ်နှပုံးထည့်ရလဲဆိုတာ မသိဘူး ” ဟု ပြောသည်။

၎င်းတို့အတွက် အခက်အခဲဖြစ်နေသည်မှာ ယခုချိန်ထိ မဲပုံးမည်မျှထည့်ရမည်နှင့် အဘယ်ကြောင့် မဲ၄ပုံးထည့်ရမည်ကို မသိရှိခြင်းဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ ဗမာတိုင်းရင်းသားများအတွက် သီးသန့်ရှိနေသည်ကို ကန္တာရဝတီတိုင်းမ် သတင်းထောက်မှ မေးမြန်းပြီးမှသာလျှင် သိရှိရကြောင်း ၎င်းကပြောသည်။

ဗမာတိုင်းရင်းသားများအတွက် အမည်စာရင်းမှာ နှစ်နေရာရှိနေရမည်ဖြစ်သည်။ ဗမာလူမျိုးဖြစ်ကြောင်း မဲရုံမှူးမှ ကဒ်ထုတ်ပေးမည်ဖြစ်သည်။

ကျန်သော ကရင်နီမျိုးနွယ်စု တိုင်းရင်းသားများမှာ ပုံမှန်၃ပုံးသာ ဖြစ်သော အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် တို့သာထည့်ရန်လိုအပ်ကြောင်း ဦးမြာရယ်က ဆက်ပြောသည်။ ကယားပြည်နယ်တွင်းတွင် နေထိုင်သော ကျန်သည့် တိုင်းရင်းသားများဖြစ်ကြသော ရှမ်း၊ ပအိုဝ့်၊ ကရင်၊ လီဆူစသည့် လူမျိုးတို့မှာ တနိုင်ငံလုး၏ လူဦးရေ ၅၁၀၀၀ ကျော်မရှိနိုင်သောကြောင့် မဲပုံး ၃ပုံးသာထည့်ရန် လိုသည်။

မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

No comments:

Post a Comment